Channel Myanmar

Kō Nishimura

Lady Snowblood (1973) 7.6
Lady Snowblood (1973)  Lady Snowblood (1973)IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့  Lady Snowbloodကို  အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့  ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့  ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ...
movie

Lady Snowblood (1973)

1973
High and Low (1963) 8.4
High and Low (1963) High and Low (1963)~ IMDb - 8.4/10, RT - 96%, Meta - 90% ~အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ...
movie

High and Low (1963)

1963