Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kurt Evans
6.6
Aurora Teagarden Mysteries: Death at the Diner (2024)
Aurora Teagarden Mysteries: Death at the Diner (2024)IMDb Rating (6.6) ဒီဇာတ်ကားတော့ Aurora Teagarden Mysteries Franchise ထဲက ဇာတ်ကားကောင်းတစ်ခုပါ။အထူးသဖြင့် ပဟေဋိဆန်ဆန် မှုခင်းဇာတ်ကားတွေကို သဘောကျနှစ်သက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ဇာတ်လမ်းကိုတော့ စားသောက်ဆိုင်တစ်ခုမှာ လူသတ်မှုဖြစ်ရာကနေ ဇာတ်အိမ်တည်ထားပါတယ်။အမီလီယိုဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ကြီးဟာ စားသောက်ဆိုင်လောကရဲ့ အခွန်တိုးတဲ့ကိစ္စကြောင့် စိတ်သောကရောက်နေရပေမယ့် တစ်ချိန်က သူငွေကြေးပြေလည်ခဲ့တဲ့အချိန်မှာသူ့ပြည်နယ်တစ်ဝိုက်ကသူတွေအားလုံးကို စိတ်စေတနာသန့်သန့်နဲ့ လိုအပ်သူတွေကို အလကားခေါ်ပြီးကျွေးမွေးတဲ့အပြင် ပရဟိတပါအရမ်းလုပ်လို့ တစ်မြို့လုံးက သူ့ကိုချစ်ခင်နေကြသူပါ။ဒါပေမဲ့ တစ်ညမှာ အမီလီယို့ဝန်ထမ်းတစ်ယောက်ဟာ ပစ္စည်းကျန်ခဲ့လို့ သွားရှာရင်း အမီလီယိုတစ်ယောက် မီးဖိုချောင်ထဲမှာသေနေတာကိုမြင်ခဲ့ရပါတယ်။ဒီလိုနဲ့ပဲ အော်ရိုရာဂါးဒန်းဆိုတဲ့ အမီလီယို့ရဲ့ဝန်ထမ်းကောင်လေးတစ်ယောက်၊ စာကြည့်တိုက်မှူးလည်းဖြစ်သူတစ်ယောက်ဟာ ဒီအမှုကြီးကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.1 GB) / (590 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Mystery Duration….01:24:14 Subtitle….Myanmar ...
movie
Aurora Teagarden Mysteries: Death at the Diner (2024)
2024
5.3
Scooby-Doo! The Mystery Begins (2009)
ငယ်ဘဝရဲ့ အကောင်းဆုံးအမှတ်တရတစ်ခုဖြစ်ခဲ့တဲ့ Scooby-Doo ကာတွန်းကိုLAအနေနဲ့ ကြည့်ရှုခံစားရမယ့် Scooby-Doo The Mystery Beginsဒီ live actionလေးမှာလည်း ဇာတ်လိုက်ကျော်ကြီးရှက်ဂီကတော့ ထုံးစံအတိုင်း အယောင်ယောင်အမှားမှားနဲ့ တလွဲအမြဲလုပ်တတ်တဲ့သူပေါ့။သူ့ရဲ့partner in crimeကတော့ ရှက်ဂီလိုပဲအမြဲတလွဲလုပ်နေတဲ့ ခွေးလေးစကူဘီပါပဲ။ဒီလိုနဲ့ ရှက်ဂီတစ်ယောက် ကျောင်းကားပေါ်မှာ အယောင်ယောင်အမှားမှားလုပ်မိရာကနေစလို့ရှက်ဂီ ဒပ်ဖနီ ဗယ်မာနဲ့ ဖရက်ဒ်တို့ ၄ ယောက် ပွဲဆူမှုနဲ့ စာကြည့်တိုက်မှာ အပြစ်ပေးခံရပါတော့တယ်။ဒါပေမဲ့ သူတို့စာကြည့်တိုက်ထဲမှာ အပြစ်ပေးခံရလို့ တကျက်ကျက်ဖြစ်နေတုန်းရုတ်တရက် စာအုပ်တွေစင်ပေါ်ကနေပျံကျလာ ပစ္စည်းတွေလွင့်ထွက်ပြီး သရဲ ၃ ကောင်ပေါ်လာတဲ့အချိန်မှာတော့သတ္တိခဲရှက်ဂီဦးဆောင်လို့ စုဝေးပွဲက ကျောင်းသားတွေကိုပါ ထွက်ပြေးခိုင်းပါတော့တယ်။ဒါပေမဲ့ ဒုကျောင်းအုပ်က သူတို့ပြောတာကိုမယုံဘဲ ကျောင်းတွင်းဆူပူမှုဖန်တီးမှုနဲ့ ၄ ယောက်လုံးကို ကျောင်းနားလိုက်တဲ့အခါ...ဒီတော့ ရှက်ဂီ ဖရက်ဒ် ဗယ်မာနဲ့ ဒက်ဖနီတို့ ကျောင်းမနားရရေးတို့အရေးအတွက် စကူဘီဒူးနဲ့အတူကျောင်းတွင်းသရဲအရှုပ်တော်ပုံကို သက်သေရဖို့ရှာဖွေရင်း ဘာတွေကြုံရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ File Size : 2.4 GB, 895 ...
movie
Scooby-Doo! The Mystery Begins (2009)
7.6
Watchmen (2009)
ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie
Watchmen (2009)
2009
4K HEVC
7.0
Shattered(2007)
Shattered(2007)*************** မင်းသားကြီး Pierce Brosnan နဲ့ Gerard Butlerတို့အဓိက ပါဝင်သရုပ်ဆောင်ထားတယ်.... သူ့နာမည် နေးလ် ရမ်ဒဲတဲ့။ သူ့မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းလည်းရှိတယ်။ အိမ်ကောင်းကောင်း ကားကောင်းကောင်းလည်းပိုင်ထားတယ်။ ဇနီးချောလေးအပြင် သမီးချောလေးတစ်ယောက်ပါရှိသေးတယ်။လူတိုင်းအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားရှာတဲ့ နေးလ် ပေါ့။သူ့ဇနီး အက်ဘီကိုလည်း အရမ်းချစ်တတ်သလို အက်ဘီကလည်းသူ့ကိုသိပ်ချစ်တယ်။ကုမ္ပဏီမှာလည်း အလုပ်လုပ်တာတော်တော့ သူဌေးမျက်နှာသာပေးတာလည်းခံရတယ်။တစ်နေ့ သူ့ သူဌေးက အိမ်ကိုအလည်ခေါ်လို့ နေးလ်ကခရီးထွက်ဖို့ပြင်ပြီး အက်ဘီကတော့သူ့သူငယ်ချင်းနဲ့လျှောက်လည်မယ်လို့စီစဉ်ထားကြတယ်။ သမီးလေး ဆိုဖီကိုတော့ ကလေးထိန်းနဲ့ထားခဲ့ကြမယ်ပေါ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ကားမောင်းထွက်လာပြီးမကြာဘူးကားပေါ်မှာခိုးလိုက်လာတဲ့ လူတစ်ယောက်က သူတို့သမီးလေးဆိုဖီကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း \သူခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဖြစ်ကြောင်းပြောရင်း ခြိမ်းခြောက်ပါတော့တယ်။ဇာတ်လမ်းအစကနေအဆုံးထိ tension မကျပဲ ဆွဲခေါ်သွားတာဖြစ်လို့ ကြည့်ရတန်တဲ့ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Muse ပဲဖြစ်ပါတယ်...File size… 1.4GB& 613MB Quality…Blu-Ray 1080p & 720p Format…mp4 Duration….1hr 35min Genre ….. Crime, Thriller ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo ...
movie
Shattered(2007)