Channel Myanmar

Kim Su-hyun

Set Me Free (2014)
Set Me Free (2014) Set Me Free (2014) ******************ဒီကားလေးမှာတော့ အရွယ်နဲ့မမျှတဲ့ စိတ်ဒဏ်ရာနဲ့ ပင်ပန်းမှုဆီက လွတ်မြောက်ဖို့ ထွက်ပေါက်ရှာချင်နေတဲ့...လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးပြထားပါတယ်။ အဓိကဇာတ်ဆောင်ယောင်ဂျေအဖြစ်နဲ့ ...မင်းသားချွဲဝူရှစ်ပါဝင်သရုပ်ဆောင်ထားပြီး မင်းသားရှင်းဂျယ်ဟာနဲ့ ဂန်ရှင်းချောတို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးမှာ လွတ်မြောက်မှုနဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းရိုက်ကူးထားတာတွေ့ရမှာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း --------------ယောင်ဂျေဟာ အသက် ၁၇ နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်ပြီး အီစက်လို့အမည်တွက်တဲ့...ခရစ်ယာန်အသင်းတော်အိမ်မှာ နေထိုင်ပါတယ်။ ဒါပေမဲ့ သူဟာ အီစက်ကနေ ထွက်သွားဖို့ကြိုးစားနေပြီး...သူ့ရဲ့တာဝန်မဲ့တဲ့အဖေဖြစ်သူကြောင့် အိမ်ကိုလည်းမပြန်ချင်ဖြစ်နေပါတယ်။ လူအများရှေ့မှာဆိုရင်တော့...ဘုန်းတော်ကြီးတစ်ပါးဖြစ်လာဖို့ပဲ စိတ်ဝင်စားတဲ့ စံပြကျောင်းသားတစ်ယောက်အနေနဲ့ ဟန်ဆောင်နေထိုင်ပြီး...နောက်ကွယ်မှာတော့ အသင်းတော်အိမ်ကနေ ဖိနပ်တွေခိုးယူ ရောင်းစားလေ့ရှိပြီး သူငယ်ချင်းတွေကိုလိမ်ညာလေ့ရှိပါတယ်။အီစက်အိမ်ကနေထွက်သွားဖို့ကြိုးစားနေရင်းပဲ သူ့အဖေက ရောက်လာခဲ့ပြီး ညီဖြစ်သူကိုပါ...သူ့လက်ထဲအပ်ခဲ့ဖို့လုပ်လိုက်တဲ့အခါမှာတော့...ယောင်ဂျေတစ်ယောက် ဘယ်လိုတုံ့ပြန်မှာလဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်...File Size : 2.36GB / 717MB Quality : WEB-DL 1080p / 720p Duration : Youth, Drama Genre : 1 hr. 48 min. Subtitle : ...
movie

Set Me Free (2014)

Futureless Things (2014)
Futureless Things (2014) Futureless Things (2014) ************************ဒီဇာတ်ကားလေးကတော့ ကုန်စုံဆိုင်လေးက အလုပ်သမားတွေ ကြုံတွေ့ရလေ့ရှိတဲ့အဖြစ်အပျက်လေးတွေနဲ့ ...အခက်အခဲလေးတွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာ သရုပ်ဆောင်မင်းသားချောလေး...ဂုံမြောင်နဲ့ ရှင်းဂျယ်ဟာတို့ပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီးဂျောင်ဟယ်အင်းတို့လည်းပါဝင်ပါတယ်...လူမှုပတ်ဝန်းကျင်မှာတွေ့ရလေ့ရှိတဲ့ လူမှုဆက်ဆံရေးအကြောင်းကို ဟာသ သဘောလေးလည်းနှောပြီး...ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ကုန်စုံဆိုင်လေးမှာအလုပ်လုပ်နေတဲ့သူလေးတွေရဲ့ ...နေ့စဉ်ဖိအားပေးမှုတွေကို ရင်ဆိုင်ကြရင်း သူတို့ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖွေနေကြတာကို တွေ့ရမှာပါ...ဒီဇာတ်ကားလေးဟာ ဟာသအမြင်တခုတည်းမဟုတ်ဘဲ တကယ့်နေ့စဉ်ဘဝမှာရော လူတွေဘယ်လိုခံစားနေရလဲဆိုတာကို...မြင်အောင်ပုံဖော်ပြထားပါတယ်။ ဒါဆိုရင် သူတို့လေးတွေ ဘယ်လိုပြဿနာလေးတွေကိုရင်ဆိုင်ရပြီး...ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ ကြည့်လိုက်ရအောင်ပါနော်...ဇာတ်လမ်းအညွှန်းကို Hom မှ ရေးသားပေးထားပါတယ်File Size : 1.65GB / 733MB Quality : WEB-DL 1080p / 720p Duration : 1 hr. 47 min. Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hom Encoded by Heather ...
movie

Futureless Things (2014)

Once Upon a Time (2008) 7
Once Upon a Time (2008) Once Upon a Time (2008)*************************ကိုရီးယားက ဂျပန်လက်အောက်ကို ကျရောက်နေတဲ့အချိန်ဖြစ်တဲ့ 1940 ခုနှစ်ကိုဇာတ်အိမ်တည်ရိုက်ကူးထားပြီး စိန်ခိုးကြမယ့် ဒီရုပ်ရှင်ကားမှာတော့"Hide, Agency"စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Lee Bo Young,"Priest, Tracer" ဇာတ်ကားထဲက မင်းသား Park Yong Woo,"Reply 1988, Hospital Playlist"တို့လို နာမည်ကြီးဇာတ်ကားအများစုမှာ ပါဝင်ခဲ့တဲ့ဇာတ်ပို့မင်းသားကြီး Sung Dong-il တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးအခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ကာနယ်မူရာ (Park Yong Woo) ဆိုတဲ့ ကိုရီးယားသူခိုးဟာဆိုးလ်မြို့တစ်ခွင်လျှောက်သွားပြီး ဂျပန်အာဏာပိုင်တွေဆီကတန်ဖိုးကြီးရတနာပစ္စည်းတွေကို ခိုးယူနေတဲ့သူပါ။ဟာရူကို (Lee Bo Young) ကတော့ ကာနယ်မူရာ ပုံမှန်သွားနေကျဘားတစ်ခုရဲ့ ဂျက်ဇ်အဆိုတော်မ‌လေးပေါ့။ဒါပေမဲ့ သူမကလည်း သာမန်အဆိုတော်မလေး မဟုတ်ဘဲနာမည်တုနဲ့လှုပ်ရှားနေတဲ့ အကျော်ဇေယျ သူခိုးတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ ဂျပန်အာဏာပိုင်တွေက ပွဲအခမ်းအနားကျင်းပပြီး အလွန်ရှားပါးတဲ့"အရှေ့ဘက်ရဲ့ အလင်းရောင်"လို့ခေါ်တဲ့ ၃၀၀၀ ကာရက်တန် စိန်တုံးတစ်တုံးကိုကိုရီးယားကနေ ...
movie

Once Upon a Time (2008)

The City of Violence (2006) 7.0
The City of Violence (2006) The City of Violence(2006)IMDb Rating (6.6) / Rotten Tomatoes (100%)My Wife is Gangster မင်းသားကြီး Lee Beom-soo , မာဒုံဆော့ရဲ့ FDA မင်းသားကြီး Park Ji-hwan , အက်ရှင်လူကြမ်းမင်းသား Jung Doo-hong တို့လို့ တကယ့်ဇော်ရုပ်တွေနဲ့ အကြမ်းပတမ်းရိုက်ကူးထားတဲ့ ကိုရီးယားအက်ရှင်ကားပါ။ဇာတ်လမ်းကတော့....ဆိုးလ်မြို့ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့မှ ထယ်ဆိုး တစ်ယောက်သူငယ်ချင်းဟောင်းဖြစ်သူ ဝမ်းဂျယ်ရဲ့စျာပနာပွဲကိုတက်ရောက်ဖို့အတွက် မွေးရပ်မြေကိုပြန်လာခဲ့ပါတယ်။ မထင်မှတ်ဘဲ သူငယ်ချင်းရဲ့ ဈပနပွဲမှာ မသာမှုတချို့ကို သတိထားမိသွားခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူဝမ်းဂျယ်ရဲ့သေဆုံးမှုဟာ သံသယဖြစ်စရာကောင်းတဲ့အတွက် ထယ်ဆိုးနဲ့ဆော့ဟွမ်းတို့ဟာ သူ့နည်းသူ့ဟန်နဲ့စုံစမ်းကြည့်ကြတဲ့အခါ... ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမျှော်လင့်ထားတဲ့သူတွေနဲ့ဆက်နွယ်နေတာကို တွေ့လိုက်ရပါတော့တယ်။ မတရားမှုတွေကို ထယ်ဆိုးတစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... သူမထင်ထားတဲ့သူတွေဆိုတာကရော ဘယ်သူတွေများဖြစ်မလဲဆိုတာ........။ကိုရီးယားအက်ရှင်ကြိုက်သူတွေအတွက်တော့ Rating မြင့်ပြီး လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ပါပဲ။ File size…(5.2 GB )/(2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:33:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

The City of Violence (2006)

Humming (2008) 6.2
Humming (2008)  လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီးတန်ဖိုးမထားတတ်ကြတာချည်းပါပဲ။အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရအချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ  ညီမျှပေမှာပေါ့။ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကိုစိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်းသုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာအမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက်အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။  File size…1.52GB / 771MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 36m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

Humming (2008)

Crying Fist(2005) 7.2
Crying Fist(2005) Crying Fist(2005) အညွှန်း*********************မင်းသားကြီး Choi Min-sik အဓိက ပါဝင်ထားသလိုRating တွေရောကောင်းတဲ့အပြင် BO မှာလည်း ဝင်ငွေအတော်ကောင်းခဲ့တဲ့ အက်ရှင်ကားဖြစ်ပါတယ်...ဂန်ထယ်ရှစ်ဆိုတဲ့ ၁၉၉၀ ခုနှစ် အာဆီယံအားကစားပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တဲ့လက်ဝှေ့ကစားသမား ဆုရှင်တစ်ယောက် လက်ရှိမှာတော့ ရင်းနှီးတဲ့သူဆီက သစ္စာဖောက်မှုတွေ အကြွေးရှင်တွေပတ်လည်ဝိုင်းနေမှုတွေနဲ့ ကြံရာမရဖြစ်ပြီး ဆိုးလ်မြို့လယ်ခေါင်မှာ ဖြတ်သွားဖြတ်လာတွေဆီက ငွေသားလက်ခံပြီး သူတို့ဒေါသဖြေဖို့အတွက် စိတ်ကြိုက်အထိုးခံရင်းနဲ့ စားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ မိန်းမဖြစ်သူထံကပါ မကြာခဏ ကွာရှင်းဖို့စကားစခံရပြီး အကြွေးရှင်တွေလက်က ပြေးနေရသူအဖို့ လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ပြီး ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်ဆယ်တင်ချင်ခဲ့ပါတယ်။ယူဆန်းဟွမ်ဆိုတဲ့ လူငယ်လေးကတော့ အချုပ်ကလွတ်လာတာမှမကြာသေး နောက်ထပ် ရပ်ကွက်ထဲက အဘိုးကြီးဆီကနေ လုယက်မှုနဲ့ ထောင်ထဲကို ဝင်လိုက်ရပါတော့တယ်။ မိသားစုဆိုလို့ အမေဆိုတာ ဘယ်နေမှန်းမသိ အဘွားနဲ့အဖေပဲ ရှိတဲ့သူ့ဘဝမှာမှ အဖေဖြစ်သူက မတော်တဆမှုနဲ့ ဆုံးသွားတော့ လေဖြတ်ပြီးကျန်ခဲ့တဲ့အဘွားရဲ့ မျှော်ကိုးရာအဖြစ် ဂုဏ်ယူရမဲ့သူဖြစ်ဖို့အရေး ထောင်ထဲမှာ လက်ဝှေ့လေ့ကျင့်ပြီး လက်ဝှေ့ချန်ပီယံပွဲစဉ်တစ်ခုကို ဝင်ပြိုင်ခဲ့ပါတော့တယ်။ဒီလိုဘဝရဲ့နောက်ဆုံးအနေနဲ့ မျှော်လင့်ချက်တစ်ခုစီ ဆုပ်ကိုင်ရင်း လက်ဝှေ့ကွင်းထဲကို ဝင်လာ၊ ဆုံတွေ့ကြတဲ့သူနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသူဖြစ်သွားမလဲဆိုတာကိုတော့ ဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦးဗျ။  File Size :(3.6GB)(1.2GB) and ...
movie

Crying Fist(2005)