Channel Myanmar

Kit Connor

Warfare (2025) 7.8
Warfare (2025)  A24 က ထုတ်တဲ့ စစ်ကားအသစ်ပါ..အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့်စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။ဒါရိုက်တာက Ex Machina၊ Annihilation၊Civil War တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza ကနေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကိုအခြေခံထားတဲ့ ရာမဒီ၊ အီရတ်မှာ ရန်သူတွေအများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ်တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။တကယ်ပါဝင်ခဲ့သူတွေကိုပါ အင်တာဗြူးပြီးဇာတ်လမ်းတည်ဆောက်ခဲ့တာပါဖြစ်ပါတယ်။စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက်ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော်အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါ။နာမည်အများစုကတော့ နာမည်လွှဲတွေပဲဖြစ်ပါတယ်။ Ray Mendoza နဲ့ Elliott Millerဆိုတဲ့နာမည်ပဲ နာမည်ရင်း ပါခဲ့တာပါ။ကျန်တာအများကြီးတော့ ပြောစရာမရှိပါဘူး။စစ်ကားကောင်းရှားနေတဲ့အချိန်မှာ ရွှေထွက်လာတာပါပဲ။ကြည့်လိုက်ကြပါ...........  File size… (5.82GB ) /(1.72 GB) / (789 MB) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv ...
movie

Warfare (2025)

The Wild Robot (2024) 8.5
The Wild Robot (2024)    DreamWorks Animation ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့တောရိုင်းစက်ရုပ်ဆိုတဲ့ ကာတွန်းရုပ်ရှင်ပါ။ Mulan, How to Train your dragon တို့လိုအကောင်းဆုံး ကာတွန်းတွေကို ဖန်တီးခဲ့တဲ့ Chris Sanders ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။စက်ရုပ် ရော့ဇ် အဖြစ် Black Panther ထဲက Lupita Nyong'o ပါဝင်ထားပြီး၊မြေခွေး ဖင့်အဖြစ် Pedro Pascal က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်ကတိရစ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆငန်းမိသားစုတစ်စုကို သေစေမိလိုက်ပါတယ်။အဲဒီငန်းမိသားစုမှာ ငန်းပေါက်လေးတစ်ကောင် ကျန်ခဲ့ပြီးအဲဒီငန်းလေးကို မသေအောင်စောင့်ရှောက်ရမဲ့ တာဝန်ကိုပရိုဂရမ်ကနေ လက်ခံမိလိုက်ပါတယ်။အဲဒီငန်းကို သူနဲ့အတူစောင့်ရှောက်ချင်ယောင်ဆောင်ပြီးအမြတ်ထုတ်ဖို့ ကြိုးစားတဲ့ မြေခွေးတစ်ကောင်နဲ့လည်း တွေ့လိုက်ရပါတယ်။စက်ရုပ်နဲ့မြေခွေးဟာ ငန်းပေါက်လေးကို အတူစောင့်ရှောက်ရင်းနဲ့အချိန်တွေကြာလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ်...စက်ရုပ်ရဲ့ မူလကုမ္ပဏီက ဘယ်လိုတွေ တုံ့ပြန်လာမလဲဆိုတာရယ်ကို ကြည့်ရမှာပါ။ကာတွန်းကောင်းတွေရဲ့ ထုံးစံအတိုင်း ...
movie

The Wild Robot (2024)

4K HEVC
Ready Player One (2019) 7.8
Ready Player One (2019) ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ရုပ်ရှင်တစ်ကားရိုက်တိုင်း အမြင်သစ်တစ်မျိုးနဲ့တင်ဆက်တတ်တဲ့ စတီဗင်စပီးဘတ်က ၂၀၁၈ မှာတော့ 80s, 90s born တွေအတွက်အမှတ်တရဖြစ်သွားစေမယ့် ကားတစ်ကားကို ချပြသွားခဲ့ပါတယ်။ဒီ Ready Player One ရုပ်ရှင်ဟာ Ernest Cline ရဲ့ Ready Player One ဆိုတဲ့ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ယနေ့ခေတ်မှာ လူသုံးများလာတဲ့ VR စနစ်နဲ့1980 ကနေ 2000 ခုနှစ်ကြားမှာ ရေပန်းကျော်ကြားခဲ့တဲ့ ရုပ်ရှင်၊ ကာတွန်း၊ စာအုပ်၊ ဂိမ်း၊ သီချင်းတို့ကိုအချိုးကျကျ ပေါင်းစပ်ပြသနိုင်ခဲ့တဲ့အတွက် ဝေဖန်ရေးဆရာတွေချီးကျူးထားတဲ့ ရုံတင်ကားကောင်းတစ်ကားဖြစ်ပါတယ်။၂၀၄၅ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်က လူတွေဟာ လက်တွေ့ဘဝက ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပေါက်အဖြစ် လွတ်မြောက်ဖို့နေရာတစ်ခုအဖြစ် အိုအေစစ်လို့ခေါ်တဲ့ Visual Worldထဲမှာပဲ အိပ်ချိန်၊ စားချိန်နဲ့ သန့်စင်ခန်းသွားချိန်တွေကလွဲလို့ ကျန်တဲ့အချိန်တွေကို ကုန်ဆုံးကြပါတော့တယ်။ဒီ အိုအေစစ်ကြီးကို ဖန်တီးခဲ့သူကတော့ ဂျိမ်းစ်ဟာလီဒေးဖြစ်ပြီး သူမသေဆုံးခင် ...
movie

Ready Player One (2019)

2018
4K HEVC
Little Joe (2019) 5.9
Little Joe (2019) ဒါကတော့ ဇာတ်လမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ဖန်တီးလေ့ရှိတဲ့Austrianအမျိုးသမီးဒါရိုက်တာ Jessica Hausnerရဲ့ လက်ရာဇာတ်ကားလေးပါ။Cannes film festivalရဲ့ မြင့်မားတဲ့ဆုတွေမှာဇကာတင်စာရင်းဝင်ထားပြီး ခေါင်းဆောင်မင်းသမီးကCannes Best Actress Awardရထားပါတယ်။ဇာတ်လမ်းကတော့ Aliceဆိုတဲ့ singleမေမေ အမျိုးသမီးတစ်ယောက်ကအပင်မျိုးစိတ်သစ်တွေကို ဖန်တီးပြီး သူ့အလုပ်ကိုအင်မတန်ရူးသွပ်သူပါ။လူတွေကိုပျော်ရွှင်စေဖို့ အနံ့အရမ်းကောင်းမွန်အောင်ပြုလုပ်ထားတဲ့အပင်မျိုးစိတ်သစ်တစ်ခုကို ဖန်တီးအောင်မြင်ပြီးတဲ့နောက်အဲ့အပင်လေးကို သူ့သားJoeရဲ့နာမည်ကိုအစွဲပြုပြီးLittle Joeလို့နာမည်ပေးလိုက်တယ်။ဒါပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဘယ်လာဆိုတဲ့ အမျိုးသမီးကြီးကLittle Joeဟာ လူတွေကိုပျော်ရွှင်စေရုံတင်မဟုတ်ပဲသူ့ရဲ့ဝတ်မှုန်ဟာလူ့ဦးနှောက်ထဲဝင်သွားပြီး လူတွေကိုအပင်ကလွဲရင်တခြားအရာကိုဂရုမစိုက်အောင်ပြောင်းလဲပစ်နေတယ်လို့အခိုင်အမာပြောဆိုပါတယ်။Aliceလည်း အစကမယုံကြည်ပေမယ့် သူ့ရဲ့သားကပါထူးထူးဆန်းဆန်းတွေပြုမူလာတဲ့အခါမှာတော့....ဒီဇာတ်လမ်းမှာ ဒါရိုက်တာရဲ့ဝသီအတိုင်းအရောင်တွေကိုသေချာသုံးထားလို့ Displayတွေလှတယ်။ဇာတ်လမ်းကို ကိုယ်ပါဝင်ပြီး စဉ်းစားစရာတွေဖြစ်လာတယ်။ဇာတ်လမ်းပြီးသွားတဲ့နောက်မှာလည်း ဒွဟတွေကျန်ခဲ့တယ်။လူတော်တော်များများအတွက် ကြောင်တောင်တောင်ကားလို့ ထင်နိုင်တယ်။လူတိုင်းအကြိုက်ကားမျိုးတော့မဟုတ်ဖူးပေါ့။...
movie

Little Joe (2019)

Rocketman(2019) 7.7
Rocketman(2019) Rocketman(2019) IMDb....7.7,,,,,Rotten....89% ((BluRay1080p5.1ch,720pတို့ဖြင့် ပြန်လည် Update ပေးထားပါသည်....)) ဒီရုပ်ရှင်ကတော့ Bohemian Rhapsody လိုပဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်မှာပါ။ သရုပ်ဆောင်ကတော့ Kingsman ရဲ့ မင်းသားTaron Egerton ဖြစ်နေတာ တိုက်ဆိုင်တာပါပဲ။ Kingsman ရုပ်ရှင်ထဲမှာ အယ်လ်တန်ဂျွန်ပါခဲ့တာကိုး။ သူ့နာမည်ကတော့ အယ်လ်တန် ဂျွန်ပါ။ လူအများကြားဖူးကြမယ်ထင်ပါတယ်။ အပြည့်အစုံဆိုရင်တော့ ဆာ အယ်လ်တန် ဟာကျူလီ ဂျွန် ဖြစ်ပါတယ်။ သူဟာ အမေရိကရဲ့ ရော့ခ်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး တစ်ကိုယ်တော်ဂီတသမားဖြစ်ပြီး ကမ္ဘာ့ဂီတသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ သူ့ရှေ့မှာ မက်ဒေါနား နဲ့ ဘီတယ်စ် ပဲ ရှိပါတော့တယ်။ (မကြာခင် ဘီတယ်စ်ရဲ့အကြောင်းဖြစ်တဲ့ Yesterday ရုပ်ရှင်လည်း ရုံတင်တော့မှာပါ) အယ်လ်တန်ဟာ ဂရမ်မီဆု 5ကြိမ်ရရှိခဲ့ပြီး အခြားသော ဆုကြီးတွေလည်း အများအပြားကို ရရှိခဲ့တာပါ။ Gold album 26 ခု၊ ပလက်တီနမ် နဲ့ မာလ်တိုင်ပလက်တီနမ် ၃၈ ခု၊ ဒိုင်းမွန်း ...
movie

Rocketman(2019)

2019
Mr. Holmes(2015) 6.9
Mr. Holmes(2015) Mr. Holmes(2015)IMDb....6.9ရာစုနှစ်တစ်စုနီးပါး အချိန်ကာလကိုဖြတ်သန်းလာခဲ့ရ၍ အသက်အရွယ်ကြီးရင့်လာသော ကျွနု်ပ်တို့မိတ်ဆွေကြီး မစ္စတာဟုမ်းစ်သည်လည်း ဇရာ၏နှိပ်စက်မှုဒဏ်ကိုကောင်းကောင်းကြီးခံစား နေရပြီဖြစ်သည်။ သို့သော်လည်း သူ့၏ ထက်မြက်မှုကိုကား ဇရာက အနိုင်မတိုက်နိုင်သေးသည်မှာထင်ရှားသည်။သို့သော် မစ္စတာ ဟုမ်းစ် စုံထောက်အလုပ်မှအနားယူလိုက်ရသည် အထိ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေရသော အကြောင်းမှာ မည်သို့မည်ပုံဖြစ်သည်ကိုIMDB Rating 6.9 ရရှိထားသော Mr.Holmes(2015) တွင် ဖော်ပြထားလေသည်။ အကျဉ်းမှာ ကျွနု်ပ်တို့မိတ်ဆွေကြီး မစ္စတာ ဟုမ်းစ်တစ်ယောက်သတိမေ့ရောဂါစွဲကပ်လာ၍ မိမိ၏နောက်ဆုံးအမှုမှ အဘယ်ကြောင့်အနားယူခဲ့သည်ကို မမှတ်မိသည်ကို ပြန်လည် အမှတ်ရအောင် ကြိုးစားရင်းနောက်ဆုံးမှာ မစ္စတာဟုမ်းစ်၏ အမှန်စင်စစ် နောက်ဆုံးအမှုကို မည်သို့မည်ပုံဖြေရှင်းခဲ့သည်ကို မိတ်ဆွေတို့ စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko D3monပဲဖြစ်ပါတယ်...File Size : (900 MB) and (325 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre :  Drama , Mystery Subtitle : Myanmar ...
movie

Mr. Holmes(2015)

2015
The Guernsey Literary and Potato Peel Pie Society (2018) 7.1
The Guernsey Literary and Potato Peel Pie Society (2018) ဒီဇာတ်ကားလေးက English ရေလက်ကြားက Normandy ကမ်းရိုးတန်းနားမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေ သိမ်းယူပြီး ခံတပ်တစ်ခုအဖြစ်ပြောင်းလဲခံထားရတဲ့ Gurnsey ဆိုတဲ့ကျွန်းလေးပေါ်က အဖြစ်အပျက်လေးတစ်ခုအဖြစ် ဖန်တီးရိုက်ကူးထားတာပါ။စစ်အတွင်းကအကြောင်းတွေရေးပြီး နာမည်ကြီးလာခဲ့တဲ့ စာရေးဆရာမလေး Juliette Ashton တစ်ယောက် သူရဲ့ဘဝကို မပျော်ပိုက်သလိုဖြစ်နေတဲ့အချိန်မှာGurnsey ကျွန်းပေါ်က Dorsey Adam ဆိုတဲ့ လယ်သမား စာအုပ်ချစ်သူတစ်ယောက်က စာအုပ်တစ်အုပ်ကိုရှာပေးဖို့အကူအညီတောင်းတဲ့ စာကိုလက်ခံရခဲ့ပါတယ်။သူတို့ရဲ့ စာဖတ်အသင်းနာမည်က ဂန်ဆီစာပေနှင့်အာလူးပိုင်မုန့်အသင်းတဲ့။အဲဒီရယ်စရာ ထူးဆန်းတဲ့ နာမည်နဲ့ စာဖတ်အသင်းကိုစိတ်ဝင်စားမိပြီး ကူရှာပေးဖို့ပြောတဲ့စာအုပ်ကို တစ်ခါတည်းပို့ပေးပြီးတော့ အဲ့ဒီအသင်းဖြစ်ပေါ်လာပုံတွေ ဘာလို့အဲဒီနာမည်ဖြစ်နေရတာလဲဆိုတာကိုမေးရင်းနဲ့ အဖြေတွေရလာတဲ့အခါမှာ သူကိုယ်တိုင် Gurnsey ကျွန်းကိုသွားချင်စိတ်တွေပေါ်လာပြီး Gurnsey ကျွန်းကိုရောက်တဲ့အခါမှာ သူနောက်ထပ်ဘယ်လိုဇာတ်လမ်းတွေကိုရှာတွေ့မယ်ဖန်တီးမယ်ဆိုတာကို ကြည်နူးစရာ၊ ဝမ်းနည်းစရာ တွေ့ရမှာပါ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7 ပါ။ကျွန်တော်တို့မှာ မတွေ့ဖူးခင်ကတည်းကရင်းနှီးနေတဲ့မျက်နှာတွေရှိနေပါသလား ရှိခဲ့မယ်ဆိုရင် အဲဒီသူနဲ့ ကျွန်တော်တို့ သက်ဆိုင်သလို အဲဒီလူကလည်းကျွန်တော်တို့နဲ့ သက်ဆိုင်နေမှာအသေအချာပါပဲ။(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)File ...
movie

The Guernsey Literary and Potato Peel Pie Society (2018)

2018
The Mercy (2018) 6.1
The Mercy (2018) The Mercy ဟာ 1968 ခုနှစ်ဝန်းကျင်မှာ ကျုင်းပခဲ့တဲ့ Sunday Times Golden Globe Race လို့ခေါ်တဲ့ လှေမာရသွန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပျော်တမ်းရွက်လှေသမား Donald Crowhurst ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Biography, Drama ဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုရိုက်ကူးသူကတော့ ဒါရိုက်တာ James Marsh ဖြစ်ပြီး၊ ဇာတ်ဆောင်ဖြစ်သူ Donald Crowhurst နေရာမှာ The King's Speech ဇာတ်ကားနဲ့ အော်စကာဆုကိုရရှိခဲ့တဲ့သူဖြစ်ပြီး The Kingsman ဇာတ်ကားနှစ်ကားလုံးမှာ Harry Hart အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Colin Firth ပါ။ပြိုင်ပွဲဝင်ပြိုင်မယ့် ပြိုင်ပွဲဝင်တစ််ယောက်ရဲ့ ဘဝဇာတ်ကြောင်းရိုက်ကူးထားတာဖြစ်တဲ့အတွက်ကြောင့် စီကာပတ်ကုံးညွှန်းဆိုနေစရာမလိုတော့ဘူးလို့ထင်ပါတယ်။ဇာတ်ဆောင်ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို အသားပေးရိုက်ကူးထားတာကြောင့် ဘဝကိုရုန်းကန်ဖို့အတွက် အားယုတ်လျော့နေတဲ့သူတွေ၊ ဘဝကိုလက်မြောက်အရှုံးပေးချင်တဲ့သူတွေအတွက်တော့ ဒီဇာတ်ကားမှပေးစွမ်းတဲ့ရသက ခွန်အားဖြစ်စေမှာ ဖြစ်တာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။(ဘာသာပြန်သူကတော့ Brilliant Star ပါ)File ...
movie

The Mercy (2018)

2018