Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kurt Bryant
Bad Company (2002)
ဂျိတ်ဟေးစ်ဟာ မိဘမဲ့ဂေဟာမှာ ကြီးပြင်းခဲ့ပြီးတော့ လက်မှတ်မှောင်ခိုရောင်းလိုက်၊ ပန်းခြံမှာ စစ်တုရင်ကစားပြီး ငွေရှာလိုက်နဲ့ လုံးချာလိုက်နေပေမယ့် ဂေါင်းကြီးတို့နဲ့ မတူတာကတော့ သူ့မှာ ဂျူလီဆိုတဲ့ ကောင်မလေးတော့ရှိပါတယ်။ဒါပေမဲ့ သူ့ကောင်မလေးက အဖြစ်မရှိတဲ့ ဂျိတ်ကြောင့် သူ့ရည်းစားဟောင်းရှိတဲ့ တခြားမြို့မှာ အလုပ်သွားလုပ်ဖို့ ပြောလာပါတော့တယ်။ အဲဒီအချိန်မှာ သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် စီအိုင်အေက ခေါ်သွားပြီးတော့ သူ့မှာ ငယ်ငယ်တုန်းက ကွဲသွားတဲ့ အမြွာအစ်ကိုရှိတဲ့အကြောင်း၊ သူ့အမြွာအစ်ကိုက စစ်ဆင်ရေးတစ်ခုမှာ ဆုံးသွားတဲ့အကြောင်း ပြောပြပြီးတော့ အန္တရာယ်မရှိတဲ့ သာမန်စစ်ဆင်ရေးမှာ သူ့အစ်ကိုဟန်ဆောင်ပေးဖို့ ငွေအများကြီး ကမ်းလှမ်းပါတော့တယ်။ဒီတော့ သူကောင်မလေးကို ဆုံးရှုံးရမှာစိုးတဲ့အတွက် စီအိုင်အေကို သဘောတူလိုက်ပေမဲ့ စစ်ဆင်ရေးက သူထင်ထားသလို သာမန်မဟုတ်ပဲ တစ်မြို့လုံး ပြောင်သလင်းခါသွားနိုင်တဲ့ နျူးကလီးယားဗုံးနဲ့ ဆက်စပ်နေပြီး ကျားမြီးပြေးဆွဲနေရမဲ့အနေအထား ရောက်လာတဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုနှစ်ပါးသွားရမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရမှာဖြစ်လို့ အူတက်အောင် ခွီချင်ရင် ကြည့်သာကြည့်လိုက်ကြပါတော့ ဂေါင်းကြီးတို့File ...
movie
Bad Company (2002)
6.5
Curve (2015)
Curve (2015)===========အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့horror/thriller ဇာတ်ကားကြိုက်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။လက်ထပ်ခါနီး သတို့သမီးလောင်းတစ်ယောက်ဖြစ်တဲ့မယ်လိုရီဟာ လက်ထပ်ပွဲလုပ်မယ့် ဒန်ဗာမြို့ကိုဆန်ဖရန်စစ်စကိုမြို့ကနေ တစ်ယောက်တည်းကားမောင်းလာခဲ့ပါတယ်။ မောင်းနေရင်းနဲ့လမ်းခွဲတစ်ခုကိုရောက်တော့ လင်ကိုစိတ်ကောက်နေတဲ့မယ်လိုရီက လမ်းအတည့်ကမသွားပဲ တကွေ့တပတ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ လမ်းတစ်၀က်အရောက်မှာကားက စက်ထိုးရပ်သွားပြီးတော့ အကူအညီတောင်းဖို့လူတွေမရှိတဲ့အပြင် ဖုန်းလိုင်းကပါမမိနေတဲ့အတွက်မယ်လိုရီတစ်ယောက်တိုင်ပတ်ပါတော့တယ်။ ဒါပေမယ့်ကံကြမ္မာကပဲ အကြောင်းဖန်လေသလားတော့မသိ၊ယောက်ျားတစ်ယောက်ဟာ ရုတ်တရက်ဆိုသလိုကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ဆုံတွေ့ကြတာဟာရေစက်တစ်ခုလား။ ကောင်းသောဆုံတွေ့ခြင်းလား။မြို့တွေရဲ့အဝေးမှာ ဘယ်လိုတွေစခန်းသွားကြမလဲဆိုတာကိုကြည့်ရှုခံစားပြီး လင်ကိုစိတ်ကောက်တာ ကောင်းလားမကောင်းလားဆိုတာကိုယ်တိုင်ပဲ ကြည့်ရှု ဆုံးဖြတ်လိုက်ကြပါခင်ဗျာ။ File Size : 1.20GB, 535MB Quality : Blu-Ray 1080p , 720p format : mp4 Duration : 1hr & 25mins Genre ...
movie
Curve (2015)