Channel Myanmar

Kwak Do-won

Sisters on the Road (2009) 6.5
Sisters on the Road (2009) Sisters On the Road(2009) *************************IMDb- 6.5အခုတစ်ခါမှာတော့ 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ မိသားစုသရုပ်ဖော် ကားဟောင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကတော့ Master's Sun, When the Camellia Blooms ဇာတ်ကားတွေနဲ့ လူသိများကြတဲ့ မင်းသမီးကြီး (Gong Hyo Jin), မြေခွေးမလေး ကိုယ့်ချစ်သူဇာတ်ကားထဲက (Shin Min Ah)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ***************မိခင်ဖြစ်သူရဲ့ သေဆုံးမှုကြောင့် ဘတ်မြောင်အွန်းဟာ မွေးရပ်ဇာတိ ဂျယ်ဂျူကျွန်းကို ပြန်ရောက်လာခဲ့ရပါတယ်။ အမေ့ဈာပနပွဲပြီးတဲ့နောက်မှာတော့ မြောင်အွန်းဟာ အမေတူအဖေကွဲ အမဖြစ်သူ မြောင်ဂျူနဲ့အတူ ငယ်စဥ်ကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ အဖေဖြစ်သူကို ရှာဖွေဖို့ ခရီးလမ်းကို စတင်ခဲ့ပါတော့တယ်။ဒီခရီးလမ်းတစ်လျှောက်မှာ မြောင်အွန်းနဲ့မြောင်ဂျူတို့ ညီအမနှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ မြောင်အွန်းကရော သူ့ရဲ့အဖေကို ရှာတွေ့နိုင်ပါ့မလား။ မြောင်အွန်းအဖေကရော မြောင်အွန်းကို ဘာလို့များစွန့်ပစ်သွားရတာလဲ ဆိုတာကိုတော့ ဒီရုပ်ရှင်လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ PanNu Thwayက ရေးသားထားပါတယ်) File Size - ...
movie

Sisters on the Road (2009)

The Mayor (2017) 6.5
The Mayor (2017) The Mayor (2017) *****************ဒီတစ်ခေါက်မှာတော့ Exhuma (2024) ထဲက မင်းသားကြီး ချွဲမင်ရှစ်ရဲ့ နိုင်ငံရေးဇာတ်ကား ကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ cast တွေကတော့ Choi Min Shik, Shim Eun Kyung, Kwak Do Won, Ra Mi Ran, Ryu Hye Young, When Life Gives You Tangerines (2025) ထဲက Moon So Ri တို့ အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ..ဗြောင်ဂျုံဂူ (ချွဲမင်ရှစ်) က ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ် ။သူဟာ တတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရွေးကောက်ပွဲဝင်ပြိုင်နေပြီး နောက်ပိုင်းမှာလည်း သမ္မတရွေးကောက်ပွဲအထိပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိသူတစ်ယောက်ပေါ့ ။ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် သူဟာ ကမ်ပိန်းအဖွဲ့တစ်ခု တည်ထောင်ပါတယ်။ကမ်ပိန်းဒါရိုက်တာ ရှင်းဟျော့ဆူနဲ့ ကြော်ငြာနယ်ပယ်ဘက်က လူငယ်အမျိုးသမီး ဘတ်ဂယောင်းတို့လည်း ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်…။ဒီလိုနဲ့ ...
movie

The Mayor (2017)

Ghost Sweepers (2012) 5.8
Ghost Sweepers (2012) Ghost Sweepers (2012)**********************Horror လည်းကြိုက် စိတ်ပြေလက်ပျောက်လည်း ကြည့်ချင်တဲ့ သရဲကားပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားသရဲဟာသကားလေး တစ်ကားဖြစ်တဲ့ Ghost sweepers လေး တင်ပေးထားပါတယ် .. ။Cast တွေအနေနဲ့ကတော့ လူတိုင်းသိကြတဲ့ legendary မင်းသားကြီးဖြစ်တဲ့ Kim Su Ro, Taxi Driver နဲ့ Signal တို့က မင်းသား Lee Je Hoon နဲ့ The One and Only နဲ့ The Huntresses တို့က မင်းသမီး Kang Ye Wonအပြင် တခြားနာမည်ကြီး cast များစွာ ကိုလည်း တွေ့ရမှာဖြစ်ပါတယ် .. ။ဇာတ်လမ်းအညွှန်း *************အူဂျင်မြို့မှာ နှစ်ပေါင်းများစွာ မကောင်းဆိုးဝါးသောင်းကျန်နေတာကြောင့် တောင်ကိုရီးယားနိုင်ငံက ထိပ်တန်းပယောဂဆရာတွေအများကြီးစုပြီး သရဲနှိမ်နင်းဖို့ သွားခဲ့ကြတယ်။ပယောဂဆရာအဖွဲ့ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အစွမ်းမတူတဲ့ ပယောဂဆရာမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ် ။တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းနတ်ဝင်သည် ဆရာဘတ် (Kim ...
movie

Ghost Sweepers (2012)

The Yellow Sea (2010) 7.3
The Yellow Sea (2010) The Yellow Sea (2010)**********************IMDb....7.3 IMDb 7.3 အထိရရှိထားပြီး Ha Jung-woo, Kim Yoon-seok တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Action thriller ရုပ်ရှင်ကားကြီး The Yellow Sea ကို တင်ဆက်ပေးလိုက်ပါတယ်နော်။တရုတ်ပြည် အရှေ့မြောက် ယန်ဘီယန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေမှာရှိတဲ့ ယန်ဂျီမြို့မှာနေတဲ့ဂျိုဆွန်းလူမျိုး (မြောက်ကိုရီးယားနဲ့ တရုတ်စပ်) ဂူနမ်က တောင်ကိုရီးယားကို ပြန်ချင်လွန်းလို့လူမိုက်တွေဆီက ပိုက်ဆံချေးပြီး မိန်းမကို အရင်ရောက်အောင် ပို့ပေးခဲ့တယ်။မိန်းမကလည်း  သူ တောင်ကိုးရီးယားကို ရောက်ရင် သူ့ဆီ ပိုက်ဆံပြန်ပို့ပေးမယ်ဆိုတဲ့ ကတိနဲ့ပေါ့။ဒါပေမဲ့ အဆက်အသွယ်ဖြတ်သွားတဲ့ မိန်းမကြောင့် အကြွေးနွံထဲ နစ်ပြီး ကြံရာမရဖြစ်နေတဲ့ ဂူနမ့်ကိုအဲဒီအချိန်မှာပဲ လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်က တောင်ကိုရီးယားကို သွားပြီး လူတစ်ယောက်ကိုရှင်းပေးဖို့ပြောလာအခါ...ဆင်းရဲတွင်း နက်သထက်နက်နေတဲ့ ဂူနမ်တစ်ယောက် ရွေးချယ်စရာမရှိဘဲ လူဆိုးဂိုဏ်းခေါင်းဆောင်စေခိုင်းတဲ့အတိုင်းလုပ်မလား..။ အဆက်အသွယ်ပြတ်နေတဲ့ မိန်းမနဲ့ရော ပြန်ဆုံတွေ့မလား...။ဘယ်လိုမျိုး ကံကြမ္မာရဲ့ ကစားမှုကို ခံရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲရှုစားလိုက်ကြပါဦး ...
movie

The Yellow Sea (2010)

Mother (2009) 7.7
Mother (2009) Missing You (2016)*******************IMDb....7.7 ဒီရုပ်ရှင်ကတော့ Parasite ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာကောင်းလေးတစ်ခုဖြစ်တဲ့Thriller Mystery genre လေးဖြစ်တဲ့ Mother ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ တစ်ခေတ်တစ်ခါ မြန်မာပရိတ်သတ်တွေကြားမှာ ထယ်ဆောက်လို့နာမည်ကြီးခဲ့တဲ့မင်းသား Won Bin, Nation’s mother လို့တောင် တင်စားလို့ရတဲ့ မင်းသမီးကြီး Kim Hye Ja,DOTS ကားထဲမှာ ဆောဒယ်ယောင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jin Goo တို့ပဲ ဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-၂၈ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ သားဖြစ်သူ ယွန်းဒိုဂျွန်း (Won Bin) နဲ့အတူနေတဲ့ အမေ (Kim Hye Ja) ဟာဆေးဖက်ဝင်ဆေးပင်တွေနဲ့ တရားမဝင် အပ်စိုက်ကုထုံးကို ကုသပေးကာ နေထိုင်စရိတ်ရှာဖွေနေသူပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ရပ်ကွက်ထဲက အထက်တန်းကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရဲတွေဟာ ယွန်းဒိုဂျွန်းကိုစွပ်စွဲထိန်းသိမ်းထားလိုက်တဲ့အခါ ယွန်းဒိုဂျွန်းရဲ့အမေတစ်ယောက်သားဖြစ်သူအပြစ်မရှိကြောင်းကို ...
movie

Mother (2009)

Firefighters (2024) 7.2
Firefighters (2024) Firefighters (2024)********************ကိုရီးယားနိုင်ငံ ဟုန်းဂျယ်ဒုံမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ မီးလောင်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ "Firefighters" ဇာတ်ကားကြီး ထွက်ရှိလို့ လာပါပြီ။Kwak Do Won, Joo Won, Lee Jun Hyuk, Oh Dae Hwan, Lee Yoo Yeong အစရှိတဲ့နာမည်ကြီး သရုပ်ဆောင်တွေ အများအပြား ပါဝင်ထားတဲ့ ဒီကားလေးမှာတော့ ပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် နေ့ရက်တိုင်းကို ‌နောက်ဆုံးနေ့အဖြစ်သတ်မှတ်ပြီး ရှင်သန်နေကြတဲ့ မီးသတ် သူရဲကောင်းတွေရဲ့ ဘဝကို မီးမောင်းထိုးပြီး ရိုက်ကူး ပြသထားပါတယ်။ဇာတ်လမ်းအညွှန်း-မီးသတ်တပ်ဖွဲ့ထဲကို လူသစ်အနေနဲ့ ဝင်ရောက်လာတဲ့ ချောအွန်း (Joo Won) ဟာ လုပ်ဖော်ကိုင်ဖက်ကိုဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် အပြစ်မကင်းတဲ့ စိတ်နဲ့ နေထိုင်နေခဲ့ရပါတယ်။ဒီအချက်ကြောင့်ပဲ ချောအွန်းဟာ ရာထူးမြင့်တဲ့ နေရာကို တက်လှမ်းပြီး ကယ်ဆယ်ရေး တပ်ဖွဲ့ရဲ့ညွှန်ကြားမှု စနစ်ကို ပိုမွန်ကောင်းမွန်အောင် ...
movie

Firefighters (2024)

Mad Sad Bad (2014)
Mad Sad Bad (2014) Mad Sad Bad (2014) ******************Thriller, Horror, Drama, Supernatural ရသစုံ ကြည့်ချင်တယ်ဆိုရင်တော့...ဒီ‌ကားလေးကိုကြည့်ဖို့ညွှန်း‌ပေးချင်ပါတယ်နော်။ ဒီကားလေးထဲမှာတော့ ဇာတ်လမ်းတိုလေးတွေ...သုံးခုပါဝင်ပြီး ဒါရိုက်တာကြီးသုံးယောက်ရဲ့ မတူညီတဲ့လက်ရာတွေကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း --------------"ဖြစ်ရပ်မှန်လူသတ်မှုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဇာတ်လမ်းလေးမှာတော့...လူငယ်သဘာဝ အွန်လိုင်းကတစ်ဆင့်သံယောဇဉ်တွယ်ကာ ကိုယ်မမြင်ဖူးတဲ့သူလေးအတွက်နဲ့...ဘယ်လိုလုပ်ရပ်တွေပါလုပ်နိုင်တယ်ဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်""ဒုတိယဇာတ်လမ်းလေးကတော့ သဘာဝလွန်အမျိုးအစားအဖြစ်နဲ့ အကယ်၍များ...ကာကွယ်ဆေးရှာတွေ့နိုင်ခဲ့ပြီး ဇွန်ဘီတွေနဲ့ လူတွေနဲ့ အတူနေထိုင်ကြတဲ့အခါ...ဘယ်လို‌တွေဖြစ်လာနိုင်တယ်ဆိုတာကို အချစ်ဇာတ်လမ်းလေးနှောကာ ဖော်ပြသွားဦးမှာပါနော့်""နောက်ဆုံးဇာတ်လမ်းလေးမှာတော့ နေမကောင်းဖြစ်နေတဲ့မောင်လေးကို စောင့်ရှောက်ပေးရင်း...ကလေးဘဝကို ကောင်းကောင်းမဖြတ်သန်းရတဲ့ ကာတွန်းစာအုပ်တွေနှစ်ခြိုက်သူ ကလေးမလေးရဲ့ ...တွေးခေါ်ပုံတွေ နေထိုင်ပုံလေးတွေကိုလိုက်ပါခံစားနိုင်ပါတယ်"ဇာတ်လိုက်သရုပ်ဆောင်ပေါင်းများစွာက မတူညီတဲ့ရသမျိုးစုံကိုပိုင်ပိုင်နိုင်နိုင်ဖော်ပြပေးသွားလို့Horror တွေပါပေမဲ့လည်း အတင်းဖြဲခြောက်ပြကာ jump scareပါတာမျိုးမဟုတ်ဘဲ...အဆုံးထိအဖြေရှာကြရမှာမို့ တမြေ့မြေ့စဉ်းစားကာ တွေးရတာကြိုက်ရသူများကြည့်ရှုရန် အထူးသင့်တော်ပါတယ်ရှင်...ဇာတ်လမ်းအညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ်File Size : 2.39GB / 852MB Quality : WEB-DL 1080p / 720p Duration : 1 hr. 57 min. Genre : ...
movie

Mad Sad Bad (2014)

The Man from Nowhere (2010)
The Man from Nowhere (2010) IMDb Rating(7.8) / Rotten Tomatoes (100%)မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ဇာတ်လမ်းအကြမ်းဖျဉ်းကတော့မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ...
movie

The Man from Nowhere (2010)

Midnight FM (2010) 6.5
Midnight FM (2010) Midnight FM (2010) ******************* ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးရဲ့ အချစ်တော် Ma Dong Seok မင်းသားကြီး Yoo Ji Tae နဲ့ The Flu ထဲက မင်းသမီး Park Soo Ae ပါဝင်ထားတဲ့ Midnigt FM ဆိုတဲ့ မှုခင်းဇာတ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် ..နာမည်ကြီးရေဒီယိုအစီအစဉ်တင်ဆက်သူ ဂိုဆွန်းယောင်း(Soo Ae) က သမီးဖြစ်သူရဲ့ကျန်းမာရေးကြောင့် ရေဒီယိုဒီဂျေအလုပ်ကနေ အနားယူဖို့စီစဉ်ခဲ့ပါတယ်။အနားမယူခင်နောက်ဆုံးနေ့မှာ အမှတ်တရဖြစ်သွား‌‌အောင် သူ့အစီအစဉ်ရဲ့ ပရိတ်သတ်‌တွေထဲက တစ်‌ယောက်ဖြစ်တဲ့ ဒေါ့ထယ်(Ma Dong Seok)ကို သူမရဲ့အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ပုံမှန်အတိုင်း အစီအစဉ် တင်ဆက်နေရင်းနဲ့ ရုတ်တရက် သူမဆီ ဖုန်းဝင်လာပြီးတော့ သူမရဲ့ညီမဖြစ်သူနဲ့ ကလေးတွေကို ဖမ်းဆီးထားပြီး သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့ပါတယ်။ညီမဖြစ်သူနဲ့ ကလေး‌တွေကို လူသတ်သမားရန်ကနေ ကယ်တင်နိုင်ဖို့ဆိုရင် လူသတ်သမားပေးတဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်နဲ့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။ဒီ‌‌တော့ ဂိုဆွန်းယောင်းအနေနဲ့ လူသတ်သမားလက်‌ကနေ ညီမနဲ့က‌လေးတွေကို ဘယ်လိုနည်းနဲ့ကယ်တင်မလဲ။ဆွန်းယောင်းရဲ့ပရိတ်သတ်ဖြစ်တဲ့ ဒေါ့ထယ်ကလည်း ဘယ်လို‌တွေ ကူညီ‌‌ပေးသွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် ..(အညွှန်းကို Estel မှ ...
movie

Midnight FM (2010)

Man in Love (2014) 7.0
Man in Love (2014) Man in Love (2014)ယောကျ်ားတန်မယ့် မျက်ရည်နဲ့မျက်ခွက်ဆိုတာ ဒီလိုကားပါပဲ...အချစ်ကြောင့် ယောကျ်ားရင့်မာကြီးတွေ ဘယ်လိုကြွေကျကြလဲ သက်သေခံမဲ့ရုပ်ရှင်ပါ...။မင်းသားကြီးကတော့ တောင်ကိုရီးယားရဲ့ အနုပညာကြေးမြင့်မားပြီး ရုပ်ဆိုးဆိုးလို့ခပ်လွယ်လွယ်ရှုမြင်ကြတဲ့ Hwang Jung-minမင်းသမီးကတော့ ဂျူမုန်ထဲက Han Hye-jin...ဇာတ်လမ်းကတော့...ဟွမ်ဂျွန်မင်းဆိုတာ သူဌေးရဲ့အကြွေးတွေကို လိုက်တောင်းပေးနေတဲ့ လူမိုက်တစ်ယောက်။တစ်နေ့မှာ အကြွေးလိုက်တောင်းရင်း အဖေ့အတွက် အကြွေးဆပ်ဖို့ကျန်ရှိနေတဲ့ ဂျိုဟေးဂျောင်ကိုမြင်မြင်ချင်း တဖက်သတ်ချစ်မိသွားခဲ့တယ်။ ဒါကြောင့် ဂျိုဟေးဂျောင်ရဲ့ အကြွေးစာချုပ်ကို သူဌေးဆီကနေ ဘောနပ်အဖြစ်တောင်းပြီး ဂျိုဟေးဂျောင်နဲ့အပေးအယူလုပ်လိုက်ပါတော့တယ်။အဲ့ဒီအပေးအယူကဘာလဲ...လူကြမ်းကြီးနဲ့ မင်းသမီးတို့ဇာတ်လမ်းကဘယ်လိုဆက်သွားမယ်ဆိုတာ....ဟာသကားလို့ထင်ပြီး ကြည့်လိုက်မိပြီး ငိုမိသွားသူတွေ ဒုနဲ့ဒေးပါပဲ။ File size…(1.8 GB )/(880 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….02:00:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myat Chel
movie

Man in Love (2014)

The Wailing(2016) 7.4
The Wailing(2016) The Wailing(2016)*****************Exhuma 2024  သရဲကားထွက်ရှိပြီးနောက်မှာ The Wailing က ပိုကောင်းတယ် ...တစ်မျိုးစီကောင်းကြတယ် စသည်ဖြင့် အမျိုးမျိုး ထင်မြင်ချက်ပေးလာကြတဲ့အခါမှာတစ်ချို့ကလည်း The Wailing ကိုပြန်ကြည့်ချင်ကြသလို မကြည့်ရသေးတဲ့သူတွေအတွက်လည်းအဆင်ပြေစေရန်အလို့ငှါ BluRay အကောင်းစားဖြင့် ပြန်ကုတ်ပေးထားပြီး အခြားလိုအပ်ချက်များလည်းပြည့်စုံစေရန်ဖြည့်ဆည်းပေးထားပါတယ်...Horror ကားကြိုက်သူများခံစားကြပါကုန်....တောင်ကိုရီးယားနိုင်ငံရဲ့တစ်နေရာမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ခုမှာ ဇာတ်လမ်းကို စတည်ထားတယ်။ထိုရွာလေးနာမည်ကတော့ Goksung တဲ့။ ထိုမြို့လေးဟာ အတော်အတန်သင့်သာယာတဲ့ရွာလေးဆိုရင်လည်း မမှားဘူးပေါ့။ တောတွေ တောင်တွေနဲ့ကာရံထားပြီး မြစ် ချောင်းအင်းအိုင်လေးတွေလည်း ရှိတော့ ပိုအေးချမ်းတာပေါ့။ ဒါပေမဲ့ ခုရက်ပိုင်းမှာ ရွာထဲကို Japanese အဖိုးကြီးတစ်ယောက်ရောက်လာပြီးနောက်ပိုင်းမှာ ကောလဟာလတွေ ထွက်လာတယ်။  မိုးတွေစွေနေတဲ့ အေးချမ်းတဲ့ အာရုဏ်ဦးဟာ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ရဲသား Jong-goo အတွက်တော့စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပဲ။ မနက်စောစော ရွာထဲမှာ လူသေမှုဖြစ်လို့ဆိုပြီးသူအခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့သောအခါ မြင်ရတဲ့ မြင်ကွင်းက စိတ်ခြောက်ခြားစရာပါ။သွေးတွေသံတွေနဲ့ရဲရဲနီနေတဲ့ လူ့အလောင်းတွေ နဲ့အရာရာကို သိနိုင်နားလည်နိုင်စွမ်းမရှိတော့တဲ့မိသားစုဝင် လူသတ်သမားတစ်ယောက်။ ...
movie

The Wailing(2016)

The Berlin File (2013) 6.6
The Berlin File (2013) IMDb Rating (6.6)မင်းသားကြီး Ha Jung-woo နဲ့ မင်းသမီး Jun Ji-hyun တို့အပြင် အခြားသောသရုပ်ဆောင်များစွာပါဝင်ထားတဲ့ကိုရီးယား Action,Thriller ရုပ်ရှင်ဇာတ်လမ်းကြီးပါ။ဇာတ်လမ်းအကျဉ်းကတော့...မြောက်ကိုးရီးယားရဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်သူ ပြုံးဂျောင်ဆုံဟာဘာလင်မှာ အာရပ်တော်လှန်ရေးတပ်ဖွဲ့နဲ့ လက်နက်အရောင်းအဝယ်လုပ်ဖို့တာဝန်ပေးခံရတာကနေ အရောင်းအဝယ်ပျက်သွားတဲ့နောက်မှာတော့ဒီဘာလင်အရှုပ်တော်ပုံထဲ ရောက်သွားပါတော့တယ်။သူနဲ့ မြောက်ကိုးရီးယားသံရုံးက စကားပြန်ဖြစ်သူ သူ့ဇနီးတို့ဟာ ဒီအရှုပ်တော်ပုံမှာတိုင်းပြည်ကို သစ္စာဖောက်တဲ့သူတွေအဖြစ် အကွက်ချ အစွပ်စွဲခံလိုက်ရတဲ့အခါ....အေးဂျင့်ပြုံးဂျောင်ဆုံတစ်ယောက် ပြသနာတွေကြားထဲကနေ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ....။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:00:36 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sherlock Holmes
movie

The Berlin File (2013)

Handphone (2009) 6.6
Handphone (2009) Handphone (2009)ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ... ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ...ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့် ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို့ လုပ်ခဲ့ရာမှ အခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong)အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေခဲ့ပေမဲ့ ကိုယ်တိုင်က လူဆိုးဖြစ်နေတတ်တာမျိုး၊ လူတွေရှေ့ လူမြင်ကောင်းအောင် နေနေရပေမဲ့ နောက်ကွယ်မှာ ဘဝတွေက ဆိုးရွားနေတာမျိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြသသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့လို့ ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။Genre..... Thriller Quality…. 1080p | ...
movie

Handphone (2009)

2009
The Magician(2015) 7.0
The Magician(2015) The Magician(2015)****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက်ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲကသမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့်ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့...............File Size :(2.4GB)(892MB) and (306MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Fantasy,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Yee Wai Encoded by Phyo Pyae
movie

The Magician(2015)

The Shameless (2015) 6
The Shameless (2015) The Shameless (2015)“အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းက ဆယ်ကျော်သက်” ဆိုသလို တစ်ချိန်ကတောက်ပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ခဲ့တဲ့ Kim Hye-Gyung ဟာ လူသတ်မှုကျူးလွန်ခဲ့တဲ့ သူ့ချစ်သူအတွက် သူ့ဘဝတစ်ခုလုံးကို စတေးထားခဲ့ရပါတယ်စုံထောက် Jung Jae-Gon ကတော့ ဘယ်လောက်ခက်ခဲတဲ့အမှုမျိုးကိုမဆို ရအောင်ဖော်ထုတ်နိုင်တဲ့ ထိပ်တန်းစုံထောက်တစ်ယောက်ပါလတ်တလောဖြစ်ပျက်သွားတဲ့ လူသတ်မှုတစ်ခုရဲ့ တရားခံဖြစ်တဲ့ Park Joon-Gil ကို ရှာဖွေဖမ်းဆီးနိုင်ဖို့ စုံထောက် Jung သုံးလိုက်တဲ့ နည်းဗျူဟာကတော့ Park Joon-Gil ရဲ့ ချစ်သူကို ချဉ်းကပ်ဖို့ပါပဲလူသတ်တရားခံကို ဖမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်တဲ့ တရားခံရဲ့ချစ်သူ Kim Hye-Gyung ကို ချဉ်းကပ်ရင်း သူ့ရဲ့ခံစားချက်တွေ အစစ်အမှန်ဖြစ်လာချိန်မှာတော့.....။ဘဝကြီးတစ်ခုလုံးကိုရင်းပြီး ချစ်သူ လူသတ်သမားကိုကယ်မယ့် ကောင်မလေးနဲ့ အဲဒီကောင်မလေး စိတ်ချမ်းသာဖို့ကို ဖန်တီးပေးချင်တဲ့ စုံထောက်တစ်ယောက် ။နောက်ဆုံးမှာ စုံထောက် Jung Jae-Gon တစ်ယောက် နှလုံးသားနောက်ကိုလိုက်သွားမလား ဦးနှောက်ရဲ့ဆုံးဖြတ်ချက်ကိုပဲ လက်ခံမလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်Crime/ Drama Genre ဖြစ်ပြီး 18+ Nudity Scene တွေလည်းပါတာမို့ 18 ယောက်စုကြည့်ရမယ့် ...
movie

The Shameless (2015)

2015
The Good, the Bad, the Weird (2008) 7.3
The Good, the Bad, the Weird (2008) IMDb Rating (7.2) / Rotten Tomatoes (82%)ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီးနာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay ...
movie

The Good, the Bad, the Weird (2008)

2008
Tazza: The Hidden Card (2014) 6.9
Tazza: The Hidden Card (2014) Tazza; The Hidden Card (2014) =========================IMdb Rating (6.9)ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)2006 မှာထွက်ခဲ့တဲ့  Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။  "High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ...
movie

Tazza: The Hidden Card (2014)

2014
The Golden Holiday (2020) 5.2
The Golden Holiday (2020) The Golden Holiday (2020) အခုတစ်ခါ CM ပရိတ်သတ်ကြီးကို ၂၀၂၀ခုနှစ်ထွက် Action/Comedy ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ် Cast တွေကတော့The Man Standing Next,The Wailing တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့် သရုပ်ဆောင်ကြီး Kwak Do-won,နန်းတွင်းကားတော်တော်များများမှာပါတတ်တဲ့ သရုပ်ဆောင်ကြီး Kim Sang Ho,The Sound of Your Heart ထဲကဟာသသရုပ်ဆောင် Kim Dae-Myung တို့အဓိကပါဝင်ထားပြီ း ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းတဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ကတော့ ဗြောင်းဆူဆိုတဲ့ ရဲဟာအလွန်ရိုးသားသလိုစိတ်ထားလည်းကောင်းတဲ့သူဆိုပေမယ့် တစ်ခါတစ်ခါဒေါသ လည်းကြီးပါတယ် သူ့မှာအရမ်းချစ်ရတဲ့သူငယ်ချင်း ယုံးဘယ်ဆိုတာရှိပါတယ် ယုံးဘယ်ကတော့သူလူလိမ်တစ် ယောက်ပါ လိမ်ရမယ်ဆိုသူ့သူငယ်ချင်း ရဲကိုတောင်မချန်ပါဘူး သူငယ်ချင်းကို အရမ်းချစ်တဲ့ဗြောင်းဆူက ယုံးဘယ် ငွေလိုလို့ပိုက်ဆံကိုသူ့နာမည်နဲ့ အာမခံထားချေးပေးခဲ့ပေမယ့် လူလိမ် ယုံးဘယ်က ဒီငွေတွေကိုပြန်မဆပ်ပဲ ဖိလစ်ပိုင် ကိုလစ်သွားပါတယ် သူငယ်ချင်းကောင်းမှုနဲ့အိမ်ပေါင်ပြီး ပိုက်ဆံချေးပေးထားလို့ အပေါင်ဆုံးမလိုဖြစ်နေတုန်း တစ်ပူ ပေါ်နှစ်ပူဆင့်ဆိုသလို သူ့အမျိုးသမီးကလည်းသူကို ဖိလစ်ပိုင်ကိုခရီးထွက်ချင်ကြောင်း ပူဆာပါတော့တယ် ဒီလိုနဲ့ ဗြောင်းဆူတစ်ယောက် ပြဿနာတွေကိုခဏ မေ့ထားပြီး ...
movie

The Golden Holiday (2020)

2020
Steel Rain 2: Summit(2020) 7.5
Steel Rain 2: Summit(2020) Steel Rain 2: Summit(2020)ဒီကားက (2017) ကထွက်ရှိခဲ့တဲ့ Steel Rain နဲ့ အဆက်အစပ်မရှိပါဘူး...ဇာတ်လမ်းကတော့ ပထမကားလိုပဲ နိုင်ငံရေးအခြေပြုပြီးရိုက်ကူးထားတာဖြစ်တဲ့အပြင် သရုပ်ဆောင်ပေါင်းများစွာကလည်းအရင်လူတွေနဲ့ ရိုက်ကူးထားတာပါ...ဇာတ်ရုပ်တွေတော့ပြောင်းလဲမှုရှိပါတယ်....ဘယ်နိုင်ငံပဲဖြစ်ဖြစ် စစ်မဖြစ်ချင်ကြပါဘူး..အဘက်ဘက်က အထိနာတဲ့အပြင်အရာအားလုံးမူလ ပထမ အတိုင်းပြန်ဖြစ်ဖို့ နှစ်ပေါင်းအတော်ကြာအောင်တည်ဆောက်ဖို့ အချိန်အတော်ယူပါတယ်...သို့ပေမယ့်လည်း အကယ်၍များစစ်ဖြစ်ခဲ့ရင် ကိုယ့်နိုင်ငံစစ်ရေးအရ အရေးမနိမ့်စေဖို့ အင်အားကြီးနိုင်ငံတွေနဲ့မဟာမိတ်ကိုမဖြစ်မနေဖွဲ့နေကြတာအားလုံးသိမှာပါ...ဒီဇာတ်ကားမှာအဲ့ဒီအပိုင်းကိုအဓိကထားရိုက်ကူးထားပြီးတရုတ် ၊ ဂျပန် ၊မြောက်ကိုရီးယား နဲ့အမေရိကန်တို့ အဓိက ပါဝင်ကြပါတယ်..ပထမကားထက် ဇာတ်အိမ်ပိုကျယ်သလိုရိုက်ကူးထားတာတွေကလည်း တကယ့်ကိုခမ်းနားပါတယ်...အဓိက မင်းသားကြီး Woo-sung Jung ပါတာနဲ့တင်ကြည့်ရကျိုးနပ်ပါတယ်..ဗဟုသုတများစွာရသလို တောင်ကိုရီးယားရဲ့ ကောင်းမွန်သောရည်ရွယ်ချက်နဲ့ဒီဇာတ်ကားကြီးကိုရိုက်ခဲ့တယ်လို့ပြောလို့တောင်ရပါတယ်...ဇာတ်လမ်းအကြောင်းတော့ သီးခြားမညွှန်းတော့ပါဘူး...လက်မလွှတ်သင့်တဲ့ဇာတ်ကားြကီးလို့ပဲညွှန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Zwe Zan Aung,MarTizas & Ei Phyu Khin တို့ပဲဖြစ်ပါတယ်....File Size : (1.01 GB) and (380 MB) Quality : FHD-Rip 720p Format…mp4 Duration…02:12:00 Genre : Action , ...
movie

Steel Rain 2: Summit(2020)

The Man Standing Next (2020) 7.3
The Man Standing Next (2020)  ဒီကားကတော့ ၂၀၂၀ခုနှစ်အစောပိုင်းကပဲ ထွက်ရှိထားတဲ့ မင်းသားကြီး လီဗြောင်ဟွန်းရဲ့ History/Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးဒီကားထဲမှာ တခြားဇာတ်ရုပ်တေနဲ့မတူပဲ တမူထူးခြားစွာ သရုပ်ဆောင်ထားတဲ့ လီဗြောင်ဟွန်းရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်စွမ်းရည်ကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။IMDB 7.3 ထိရရှိထားပြီး MDL(My Drama List)မှာ 6.4ထိရရှိထားတဲ့ ကိုရီးယားနိုင်ငံရေးသရုပ်ဖော် ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းက တောင်ကိုရီးယားနိုင်ငံ ရဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင်မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေးအရှုပ်တော်ပုံ၊နိုင်ငံအကြီးအကဲတွေရဲ့ လှည့်ကွက်တွေကိုအခြေခံထားပြီး ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာ အမေရိကန်နိုင်ငံ တရားခုံရုံးထက်မှာ KCIA(Korea Central Intelligence Agency)ရဲ့ ဦးစီးမှူးဟောင်းပတ်ယွန်းဂတ်ဆိုသူက တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးကို တရားစွဲဆိုမှုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကတောင်ကိုရီးယားမှာဒီမိုကရေစီမရသေးချိန်ဖြစ်လို့ KCIA ကဦးစီးမှူးဟောင်းကတောင်ကိုရီးယားသမ္မတကို ပြည်သူတွေအပေါ် အာဏာရှင်စနစ်ကိုဆွဲကိုင်ထားခြင်းတခြားသော ငွေကြေးအရှုပ်များရှိနေခြင်းစတဲ့ပြစ်ချက်တွေနဲ့စွဲချက်တင်လိုက်ပါတယ်။ဒီလိုဖွင့်ဟထုတ်ဖော်ပြောလိုက်လို့လည်းအဲ့အချိန်ကစပြီးအဲ့ဒီလူကံဆိုးမိုးမှောင်စကျပါတော့တယ်။သူနောက်မှာ KCIA ရဲ့ဦးစီးမှူးအသစ် ဖြစ်လာသူ ကင်ဂူဖြောင်းကတော့ သမ္မကြီးအပေါ်သစ္စာရှိသူ၊ဖြောင့်မတ်မှန်ကန်သူတစ်ယောက်ပါ။အဲ့ဒီအချိန်က KCIA ဆိုတာ ကိုရီးယားသမ္မတရဲ့အတွင်းရေးကိစ္စမှန်သမျှလုပ်ဆောင်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုပါ။ဒါပေမယ့် မထင်မှတ်ထားစရာတစ်ခုက အဲ့လိုသမ္မတလက်စွဲအဖွဲ့အစည်းထက်မှာ တခြားသောလျှို့ဝှက်အဖွဲ့အစည်းတစ်ခုထပ်ရှိနေတယ်ဆိုတာပါပဲ။ဒီအဖွဲ့က သမ္မတကြီးက KCIAကိုတိုက်ရိုက် ခိုင်းစေဖို့မသင့်လျော်တဲ့ ...
movie

The Man Standing Next (2020)

2020