Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Tae-hun
6.9
South Bound (2013)
South Bound (2013) ********************IMDb- 6.9South Bound ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၃ခုနှစ်မှာ ဒါရိုက်တာYim Soon-rye ကရိုက်ကူးထားပြီးတော့ မင်းသားကြီးKim Yun-seokမှ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဖခင်တစ်ဦးဖြစ်တဲ့ ချွဲဂျယ်ဂတ်ရဲ့ မိသားစုကို အခြေခံထားပြီး လွတ်လပ်မှုနဲ့ မိသားစုကြားမှာရှုပ်ထွေးနေတဲ့ဘဝကို ရိုက်ကူးပြသထားတာ ဖြစ်ပါတယ်။သူက နိုင်ငံ့အာဏာနဲ့အဖွဲ့အစည်းတွေကို မယုံကြည်တော့ဘဲ၊သူ့မိသားစုနဲ့အတူ မြို့ကြီးကထွက်ပြေးပြီး တောင်ဘက်ရှိကျွန်းငယ်တစ်ခုကိုရွှေ့ပြောင်း သွားနေပါတယ်။ သူရဲ့ရည်ရွယ်ချက်က မိသားစုနဲ့အတူ လွတ်လပ်စွာ၊ စနစ်မဲ့တဲ့ဘဝကိုနေချင်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုအတွင်းမှာပဲ အမြင်မတူတာတွေ၊ စိတ်ကူးယဉ်နဲ့လက်တွေ့ဘဝကြား ပဋိပက္ခတွေက ကြီးလာတဲ့အခါ… သူ့ရဲ့ရွေးချယ်မှုက မှန်နေသေးမလား၊ ဟာသနဲ့အတွေးအခေါ် တစ်ပြိုင်နက်တည်းရရှိစေတဲ့ ဒီဇာတ်ကားဟာ မိသားစုအတွက်ရော ကိုယ့်အတွက်ပါ “အမှန်တရား” ဆိုတာ ဘာလဲဆိုတာ ပြန်စဉ်းစားစေမယ့် ရုပ်ရှင်တစ်ကား ဖြစ်တာကြောင့် ဒီလိုဇာတ်ကားလေးကိုတူတူကြည့်ရှု့ခံစားလိုက်ကြရအောင်ပါနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size - 2.39 GB/ 1 ...
movie
South Bound (2013)
5.8
Ghost Sweepers (2012)
Ghost Sweepers (2012)**********************Horror လည်းကြိုက် စိတ်ပြေလက်ပျောက်လည်း ကြည့်ချင်တဲ့ သရဲကားပရိသတ်ကြီး အတွက် ဒီတစ်ခါမှာတော့ ကိုရီးယားသရဲဟာသကားလေး တစ်ကားဖြစ်တဲ့ Ghost sweepers လေး တင်ပေးထားပါတယ် .. ။Cast တွေအနေနဲ့ကတော့ လူတိုင်းသိကြတဲ့ legendary မင်းသားကြီးဖြစ်တဲ့ Kim Su Ro, Taxi Driver နဲ့ Signal တို့က မင်းသား Lee Je Hoon နဲ့ The One and Only နဲ့ The Huntresses တို့က မင်းသမီး Kang Ye Wonအပြင် တခြားနာမည်ကြီး cast များစွာ ကိုလည်း တွေ့ရမှာဖြစ်ပါတယ် .. ။ဇာတ်လမ်းအညွှန်း *************အူဂျင်မြို့မှာ နှစ်ပေါင်းများစွာ မကောင်းဆိုးဝါးသောင်းကျန်နေတာကြောင့် တောင်ကိုရီးယားနိုင်ငံက ထိပ်တန်းပယောဂဆရာတွေအများကြီးစုပြီး သရဲနှိမ်နင်းဖို့ သွားခဲ့ကြတယ်။ပယောဂဆရာအဖွဲ့ထဲမှာတော့ တစ်ယောက်နဲ့တစ်ယောက် အစွမ်းမတူတဲ့ ပယောဂဆရာမျိုးစုံကို တွေ့ရမှာဖြစ်ပါတယ် ။တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းနတ်ဝင်သည် ဆရာဘတ် (Kim ...
movie
Ghost Sweepers (2012)
6.3
Glass Garden (2017)
Glass Garden (2017)*******************သစ်တောစိမ်းစိမ်းတွေရဲ့ သဘာဝအလှတို့ကို ခံစားကြည့်ရှုရင်း တရိပ်ရိပ်တက်လာတဲ့ ဇာတ်လမ်းကို မိန်းမောကြည့်ရှုနိုင်စေမဲ့ ၂၀၁၇ ခုနှစ်ထွက်ဇာတ်ကားတစ်ပုဒ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က အွန်စောအသေးစားလေးလို့ လူသိများကြတဲ့ မင်းသမီး Moon Geun-Young နဲ့ မင်းသား Kim Tae-Hoon တို့ အဓိကအနေနဲ့ ပါဝင်ထားပါတယ် .. ။ဇာတ်လမ်းအညွှန်း **************“လူတစ်ယောက်က သစ်ပင်တစ်ပင်အဖြစ် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို ယုံကြည်ပါသလား”ပါရဂူဘွဲ့အတွက် ပြင်ဆင်နေတဲ့ သုတေသနပညာရှင် Jae-Yeon(Moon Geun Young)ဟာ သာမန်လူတွေနဲ့မတူ တမူထူးခြားပြီး လက်တွေ့ဘဝနဲ့ ဆန့်ကျင်ကာ တွေးခေါ်တတ်သူတစ်ယောက်ပါ။ငယ်စဉ်ကတည်းက သစ်တောအုပ်တွေ သစ်ပင်တွေကို ချစ်မြတ်နိုးတဲ့သူမဟာ အခုတစ်ခါမှာဆိုရင်လည်း မြို့ပြနဲ့ဝေးရာဖြစ်တဲ့ သစ်တောအုပ်ထဲက ဖန်အိမ်လေးမှာ တိတ်တဆိတ်နေထိုင်ရင်း “လူတစ်ယောက်ဟာ သစ်ပင်တွေလိုမျိုး အလင်းမှီပြီး အစာချက်နိုင်စေရမယ်”ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သုတေသနပြုလုပ်နေသူဖြစ်ပါတယ်။တက်သစ်စ စာရေးဆရာတစ်ဦးဖြစ်တဲ့ Ji-Hoon(Kim Tae-Hoon) ဟာတော့ လက်ရှိမှာ နာမည်ပျက်ပြီးတော့ ကျဉ်းထဲကျပ်ထဲ ကြုံနေရတဲ့သူဖြစ်ပါတယ်။တစ်ရက် ကိစ္စတစ်ခုကြောင့် Jae-Yoon ရှိတဲ့ တောရွာဘက်လေးကို ရောက်လာပြီး Jae-Yoon ရဲ့ သုတေသနကို စိတ်ဝင်စားသွားတဲ့အခါ...သူ့ရဲ့ ကလောင်နာမည်အဖတ်ဆယ်ဖို့အတွက် ...
movie
Glass Garden (2017)
The Man from Nowhere (2010)
IMDb Rating(7.8) / Rotten Tomatoes (100%)မြန်မာပရိတ်သတ်ကြီးရဲ့ ငယ်ကျွမ်းဆွေမင်းသားကြီးလဲဖြစ် မြန်မာပြည်သူအသဲနှလုံးကို ရိုက်ခတ်ခဲ့တဲ့ <<<ဆောင်းရွက်ဦးရွက်ကြွေ ချစ်သက်သေ>>>ဇာတ်ကားမှ မင်းသား ထယ်စောက် လို့လူသိများတဲ့မင်းသား(Won Bin) ရဲ့ ကျော်ကြားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာဖြင့် ကိုရီးယားမှာ ရုံတင်ပြသရာမှာ ၄ပတ်ထဲနဲ့ ကြည့်ရှူ.သူ ၄,၀၄၇,၂၂၇ ကျော်ခဲ့လို့ စံချိန်တင်ဇာတ်ကားတစ်ကားဖြစ်ရပ်တည်ခဲ့ပါတယ် ။ ခုခေတ်မှာ အောင်မြင်နေတဲ့ John Wick ဟာ ဒီကားကို အတုယူထားတာဖြစ်တယ်လို့ ဒါရိုက်တာမင်းများက ဆိုထားခဲ့ဖူးပါတယ်။ ဒီကားထဲမှာ ထယ်စောက်ရဲ့ အက်ရှင်ဇာတ်ကြမ်းကို ကြည့်ရမှာဖြစ်တဲ့အပြင် တစ်ချို့အပိုင်းဒရာမာလေးတွေကလည်း ရင်ကိုထိစေပါလိမ့်မယ်။ဇာတ်လမ်းအကြမ်းဖျဉ်းကတော့မင်းသားဖြစ်သူဟာ စစ်ဘက်ထောက်လှမ်းရေးကနေထွက်ပြီး ဇာတ်မြုပ်နေထိုင်သူတစ်ယောက်... သူ့အိမ်လေးဘေးက ကလေးမလေးဟာ တေလေဂျပိုးသူခိုးမလေး။ သူက အပေါင်ဆိုင်လေးဖွင့်ထားတော့ ခိုးလို့ရသမျှပစ္စည်းတွေ သူ့ဆီလာပေါင်ရင်း တစ်စွန်းတစ်စ ရင်းနှီးလာကြတယ်။ ဒါပေမယ့် ကောင်မလေးရဲ့ အမေက ဆေးသမားဖြစ်နေတော့ မမျှော်လင့်ထားတဲ့ ဇာတ်ရှုပ်တွေက မင်းသားဆီကို ဆက်နွှယ်လာပါတော့တယ်။ ကလေးမလေး အဖမ်းခံရတဲ့အချိန်မှာ ထယ်စောက်တစ်ယောက်က ယခင်အတိတ်ကသူကြမ်းခဲ့တဲ့အတိုင်း ပြန်ကြမ်းလာပြီး ကလေးမလေးကို ...
movie
The Man from Nowhere (2010)
6.9
MAL·MO·E: The Secret Mission (2019)
MAL·MO·E: The Secret Mission (2019)***********************************အရင်ဆုံး ဇာတ်ကားထဲက သရုပ်ဆောင်တွေအကြောင်းပြောရရင် ယောကျ်ားလေးပရိသတ်တွေ အရမ်းကြွေတဲ့ The Outlaws ထဲက ဆံရှည်ဘဲကြီးက အဓိကသရုပ်ဆောင်တစ်ဦးအနေနဲ့ပါဝင်ထားပါတယ် ဒီထဲမှာတော့ တာဝန်ယူမှုအပြည့်နဲ့ ထက်မြက်တဲ့ စာပေအဖွဲ့အစည်းကိုယ်စားလှယ်အဖြစ် မြင်တွေ့ရမှာပါ..... တခြားဇာတ်ဆောင်နဲ့ဇာတ်ပို့တွေကလည်း ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တဲ့ ခပ်မိုက်မိုက် သရုပ်ဆောင်တွေဖြစ်တာမလို့ ဇာတ်ကောင်အတွက် နောက်ဆံတင်းစရာမလိုဘဲ စိတ်ချလက်ချကြည့်ရှုနိုင်ပါတယ်...ဇာတ်ကားနောက်ခံကတော့ ဂျပန်ကိုလိုနီခေတ်ကို အခြေတည်ပြီးရိုက်ထားတယ် ငါတို့အမိန့်အတိုင်းလိုက်နာရမယ် ဂျပန်ဘာသာစကားကိုပဲသုံးရမယ် မလုပ်ရင်ဖမ်းပြီးထောင်ချမယ် ဒီလိုကျွန်ပြုမှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ဘာသာစာပေမပျောက်ကွယ်ဖို့ နည်းမျိုးစုံနဲ့ကြိုးစားပုံကို ကွင်းကွင်းကွက်ကွက်မြင်အောင်ရိုက်ပြထားတယ် ..ဂျပန်ခေတ်ဖိနှိပ်ချုပ်ခြယ်မှုတွေအောက်မှာ ကိုယ့်နိုင်ငံရဲ့ စိတ်ဝိဉာဉ်မပျောက်ကွယ်အောင် တကယ်တမ်းလုပ်ဆောင်ကြတဲ့အခါ ဘယ်လောက်ထိခက်ခဲခဲ့တယ် .. ဘယ်လိုတွေပေးဆပ်ပြီး ဘာသာစာပေကို ဘယ်လိုပုံစံနဲ့ကာကွယ်ခဲ့ရတယ်ဆိုတာတွေ ရင်ထဲထိအောင် ကြည့်နေရင်းနားလည်ပေးနိုင်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ လက်လွှတ်မခံသင့်ကြောင်းပြောချင်ပါတယ်(ကိုရီးယားလူမျိုးတွေ ဂျပန်ကိုလိုနီနဲ့ပတ်သတ်ရင် ဘာကြောင့်ဆတ်ဆတ်ထိမခံဖြစ်ရလဲ ဒီဇာတ်ကားထဲမှာ အသေအချာမြင်နိုင်ပါလိမ့်မယ် )(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Phu Nge Nge Thein ပဲဖြစ်ပါတယ်.....)File size…1.77GB / 949MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 15 min. Genre ….. Historical, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Phu ...
movie
MAL·MO·E: The Secret Mission (2019)
6.5
Detective K: Secret of Virtuous Widow (2011)
Detective K: Secret of Virtuous Widow (2011)**************************************************Comedy, Mystery ဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့ ဂျိုဆွန်းခေတ်ရဲ့စုံထောက်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားလေးက 2011,2015,2018 ဆိုပြီး 3ကားထွက်ရှိထားပြီး တစ်ကားချင်းစီမှာမတူညီတဲ့ အမှုတွေကို စုံစမ်းဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်ကြီးကတော့ Your Honor ဇာတ်လမ်းတွဲထဲက မင်းသားကြီးKim Myung Min နဲ့အတူ Oh Dal Soo၊ Han Ji Min တို့အပြင် နာမည်ကျော်ဇာတ်ပို့ဇာတ်ရန်များစွာ ပါရှိထားပါတယ်။-ဇာတ်လမ်းအကျဥ်း-ဂျိုဆွန်းခေတ် ဂျောင်ဂျိုဘုရင်လက်ထက်မှာ အစိုးရ အမှုထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့အတူ နောက်ဆက်တွဲ လူသတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဂျောင်ဂျိုဘုရင် ခန့်အပ်ထားတဲ့ လျှို့ဝက်အထောက်တော်ကြီး ဂင်မင်းဟာ ဒီလူသတ်မှုကိုစုံစမ်းရင်းကနေ ကံဆိုးစွာနဲ့ပဲ တရားခံအဖြစ် အထင်လွဲခံရပြီး အကျဉ်းချခံလိုက်ရပါတယ်။ဒါပေမဲ့ အထော်တော်ကြီးဟာ အကျည်းထောင်ကို ဖောက်ပြေးခဲ့တာကြောင့် ဘုရင်ကနယ်နှင်ဒဏ်ပေးလိုက်ပြီး မုဆိုးမ အမှုတစ်ခုကို စုံစမ်းစေခဲ့ပါတယ်။အဲဒီလိုနဲ့ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အထောက်တော်ကြီးဟာ ...
movie
Detective K: Secret of Virtuous Widow (2011)
5.4
Trick (2016)
Trick (2016)ဇာတ်ကားနာမည်အတိုင်း လှည့်ကွက်တွေအပြည့်နဲ့ Trick ဇာတ်လမ်းဟာ ကိုရီးယားနိုင်ငံရဲ့ မီဒီယာနယ်ပယ်က အကျင့်ပျက်ချစားမှုတွေအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သတင်းတင်ဆက်မှု နယ်ပယ်မှာ အောင်မြင်တဲ့ PD တစ်ဦးဖြစ်လာခဲ့တဲ့ အီဆော့ဂျင်ဟာ စားသောက်ကုန်လုပ်ငန်းတစ်ခုရဲ့သတင်းကို လူထုဆီ မှားယွင်းတင်ဆက်ခဲ့ပြီး လူသေမှုပါ ဖြစ်စေခဲ့တဲ့အတွက် PD အလုပ်ကနေ နုတ်ထွက်ခဲ့ရပါတယ်။အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ရုပ်သံလိုင်းတစ်ခုရဲ့သူဌေးဟာ အဆုတ်ကင်ဆာဖြစ်နေတဲ့အမျိုးသားနဲ့ ဇနီးဖြစ်သူတို့ရဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ အီဆော့ဂျင်ကို ကမ်းလှမ်းလာခဲ့တဲ့အခါမှာတော့...။အီဆော့ဂျင်အနေနဲ့ မှတ်တမ်းရုပ်ရှင်ကို အောင်မြင်အောင်လုပ်ပြီး သူ့ရဲ့နာမည်ပျက်ကို ချေဖျက်နိုင်သွားမလား ဒါမှမဟုတ် ဘယ်လိုမထင်မှတ်ထားတာတွေများ ဖြစ်လာမလဲ ဆိုတာကတော့ အညွှန်းနဲ့တင် ဖော်ပြဖို့ မလုံလောက်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦးနော်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Hmwe ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 720p WEB-DL File size… 666MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Encoder ..... Aaron
movie
Trick (2016)
Gyeongju (2014)
Gyeongju 2014 *************မင်းသား Park Hae Ilနဲ့ မင်းသမီး Shin Min Ah တို့ပါဝင်သရုပ်ဆောင်ထားတဲ့...Romance & Drama ရုပ်ရှင်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်း -------------ချွဲဟျွန်းက ပေကျင်းတက္ကသိုလ်က ပါမောက္ခတစ်ယောက်ဖြစ်ပြီး...တရုတ်ကောင်မလေးတစ်ယောက်နဲ့လက်ထပ်ထားတာပါ။တစ်နေ့မှာတော့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ နာရေးကိုတက်ရောက်ဖို့ ...ကိုရီးယားကိုပြန်လာခဲ့ပါတယ်။ ကိုရီးယားကို ပြန်ရောက်တာနဲ့...ဂယောင်းဂျူမြို့လေးဆီကိုပါ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။လွန်ခဲ့တဲ့ ၇နှစ်ဂယောင်းဂျူမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က..ပန်းချီကားတစ်ချပ်ကို မမေ့နိုင်တာကြောင့် ပြန်ကြည့်ဖို့သွားခဲ့တာပါ။လက်ဖက်ရည်ဆိုင်ကိုရောက်တဲ့အခါမှာတော့ ဆိုင်ပိုင်ရှင် အသစ်ဖြစ်တဲ့...မိန်းမလှလေးဂုံးယွန်းဟီးနဲ့ တွေ့ပါတော့တယ်။ ယွန်းဟီးကိုပန်းချီကားအကြောင်းမေးရင်း...နှစ်ယောက်ရင်းနှီးသွားကြပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။File size… 1.77GB / 755MB Quality…WEB-DL 1080p 720p Genres: Adventure, Romance, Drama Duration: 2 hr 25 mins Subtitle….Myanmar Subtitle (Hard Sub) Translated By Phyu Sin Encoded By Heather Oo
movie
Gyeongju (2014)
Tastes of Horror (2023)
Tastes of Horror (2023)***********************ကဲ ကျွန်တော်တို့ Channel Myanmar ကနေ ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ဇာတ်ကားကောင်းလေးကတော့ Tastes of Horror ဆိုတဲ့နာမည်နဲ့လိုက်အောင် Horror တောင်မှ အမျိုးမျိူးသောပုံစံတွေနဲ့တစိမ့်စိမ့်တွေးပြီးမှ ကြောက်ရမဲ့ မွန်းကြပ်ရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်း ၁၀ ပုဒ်ကို ပေါင်းထားတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်း ၁ ပုဒ်ကို ဒါရိုက်တာ ၁ ယောက်စီနဲ့စုစုပေါင်း ဒါရိုက်တာ ၁၀ ယောက်က လက်စွမ်းပြထားတာပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း The Atypical Family မှ ကလေးသရုပ်ဆောင် Park So Yi၊Itaewon Class ထဲမှ Lee Joo Young, Twinkling Watermelon ထဲမှ Shin Eun Soo၊CLC အဖွဲ့ဝင် Seunghee, Seung Yeon, Ye Eun ...
movie
Tastes of Horror (2023)
6.7
Shotgun Love(2011)
Shotgun Love(2011)******************(720Pပဲရှိလို့ အကောင်းဆုံးတင်ဆက်ပေးထားပါတယ်..)SEX IS ZEROထဲက ဒီဘဲကြီးပါကတည်းက ရှယ်ခွီရမယ်ဆိုတာကျွန်တော်တို့မပြောလည်းသိကြမှာပါ...သို့ပေမဲ့ သူ့ကားတွေကရယ်ရတာနဲ့မတန်အောင် ဝမ်းနည်းကြေကွဲရအောင်လုပ်တဲ့အပိုင်လေးတွေနဲ့လည်း ဇတ်သိမ်းတတ်ပါသေးတယ်...ဒါ့ကြောင့်လည်း သူ့ကားတွေဟာကျွန်တော်တို့ရင်ထဲမှာကျန်ရှိနေတာလားမပြောတတ်ပေ... ဟုမ်းရှော့ပင်းအစီအစဉ်မှာ ရှိုးမော်ဒယ်အနေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ ဆန်းယောဟာ ဆွဲဆောင်မှုမရှိတဲ့ အူတူတူ အတတ ယောကျာ်းတစ်ယောက်ဖြစ်ပါတယ်သူနဲ့ တစ်ရုံးတည်းမှာ အလုပ်အတူလုပ်တဲ့ မိန်းမလှလေး ဆိုယွန်းကို ရင်ထဲကနေ နှစ်နှစ်ကာကာ စုံမက်နေခဲ့ပါတယ်အဲ့လိုနဲ့ မိုးညတစ်ညမှာတော့ ဆန်းယောနဲ့ ဆိုယွန်းတို့ဟာ မိုတယ်ကိုရောက်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ်ဆန်းယောတစ်ယောက် သူချစ်ရသူနဲ့ မိုတယ်မှာ တစ်ညတာ အတူရှိနိုင်ခဲ့တာမို့လို့ ရင်ထဲမှာ ပန်းတွေပွင့်တဲ့အထိ ပီတိဖြာနိုင်ခဲ့ပေမဲ့ နောက်တစ်နေ့ မနက်ရောက်တဲ့အခါမှာတော့...ဒီကားလေးက ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ အချစ်ဟာသ ဇာတ်ကားလေး ဖြစ်ပြီး တစ်ကားလုံး သဘာဝကျကျနဲ့ အတော်လေး ရယ်ရတာမို့လို့ စိတ်အပန်းဖြေဖို့အတွက် ဇာတ်ကား တစ်ကားရွေးချယ်နေတယ်ဆိုရင်တော့ အကြိုက်နဲ့ ကွက်တိကျနိုင်မှာပါ Comedy Movie ကြိုက် ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်နော်.... File Size…671MB Quality…WEB-DL 720p Format…mp4 Duration…01:52:00 Genres: ...
movie
Shotgun Love(2011)
8.2
Dream Palace(2023)
Dream Palace(2023)******************ယောက်ျားဖြစ်သူကို လုပ်ငန်းခွင်မတော်တဆမှုကြောင့် ဆုံးရှုးခဲ့ရပြီးနစ်နာကြေးရခဲ့တဲ့ပိုက်ဆံနဲ့ Dream Palaceလိုခေါ်တဲ့ တိုက်ခန်းအသစ်ဆီ ပြောင်းလာတဲ့ဟယ်ဂျောင်... အိမ်အသစ်မှာ အဆင်မပြေတာတွေရှိလို ကုမ္ပဏီကို တိုင်ကြားချင်ပေမယ့်အခြားနေထိုင်သူတွေက ဒီသတင်း ပေါက်ကြားပြီး တိုက်ခန်းစျေး ကျသွားမှာကိုပဲ စိတ်ပူနေကြပါတယ်.... တစ်ချိန်တည်းမှာပဲ မိတ်ဆွေဟောင်းဖြစ်သူနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး သူမနေတဲ့ တိုက်ခန်းမှာပဲဈေးသက်သာစွာနဲ့ တိုက်ခန်းဝယ်ယူနိုင်အောင် ကူညီပေးခဲ့ပါတယ် တိုက်ခန်းစျေးကျသွားမှာကို စိုးရိမ်နေကြတဲ့ အခြားနေထိုင်သူတွေနဲ့ဟယ်ဂျောင်ကြားမှာဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး....File size : 1.8GB/ 667MB Quality : WEB-DL 1080p/ 720p Format : mp4 Duratio : 1h 51min Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae
movie
Dream Palace(2023)
2023
6.2
The Pension (2018)
The Pension (2018)ဘယ်သူမဆို တပ်မက်တဲ့ ဒီနေရာလေးမှာ ဖုံးကွယ်ထားချင်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးနဲ့ ခံစားချက်တွေ ပေါက်ကြားကုန်တယ် !!!ဘယ်သူမဆို ထူးခြားတဲ့ အဖြစ်အပျက်တွေကြုံရမဲ့ ဒီ Pension ဆိုတဲ့ နေရာကို ရောက်လာကြတဲ့ လူတိုင်း ထူးခြားတဲ့ အဖြစ်အပျက်တွေ၊ သူစိမ်းတွေနဲ့ ပတ်သက်ဖို့ဖြစ်လာပြီးတော့ ဖြစ်တည်လာတဲ့ အကြောင်းအရာ ၄ပိုင်းကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းလေးပါ။ဇာတ်ကားထဲမှာ မတူညီတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ ၄ပိုင်းပါဝင်တာကြောင့် မတူညီတဲ့ စိတ်လှုပ်ရှားမှုတွေကို ပေးနိုင်မှာပါ။ “လရောင်” ဆိုတဲ့ Pension လေး မှာ လာတည်းတဲ့ ဧည်သည်တွေမှာလည်း “လ”နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်ချက်တွေကို စိတ်ဝင်စားဖွယ် ကြည့်ရူ့နိုင်မှာပါ။အဓိက ဇာတ်ဆောင်တွေကတော့ Jo Jaeyoon, Park Hyo Joo, Jo hanchul, Lee Yi Kyung, Hwang sun hee တို့ပါဝင်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie
The Pension (2018)
2018
7.1
The Admiral: Roaring Currents (2014)
The Admiral: Roaring Currents (2014) IMDb....7.1/10_______Rotten - 83%လီဆွန်းရှင်းဟာ ဂျိုဆွန်းတပ်မတော်မှာ အမှုထမ်းချိန်က စပြီး အောင်ပွဲတွေ အလီလီ ရခဲ့ပြီး ထင်ရှားလာခဲ့တယ်။ ၆လအတွင်းမှာ ထိပ်တန်းရာထူး သုံးဆင့်တက်တဲ့အထိ ထူးချွန်ခဲ့ပြီး ဂျပန်စစ်မင်း Toyotomi Hideyoshi ရဲ့ ကိုရီးယားကို ကျူးကျော်စစ် (Imjin War) စတင်ချိန်မှာ လီဆွန်းရှင်းဟာ ရေတပ်သေနာပတိဖြစ်နေပါပြီ။ ဂျပန်တွေရဲ့ကျူးကျော်တိုက်ခိုက်ချိန်မှာ ကြည်းတပ်တိုက်ပွဲတွေမှာ အသာစီးရခဲ့ပေမယ့် လီဆွန်းရှင်းဦးဆောင်တဲ့ရေတပ်ကိုတော့ မစိုးမိုးနိုင်ခဲ့ဘူး.... ကိုရီးယားကို ရေကြောင်းနဲ့ စိုးမိုးချင်ရင် လီဆွန်းရှင်းမရှိမှ ဖြစ်မယ်ဆိုတာကို ရိပ်စားမိလာတဲ့ ဂျပန်တွေဟာ ဂျိုဆွန်းရဲ့နန်းတွင်းရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူလျျှိုသွင်းတဲ့အပြင် သစ္စာဖောက် အမတ်တွေနဲ့ ပေါင်းကြံပြီး ထောင်ချောက်တစ်ခု ဆင်ပါတယ်။ ဂျပန်ရေတပ်တွေရဲ့ သတင်းကို ကိုရီးယားသစ္စာခံအယောင်ဆောင် ဂျပန်သူလျှိုကနေ တစ်ဆင့်ပို့တဲ့အခါ ဘုရင်ဆွန်းဂျိုက လီဆွန်းရှင်းကို သွားတိုက်ခိုင်းတယ်။ ဒါဟာထောင်ချောက်မှန်း ရိပ်စားမိနေတဲ့ လီဆွန်းရှင်းက အမိန့်ကို ဖီဆန်ပြီး မတိုက်တဲ့အခါ ထီးနန်းကိုလုပ်ကြံမယ့်သူအဖြစ် စွပ်စွဲခံရတော့တယ်။ လီဆွန်းရှင်းကို စစ်သည်တွေနဲ့ ပြည်သူတွေက ကြည်ညို ကြတာကို မနာလိုတဲ့အပြင် သူ့ထီးနန်းကိုပါ စိတ်မချဖြစ်နေတဲ့ ဘုရင်ဆွန်းဂျိုဟာ လီဆွန်းရှင်းကို ဖမ်းပြီး ရာထူးချတဲ့အပြင် နှိပ်စက် စစ်မေးစေတယ်။ အထက်ကပြောခဲ့တာတွေဟာ ဒီဇာတ်ကားမှာ မပါပါဘူး...ဒီကားရဲ့အစကတော့ လီဆွန်းရှင်းမရှိတဲ့ရေကြောင်းကို ဂျပန်တွေအသာစီးရပြီးတဲ့အချိန်မှာမှ ဘုရင်ဆွန်းဂျိုကနေ လီဆွန်းရှင်းကို ပြန်လည်တာဝန်ပေးအပ်ပြီး ဂျပန်ရေတပ်ကိုခုခံတိုက်ခိုက်စေခဲ့တာနဲ့စပါတယ်... လီဆွန်းရှင်းအတွက် ပထမတိုက်ပွဲက လက်ကျန် ...
movie
The Admiral: Roaring Currents (2014)
2014
6.5
The Sound of a Flower (2015)
မင်းသားကြီး ရူဆင်းရုန်းနဲ့ ဆူဇီ ပါဝင်သရုပ်ဆောင်ထားတဲ့ TSOAF ဂျိုဆွန်းခေတ်မှာ သီချင်းတောင်ဆိုခွင့်မရှိတဲ့ အမျိုးသမီးတွေရဲ့ အနှိမ်ခံဘဝကို ပေါ်လွင်အောင်ရိုက်ကူးထားပါတယ် ဂျင်ချယ်ဆောင်းဆိုတဲ့ အမျိုးသမီးငယ်လေးက အစဉ်အလာတွေ ဖိနှိပ်မှုတွေကနေ ဘယ်လိုရုန်းထွက်မလဲ ကိုရီးယားခေတ်ဟောင်းရဲ့ လှပတဲ့ သီချင်းလေးတွေကို ခံစားရင်းနဲ့ ဦးနဲ့သမီးအချစ်ဇာတ်လမ်းလေးကဘယ်လိုဖြစ်မလဲဆိုတာစိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ် File Size : (1.5 GB) & (900 MB) Quality : Bluray rip 1080p & 720 p Running Time : 01:49:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ChitThe Encoded by Mr. Anderson
movie
The Sound of a Flower (2015)
6.4
Mission: Possible (2021)
Mission Possible (2021)Yoo Da Hee က တရုတ်နိုင်ငံရဲ့ လျှို့ဝှက်လုံခြုံရေးအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ဌာနက တောင်ကိုရီးယားက သေနတ်မှောင်ခိုမှုတစ်ခုရဲ့သတင်းကို ရရှိတဲ့အခါမှာတော့မှောင်ခိုသမားတွေကို ချဉ်းကပ်ဖို့ သူမ ကြိုးစားရပါတော့တယ်။အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းကတော့ ကိုရီးယားက အေးဂျင့်တစ်ယောက်နဲ့ လက်တွဲလုပ်ကိုင်ရမှာပဲ ဖြစ်ပါတယ်။ဒါပေမယ့် မှတ်ပုံတင် မှားယွင်းမှု တစ်ခုကြောင့် မမျှော်လင့်ဘဲ Woo Soo-Han နဲ့ ဆုံတွေ့ဖို့ ဖြစ်လာပါတော့တယ်။Woo Soo-Han ဆိုတာကတော့ ကိုရိုးကားရားနိုင်ပြီးတော့ အတွေ့အကြုံမရှိတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူ လုပ်တဲ့ စုံထောက်အလုပ်ကလည်း ခွေးရှာကြောင်ရှာ အလုပ်လောက်ပဲ တတ်တာပါ။Yoo Da Hee ကတော့ Woo Soo-Han အကြောင်းကို မသိဘဲနဲ့ သူမနဲ့ လက်တွဲလုပ်ကိုင်စေတာပဲ ဖြစ်ပါတယ်။Woo Soo-Han ကတော့ သူ့ကို လျှို့ဝှက်အေးဂျင့်အနေနဲ့ အရွေးခံရပြီလို့ မှားပြီးတော့ ထင်နေတာပါပဲ။ဒါပေမယ့် အဓိကသက်သေတွေ အသတ်ခံလိုက်ရချိန်မှာတော့ ...... ကိစ္စတွေက တကယ်ကို အတည်ကြီး ဖြစ်လာပါတော့တယ်။စုံထောက်အက်ရှင်ကားကို ...
movie
Mission: Possible (2021)
2021