Channel Myanmar

Kim Sang-ho

Bank Attack (2007) 6.5
Bank Attack (2007) Bank Attack (2007) *********************IMDb - 6.5ဒီကားလေးမှာတော့ မင်းသမီး Kim Yoo jung ရဲ့ ငယ်ဘဝပုံရိပ်လေးများကို မြင်တွေ့ရမှာဖြစ်ပြီး တခြားသော ဝါရင့်မင်းသားကြီးများရဲ့ သရုပ်ဆောင်ချက်များကို ရူစားကြရမဲ့ ဇာတ်ကားကောင်းလေးမို့ လက်မလွှတ်သင့်ပါဘူးနော်။ ဇာတ်လမ်းအညွှန်း ***************ဘဲ့ဂီယိုနဲ့ ဘဲ့ယွန်းဟီးတို့ဟာ အဖေတစ်ခု သမီးတစ်ခုဘဝဖြင့် နေထိုင်နေကြတာဖြစ်ပြီး သေရာပါရောဂါဖြစ်နေတဲ့ ၉နှစ်သမီးလေးရဲ့ ခွဲစိတ်စရိတ်ကြောင့် အခက်တွေ့နေပါတော့တယ်။ ရိုးသားဖြောင့်မတ်တဲ့ ဘဲ့ဂီယိုတစ်ယောက် သမီးဇောဖြင့် ကြံရာမရဖြစ်ကာ ဘဏ်ဓားပြသွားတိုက်ရာမှ တစ်နေ့တည်းမှာပဲ ရောက်လာတဲ့ တကယ့်ဓားပြအဖွဲ့နဲ့ ကြုံရပါတော့တယ်။ ထိုဘဏ်ဓားပြတိုက်စဥ်အတွင်းမှာပဲ ကြုံတွေ့ရမဲ့ ပြဿနာများစွာကိုဟာသလေးနှောကာဖြင့် အနိမ့်အမြင့်အတက်အကျများစွာနဲ့ ရသပေါင်းစုံကို ခံစားရမှာဖြစ်လို့ ကြည့်ရှုဖို့ရာ တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Khin Niက ရေးသားထားပါတယ်)  File Size - 2.93 GB/ 1.21 GB Quality - WEB-DL 1080p/ 720p Duration - 1h 55m Format - ...
movie

Bank Attack (2007)

In Love and the War (2011) 6.6
In Love and the War (2011) In Love and the War (2011)IMDb 6.6In love and War ကတော့ 2011 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စစ်ပွဲတွေကြားက ချစ်ခြင်းမေတ္တာ သံယောဇဉ်တွေကို ဖော်ညွှန်းထားတဲ့ ကိုရီယား romantic comedy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဇာတ်ညွှန်းရေးဆရာမကတော့ ဒီဇာတ်ကားလေးကကို ၁၉၅၀ခုနှစ် ကိုရီးယားစစ်ပွဲပြီးနောက်ပိုင်းကာလမှာ ဖြောင်းထက်မြို့မှာနေထိုင်ခဲ့တဲ့ အဘွားဖြစ်သူရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရေးသားထားတာဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ တကယ့်အကျော်အမော်တွေဖြစ်ကြတဲ့ Pained, Witch at court တို့မှ မင်းသမီးကြီး Jung Ryeo Won, Hur Jun, Believer တို့မှ မင်းသားကြီး Kim Joo Hyuk အပြင် တခြားသော နာမည်ကြီး အရန်မင်းသား မင်းသမီးတွေအများကြီး ပါတာကြောင့် မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ~~~~~~~~~~~၁၉၅၀ ခုနှစ်ကာလ ...
movie

In Love and the War (2011)

Woochi: The Demon Slayer (2009) 6.8
Woochi: The Demon Slayer (2009) Woochi: The Demon Slayer (2009)*******************************စိတ်ပြေလက်ပျောက် ရယ်မောချင်တဲ့ ပရိသတ်ကြီးတို့အတွက် 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်က မှော်ဆရာဂျောင်ဝူချီအကြောင်းကို ရိုက်ကူးထားတဲ့ ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ကတော့ A-List Actor တစ်ယောက်ဖြစ်တဲ့ မင်းသား Gang Dong-Won ၊ မင်းသမီး Lim Soo-Jung၊ မင်းသားကြီး Kim Yun-Seok ၊ Kim Yun-Seok တို့အပြင် ပရိသတ်ကြီးတို့ မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများပါ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း *************ကောင်းကင်ဘုံမှာ စွမ်းအားကြီးနတ်ဘုရားရဲ့ပလွေဟာ ကျိုးသွားပြီး မှင်စာတွေရဲ့လက်ထဲ ရောက်သွားပြီးနောက် လူ့လောကကြီးထဲ အရှုပ်အထွေးတွေ ဖြစ်လာပါတော့တယ်။ဒါကြောင့်ပဲ နတ်ဘုရားသုံးပါးဟာ လူ့ပြည်ဆင်းလာပြီး အရှေ့ဘက်ကျောင်းတော်ကဆရာကြီးနဲ့ ဆရာဟွာဒမ်းဆိုတဲ့ အကူအညီပေးနိုင်မဲ့နှစ်ယောက်ကို ကျိုးသွားတဲ့ ပလွေ ပြန်ရှာပြီး မှင်စာတွေကိုဖမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒီအချိန်မှာပဲ အရှေ့ဘက်ကျောင်းတော်က ဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဂျောင်ဝူချီဆိုသူဟာ စည်းမျဥ်းစည်းကမ်းမလိုက်နာဘဲ လုပ်ချင်းတိုင်းလုပ်တတ်ပေမဲ့ ခက်ခဲနေတတ်တဲ့လူတွေကို ကူညီရင်းနဲ့ အတော်ဆုံးမှော်ဆရာတစ်ယောက် ဖြစ်ဖို့ ကြိုးစားနေသူပါ။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဂျောင်ဝူချီက ဆရာဖြစ်သူကို ...
movie

Woochi: The Demon Slayer (2009)

The Witness (2018) 6.5
The Witness (2018) The Witness (2018)*******************IMDb ...... 6.5 ဒီတစ်ခါတော့ Lee Sung-min, Kim Sang-ho, Jin Kyung နဲ့ Kwak Si-yang တို့လိုသရုပ်ဆောင် ကောင်းတဲ့သူတွေ ပါဝင်ထားတဲ့ သည်းထိတ်ရင်ဖို ပြစ်မှုဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။မိသားစုကို အတော်ချစ်တဲ့ ကုမ္ပဏီဝန်ထမ်း ဟန်ဆန်းဟွန်းက တိုက်ခန်းသစ် ဝယ်နိုင်ခဲ့တာကိုအကြောင်းပြုပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရက်အတူတူ သောက်ပြီး ညသန်းခေါင်လောက်မှအိမ်ပြန်လာခဲ့တယ်။အိမ်ရောက်တော့ အမျိုးသမီးတစ်ယောက် အော်သံကြားလို့ ဝရန်တာဘက်ကို ထွက်ကြည့်လိုက်တဲ့အခါမှာ လူတစ်ယောက်က အဲဒီအမျိုးသမီးကို သတ်ဖို့လုပ်နေတာကို မျက်မြင်တွေ့လိုက်ရတယ်။အဲဒါနဲ့ ချက်ချင်း ရဲကို အကြောင်းကြားဖို့ လုပ်နေတုန်းမှာပဲ လူသတ်သမားနဲ့ မျက်လုံးချင်း ဆုံမိသွားခဲ့တယ်။ဂင်ဆန်းဟွန်းလည်း သူ့မိသားစုကို လာဒုက္ခပေးမှာစိုးလို့ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့ပေမဲ့လူသတ်သမားက အမြဲတမ်း သူတို့နားမှာ တဝဲလည်လည်နဲ့ စောင့်ကြည့်နေတဲ့အခါမှာတော့..။ဂင်ဆန်းဟွန်းတစ်ယောက် အဲဒီလို အခြေအနေတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးက စုံထောက် မှုခင်း ...
movie

The Witness (2018)

Heartbeat (2011) 6.4
Heartbeat (2011) Heartbeat (2011) *******************ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးတို့ကို ရင်နင့်အောင် ခံစားသွားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် အဓိကပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Kim Yunjin၊ Park Hae-Il၊ Park Ha-Youngတို့ဖြစ်ပြီး ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပါဝင်အားဖြည့်ထားပါတယ် ..ဇာတ်လမ်းအကျဥ်း ***************ယွန်းဟီးက ခင်ပွန်းဆုံးသွားပြီးတဲ့နောက် တစ်ဦးတည်းသော သမီးလေးယယ်အွန်းကို ပြုစုပျိုးထောင်ရင်း ရှင်သန်နေသူပါ .. နောက်တော့ သမီးလေးယယ်အွန်းမှာ နှလုံးရောဂါရှိနေပြီးတော့ နှလုံးအစားထိုးမှ ရတော့မယ်ဆိုတာ သိလိုက်ရတဲ့အချိန် ယွန်းဟီးတစ်ယောက် အင်မတန် စိတ်ထိခိုက်ခဲ့ရပါတယ် နှလုံးအစားထိုးဖို့ရာ နှလုံးအလှူရှင် လိုက်ရှာပေမဲ့လည်း ထင်သလောက် မလွယ်ကူလှပါဘူး ..အီဟီးဒိုကတော့ အလုပ်လည်း ရေရေရာရာမရှိတဲ့အပြင် အကြွေးတွေလည်း ပုံနေပြီး အမေ့ဆီကပဲ ငွေညှစ်နေတဲ့ လူတစ်ယောက်ပါ .. တစ်ရက်မှာတော့ အမေက ဆေးရုံတက်နေရပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းပါးနေပြီဆိုတာ သိလိုက်ရပါတယ် ..အသက်ရှင်ဖို့ရာ နည်းပါးနေတဲ့ အီဟီးဒိုအမေရဲ့နှလုံးနဲ့ သမီးဖြစ်သူ ခွဲစိတ်မှုလုပ်ဖို့အတွက် ငွေနဲ့နှလုံးနဲ့ လဲလှယ်ခဲ့ကြပါတယ် .. ဘယ်လောက်ပဲ မသိတတ်တဲ့သားဆိုးဖြစ်နေပါစေ အီဟီးဒိုကတော့ အမေ့နှလုံးကို ယူသွားဖို့ရာ တားဆီးပိတ်ပင်ပါတော့တယ် ..သမီးလေးကို ဆက်ပြီး အသက်ဆက်ရှင်စေချင်တဲ့ အမေတစ်ယောက်နဲ့ အမေဖြစ်သူက အသက်ရှင်ဖို့ အခြေအနေ ...
movie

Heartbeat (2011)

The Tiger (2015)
The Tiger (2015) The Tiger (2015)*****************Old Boy ရုပ်ရှင်ထဲမှ မင်းသားကြီး Choi Man Sik အပြင်နာမည်ကြီး ဇာတ်ပို့ဇာတ်ရံတွေ များစွာပါဝင်တဲ့The Tiger ဆိုတဲ့ ကားလေးကတော့ ဂျပန်လက်အောက်ရောက်နေတဲ့ဂျိုဆွန်းပြည်ကို နောက်ခံထားရိုက်ထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။၁၉၂၅ ခုနှစ် ဂျပန်တွေက ဂျိုဆွန်းကို နယ်ချဲ့ထားခဲ့စဉ်အမဲလိုက်သမားတွေကိုလည်း လွတ်လွတ်လပ်လပ်အမဲလိုက်ခွင့် မပေးဘဲ သူတို့ ညွှန်ကြားချက်ရမှသာ အမဲလိုက်စေတယ်။သားကောင်တွေ ပေါများပြီး အမဲလိုက်သမားတို့ ကျက်စားရာဖြစ်တဲ့ဂျီရီတောင်ကို ဂျပန်တွေ မျက်စိကျလာပြီး ‌ဂျီရီတောင်ကတောင်အရှင် တောဘုရင်ကျားကြီးကို ဖမ်းဆီးချင်လာကြတယ်။ဒါပေမဲ့ ဂျပန်တပ်သားတွေနဲ့ ဂျိုဆွန်းအမဲလိုက်သမားတွေ ပူးပေါင်းပြီးဖမ်းတာတောင်မှ ဘယ်လိုမှ မဖမ်းဆီးနိုင်ခဲ့တဲ့အပြင် အတုံးအရုံးသေကြေလာကြရတဲ့အခါ ဘုရင်ခံက အမဲလိုက်ဘုရင် ချွန်းမန်ဒုကိုတောင်အရှင်ကျားကြီးကို ဖမ်းဆီးပေးဖို့ တွန်းအားပေးလာပါတော့တယ်။တောင်အရှင်ကျားကြီးနဲ့ အမဲလိုက်ဘုရင်ချွန်းမန်ဒုတို့ ထိပ်တိုက်တွေ့ကြရာမှာဘယ်သူနိုင်သွားမလဲ ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးကြပါဦးနော်။ (အညွှန်း နဲ့ ရုပ်ရှင်ကားကိုတော့ Miri မှ ဘာသာပြန်ရေးသားထားပါတယ်။) File size…3.2GB / 1.6GB Quality…BluRay 1080p/ ...
movie

The Tiger (2015)

The Old Garden (2006) 6.5
The Old Garden (2006) The Old Garden (2006) - အညွှန်းဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု‌တွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ ‌တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်‌ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. ...
movie

The Old Garden (2006)

2006
Punch (2011) 7.3
Punch (2011)  တစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကား‌ လေးကတော့ 2011ခုနှစ်မှာထွက်ရှိခဲ့တဲ့Punch ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အသက်18နှစ်အရွယ်ဒိုဝမ်ဒုကခါးကုန်းနေတဲ့အဖေဂျောင်ဘို့နဲ့ စကားထစ်တဲ့ဦးလေးမင်ဂုတို့နဲ့အတူနေထိုင်တယ်အကသမားအဖြစ် နှစ်တွေအကြာကြီးအလုပ်လုပ်ခဲ့တဲ့ ကပွဲရုံပိတ်သွားပြီးတဲ့နောက်ဈေးတွေကိုလှည့်ပြီးတော့ဈေးရောင်းတဲ့အလုပ်ကိုလုပ်ခဲ့ကြတယ်ကျောင်းသားတိုင်းကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံတတ်တဲ့ ဝမ်ဒုရဲ့အတန်းပိုင်ဆရာအီဒုံဂျူက ဘေးအိမ်ခေါင်မိုးထပ်မှာနေတယ် ဝမ်ဒုရဲ့အဖေဖြစ်သူကဈေးလှည့်ရောင်းဖို့သွားရတိုင်းဝမ်ဒုကိုစောင့်ရှောက်ပေးဖို့ဆရာ့ကို အကူအညီတောင်းရာကနေဆရာနဲ့ရင်းနှီးလာခဲ့တယ် တစ်နေ့မှာ 17နှစ်ကြာအောင်အမေမရှိဘူးလို့တွေးပြီး ကြီးပြင်းလာတဲ့ဝမ်ဒုကိုဆရာက အမေရှိကြောင်းနဲ့အမေကတွေ့ချင်နေကြောင်းပြောတဲ့အခါမှာတော့ ဝမ်ဒုတစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ အဖေကမသန်မစွမ်းဖြစ်တာကြောင့်‌ရောဆင်းရဲတာကြောင့်ပါအလှောင်ခံရပြီးပေပေတေတေလမ်း‌ပေါ်ကရန်ပွဲတွေမှာပါဝင်တတ်တဲ့ အခန်းရဲ့ဘိတ်ချေး ကောင်လေးတစ်‌ယောက်သူကျွမ်းကျင်တဲ့လက်သီးကိုဘယ်လိုအသုံးချမလဲမသန်မစွမ်းအဖေနဲ့ရွေ့ပြောင်းနေထိုင်သူအ‌မေရှိတဲ့ အထီးကျန်နေတဲ့ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က ပျော်ရွှင်နိုင်လာပြီးတော့ အိမ်မက်တွေကိုအောင်မြင်နိုင်မှာလား အာရှဒေသမှာဖြစ်ပွားနေတဲ့‌ ရွေ့ပြောင်းအလုပ်သမားတွေရဲ့ဘဝတွေကဘယ်လိုမျိုးလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်ပါတယ်  File size…1.91 GB / 688 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyu
movie

Punch (2011)

Road to Boston (2023) 8.2
Road to Boston (2023) Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie

Road to Boston (2023)

2023
Moss (2010) 6,7
Moss (2010) နာမည်ကြီး Webtoon ကိုအခြေခံရိုက်ကူးထားပြီး အချိန်ကြာမြင့်ပေမယ့် ဇာတ်သိမ်းထိဆွဲခေါ်သွားမယ့် ဇာတ်လမ်းမျိုးကိုတင်ဆက်ပေးချင်ပါတယ်ဆိုးလ်မြို့ကြီးမှာနေရတာ ပျင်းရိနေတဲ့ ရူဟေးဂုဆီကို ရွာမှာဇာတ်မြှုပ်နေတဲ့ဖခင်သေဆုံးသွားကြောင်းဖုန်းဝင်လာခဲ့ပါတယ် ဒီလိုနဲ့ဖခင်ဈာပနပွဲဆီသွားခဲ့ပေမယ့် ရွာကလူတွေဟာ တစ်ခုခုကိုဖုံးကွယ်ထားကြောင်း ရှေ့နေဟောင်းရူဟေးဂုက တန်းသိခဲ့ပါတယ် မြို့ကလူစိမ်းဖြစ်လို့ရွာမှာလက်မခံချင်ကြတာမှန်းသူနားလည်ပေမယ့် ဖခင်အကြောင်းတွေကိုပါလျှို့ဝှက်ထားကြတဲ့ ဒီရွာကို သူသံသယဝင်လာတော့ ဆိုးလ်ကိုမပြန်တော့ဘဲ ရွာမှာပဲခေတ္တအခြေချလိုကြောင်းပြောပြလိုက်တဲ့အခါ ရွာကလူတွေဆက်ဆံပုံက ပိုပြီးဆိုးရွားလာခဲ့တယ်ထူးဆန်းတာက ရွာရဲ့ ရွာသူကြီးဆိုတဲ့လူကို အကုန်လုံးက နတ်ဘုရားလိုကိုးကွယ်နေကြတာပါပဲ ဒီရွာရဲ့ဖုံးကွယ်ထားတာတွေကိုတစ်စတစ်စစုံစမ်းသိရှိလာချိန်မှာတော့ ရူဟေးဂုတစ်ယောက်ဘာဆက်ဖြစ်မလဲ ရွာသူကြီးကရော ဘယ်သူလဲ.. ရူဟေးဂုဖခင်သေဆုံးမှုကရော သွေးရိုးသားရိုးဖြစ်နိုင်ပါ့မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2.5GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__02:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

Moss (2010)

Running Man (2013) 6.3
Running Man (2013) Running Man (2013) အညွှန်းထွက်ပြေးနေရသူတစ်ဦး... ကိုယ်မကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုအတွက် ထွက်ပြေးနေရသူတစ်ဦး...နိုင်ငံရေးမြှုပ်ကွက်များကြားထဲမှာ သဲလွန်စတစ်စုံတစ်ရာမရှိဘဲ ရှောင်ပြေးနေရပုံအပေါ်မူတည်ပြီး ဇာတ်အိမ်တည်ထားပါတယ်။ အထက်တန်းကျောင်းသားဘဝတည်းက ပြစ်မှုမှတ်တမ်းတသီတတန်းဖြစ်နေပေမဲ့ သားဖြစ်သူနဲ့အတူ အိမ်ကောင်းရာကောင်းနဲ့နေနိုင်ဖို့ ကြုံရာကျပန်းလုပ်ကာ နေ့စား အငှါးကားမောင်းတဲ့အလုပ်လုပ်ရရင်း တစ်နေ့မှာတော့ ထူးထူးခြားခြားပဲ ပိုက်ဆံပေါတဲ့ ခရီးသည်နဲ့ ကြုံခဲ့ပါတယ်။ကံဆိုးချင်တော့ လေဆိပ်ကိုပဲ အမြန်ပြေးချင်နေတဲ့ ခရီးသည်ကြီးဟာ လက်သည်မပေါ်ဘဲ အသတ်ခံရပါတယ်။ ဒီအချိန်မှာတော့ ထုံးစံအတိုင်း ကားသမားကိုပဲ အပြစ်ပုံချဖို့ အကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ဝရမ်းပြေးဖြစ်နေချိန် အတောအတွင်းမှာတော့ အမှုအစအဆုံးကို ရုပ်လုံးပေါ်လာအောင်စုံစမ်းရင်း တစ်ချိန်က တေလေကြမ်းပိုးဖြစ်ခဲ့ဖူးတာကြောင့် တတ်ကျွမ်းခဲ့ဖူးတဲ့ အကွက်ပေါင်းစုံ အသုံးချကာ မိမိနောက်ကို လိုက်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ လူဆိုးများ၊ ရဲများကိုပါ နှစ်ပေါက်တစ်ပေါက် ရိုက်ခဲ့ပါတယ်။အမှုမှာ ပါဝင်ပတ်သက်သူ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရပြီးနောက် အမှုကို ဆက်စပ်မိခါနီးမှာ သားဖြစ်သူကပါ တရားခံကို ကူဖမ်းပေးဖို့ဖြစ်လာပါတော့တယ်။ နိုင်ငံရေးလုံခြုံမှု ပေါက်ပြားစေမှုရဲ့ တရားခံအစစ်အမှန်က ဘယ်သူဖြစ်နေမလဲ? ...
movie

Running Man (2013)

2013
A Year-End Medley (2021) 7.0
A Year-End Medley (2021) A Year-End Medley (2021) အညွှန်း******************************IMDb...7.0နှစ်သစ်ကူး အားလပ်ရက်မှာ Emors လို့ခေါ်တဲ့ဟိုတယ်တစ်ခုမှာ ဆုံကြတဲ့ လူတွေရဲ့ဇာတ်လမ်းအဖုံဖုံနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီး ဟိုတယ်ပိုင်ရှင်ကအစဟိုတယ်ဝန်ထမ်းတွေနဲ့ ဟိုတယ်မှာလာရောက် တည်းခိုတဲ့ လူတွေအထိလူတွေအများကြီးရဲ့ကိုယ်စီ အချစ်ရေးတွေ လူမှုရေးလေးတွေကို .ဟာသလေးနှောပြီး ရိုက်ကူးထားပါတယ်...Casts တွေက ခေါင်းဆောင် မင်းသား မင်းသမီးနေရာကပဲ သရုပ်ဆောင်တဲ့ သူတွေ အများကြီးပါ၀င်ပါတယ်..ကိုယ်ကြိုက်တဲ့ Casts ပါလို့ ကြည့်မယ်ဆို ရင် တောင်ဒီကားလေးမှာ ကိုယ်ကြိုက်တဲ့သူတွေ အများကြီးကို တစ်ကားထဲ ကြည့်ရမှာပါနော်.... Casts တွေကတော့ Lee Dong Wook, Han Jimin, KangHaNeul, Im Yoona, WonJina, Seo Kangjoon, KimYoungKwang, Lee Kwang Soo, Go Sunghee, Lee Jin Wook, Jo Junyoung,Lee Kyuhyung, Lee Hyeyoung ...
movie

A Year-End Medley (2021)

Shades of the Heart (2021) 6.6
Shades of the Heart (2021) Shades Of The Heart (2021)ဟိုးအရင်တုန်းက လှည်တန်းခုံးကျော်တံတားဘေးမှာ အကိုင်းသက်သက်နဲ့ ကြေကွဲစရာကောင်းအောင်လှတဲ့ သစ်ခြောက်ပင်အိုကြီးရှိခဲ့ဖူးတယ်။ကဗျာမှာဆို သစ်ခြောက်ပင်ဟာ ညှိုးငယ်ကျန်ရစ်သူပေါ့။ သစ်ရွက်ကလေးတွေဟာ သူ့ကိုစွန့်ခွာသွားခဲ့တာ ကြာပြီ။ပျင်းပျင်းရိရိဖြစ်မိတဲ့ ညနေတွေဆို ကျွန်တော်အဲ့ဒီသစ်ခြောက်ပင်ကြီးကို တမော့တမော ထိုင်ငေးခဲ့ဖူးတာပေါ့။ဘာစကားလုံးမှ မပါဘဲကို အဲ့ဒီသစ်ခြောက်ပင်ကြီးဟာ ကျွန်တော့်ရဲ့ ညနေတွေကို မှုန်ရီဝေစေခဲ့ဖူးတယ်။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ရသဟာ ကြေကွဲစရာသက်သက်ပါပဲ။ ဒါပေမဲ့ ဘာရယ်ကြောင့်လဲမသိ။ အဲ့ဒီသစ်ခြောက်ပင်ရဲ့ ကြေကွဲရတဲ့ အရသာကို ကျွန်တော်ခုံမင်ခဲ့တယ်။ နောက်နှစ်တွေကျတော့ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှတ်ညဏ်ထဲမှာတော့ တစ်ခါတလေ သစ်ခြောက်ပင်ကြီးရဲ့ အကိုင်းတွေကို မြင်မက်မိနေတုန်း။ မြင်မက်မိလေတိုင်းလည်း ‌မှုန်ရီဝေနေတုန်း။ဒီရုပ်ရှင်ဟာလည်း စကားလုံးတွေ ရီဝေမျက်လုံးတွေနဲ့ တည်ဆောက်ထားတဲ့ သစ်ခြောက်ပင်တစ်ပင်ပါပဲ။ ရုပ်ရှင်မှာ အဓိကဇာတ်ကောင်ဟာ လူတစ်ယောက်ပြီးတစ်ယောက်နဲ့ စကားပြောနေရင်းတင် ပြီးသွားတယ်။သို့ပေမဲ့ လူတွေနဲ့ စကားပြောတာထက် ဒဏ်ရာတွေနဲ့စကားပြောတယ်လို့ ပြောရင် ပိုမှန်လောက်မယ်။ သူ့ဒဏ်ရာတွေ သူပွေ့ပိုက်ရင်း တခြားသူ ဒဏ်ရာတွေကို နားထောင်တာကို ကျွန်တော်တို့ကြည့်ရင်း ဒဏ်ရာတစ်ခုခုမှာတော့ ကျွန်တော်တို့ အမာရွတ်တွေဟာ တဆစ်ဆစ်နာလာနိုင်ကောင်းရဲ့။ပြန်တွေးကြည့်ကြရင် ငါ့ရှင်သန်မှုဟာ အိပ်မက်တစ်ခုလား တကယ့်အရှိလားလို့ ခံစားမိဖူးကြမှာပေါ့။ ကြားဖူးတယ် ..... အမာရွတ်တွေဟာ ကျွန်တော်တို့ အတိတ်တွေဟာ အစစ်အမှန်ဖြစ်ခဲ့တယ်ဆိုတာကို အမှတ်ရစေနိုင်မယ့် စွမ်းအားမျိုးရှိတယ်တဲ့။ ဒီလိုဒဏ်ရာသက်သက် ရုပ်ရှင်တွေကို ဘာလို့ တပ်မက်သလဲမေးလာရင် ကျွန်တော့်အဖြေက ဖော်ပြပါအတိုင်းပါပဲ။(အမှန်ပြောရရင်တော့ ဒီကိုရီယားရုပ်ရှင်ဟာ သမားရိုးကျ ကိုရီယားရုပ်ရှင်ပရိတ်သတ်တွေ အတွက် ...
movie

Shades of the Heart (2021)

2021
She’s on Duty (2005) 6.3
She’s on Duty (2005) အခုတလော နာမည်ကြီးနေတဲ့ Squid Game ဇာတ်ကားမှာ ပါးတွေချည်း လှိမ့်ရိုက်ခဲ့တဲ့ မှင်စာဦးလေးကြီး Gong Yoo ငယ်ငယ်တုန်းက ကားဟောင်းလေးပါရဲစုံထောက်တစ်ဦးဖြစ်တဲ့ ချွန်းဂျယ်အင်း(Kim Sun Ah)ဟာ ကျောင်းကိုမုန်းတီးပြီး စာညံ့ခဲ့သူ ဖြစ်ပေမယ့် စစ်ဆင်ရေးတစ်ခုကြောင့် အထက်တန်းကျောင်းသူယောင်ဆောင်ခဲ့ရပါတယ် ပစ်မှတ်ဖြစ်သူနဲ့ ရင်းနှီးဖို့လုပ်ရာက ပစ်မှတ်အစားအထက်တန်းကျောင်းသား ဂန်နိုယောင်း(Gong Yoo) နဲ့ သိကျွမ်းခဲ့ပါတယ် ပြောင်းသွားတဲ့အိမ်အသစ်ကလည်း ဂန်နိုယောင်း အိမ်ဘေးမှာဖြစ်နေပြန်ရော ဒါနဲ့ပဲ စုံထောက်အစ်မကြီးက ကျောင်းသားမောင်လေးကို ချစ်မိသွားတယ်ပေါ့ စစ်ဆင်ရေးထက်ကို ကျောင်းက ကလေးဆိုးတွေနဲ့ပဲရန်ဖြစ်ရင်း အတော်ဆုံးဖိုက်တာတောင်ဖြစ်လိုက်ပါသေးတယ် စစ်ဆင်ရေးကတော့ တကယ့်ကိုအကြမ်းစားပါ ကျောင်းထဲမှာ ဂျယ်အင်းလိုပဲ အသွင်ယူထားတဲ့ နောက်ထပ် ၂ယောက်ရှိနေသေးတယ် ကျောင်းသားတစ်ယောက်နဲ့ ဆရာတစ်ယောက်... သူတို့တွေထဲမှာမှ လူသတ်သမား လူဆိုးရဲ့ သူလျှိုက ရှိနေတဲ့အခါ...ဖိုက်တင်ခန်းတွေလည်းပါပြီး drama လည်းခင်းတဲ့အပြင် ဟာသပါနှောပြီး ရိုက်ထားတာဖြစ်လို့ ရသစုံစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထား Oleander ပါ )File Size__2 GB, ...
movie

She’s on Duty (2005)

Tazza: The High Rollers (2006) 7.2
Tazza: The High Rollers (2006) Tazza; The High Rollers(2006) ======================== IMdb Rating (7.2)Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံးကားနဲ့ အကောင်းဆုံးကားပါ။ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။ကံကောင်းရင်တော့ကြည့်ပြီး လုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေကငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်၀က်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ WiRa Aung မှ တင်ဆက်ထားတာပါ။)  File size…(2.6 GB) and (1.6 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung  
movie

Tazza: The High Rollers (2006)

Hope(2013) 8.3
Hope(2013) Hope(2013)အညွှန်း******************IMDb...8.3ဒီဇာတ်ကားဖြစ်ရပ်မှန်ဆိုတာကို အတေ်ာများများသိကြမှာပါ...ကြည့်ဖူး ကြားဖူးသူတိုင်းဒီဆိုးယုတ်မှုကိုကျူးလွန်ခဲ့သည့် လူယုတ်မာအမျိုးသားကို စက်ဆုတ်ရွံရှာကြသလို ဘဝဆုံးလုနီးပါးဖြစ်ခဲ့သည့် သမီးငယ်လေးအတွက်လည်းစာနာသနားစိတ်တွေဖြစ်ခဲ့ကြပေသည်....ကိုရီးယားက မိသားစုပြည်သူတွေမဆိုထားနှင့် မိမိတို့အနေနှင့်ပင် ဒီလူကြီးထောင်ကလွတ်လာတော့စိတ်ထဲအတော်ခံပျင်းမိခဲ့ကြသည်...ဒါ့ကြောင့် ဒီဖြစ်ရပ်ကို မသိသေးသူတွေအတွက်ရောပိုမိုကောင်းမွန်တဲ့ WEB-DLထွက်လာတာကြောင့်တင်ဆက်ပေးလိုက်ပါသည်..အညွှန်းကတော့ ထွေထွေထူးထူးမရေးတော့ပါ.... ၁၂ နှစ်ဆိုသည့် အချိန်သည် အကုန်မြန်လွန်းလှသည်...။*************************************** ၂၀၀၈ ခုနှစ်လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရသော ဂျို ဒို ဆွန်း (Cho Doo-Soon) ဆိုသည့် အသက် ၅၆ နှစ်အမျိုးသားကြီးသည် များမကြာမီ ၂၀၂၀ ဆိုလျှင် ထောင်က လွတ်လာတော့မည်ဖြစ်သည်။ထိုအချိန်တွင် Cho သည် အသက် ၆၈ နှစ် အဘိုးကြီးဖြစ်နေပေတော့မည်။သူသည် ယခု ထောင်ထဲတွင် ကျန်းမာရေးလည်း သိပ်မကောင်းဟု သတင်းရသည်။ထိုအသက် ၇၀ နားကပ်နေတော့မည့် အဘိုးကြီး ထောင်မှပြန်လွတ်လာတော့မည်...။ဒါကို တောင်ကိုရီးယားပြည်သူတို့က မကြည်ဖြူကြပါ..။ယခုတလော ထို အဘိုးကြီးအကြောင်းကို လူတွေကပြောနေကြသည်။"ထောင်ထဲမှာ တသက်လုံးနေရမှာ.."" ဟင်... ...
movie

Hope(2013)

HEVC 1080p 5.1
The Golden Holiday (2020) 5.2
The Golden Holiday (2020) The Golden Holiday (2020) အခုတစ်ခါ CM ပရိတ်သတ်ကြီးကို ၂၀၂၀ခုနှစ်ထွက် Action/Comedy ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ် Cast တွေကတော့The Man Standing Next,The Wailing တို့မှာပါဝင်သရုပ်ဆောင်ထားတဲ့ ဝါရင့် သရုပ်ဆောင်ကြီး Kwak Do-won,နန်းတွင်းကားတော်တော်များများမှာပါတတ်တဲ့ သရုပ်ဆောင်ကြီး Kim Sang Ho,The Sound of Your Heart ထဲကဟာသသရုပ်ဆောင် Kim Dae-Myung တို့အဓိကပါဝင်ထားပြီ း ရယ်လည်းရယ်ရ ကြည့်လို့လည်းကောင်းတဲ့ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ကတော့ ဗြောင်းဆူဆိုတဲ့ ရဲဟာအလွန်ရိုးသားသလိုစိတ်ထားလည်းကောင်းတဲ့သူဆိုပေမယ့် တစ်ခါတစ်ခါဒေါသ လည်းကြီးပါတယ် သူ့မှာအရမ်းချစ်ရတဲ့သူငယ်ချင်း ယုံးဘယ်ဆိုတာရှိပါတယ် ယုံးဘယ်ကတော့သူလူလိမ်တစ် ယောက်ပါ လိမ်ရမယ်ဆိုသူ့သူငယ်ချင်း ရဲကိုတောင်မချန်ပါဘူး သူငယ်ချင်းကို အရမ်းချစ်တဲ့ဗြောင်းဆူက ယုံးဘယ် ငွေလိုလို့ပိုက်ဆံကိုသူ့နာမည်နဲ့ အာမခံထားချေးပေးခဲ့ပေမယ့် လူလိမ် ယုံးဘယ်က ဒီငွေတွေကိုပြန်မဆပ်ပဲ ဖိလစ်ပိုင် ကိုလစ်သွားပါတယ် သူငယ်ချင်းကောင်းမှုနဲ့အိမ်ပေါင်ပြီး ပိုက်ဆံချေးပေးထားလို့ အပေါင်ဆုံးမလိုဖြစ်နေတုန်း တစ်ပူ ပေါ်နှစ်ပူဆင့်ဆိုသလို သူ့အမျိုးသမီးကလည်းသူကို ဖိလစ်ပိုင်ကိုခရီးထွက်ချင်ကြောင်း ပူဆာပါတော့တယ် ဒီလိုနဲ့ ဗြောင်းဆူတစ်ယောက် ပြဿနာတွေကိုခဏ မေ့ထားပြီး ...
movie

The Golden Holiday (2020)

2020
By Quantum Physics: A Nightlife Venture(2019) 6.5
By Quantum Physics: A Nightlife Venture(2019) By Quantum Physics: A Nightlife Venture(2019)ဒီတစ်ခါမှာတော့ ၂၀၁၉ က ထွက်ရှိထားတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်ကားလေးမှာတော့ အခုပြသနေတဲ့ It's Okay to Not Be Okay ဇာတ်ကားထဲက မင်းသမီးလေး Seo Yea-Ji လည်း ပါ၀င်သရုပ်ဆောင်ထားပါတယ်...လီချန်ဝူက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု ထူထောင်နိုင်ဖို့ အောက်ခြေကနေ အလုပ်လုပ်ခဲ့သူပါ ...သူ့မှာ ငွေစုမိတဲ့ အခါ အရင်းနှီးထည့်မယ့်လူတွေကိုခေါ်ပြီး ဘားတစ်ခု ဖွင့်ခဲ့ပါတယ်...သူ့ရဲ့ ဘားမှာ မန်နေဂျာလုပ်ပေးဖို့အတွက် ထက်မြက်ပြီး အရည်ချင်းရှိတဲ့ ဆောင်းအွန်ယောင်းကိုလည်း ကမ်းလှမ်းခဲ့ပါတယ်...ဒါပေမယ့် ဖွင့်ပွဲပြီးတဲ့ နောက်နေ့မှာပဲ ဘားမှာ အဆိုတော်တစ်ယောက်နဲ့ တရားမ၀င်ငွေတိုးချေးလုပ်ငန်းပိုင်ရှင်တစ်ယောက်ရဲ့သားတို့အတူတူဆေးသုံးနေတာကို အမှုစစ်တွေ မိသွားခဲ့ပါတယ်...အဲ့နောက်မှာ အဆိုတော်လည်း  ထူးဆန်းစွာ ပျောက်ဆုံးသွားပြီး ဘားလည်းပိတ်ခဲ့ရပါတယ်...ဒီအမှုဟာ အစိုးရလူကြီးပိုင်းတွေနဲ့ လူဆိုးဂိုဏ်းတွေပါ ပါ၀င်ပက်သက်တဲ့ အမှုကြီးဖြစ်သွားတာကြောင့်လီချန်ဝူးနဲ့ ဆောင်းအွန်ယောင်းတို့လည်း အသက်အန္တရာယ်ရှိလာပါတော့တယ် အဲ့အခါမှာ သူတု့ိတွေ ...
movie

By Quantum Physics: A Nightlife Venture(2019)

The President’s Last Bang (2005) 7.2
The President’s Last Bang (2005) ဒီကားကတော့၂၀၀၅ခုနှစ်လောက်ကရိုက်ခဲ့တဲ့ Drama ကားဖြစ်ပြီးတော့ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၀ခုနှစ်က တောင်ကိုရီးယားသမ္မတ ပတ်ချန်ဟီး ကလာဘ်စားမှုတွေရှိတဲ့အပြင် ပြည်သူတွေအပေါ်ကိုလည်းအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမှာအပါးတော်မြဲနှစ်ယောက်ရှိပါတယ်။ KCIAက အုပ်ချုပ်ရေးမှူးကင်နဲ့လုံခြုံရေးခေါင်းဆောင်ချာ ဘယ်လက်ရုံးနဲ့ညာလက်ရုံးပေါ့။ နောက်ပိုင်းတော့ သမ္မတကြီးကိုယ်တိုင်ကလည်း မကောင်းတာမှာပျော်မွေ့တတ်တဲ့သူဆိုတော့ ထင်ထားတဲ့အတိုင်း မကောင်းတဲ့ဖက်ကိုမြှောက်ပေးတတ်တဲ့ လုံခြုံရေးခေါင်းဆောင်ဖက်ကိုအလေးသာသွားပြီ းပိုအရေးပေးလာခဲ့တယ်။ ဒီကားမှာထူးခြားတာက KCIA အုပ်ချုပ်ရေးမှူးကို အကောင်းဖက်ကြီးမပြသွားဖူး။ ဒီလိုအရေးပေးတာကို အရင်ကတန်းတူအရေးပေးခံရတဲ့ KCIAအုပ်ချုပ်ရေးမှူးတစ်ယောက်မနာလိုတွေဖြစ်နေခဲ့တာလား။ ဒါမှမဟုတ် တိုင်းပြည်ကိုအာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ အာဏာရှင်ဆိုးတစ်ယောက်ကိုဆုံးမလိုက်တာလား ဆိုတာတော့ဘယ်သူမှမသိပါဖူး။ လက်ရှိ လီဗြောင်ဟွန်းကားနဲ့ကျောရိုးသာဆင်တူပြီး ဒီကားမှာဟိုကားရဲ့နောက်ဆက်တွဲဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ၊လူ့စိတ်သဘောနဲ့ သမိုင်းကြောင်းအဓိကထားရိုက်ပြထားပါတယ်။ သမိုင်းတစ်ခုကိုစိတ်ဝင်စားတဲ့သူဆိုရင်တော့ ကြည့်ရတာတန်ပြီး သင်ခန်းစာရမယ့်ကားကောင်းလေးတစ်ကားပါ။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတကြီးအလုပ်ကြံခံရပြီးနောက် ဘယ်လိုတွေဆက်ဖြစ်တယ် နောက်ကွယ်မှာဘယ်လိုအရှုပ်တွေရှိနေမလဲဆိုတာ ဇာတ်ကားကြည့်ရင်း အတူတူအဖြေရှာလိုက်ရအောင်ပါ။   File Size - 733 MB Quality - Bluray 720P Runtime -  1h 42min  Subtitle - Burmese (Hardsub) Translator - Moe Pwint Encoded - Thit San Khant
movie

The President’s Last Bang (2005)

2005