Channel Myanmar

Kumar Natarajan

The Smile Man (2024) 7.4
The Smile Man (2024) The Smile Man 2024 (အပြုံးလူသား အတွဲလိုက်လူသတ်မှု)အပြုံးလူသား အတွဲလိုက်လူသတ်မှုဆိုတဲ့အတိုင်းပါပဲ နာမည်နဲ့လိုက်အောင် လူသတ်သမားဟာ လူသတ်ပြီးတဲ့နောက်မှာ နစ်နာသူတွေရဲ့ ပါးစပ်ကို အပြုံးမျက်နှာနဲ့တူအောင်လို့ ဓားနဲ့ဆွဲဖြဲပြီးထားခဲ့ပါတယ်။ဒီအမှုကို လိုက်နိုင်ခဲ့တဲ့ ရဲအရာရှိတွေကတော့ ချီဒမ်ဘရမ်နဲ့ ဗန်ကာတက်ရှ်တို့ပါပဲ။ ဗန်ကာတက်ရှ်တစ်ယောက် တရားခံကို သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဖမ်းလိုက်နိုင်ပေမဲ့ တရားခံကို ဖမ်းပြီးတဲ့နောက်ပိုင်းမှာ ပျောက်သွားခဲ့ပါတယ်။ဗန်ကာတက်ရှ် ဘာဖြစ်သွားလဲ ဘယ်ရောက်သွားလဲဆိုတာကို ဘယ်သူကမှ မသိခဲ့ပါဘူး။ဒီလိုနဲ့ ၅နှစ်ကြာပြီးတဲ့နောက်မှာ ချီဒမ်ဘရမ်ဟာ မတော်တဆမှုကြောင့်နဲ့ အယ်လ်ဇိုင်းမားဝေဒနာကို ခံစားနေရကြောင်း သိလိုက်ရပါတယ်။ သူ့မှတ်ဉာဏ်တွေဟာ အများဆုံး ၁နှစ်သာခံတော့မှာဖြစ်ကြောင်း၊ ကောင်းကောင်းအနားမယူရင် ပိုဆိုးနိုင်ပြီး လပိုင်းအတွင်း ဘာမှမှတ်မိမှာမဟုတ်တော့လို့ ဆရာဝန်က အနားယူပြီးနေဖို့ ပြောကြားခဲ့ပါတယ်။ချီဒမ်ဘရမ်တစ်ယောက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း နေထိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူ တာဝန်ထမ်းဆောင်စဉ်က တွေ့ခဲ့တဲ့ လူသတ်သမားတွေအကြောင်း ရေးထားတဲ့ စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။ဒီစာအုပ်ထဲမှာ ထူးထူးခြားခြား အပြုံးလူသားလူသတ်မှုရဲ့ နောက်ဆုံးအခန်းဟာ အဆုံးထိ မပြီးဘဲ အလွတ်ဖြစ်နေပါတယ်။ချီဒမ်ဘရမ်ရဲ့ စာအုပ်ထုပ်ဝေပြီး ၁ပတ်အကြာမှာပဲ အပြုံးလူသားလူသတ်မှုနဲ့ ပုံစံဆင်တူတဲ့ လူသတ်မှုတစ်ခုဖြစ်လာပါတော့တယ်။ကိုးကားမှုတွေ ယူနိုင်ဖို့ ဒီအမှုကို ကိုင်တွယ်နေတဲ့ ဗန်ကာတက်ရှ်ရဲ့ သားဖြစ်သူ အာရဗင်ဟာ ...
movie

The Smile Man (2024)

Andhaghaaram (2020) 7.5
Andhaghaaram (2020) Andhaghaaram (2020) စိတ်ရဲ့အရိပ်ဒီတစ်ခါအလှည့်ကျတာကတော့ IMDb 7.5 ရရှိထားတဲ့ Andhaghaaram ဆိုတဲ့ တမီးလ်စကားပြော Horror , Mystery ဇာတ်ကားပဲဖြစ်ပါတယ်။ဒီကားဟာဆိုရင် Netflix မှာ ထုတ်လွှင့်ခဲ့ကတည်းက ထူးခြားတဲ့ဇာတ်လမ်းသွားနဲ့ စိတ်ခြောက်ခြားစရာခံစားချက်ကို ပေးနိုင်တဲ့အတွက် မှတ်ချက်ကောင်းတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ဇာတ်ကားအစမှာ တစ်ယောက်နဲ့တစ်ယောက် အဆက်အစပ်မရှိတဲ့ အမျိုးသား သုံးယောက်နဲ့ သူတို့ဘဝရဲ့ ဆိုးရွားတဲ့အဖြစ်အပျက်တွေကို ပုံဖော်ထားပါတယ်။ပထမလူကတော့ နိုင်ငံ၏ အကျော်ကြားဆုံး စိတ်ရောဂါကု ဆရာဝန် ဒေါက်တာအင်ဒရန်ဖြစ်ပြီး စိတ္တဇလူနာတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် မိသားစုတစ်ခုလုံး အစုလိုက်အပြုံလိုက် သေဆုံးသွားခဲ့ပြီး အသံရော အလုပ်ကိုပါ ဆုံးရှုံးခဲ့ရသူပါ။ဒုတိယလူက ဆယ်လ်ဗန်ဖြစ်ပြီး စာကြည့်တိုက်မှာအလုပ်လုပ်နေတဲ့ ရိုးသားကြိုးစားတဲ့ မျက်မမြင်လေးတစ်ယောက်ဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့ အသစ်တပ်ဆင်ထားတဲ့ဖုန်းကတဆင့် လျှို့ဝှက်ဆန်းကြယ်တဲ့ ဖုန်းခေါ်ဆိုမှုတွေကို လက်ခံရရှိနေတဲ့ ဗင်နို့ဒ်ပဲဖြစ်ပါတယ်။ ဒီအကြောင်းတွေကို ရည်းစားကိုရင်ဖွင့်ပေမယ့် ရူးကြောင်ကြောင်ဖြစ်နေတယ်လို့ ထင်မှတ်ခံနေရသူပါ။အဲဒီအမျိုးသားသုံးယောက်ဟာ ဘယ်အချိန်မှာ ဘယ်လိုပတ်သက်ဆက်နွယ်လာမလဲဆိုတာ တဖြည်းဖြည်းချင်းပုံဖော်ရိုက်ကူးထားပြီး စိတ်ဝင်တစားနဲ့ အဆုံးထိ ဆွဲခေါ်သွားနိုင်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။ Slow burn type ဖြစ်ပေမယ့် ထူးခြားကောင်းမွန်တဲ့တင်ဆက်မှုနဲ့ မထင်ထားတဲ့လှည့်ကွက်တွေပါဝင်တာကြောင့် သင့်အတွက် အချိန်ကုန်လို့ကုန်သွားမှန်းတောင်မသိဘဲဖြစ်သွားမှာပါ။( အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ် ) File size… 2.1 GB ...
movie

Andhaghaaram (2020)

Theri (2016) 7.3
Theri (2016) Theri (2016) "အတိတ်က မီးခိုးငွေ့အမျှင်တန်း" IMDb 7.3မင်းသား ဗီဂျေးရဲ့ ၂၀၁၆ က ထွက်ရှိခဲ့တဲ့ ကြမ်းကြမ်းရမ်းရမ်း ကားဟောင်းလေးကို တက်ဆက်ပေးလိုက်ပါတယ်... ဗီဂျေးရဲ့ ရုပ်ရှင်ဆိုတဲ့အတိုင်း ကြမ်းပေ့ဆိုတဲ့ တမီလ်း action/thriller ဖြစ်ပြီး ရုံတင်ငွေ ၂ ဆ ပြန်လည် ရရှိရုံသာမက အခုဆိုရင် တီဗီချန်နယ်တွေက ပြန်လည်ပြသမှုကြောင့် ဗီဂျေးရဲ့ အကောင်းဆုံးထုတ်ကုန်ထဲက တစ်ခုအဖြစ် နာမည်ရနေပြီပဲ ဖြစ်ပါတယ်...လတ်တလော ထွက်ရှိထားတဲ့ ဗီဂျေးရဲ့ Leo ကို ကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့်လိုက်ကြပါဇာတ်လမ်းအကျဥ်းကတော့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ပေါင်မုန့်ဖုတ်ပြီး ဖြတ်သန်းနေတဲ့ ရိုးသားကြိုးစားဖိုးသခွား ဂျိုးဆပ်ကူရူဗီလာဆိုသူတစ်ယောက် သမီးငယ်လေး နီဗီနဲ့ နေ့တိုင်း အတူသွား အတူလာ ကျောင်းပို့ကျောင်းကြိုနဲ့ ပျော်ရွှင်နေလျက်ရှိပါတယ်... နီဗီ့ရဲ့ ဆရာမချောချော အန်နီကလည်း ဂျိုးဆပ်ကို အထာတွေ ပေးလို့ သာယာနေတဲ့ သူတို့ရဲ့ ဘဝလေးမှာ တစ်နေ့မှာတော့ လူမိုက်တစ်စုရဲ့ နှောင့်ယှက်မှုကို ကြုံရပါတယ်...ရဲစခန်းမှာ ဆရာမက ...
movie

Theri (2016)

2016