Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kyle Clark
5.5
The Girl Who Wasn’t Dead (2024)
CM ပရိသတ်ကြီးကို ဖြစ်ရပ်မှန် Thriller ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဩစတြေးလျနိုင်ငံ ကွင်းစလန်းပြည်နယ်က ဖြစ်ရပ်မှန်တစ်ခုကို မှီငြမ်းပြီးတော့ ကယ်လီဖိုးနီးယားမှာ ရိုက်ကူးထားတာပါ။ဇာတ်လမ်းမှာ အဲရီကာဆိုတဲ့ ၁၅ နှစ်သမီးလေး ကျောင်းကိုသွားပြီးနောက် အိမ်ကို ပြန်မရောက်လာတော့ဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။အဲရီကာဟာ အရင်ကလည်း အိမ်ကနေ ထွက်ပြေးဖူးပြီးတော့သူ့ထက် အသက် ၆နှစ်ကြီးတဲ့ ရည်းစားနဲ့ မိုတယ်မှာ သွားနေခဲ့တာပါ။ ဒီတစ်ခါမှာတော့ သူ့ရည်းစားက လမ်းခွဲပြီးသားမို့သူနဲ့ မဆိုင်ဘူးလို့ တွင်တွင်ပြောနေခဲ့လို့ ရဲတွေ လမ်းစရှာမရအကြပ်ရိုက်နေခဲ့ပါတယ်။ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ကွင်းဆက် လူသတ်သမား ပေါ်လာခဲ့တာကြောင့်အဲရီကာဟာ လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ပြီးအထင်နဲ့ ၂ နှစ်အကြာမှာ လက်လျှော့ပြီး ဈာပနပွဲပါ ကျင်းပခဲ့ပါတယ်။ အဲရီကာ ပျောက်ဆုံးတာ ၄ နှစ်နီးပါး ရှိပြီးချိန်လူသတ်သမားရဲ့ တရားခွင် ရုံးချိန်းမှာ အဲရီကာ ရောက်လာခဲ့တဲ့အချိန်မှာတော့ ဒွိဟဖြစ်မှုတွေ မယုံကြည်နိုင်မှုတွေ အများပြည်သူတွေကြားမှာ ဖြစ်လာခဲ့ပါတော့တယ်။ဒီဇာတ်ကားမှာ အိမ်ထောင်ရေး ...
movie
The Girl Who Wasn’t Dead (2024)
4.8
Hello, Goodbye, and Everything in Between (2022)
Hello, Goodbye and Everything in Between (2022)IDMb 4.7 ရထားတဲ့ လူငယ်အချစ်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။Aidan နဲ့ Claire က အထက်တန်းကျောင်းမှာဆုံခဲ့ကြတဲ့ လူငယ်စုံတွဲလေးပါ။ Claire ကတော့ သူ့မိဘတွေလို ဘယ်တော့မှလိုက်မလုပ်ဘူးဆိုပြီး အနာဂတ်ရည်မှန်းချက်တွေ ကြိုစီစဉ်ထားတဲ့ ကောင်မလေးပါ။Aidan နဲ့တွဲတော့လည်း အထက်တန်းကျောင်းပြီးရင် လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ကြမယ်လို့ သဘောတူထားတာပါ။ ဒီလိုနဲ့ အထက်တန်းကျောင်းပြီးသွားတဲ့အခါမှာတော့ လမ်းခွဲနှုတ်ဆက်ဖို့ Aidan က Claire အတွက် ထူးခြားတဲ့ဒိတ်လေးဖြစ်အောင် စီစဉ်ပေးတာပေါ့။ ဘဝဆိုတာ တစ်ခါတလေကျတော့ ကြိုစီစဉ်ထားတဲ့အတိုင်း ဖြစ်ချင်မှဖြစ်တာလေ။ လမ်းခွဲဖို့ ကြိုသဘောတူထားကြပေမယ့် တကယ်တမ်းကြုံလာတဲ့အခါမှာတော့ ထင်သလောက်မလွယ်မှန်း သိလာတဲ့အခါ ..... သူတို့နှစ်ယောက် ပြန်တွဲကြမှာလား? နှုတ်ဆက်သွားကြမှာလားဆိုတာဒီဇာတ်လမ်းလေးထဲမှာ ဆက်ပြီးကြည့်သွားဖို့ တိုက်တွန်းချင်ပါတယ်။မင်းသားရောမင်းသမီးရော ချစ်စရာလေးတွေဖြစ်တဲ့အပြင် လူငယ်ဆန်ဆန်အချစ်ဇာတ်လမ်းလေးမို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size…1GB| 604MB ...
movie
Hello, Goodbye, and Everything in Between (2022)
2022