Channel Myanmar

Krzysztof Strużycki

Boxer (2024) 6.5
Boxer (2024)  ၁၉၈၀ ခုနှစ်တုန်းက ပိုလန်မှာနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ပြီးတိုင်းပြည်က ပျက်စီးယိုယွင်းလာကာ ပြည်သူပြည်သားတွေအတွက်မလုံခြုံတဲ့ တက်လမ်းမရှိတဲ့ အနာဂတ်မရှိတဲ့တိုင်းပြည်တစ်ခုဖြစ်လာခဲ့ပါတော့တယ်။အထူးသဖြင့် လူငယ်တွေကအနစ်နာဆုံးဖြစ်ပြီး တိုင်းပြည်ကိုငြိမ်းချမ်းအောင်လုပ်ပေးဖို့အတွက် သူတို့မှာလည်းလုပ်နိုင်စွမ်းမရှိတဲ့အတွက် တခြားသောအကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရပ်ခြားကိုကူးပြောင်းတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့် အဲ့ဒီကာလမှာ ပိုလန်နိုင်ငံကနေနိုင်ငံရပ်ခြားတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့တဲ့လူပေါင်းသန်းနဲ့ချီရှိခဲ့ပြီး အဲ့ဒီလူတွေထဲမှာကိုယ့်ရဲ့အစွမ်းအစတွေကိုထုတ်ပြခွင့်ရခဲ့တဲ့ အားကစားသမားတွေလည်းပါဝင်ခဲ့ပါတယ်။အဲ့ဒါကြောင့်ဒီလူတွေရဲ့ဘ၀တွေကိုပေါ်လွင်အောင် ကိုးကားရိုက်ကူးထားတဲ့Boxer ဆိုတဲ့ IMDb Rating 6.5 အထိရရှိထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အထက်မှာပြောခဲ့တဲ့အတိုင်း အခြေအနေမဟန်လို့နိုင်ငံခြားကိုလစ်ခဲ့ရတဲ့သူတွေထဲမှာ ယက်ဒရစ်နဲ့ဇနီးသည်လည်းအပါအဝင်ဖြစ်ပါတယ်။ယက်ဒရစ်ရဲ့အဖေက လက်ဝှေ့ချန်ပီယံတစ်ယောက်ဖြစ်ခဲ့ပြီး သားဖြစ်သူအပေါ်မှာလည်း ပညာတွေကိုလက်ဆင့်ကမ်းထားပေးတဲ့အတွက် ယက်ဒရစ်လည်း ကျွမ်းကျင်လက်ဝှေ့သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်ဒီလိုတက်လမ်းမရှိတဲ့တိုင်းပြည်တစ်ခုမှာ ထူးချွန်အောင်မြင်နေလို့ကလည်း ဘာမှမထူးတဲ့အတွက် သူ့လက်ဝှေ့ကျွမ်းကျင်မှုတွေကိုသေချာထုတ်ဖော်ပြသနိုင်ပြီးပိုကောင်းတဲ့အနာဂတ်ကိုရရှိနိုင်ဖို့အတွက် ဇနီးဖြစ်သူနဲ့အတူတူအင်္ဂလန်ကိုတရားမဝင်ပြောင်းရွေ့နေထိုင်ခဲ့ကြပြီး ဘ၀ကိုခက်ခက်ခဲခဲဖြတ်သန်းခဲ့ကြပါတော့တယ်။ဒါပေမယ့်ပတ္တမြားမှန်ရင်နွံမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့လက်စွမ်းတွေကြောင့် ရသင့်ရထိုက်တဲ့ဝင်ငွေနဲ့ နာမည်ကျော်ကြားမှုကိုရရှိလာခဲ့ပြီးနောက်ပိုင်းမှာတော့ အောင်မြင်မှုဒဏ်ကိုမခံနိုင်တဲ့ယက်ဒရစ်တစ်ယောက်ရဲ့ဘ၀မှာ ရှေ့လျှောက်ဘာတွေရင်ဆိုင်ကျော်ဖြတ်သွားရဦးမယ်ဆိုတာကို စိတ်ဝင်စားစရာတွေအများကြီးနဲ့ကြည့်ရှုခံစားရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size…2.37GB / 1.25GB Quality…NF WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 30m Genre ….. Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Boxer (2024)

Horror Story (2023) 6.1
Horror Story (2023)  အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးရဲ့နာမည်ကတော့Horror Story ဖြစ်ပြီး လက်ရှိ IMDb Rating 6.2 ရရှိထားပါတယ်။ဇာတ်ကားနာမည်ကိုကြည့်ပြီးတော့သရဲကား လူသတ်ကားဆိုပြီးတော့ ထင်လိုက်ရင်တော့မှားသွားပါလိမ့်မယ်။ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားထဲမှာသရဲတို့လူသတ်သမားတို့ထက်အများကြီး ပိုကြောက်ဖို့ကောင်းတဲ့လက်တွေ့ ဘ၀ထဲကအမှန်တရားတစ်ခုကို ဖော်ပြထားတာမလို့ပဲ ဖြစ်ပါတယ်။အဲ့ဒီ ကြောက်စရာကောင်းလွန်းတဲ့အရာကြီးက ဘာများလဲလို့ မေးရင်တော့ အလုပ်အကိုင်မရှိမှုလို့ ဒီဇာတ်ကားထဲမှာအဖြေပေးထားပါတယ်။ဒီအတိုင်း ကြားလိုက်ရရင်တော့ အလုပ်အကိုင်မရှိမှုကဘာမှ အရေးမကြီးသလို ဟာသတစ်ခုလိုဖြစ်နေလောက်ပေမဲ့သေချာ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ဘ၀ကိုယ်ကျောင်းပြီး ရုန်းကန်နေရသူတွေအတွက်တော့ ဒါကြီးကသည်းထိပ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေပါတယ်။အဲ့ဒီအကြောင်းအရာတွေကို ကွက်ကွက်ကွင်းကွင်းမျက်စိထဲမြင်ယောင်လာအောင် ဒီဇာတ်ကားကတိုမက်ဆိုတဲ့လူတစ်ယောက်ကို အခြေခံပြီးရှင်းရှင်းလင်းလင်းရိုက်ကူးပြသထားပါတယ်။တိုမက်ဆိုတဲ့ လူကတော့ သိပ်မကြာခင်ကမှ ကောလိပ်ကျောင်းပြီးလို့ ဘွဲ့ရထားပြီး မိဘရင်ခွင်ကနေထွက်ခွာလာတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။စျေးသက်သာတဲ့ နေရာလေးတစ်ခုမှာ ငှားနေဖို့စီစဉ်ခဲ့ပြီး ပိုင်ရှင်ကောင်မလေးရဲ့ ဆွဲဆောင်မှုတွေကလည်း ကောင်းတဲ့အတွက် အဲ့ဒီတိုက်ခန်းမှာပဲ နေဖြစ်ခဲ့ပါတော့တယ်။အဲ့ဒီမှာစနေတဲ့ နေ့ကတည်းကစပြီး သူရထားတဲ့မာစတာဘွဲ့ကြီးနဲ့ အလုပ်ရဖို့အတွက် စတင်ကြိုးစားပါတော့တယ်။ဒါပေမယ့် ဘွဲ့လက်မှတ်တွေဆိုတာက သိတဲ့အတိုင်းပဲတကယ့်တကယ်အပြင်လောကကြီးနဲ့ ထိတွေ့ပြီး လုပ်ငန်းခွင်ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါမှာ ဘာမှတန်ဖိုးမရှိတဲ့ စာရွက်လေးသာသာဖြစ်နေတဲ့အတွက် တိုမက်ခမျာအလုပ်ရဖို့တော်တော်အခက်အခဲတွေ့နေပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူအရမ်းချစ်ရတဲ့ ပိုက်ဆံတွေရှိလာရင် ပြန်ပိုင်ဆိုင်အောင်ကြိုးစားမယ်လို့ဆုံးဖြတ်ထားတဲ့ ရည်းစားဟောင်းလေးကလည်း ...
movie

Horror Story (2023)