Channel Myanmar

Koen De Bouw

The Price of Money: A Largo Winch Adventure (2024) 6.0
The Price of Money: A Largo Winch Adventure (2024)  ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Largo Winchရုပ်ရှင်ကားရဲ့နောက်ဆက်တွဲ တတိယမြောက် Thriller/Actionကားလေးပဲဖြစ်ပါတယ်...Thriller ကားချစ်သူတွေအနေနဲ့ အသည်းတအေးအေးကြည့်ရမယ့် သည်းထိတ်ရင်ဖိုအခန်းတွေလုံလုံလောက်လောက်ပါသလို Action ကားချစ်သူတွေအနေနဲ့လည်း အသည်းတယားယားFight Scene တွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်...Drama ဆန်ဆန်ဇာတ်အိမ်တွေလည်း ထည့်သွင်းရိုက်ကူးထားတဲ့အတွက်ကြောင့် ရသစုံတဲ့ ဒီရုပ်ရှင်ကားလေးကို ပရိသတ်တွေနှစ်သက်ကြမှာ အမှန်ပါပဲ...ပြန်ပေးဆွဲခံရတဲ့သားငယ်နဲ့ နောက်ကွယ်ကအကြောင်းအရင်းကိုကနေဒါသစ်တောကနေ ဘန်ကောက်မြို့နဲ့မြန်မာပြည်သတ္တုတူးဖော်ရေးလုပ်ကွက်တွေထိ ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရတဲ့ ယခုLargo Winch အကြောင်းရုပ်ရှင်မှာ ကျယ်ပြန့်တဲ့နောက်ခံရှုခင်းတွေနဲ့ လူနေမှုပတ်ဝန်းကျင်ကိုလည်း ရင်သပ်ရှုမောဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်...Largo Winch ရုပ်ရှင်များရဲ့ အဓိကဇာတ်ဆောင်မင်းသားTomer Sisley အပြင် ယခုတတိယကားလေးမှာတော့ နာမည်ကျော်မင်းသား James Franco လည်း ဇာတ်ပြိုင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ James Franco ပရိသတ်များအနေနဲ့လည်းအချိန်ပေးပျော်တဲ့ရုပ်ရှင်တစ်ကားဖြစ်မှာ အသေအချာပါပဲ…Largo Winch တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေကို ကြုံတွေ့ရမလဲJames Franco သရုပ်ဆောင်ထားတဲ့ Ezio Burntwoodဇာတ်ကောင်တစ်ယောက် ဘယ်လိုဇာတ်ရှိန်မြင့်အောင် ဆွဲခေါ်သွားမလဲဆိုတာတော့ ဒီရုပ်ရှင်လေးထဲမှာပဲ ကြည့်လိုက်ကြဖို့ညွှန်းဆိုပေးလိုက်ပါတယ်နော်...( ...
movie

The Price of Money: A Largo Winch Adventure (2024)

The Mercator Trail (2022) 6.1
The Mercator Trail (2022)  Indiana Jones လိုမျိုးစွန့်စားခန်းဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက် The Mercator Trail ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.1 ရရှိထားပြီး 2022 ခုနှစ်ကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ဘန်ဂျမင်ဆိုတဲ့ ကောင်လေးကနည်းပညာကျွမ်းကျင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့သူ့အဖေရဲ့အမွေတွေကို ဆက်ခံရရှိခဲ့ပါတယ်။အမွေဆက်ခံရတယ်ဆိုလို့သူ့အဖေကသေသွားတာလားဆိုတော့လည်း မဟုတ်ပါဘူး။ဒါပေမယ့်ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့အတွက်သေစာရင်းသွင်းခံလိုက်ရတာပဲဖြစ်ပါတယ်။ ဘန်ဂျမင် သူ့အဖေဆီကရခဲ့တဲ့ အမွေပစ္စည်းကတော့ တခြားမဟုတ်ဘဲ အရင်ခေတ်ကရှေးဟောင်းမြေပုံ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။သူ့အတွက်ဘာမှအသုံးမဝင်ပေမဲ့ ကျောင်းကသူ့ Crush လေးဖြစ်တဲ့ဆလီရန်ကရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတဲ့အတွက် အဲ့ဒါကိုသုံးပြီးနီးစပ်အောင် ဂွင်ဖန်ပါတော့တယ်။ဒါပေမယ့် အဲ့ဒီနောက်မှာတော့သူ့အိမ်ဖောက်ထွင်းခံလိုက်ရတာကြောင့် စိတ်ပူပြီးစာအုပ်ငှားသွားတဲ့ဆလီရန်ကို သွားသတိပေးနေတဲ့အချိန်မှာ လူဆိုးတွေရဲ့ လိုက်လံဖမ်းဆီးခြင်းကိုခံရပြီး ကံကောင်းထောက်မစွာနဲ့ ဇက်ပိုဆိုတဲ့လူတစ်ယောက်ကသူတို့ကို ကယ်ထုတ်ပေးခဲ့ပါတော့တယ်။နောက်မှသိလိုက်ရတာက ဒီစာအုပ်ကတကယ့် အဖိုးတန်ပစ္စည်းဖြစ်ပြီးရွှေကို ထုတ်လုပ်နိုင်တဲ့ဖော်မြူလာကိုရှာတွေ့နိုင်ဖို့ လမ်းစဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ သူတို့သုံးယောက်ရဲ့စွန့်စားခန်းခရီးစတင်ခဲ့ပြီးဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်....  File size…2.04GB / 1.01GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie

The Mercator Trail (2022)

Will (2024) 7.1
Will (2024) Will (2024)~ IMDb - 7.1/10, Rotten Tomatoes - 60% ~ဒီကားလေးကတော့ ခုလပိုင်းအတွင်းကမှထွက်ရှိထားတဲ့ စစ်ပွဲကာလနောက်ခံ ဘယ်လ်ဂျီယမ်ကားလေးပါ။ ဇာတ်လမ်းကို WW2 ကာလအတွင်း အရေးပါတဲ့ Antwerp ဆိပ်ကမ်းမြို့မှာ ဇာတ်အိမ်တည်ထားပြီး ဂျူးတွေအများ‌အပြား‌ နေထိုင်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်။သင်တန်းဆင်းခါစရဲတပ်သား "ဝေလ်" နဲ့ရဲဘော်တစ်ယောက်က ဂျာမန်စစ်တပ်ရဲတစ်ယောက် ဂျူးရပ်ကွက်ကို လူသွားဖမ်းထားတာကို အစောင့်အရှောက်အဖြစ်လိုက်သွားရင်း မတော်တဆ စစ်တပ်ရဲကိုသတ်မိလိုက်ပါတယ်။ အဲဒီကနေမှ ဂျုးတွေကိုမုန်းတဲ့ပန်းချီဆရာတစ်ယောက်နဲ့ ပတ်သက်မိပါတယ်။ အဲဒါအပြင် ဝေလ်တစ်ယောက် သူငယ်ချင်းနဲ့ရည်းစားပါရာ ဂျူးအဖွဲ့အစည်းထဲပါ၀င်မိရာမှ အဲဒီအဖွဲ့အတွက်သူလျှိုလုပ်ပေးရင်း နဂိုစစ်တပ်ရဲကိုသတ်မှုကပါ နောက်မှာမီးခိုးကြွက်လျှောက်လိုက်လာတဲ့အခါမှာတော့...စစ်ပွဲတွေက လူ‌တွေရဲ့ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေကိုပါ တိုက်စားသွားနိုင်တဲ့အရာမျိုးပါပဲ။ ဝေလ်တစ်ယောက် ကြံ့ကြံ့ခံနိုင်ပါ့မလား... အများနည်းတူမိုးခါးရေသောက်မလား... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ ဝေဖန်ရေးသမားတွေဆီကနေ Review ကောင်းတွေ ရထားတဲ့ကားမလို့ ပေးရတဲ့အချိန်နဲ့တန်မှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Will (2024)

2024
Loft (2008) 7.3
Loft (2008)  "ဆိတ်ကွယ်ရာ" ဆိုတာကတော့ ကိုယ့်ရဲ့အမှောင်ခြမ်း.မကောင်းမှုတွေ စတာတွေကို လူတွေပေါ်ပေါ်ထင်ထင် လုပ်ကြတဲ့နေရာ အဖြစ် သတ်မှတ် လို့ရပါတယ်.တခြားလူတွေအမြင်နဲ့ကွဲပြားစွာ. မျက်နှာဖုံးတွေကွာကျတဲ့နေရာအဖြစ်လည်း တင်စားလို့ရပါတယ်. ဒီကားမှာတော့လူမြင်မခံတဲ့သာယာမှုတွေကို ခံစားဖို့ ထပ်ခိုးခန်းလေးတစ်ခုကိုမျှဝေသုံးစွဲတဲ့ လူ ၅ ယောက် အကြောင်းကို ဆိတ်ကွယ်ရာမှာအရိုင်းဆန်တတ်တဲ့ လူ့သဘာဝကို ထင်ဟပ်ပြသရင်းစုံထောက်မှုခင်းဆန်စွာ တင်ဆက်ပြထားပါတယ်. ဇာတ်လမ်းအစကိုတော့ ထပ်ခိုးခန်း ၁ ခန်း၊ ထိုအခန်းကိုဖွင့်နိုင်တဲ့ သော့ ၅ ချောင်း၊ သော့ ၅ ချောင်းကို၁ ချောင်းစီကိုင်ထားတဲ့ လူ ၅ ယောက်၊ အခန်းတွင်းမှာ ထူးဆန်းစွာရောက်ရှိနေတဲ့ အလောင်း ၁ လောင်းနဲ့ ဖွင့်ထားပါတယ်.အိမ်ထောင်ရေးနဲ့ စိတ်ဆန္ဒဖိုမသဘာဝ၊ အကျပ်အတည်းကြားမှဉာဏ်ကစားမှု၊ လှည့်စားဉာဏ်များတတ်တဲ့ လူ့သဘာဝကိုထင်ဟပ်ပြထားပြီး လျို့ဝှက်ဆန်းကြယ် မူခင်းရသ မျိုးကိုပေးနိုင်တဲ့ ဒီဇာတ်ကားလေးကို ပရိသတ်များ ရှုစားနိုင်ဖို့ CM ကနေတင်ဆက်ပေးလိုက်ရပါတယ်... File size…1.87GB / 672MB Quality…Blu-Ray 1080p 5.1CH / ...
movie

Loft (2008)

The Memory of a Killer (2003) 7.2
The Memory of a Killer (2003)  အယ်(လ်)ဇိုင်းမားဆိုတဲ့ရောဂါ အကြောင်းကြားဖူးလား။မှတ်ဉာဏ်တွေပျောက်သွားတဲ့ ရောဂါပေါ့။တံခါးပိတ်ခဲ့ပြီလား ၊သော့ဘယ်နားထားလဲ စတဲ့အကြောင်းအရာသေးသေးလေးတွေကနေစပြီး လူတွေ၊နာမည်တွေ၊လမ်းတွေ မမှတ်မိတော့တာမျိုးအထိဖြစ်တတ်တယ်။ပြီးတော့ အဲ့ရောဂါရရင် အနီးစပ်ဆုံး(လတ်တလော)ဖြစ်ထားတဲ့ အဖြစ်အပျက်တွေက စပြီး မေ့တတ်တယ်တဲ့။တစ်ကိုယ်တည်းရှင်သန်ရတာ တော်တော်ခက်ခဲမယ့် ရောဂါမျိုးပေါ့။ သာမာန်လူတစ်ယောက်အတွက်တောင် ဘဝရှင်သန်မှုကိုကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်တဲ့ ဒီရောဂါက လူသတ်သမားတစ်ယောက်မှာ ရှိနေမယ်ဆိုရင်ရော၊၊ဘယ်လိုဖြစ်မယ်ထင်လဲ၊၊ဒီဇာတ်ကားက အန်ဂျလို လဲဒါ ဆိုတဲ့ အယ်(လ်)ဇိုင်းမားရောဂါရှိတဲ့လူသတ်သမားအဘိုးကြီးတစ်ယောက် အကြောင်းရိုက်ထားတာ၊၊သူ့ခေတ်သူ့အခါက သျှမ်းသျှမ်းတောက် ကြေးစားဆိုပေမယ့်ရောဂါဖိတဲ့ဒဏ်ကိုခံလာရတော့ အနားယူဖို့ စဉ်းစားရတာပေါ့၊၊ဒါပေမယ့် သူအနားမယူခင်မှာ အလုပ်တစ်ခုလာအပ်တယ်၊၊ဘယ်(လ်)ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့တဲ့၊၊အနားယူဖို့စဉ်းစားထားပေမယ့် နောက်ဆုံးအနေနဲ့လုပ်ပေးပါကွာဆိုတဲ့တောင်းဆိုချက်ကြောင့် အဘိုးကြီးလည်း လက်ခံလိုက်တယ်၊၊ဒီနေရာမှာ ဖြတ်ပြောရရင် အန်ဂျလိုဟာ လူသတ်သမားဆိုပေမယ့်သူ့စည်းနဲ့ သူရှိတယ်၊၊(၁၃)နှစ်အောက်ကလေးတွေကို မသတ်ဘူး၊၊ကလေးတွေကို လိင်ပိုင်းအရဖိနှိပ်တာတွေ အကြမ်းဖက်တာတွေဆိုလက်မခံဘူး၊၊ ဖြစ်ချင်တော့ အခုနောက်ဆုံးဆိုပြီး သူလက်ခံလိုက်တဲ့အလုပ်မှာ ကလေးတစ်ယောက်ကို သတ်ပေးဖို့ဖြစ်လာတယ်၊၊အလုပ်အပ်တဲ့လူတွေကလည်း ဘယ်(လ်)ဂျီယံမှာ အာဏာရှိပါတယ်ဆိုတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု၊၊အန်ဂျလို လဲဒါတစ်ယောက် ဘာဆက်လုပ်မလဲ၊၊သူ့ရဲ့ရပ်တည်ချက်စည်းမျဉ်းတွေကို နောက်ဆုံးတစ်ခေါက်မှာဖောက်ဖျက်လိုက်မလား၊၊အယ်(လ်)ဇိုင်းမားရောဂါနဲ့ သူ့လူသတ်သမားအလုပ်နဲ့ရော ဘယ်လိုနှစ်ပါးသွားမလဲ၊ စတာတွေကို ဒီဇာတ်ကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ...
movie

The Memory of a Killer (2003)

The Man Who Sold His Skin (2020) 7.0
The Man Who Sold His Skin (2020) The Man Who Sold His Skin (2020)=========================အခုကနေဆို ဆယ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ဆီးရီးယားပြည်တွင်းစစ်ဟာ အသေအကြေ များခဲ့သလို ဆီးရီးယားက ထွက်ပြေးပြီး ဥရောပနိုင်ငံတွေမှာ ခိုလှုံခဲ့ရတဲ့ ဒုက္ခသည် တွေလည်းများခဲ့တယ်။ သို့တိုင်အောင်ပဲ နိုင်ငံတိုင်းမှာ သူ့ကန့်သတ်ချက်တွေနဲ့ သူရှိခဲ့ကြတာမို့ လူတိုင်းကိုတော့ ခိုလှုံခွင့် မပေးနိုင်ခဲ့ဘူး။ ဒီရုပ်ရှင်ဟာ အဆိုပါ ဆီးရီးယားဒုက္ခသည်တွေအကြောင်းကို ထင်ဟပ်မိအောင် ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆမ်ဟာ နိုင်ငံရေးသမားအထင်ခံခဲ့ရတဲ့အတွက် ဆီးရီးယားကနေ ထွက်ပြေးလာခဲ့တယ်။ သူ့ရဲ့ ချစ်လှစွာသော ကောင်မလေးကိုတော့ သူထားခဲ့ရတယ်။သူ့ကောင်မလေးကတော့ အိမ်ကပေးစားတဲ့ ဘယ်ဂျီယမ်မှာရှိတဲ့ ဆီးရီးယားသံရုံးက သံအမတ်တစ်ယောက်နဲ့ လက်ထပ်သွားခဲ့တယ်။ဆမ်ဟာ သူ့ကောင်မလေးရှိတဲ့ ဘယ်ဂျီယမ်ကို သွားချင်ပေမဲ့ သူ့မှာ ပြည်၀င်ခွင့်မရှိဘူး။ အဲ့ဒီအချိန်မှာပဲ ဆမ်က ဂျက်ဖရေးနဲ့ သွားဆုံတယ်။ခေတ်တစ်ခေတ်ရဲ့ အကြီးကျယ်ဆုံး အနုပညာရှင် ဖြစ်တဲ့ ဂျက်ဖရေးဟာ အမှိုက်ကိုပါ အနုပညာ ဖြစ်အောင် လုပ်နိုင်တဲ့သူလို့ နာမည်ကျော်တယ်။ ဂျက်ဖ‌ရေးက Installation Art၊ Paint Artအပါအ၀င် Artပေါင်းစုံကို ပိုင်နိုင်တဲ့ Geniusတစ်ယောက်။ ဒီတစ်ခါ သူက အနုပညာအတွက် နယ်ပယ်သစ် တစ်ရပ်ကို ရှာဖွေနေတယ်။ ဒီတစ်ခါ သူတင်ဆက်မဲ့ သူ့အနုပညာပစ္စည်းက သက်မဲ့မဟုတ်ဘူး။တိရိစ္ဆာန် တစ်ကောင် မဟုတ်ဘူး။သက်ရှိလူသားတစ်ယောက်။ အခု သူတို့နေနေတဲ့ခေတ်ကာလမှာ ကုန်ပစ္စည်းတွေရဲ့ ပျံ့နှံ့ရောက်ရှိမှုက လူသားတွေရဲ့ ပျံ့နှံ့ရောက်ရှိမှုထက် အများကြီးပိုလွတ်လပ်တယ်။ ဒီတော့ သူက လူသား တစ်ယောက်ကို ...
movie

The Man Who Sold His Skin (2020)

2020
Torpedo: U-235 2019 6
Torpedo: U-235 2019 ကျွန်တော်ကြည့်ဖူးသမျှ ဒုတိယကမ္ဘာစစ်ရေငုပ်သင်္ဘောဇာတ်ကားထဲမှာ ဒီကားကတော့အကောင်းဆုံးပဲဗျ။ သမိုင်းအပေါ်အတော်အသင့် အခြေခံထားပြီး-ဗဟုသုတအများကြီးလည်းပေးပါတယ်။ပီပီသသနဲ့ကြည့်လို့ကောင်းပြီး အချိန်ပေးကြည့်ရတာလုံး၀တန်ပါတယ်။ ဇာတ်လမ်းက‌တော့ ဒုတိကမ္ဘာစစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံက အမေရိကန်တွေ Nuclearဗုံးလုပ်ဖို့အတွက်လိုအပ်တဲ့ယူရေနီယမ်သတ္တုရိုင်းတွေကို ရေငုပ်သင်္ဘောနဲ့ပင်လယ်ကိုဖြတ်ပြီး တိတ်တဆိတ်ပို့ပေးရမယ့်အကြောင်းပါ။ ဒါပေမယ့်ဖြစ်ချင်တော့ နာဇီထောက်လှမ်းရေးများကအဲ့အကြောင်းကိုသိသွားပြီး...သွားပို့မယ့်ရေငုပ်သင်္ဘောကို အမေရိကန်နိုင်ငံကိုမရောက်အောင် မရရတဲ့နည်းနဲ့လိုက်တားပါတော့တယ်။ အောင်မြင်ဖို့လုံး၀မဖြစ်နိုင်တဲ့ ဒီစစ်ဆင်ရေးကြီးကို ရေငုပ်သင်္ဘောအမှုထမ်းတွေ ဘယ်လိုညဏ်ပါပါနဲ့-သတ္တိရှိရှိနဲ့ ဖြေရှင်းမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲကြည့်လိုက်ပါဗျ။ လုံး၀လုံး၀ကောင်းတဲ့ ဇာတ်လမ်းကောင်းကြီးပါ။ Quality – 720p  WebRipDuration - 1 hr 42 minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, HistoryTranslator – Ag Ko KhantEncoder – Littleneo
movie

Torpedo: U-235 2019