Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Tae-hee
6.5
The Restless (2006)
The Restless (2006) *******************2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဝမ်းနည်းစရာကောင်းပြီး လှပတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။Cast တွေအနေနဲ့ကတော့ ပရိသတ်တို့အားလုံးသိကြတဲ့ အနုပညာရှင်များဖြစ်တဲ့ Jung Woo-Sung ၊ Kim Tae-Hee ၊ " Buried Heart " မှ မင်းသားကြီး Heo Jun-Ho ၊ "Red Shoes" မှ So E-Hyun တို့အပြင် တခြားသော ဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်ထားကြလို့ Cast တွေနဲ့တင် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း *************တစ်ချိန်က ဘုရင်ကိုယ်တိုင်ချီးမြှောက်ထားတဲ့ ချောယုံးဒယ်ဆိုတဲ့ တော်ဝင်မကောင်းဆိုးဝါးနှိမ်နင်းသူ အဖွဲ့ ဟာ မင်းမျိုးမင်းနွယ်တွေရဲ့ ဒုစရိုက်မှုတွေကြောင့် ပြန်လည်ပုန်ကန်တဲ့အခါမှာတော့ အဖွဲ့ဝင်တွေ အကုန် သေဆုံးသွားကြရပြီးနောက် အဖွဲ့ပါ ဖျက်သိမ်းခံလိုက်ရပါတော့တယ်။ထိုသေဘေးကနေ လွတ်မြောက်သွားခဲ့တဲ့ ချောယုံးဒယ်ရဲ့အဖွဲ့ဝင်ဖြစ်သူ အီဂွက်(Jung Woo-Sung) ဆိုသူကတော့ သရဲတစ္ဆေတွေကို မြင်နိုင်တဲ့အစွမ်းရှိပြီး နေရာအနှံ့မှာ မကောင်းဆိုးဝါးလိုက် နှိမ်နင်းရင်းနဲ့ ကံအကြောင်းမလှပဲ တမလွန်လောကကို ရောက်လာပါတော့တယ်။တမလွန်လောကမှာတော့ ...
movie
The Restless (2006)
5.8
Venus and Mars (2007)
Venus and Mars (2007)***********************IMDb... 5.8 Venus and Mars ရုပ်ရှင်ကတော့ 2007ခုနှစ်မှာ ပြသခဲ့ပြီး Sul Kyung Guနဲ့ Kim Tae Heeတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Hard- Boiled Romantic Comedy ဇာတ်လမ်းဖြစ်ပါတယ်။အကျင့်စရိုက်ချင်းမတူညီကြတဲ့ ဆန်းမင် (Sul Kyung Gu)နဲ့ ဂျီနာ (Kim Tae Hee)တို့ စုံတွဲကရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လက်ထပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ပိုင်ဆိုင်မှုတွေကို တစ်ဝက်စီခွဲပြီးကွာရှင်းလိုက်ရပါတော့တယ်။ တွေ့လိုက်တိုင်း ရန်ဖြစ်နေကြတဲ့ ဂျီနာနဲ့ ဆန်းမင်က ကွာရှင်းပြီး ၃လအကြာမှာပဲ နာရီချိန်သီးကြောင့်အသေအကျေတိုက်ခိုက်ဖို့ အကြောင်းဖန်လာပါတော့တယ်။အစွဲလန်းလွန်ရောဂါကြောင့် နာရီချိန်သီးကို အသည်းအသဲပြန်တောင်းနေတဲ့ ဆန်းမင်နဲ့ ကွာရှင်းထားတဲ့ကိစ္စကြောင့် ပြဿနာပေါင်းစုံတက်နေတဲ့ ဂျီနာတို့ အချင်းချင်းအရွဲ့တိုက်ရာကနေနောက်ဆုံးမှာ နှစ်ယောက်လုံး ထိခိုက်ဆုံးရှုံးလာတဲ့အခါ... ခြေတစ်လှမ်းနောက်ဆုတ်ပြီး နှစ်ယောက်သားအဆင်ပြေသွားမလား ကြားထဲမှာဘယ်လိုပြဿနာတွေ ပေါ်လာဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်။) File Size ...
movie
Venus and Mars (2007)
6.1
Jane (2017)
Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရောဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီးရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာစွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့မိခင်သဖွယ်နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် ..ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီးဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ ..သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီးသူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ...
movie
Jane (2017)
6.7
Iris: The Movie(2010)
Iris: The Movie(2010)********************အိုင်းရစ်ဆိုတဲ့ ဒရမ်မာလေးကို အတိုချုံ့ပြီး ပြန်ကြည့်ချင်သူများအတွက် movie version လေးရပါပြီNSS လို့ခေါ်တဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုကနေ အထူးအေးဂျင့်ဖြစ်တဲ့ ဟျွန်းဂျွန်းကိုမြောက်ပိုင်းကလူတစ်ဦးကို သတ်ဖို့အတွက်တာဝန်ပေးခဲ့ပါတယ်....တာဝန်ပြီးမြောက်သွားသော်လည်း သရုပ်မှန်ပေါ်သွားတဲ့အတွက်ကြောင့် NSS ဒါရိုက်တာဘဲ့ဆန်းကနေသူ့ကိုစွန့်ပစ်ဖို့အတွက် ဟျွန်းဂျွန်းရဲ့သူငယ်ချင်းဖြစ်သူ ဆာဝူကိုအမိန့်ပေးခဲ့ပါတယ်....အဲဒီကနေတဆင့် ဟျွန်းဂျွန်းတစ်ယောက် နာကျည်းမှုတွေစတင်ကာ မြောက်ကိုရီးယားနဲ့ပူးပေါင်းပြီးလက်စားချေဖို့စတင်ရင်း အိုင်းရစ် ဆိုတဲ့အဖွဲ့အစည်းတစ်ခုအကြောင်း တစ်စတစ်စသိလာတဲ့အခါမှာတော့....တစ်ဖက်မှာလည်း မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားကိုနျူးကလီးယားလက်နက်နဲ့ ဗုံးဖောက်ခွဲဖို့စီစဉ်ရင်း ဘယ်လိုတွေဆက်ပြီး တောင်နဲ့မြောက် ပြဿနာလေးတွေ ဖြေရှင်းသွားမလဲ,,,ဟျွန်းဂျွန်းသိထားတဲ့ အိုင်းရစ်အဖွဲ့ကရော ဘာတွေကြံစည်ပြီး ဘယ်လိုတွေလုပ်ဆောင်နေလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးပါဦး...File Size :(4.6GB)(1.2GB) and (398MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:05:00 Genre :Action, Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Encoded by Phyo Pyae
movie
Iris: The Movie(2010)
7.8
The Hill of Wind (2019)
ဒီကားကတော့ ဇာတ်လမ်းကနည်းနည်းအေးပေမယ့် အနှစ်သာရရှိတဲ့ မိဘမေတ္တာဘွဲ့ကားလို့ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် ယောင်းဘွန်းဆိုတဲ့ အဒေါ်ကြီးကငယ်စဉ်ကကွဲကွာသွားတဲ့သမီးကိုရှာတာကနေစပါတယ်။ သူသမီးကိုရှာဖို့အလုပ်လုပ်လက်စ နေရာကနေစွန့်ခွာလာပြီး သူဇာတိမြေကိုပြန်လာခဲ့ပါတယ်။ ဇာတိမြေရောက်တဲ့အခါမှာ သူသမီးကိုမတွေ့သေးပဲ မထင်မှတ်ပဲ သူစုံစမ်းရထားတဲ့ နေရာက အားကစားစင်တာတစ်ခုဖြစ်နေပါတယ်။ အဒေါ်ကြီးလည်းပေါက်တဲ့နဖူး မထူးတော့ဖူးဆိုပြီး ရောက်လာလက်စနဲ့ အဲ့အားကစားခန်းမကိုညဖက်ကြီး ဝင်ကြည့်ရင်း အဲ့သင်တန်းကဆရာမလေးတစ်ယောက်နဲ့ခင်မင်ရင်းနှီးလာခဲ့ပါတယ်။ သင်တန်းဆရာမကသဘောကောင်းပေမယ့် ပြောရရင်သူဖွင့်ထားတဲ့အားကစားခန်းမက သိပ်ပြီးအဆင်မပြေရှာပါဖူး။ ဒါကိုခင်မင်ရင်းစွဲလည်းရှိ သားသမီးချင်း ကိုယ်ချင်းစာနာမိတဲ့ အဒေါ်ကြီးက ကူညီဖို့ဖြစ်လာပါတယ်။ ကျန်တာဘယ်လိုဆက်ဖြစ်မယ်။ သမီးပျောက်ရှာနေတဲ့ အဒေါ်ကြီးကောသူသမီးနဲ့ဆုံတွေ့နိုင်ပါမလား။ သူသမီးကကော ရှိသေးရဲ့လားဆိုတာကို ဇာတ်လမ်းကိုပဲ ကိုယ်တိုင်ကြည့်ပြီးခံစားပေးပါ။ အမေနဲ့သမီးကြားက ၅၂၈ မေတ္တာဘွဲ့ကို လှလှပပဖော်ကျူးထားတာခံစားကြရမှာပဲဖြစ်ပါတယ်။ File Size - 1.1 GB Quality - Web-Dl 1080P Subtitle - Burmese (Hardsub) Translator - Moe Pwint Encoder - Thit San Khant
movie
The Hill of Wind (2019)
2019