Channel Myanmar

Kyndra Reevey

Pitch Perfect 2 (2015) 6.4
Pitch Perfect 2 (2015) Pitch Perfect 2 ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့သော အမေရိကန်ဟာသကားဖြစ်ပါတယ်။၂၀၁၂ ခုနှစ်တွင် ထွက်ရှိခဲ့သော Pitch Perfect ၏ နောက်ဆက်တွဲကားလည်း ဖြစ်ပါတယ်။ဂီတ-ဟာသ များတွင် ယခုထက်ထိ ဝင်ငွေ အများဆုံးရရှိထားသော ဇာတ်ကားဖြစ်ပါတယ်။IMDb Rating 6.5/ 10 ရရှိထားပြီး Rotten Tomatoes တွင် 66% Rating ရရှိထားပါတယ်။ဒီရုပ်ရှင်ထဲမှာ Cappella သီဆိုခြင်း ကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။Cappella သီဆိုခြင်း ဆိုတာကတော့ တူရိယာ မပါဘဲ အဖွဲ့တစ်ဖွဲ့တွင်ပါဝင်သော လူများကပဲ သီချင်းများကို သီဆိုခြင်း၊ ပါးစပ်ဖြင့် Beatbox သံလုပ်ခြင်းအပါအဝင် တူရိယာသံလုပ်ခြင်းများကို ကိုယ်တိုင်ဖန်တီး၍ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်သမ္မတ Barack Obama ၏ မွေးနေ့ပွဲတွင် Bella အဖွဲ့က ဖျော်ဖြေဆင်တင်ဆက်ရာမှ  ဖြစ်ပွားခဲ့ရသော အမှားတစ်ခုကြောင့် Bella အဖွဲ့၏နာမည်ကျဆင်းခဲ့ရပြီး ...
movie

Pitch Perfect 2 (2015)

2015
Alvin and the Chipmunks (2007)
Alvin and the Chipmunks (2007) ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။အဲဒီတုန်းက​ 3D effectဘာညာလည်းမသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန်အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့အကြိမ်​ရေလည်း မနည်းပါဘူး။ ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာနာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီးဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံးအတိုင်းအတာထိ ရှိခဲ့တာပါ။ ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunkရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေးသုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲသူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက်Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကိုလုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ...
movie

Alvin and the Chipmunks (2007)

2007
The High Note (2020) 6.4
The High Note (2020) The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie

The High Note (2020)

2020