Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kunticha Aiumsumorng
5.5
Bangkok Haunted (2001)
Bangkok Haunted (2001) ***********************ဟာသမနှောတဲ့ Thai horror စစ်စစ်ကိုမှ ခံစားလိုသူတွေအတွက် ၂၀၀၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့old but gold ထိုင်းသရဲကားလေးတစ်ကားကို CMမှ ပြန်လည်တင်ဆက်ပေးလိုက်ပါပြီ...ဒီကားလေးကတော့ anthology horror movies အမျိုးအစားဖြစ်ပြီးတော့မတူညီတဲ့သရဲဇာတ်လမ်း ၃ ခု၊ မတူညီတဲ့ရသ ၃ ခုကို ခံစားရမှာဖြစ်ပါတယ်ဗျ...ဇာတ်လမ်းလေးကိုတော့ သူငယ်ချင်း ၃ ယောက် ကော်ဖီဆိုင်ထိုင်ရင်း ဆက်မိစပ်ရာနဲ့သရဲအကြောင်းပြောရာကနေ အစပျိုးထားပါတယ်...ဒီမှာတော့ ရှေးဟောင်းဗုံ၊ပီယဆေးနဲ့ ကြိုးတန်းလန်းနဲ့အလောင်းဆိုပြီး ဇာတ်လမ်း ၃ ခု ကို တင်ဆက်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်း -------------ပထမတစ်ခုမှာတော့ ဘယ်သူပို့မှန်းမသိဘဲ ဆိုက်ဆိုက်မြိုက်မြိုက် အိမ်ကိုရောက်လာတဲ့ ရှေးဟောင်းဗုံတစ်လုံး၊ဒီဗုံကရှေးဟောင်းပစ္စည်းဆိုတော့ စိတ်ဝင်စားစရာပေမဲ့ ဗုံရဲ့နောက်ကွယ်မှာ သမိုင်းကြောင်းတွေရှိနေပါသတဲ့...ဘယ်လိုသမိုင်းကြောင်းတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ခံစားကြည့်လိုက်ပါဦးဗျာ...ဒုတိယဇာတ်လမ်းမှာတော့ ရည်းစားနဲ့ပြတ်ခါစ ဂျီယက်တစ်ယောက် အိမ်နီးချင်းအစ်မကြီးဆီကနေပီယဆေးလက်ဆောင်ရလိုက်ပြီး ဒီပီယဆေးအစွမ်းနဲ့ပဲ အချစ်ကနေ သေမင်းခံတွင်းဝ ရောက်သွားဖို့ ဖြစ်သွားတဲ့အခါ...ဂျီယက်တစ်ယောက် အသက်ရှင်နိုင်ပါ့မလားဆိုတာ ရင်တဖိုဖိုနဲ့ ကြည့်ရှုလိုက်ပါဦးနော်...တတိယဇာတ်လမ်းကတော့ ကြိုးတစ်ချောင်းနဲ့အလောင်းတစ်လောင်း၊ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုလို့လူတိုင်းက ယူဆကြပေမဲ့ဒါကိုမယုံနိုင်တဲ့ ...
movie
Bangkok Haunted (2001)
5.8
The Moon (2011)
စန္ဒာလမင်းရဲ့ ခရီးရှည် (၂၀၁၁)ဂီတဆိုတဲ့အရာက လူတွေရဲ့စိတ်နှလုံးကို ဖွင့်ဟခံစားတတ်လာအောင် ညှို့ယူဖမ်းစားတတ်တဲ့ မှော်လက်နက်ဆိုရင်လည်းမမှားပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ သက်ဆိုင်ရာ ဒေသ၊ နိုင်ငံအလိုက် ရိုးရာဂီတ၊ ကျေးလက်ဂီတ၊ ခေတ်ပေါ်ဂီတတွေရှိနေကြပြီး ဘဝအမောတွေကို ချွေးသိပ်ပေးနိုင်စွမ်းရှိတဲ့အတွက် အနားယူရင်းခံစားကြလေ့ရှိကြတဲ့အရာလည်းဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို ၂၀၁၁ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင်အမျိုးအစားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ၁၉၇၀ ဝန်းကျင် ကြံခုတ်ရင်းအသက်မွေးဝမ်းကျောင်းနေရတဲ့ ဆင်းရဲလွန်းတဲ့မိသားစုပေါက်ဖွားလာတဲ့ စာပေပညာလည်းမသင်ကြားခဲ့ရတဲ့အတွက် စာလည်းမရေးတတ်၊ ဖတ်လည်းမဖတ်တတ်တဲ့ ပူအမ် ကလေးမငယ်လေးတစ်ယောက်ရဲ့ဘဝကနေ ကျေးလက်ဂီတကို ထိုင်းနိုင်ငံမှာ လူသိများလူကြိုက်များလက်ခံလာအောင်စွမ်းဆောင်နိုင်ခဲ့သူ ကျေးလက်ဂီတလောကရဲ့ဘုရင်မလို့ ခေါ်တွင်လာရတဲ့ ပွမ်းပူအမ် ဒူအမ်ဂျန် (Pumpuang Duangjan) ဘဝအကြောင်းကို မှတ်တမ်းတင်ဂုဏ်ပြုရင်း ထိုင်းနိုင်ငံရဲ့ ကျေးလက်ဂီတသမိုင်းကို မပျောက်ပျက်ရအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ပူအမ်ဟာ ကျေးလက်သီချင်းတွေကို စင်မြင့်ထက်မှာ သီဆိုနိုင်ဖို့ဆိုတဲ့ ခိုင်မာတဲ့ဘဝရည်မှန်းချက်အတွက် ဘန်ကောက်ထိအရောက်သွားပြီး လေ့လာဆည်းပူးခဲ့ပုံ၊ ချစ်သူရှိလာပြီးနောက် အိမ်ထောင်သည်ဘဝနဲ့ သူမရဲ့ ဘဝအလှည့်အပြောင်းများ၊ ကျေးလက်ဂီတလောကရဲ့ ယှဉ်ပြိုင်စိန်ခေါ်မှုများ၊ မိသားစုကိုထောက်ပံ့ပေးနိုင်ဖို့အတွက် ကမ်းလှမ်းလာသမျှအနုပညာအလုပ်မျိုးစုံကို ကြိုးစားလုပ်ကိုင်ရင်း ဘဝကို ရင်ဆိုင်ဖြတ်သန်းကာ မိမိရဲ့ရည်မှန်းချက်မယိမ်းယိုင်ရအောင် ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ပုံများက လူငယ်မျိုးဆက်သစ်များအတွက် လေးစားအားကျအတုယူစရာ စံပြတစ်ခုဖြစ်နေပါတော့တယ်။ထိုင်းနိုင်ငံ ကျေးလက်ဂီတရဲ့ရသနှင့် ကျေးလက်နေပြည်သူများရဲ့ဓလေ့ ယဉ်ကျေးမှုများနဲ့ ၁၉၇၀-၁၉၉၂ ဝန်းကျင် ထိုင်းနိုင်ငံရဲ့ ...
movie
The Moon (2011)