Channel Myanmar

Kim Kang-woo

The Old Woman with the Knife (2025) 6.8
The Old Woman with the Knife (2025) The Old Woman with the Knife (2025)************************************IMDb... 6.8 ဒီတစ်ခါမှာတော့ Action, Thriller ဇာတ်လမ်းအမျိုးအစား ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအတွက် ကားသစ်တစ်ကား ယူဆောင်လာခဲ့ပါပြီ။ရုပ်ရှင်ကြိုက်ပရိသတ်ကြီးတွေနဲ့ မစိမ်းတဲ့ ဝါရင့် မင်းသမီးကြီး Lee Hye Young၊မင်းသား Kim Mu Yeol၊  မင်းသား Kim Sung Chul တို့နဲ့ တက်သစ်စ မင်းသမီးလေးShin Si Ah တို့က အဓိက ပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်းလူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲပိုးမွှားသဖွယ် ပြုမူနေထိုင်နေတဲ့လူတစ်စုကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပြီးတော့ ဂျိုဂတ် (Lee Hye Young)ကတော့အဲဒီအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ လူသတ်သမားပဲ ဖြစ်ပါတယ်။အမှိုက်သရိုက်တွေကို ချက်ကျလက်ကျ ရှင်းထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျိုဂတ်ရဲ့နောက်ကိုနောက်ယောင်ခံလိုက်နေတဲ့ ထူအူ (Kim Sung Chul) ဆိုတဲ့ လူသတ်သမား တစ်ယောက်ကလည်း ...
movie

The Old Woman with the Knife (2025)

Springtime (2004) 7.1
Springtime (2004) Springtime (2004)******************IMDb rating 7.1 ရရှထားတဲ့ ဒီကားလေးမှာတော့ ရုန်းကန်နေရတဲ့ ဂီတပညာရှင် တစ်ယောက်အဖြစ် မင်းသားကြီး Choi Min Sik က ပါဝင်ထားပြီး ဆိုးလ်မြို့ကနေ ထွက်ခွာကာဆင်ခြေဖုံးမြို့လေးတစ်မြို့မှာ လေမှုတ်တူရိယာဂီတအဖွဲ့ဆရာ အနေနဲ့ သွားလုပ်တဲ့အကြောင်းလေးကို စိတ်အပန်းဖြေ ပေါ့ပေါ့ပါးပါး ကြည့်လို့ရအောင် ရိုက်ကူးထားတာပဲဖြစ်ပါတယ် ..ဇာတ်လမ်းအကျဉ်း **************ထရမ်းပတ်တီးတဲ့သူ ဟျွန်းအူကတော့ ဂီတကို တန်ဖိုးထားပြီး ပိုက်ဆံကြောင့်ဂီတကို လုပ်တာမျိုး မဖြစ်စေရဘူးဆိုတဲ့ သဘောတရားကို လက်ခံထားတဲ့သူ ဖြစ်ပါတယ် ..သို့ပေမဲ့ အလုပ်အကိုင်အတည်တကျ မရှိတဲ့အခြေအနေမှာတော့ သူ့အတွက် နေထိုင်စားသောက်ဖို့တင်မက လူမှုရေးအပိုင်းတွေမှာ လိုအပ်ချက်တွေရှိလာပြီး ရှင်သန်ရတဲ့ဘဝကြီးက ပင်ပန်းလာနေခဲ့တယ် ..ဘဝကြီးက ပြန်လည်စတင်ဖို့အတွက် ဟျွန်းအူဟာ ကျေးလက်မြို့လေးဖြစ်တဲ့ ဒိုဂယ်က အလယ်တန်းကျောင်းတစ်ခုရဲ့ လေမှုတ်တူရိယာအဖွဲ့ဆရာအဖြစ် အလုပ်လျှောက်ဖို့ ဖြစ်လာခဲ့ပါတယ် ..ဒိုဂယ်အလယ်တန်းကျောင်းက လေမှုတ်တူရိယာအဖွဲ့က ကလေးလေးတွေကတော့ ပြိုင်ပွဲမှာ ဆုရချင်လို့ ကြိုးစားနေကြပေမဲ့ ကျေးလက်မြို့လေးက အဖွဲ့ဖြစ်တဲ့အလျောက် ကလေးတွေမှာလည်း လိုအပ်ချက်တွေများစွာရှိနေတာကို တွေ့ခဲ့ရတယ် ..တခြားနေရာမှာဒေါသကြီးပေမဲ့ ကလေးတွေအပေါ်မှာတော့ အလိုလိုက်ပြီး ချစ်ခင် ပေးတတ်တဲ့ ဟျွန်းအူက .. ဆိုးလ်မြို့ကနေလာခဲ့တဲ့ဆရာကို သဘောကျအထင်ကြီးနေကြတဲ့ ကလေးတွေနဲ့တွေ့ပြီး ...
movie

Springtime (2004)

Le Grand Chef (2007) 6.5
Le Grand Chef (2007) Le Grand Chef (2007)IMDb 6.5ဇာတ်လမ်းအညွှန်း ~~~~~~~~~~~~~Le Grand Chef (2007)ဒီကားလေးထဲမှာတော့ Wonderful World ထဲမှ မင်းသား Kim Kang-Woo ၊ အားလုံး ရင်းနှီးနေပြီးသား ဇာတ်ပို့သရုပ်ဆောင်ကြီး Lim Won-Hee နဲ့ Voice ထဲမှ မင်းသမီး Lee Ha-Na တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်- ဇာတ်လမ်းအကျဉ်း -‌ဂျိုဆွန်းခေတ်က ဂျပန်တွေရဲ့ ကိုလိုပြုမှုကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခခံစားနေရချိန်မှာ ဘုရင်ဆွန်းဂျုံးလည်း အစားစားခြင်းကို ရပ်တန့်လိုက်ပါတယ် ဒါကြောင့် စားတော်ဆက်သဖို့သူ မရှိတော့တဲ့ တော်ဝင်စားဖိုမှူးလည်း သူ့လက်သူခုတ်ပစ်ပြီး တိုင်းပြည်နဲ့ ဘုရင်အပေါ် သစ္စာရှိမှုကို ပြသခဲ့တာပေါ့ ဂျပန် ‌‌ဗျူရိုကရက်အရာရှိလည်း တော်ဝင်စားဖိုမှူးရဲ့ ခံယူချက်ကြောင့် စိတ်လှုပ်ရှားခံစားသွားရပြီး ဓားနဲ့အတူ ဂျပန်ကို ပြန်သွားခဲ့ပါတယ်နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ အဖေ့ရဲ့အပြစ်တွေကို ပြန်လည်ဆေးကြောဖို့အတွက်ဗျူရိုကရက်အရာရှိရဲ့ သားဖြစ်သူက တော်ဝင်စားဖိုမှူးရဲ့ဓားကို ကိုးရီးယားလက်ထဲ ပြန်လည်ပေးအပ်ခဲ့ပြီးအဆိုပါဓားနဲ့ တော်ဝင်စားဖိုမှူးနေရာကို ဆက်ခံမဲ့သူကို ...
movie

Le Grand Chef (2007)

Ha Ha Ha (2010) 6.7
Ha Ha Ha (2010) Ha Ha Ha (2010)*****************နာမည်ကြီး သရုပ်ဆောင်များစွာပါဝင်တဲ့ ဒီကားလေးကတော့ ဒါရိုက်တာ ဟုန်းဆန်ဆူး ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဟာသ ဒရာမာအမျိုးအစားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ဂျိုမွန်းဂယောင်းက ကိုရီးယားကနေထွက်ခွာပြီး ကနေဒါမှာ သွားနေဖို့ အကြောင်းဖန်လာတယ်။သူမသွားခင်မှာ သူ့သူငယ်ချင်းဖြစ်တဲ့ ရုပ်ရှင်ဝေဖန်ရေးသမား ဘန်ဂျောင်ရှစ်နဲ့ အရက်အတူသောက်ရင်း သူတို့ ထုံးယောင်းကို သွားခဲ့ဖူးတဲ့အကြောင်းတွေကို ပြန်ပြီး စားမြုံ့ပြန်ပြောကြတယ်။ ဒါပေမဲ့ တစ်ယောက်အကြောင်း တစ်ယောက်ပြောကြတဲ့အခါ ပျော်စရာကောင်းခဲ့တဲ့အမှတ်တရတွေပဲ ပြောရမယ်လို့ သတ်မှတ်ထားခဲ့ကြတယ်။ဒီလိုနဲ့ ပျော်ပျော်ရွှင်ရွှင် အတိတ်ကအကြောင်းတွေ အချင်းချင်းဖလှယ်ကြရင်းနဲ့ တိုက်ဆိုင်စွာပဲ သူတို့နှစ်ဦး သွားခဲ့တဲ့နေရာတွေလည်း တူနေသလို သူတို့နဲ့ ဆုံခဲ့တဲ့သူတွေဟာလည်း တူနေကြတာပါပဲ။သူတို့သူငယ်ချင်းနှစ်ယောက် ဘယ်လိုလူတွေနဲ့ ဆုံခဲ့ကြလဲ ...ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ကိစ္စမျိုးတွေ ကြုံခဲ့ကြလဲ .. ဆိုတာကို ဒါရိုက်တာဟုန်းဆန်ဆူးက မြင်နေကျမဟုတ်ဘဲ ကွဲထွက်နေတဲ့ ဖန်တီးမှုပုံစံတစ်မျိုးနဲ့ ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်သူတွေ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲနော်။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.76GB / 816MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 56m Genre ….. ...
movie

Ha Ha Ha (2010)

The Vanished ( 2018 ) 6.6
The Vanished ( 2018 ) အခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ စပိန်ဇာတ်ကား The Body ကို ပြန်လည်ရိုက်ကူးထားတဲ့ psychological thriller အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ်။ထက်မြက်လှပပြီး ကြွယ်ဝချမ်းသာမှုတွေကိုပိုင်ဆိုင်ထားတဲ့ ဘာရွန်ဆေးဝါးကုမ္ပဏီရဲ့ ဥက္ကဌ ယွန်းဆိုဟီး(Kim Hee-ae)ဟာ ရုတ်တရက် သေဆုံးသွားခဲ့ပြီးသူမရဲ့အလောင်းဟာ ထူးဆန်းစွာပျောက်ဆုံးခဲ့ပါတယ်။ပတ်ဂျင်ဟန်( Kim Kang-woo )ဟာ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပြီး ဇနီးသည်ယွန်းဆိုဟီးရဲ့ဆေးဝါးကုမ္ပဏီမှာလည်း မန်နေဂျင်းအဖြစ် လုပ်ကိုင်နေသူပါ။ ဇနီးသည် ယွန်းဆိုဟီးရဲ့အလောင်း ပျောက်ဆုံးခဲ့ပြီးနောက်မှာတော့ လူတိုင်းအားကျနေရတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သူတို့စုံတွဲရဲ့နောက်ကွယ်က အိမ်ထောင်ရေးအရှုပ်အရှင်းတွေနဲ့အတူ ယွန်းဆိုဟီးရဲ့ သေဆုံးမှုနောက်ကွယ်က ခင်ပွန်းသည်ရဲ့လုပ်ကြံဆောင်ရွက်မှုတွေကို ပရိသတ်ကြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ဒါ့အပြင် အောင်မြင်ချမ်းသာပြီး လူတိုင်းအားကျရတဲ့ သူဌေးစုံတွဲရဲ့လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေကိုဖော်ထုတ်ရင်း စုံထောက် ဝူဂျောင်ရှစ်( Kim Sang- Kyung)တစ်ယောက် သူ့ချစ်သူရဲ့ပျောက်ဆုံးမှုအကြောင်းအရင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ထုတ်သွားမလဲဆိုတာကိုပါ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာမို့ ဇာတ်လမ်းအဆုံးအထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ထိတ်လန့်ဖွယ်ရာ သည်းထိတ်ရင်ဖိုကားလေးတစ်ကားကို လက်မလွှတ်တမ်းကြည့်ရှုဖို့ ညွှန်းဆိုလိုက်ပါတယ်နော်ဇာတ်ကားထဲမှာပါဝင်တဲ့သူတွေကတော့ ယွန်းဆိုဟီးအဖြစ် အခုလက်ရှိ The world of married couple ဇာတ်လမ်းနဲ့ နာမည်ကြီးနေတဲ့ မင်းသမီး Kim Hee-ae ပါမောက္ခ ပတ်ဂျင်ဟန်အဖြစ် Kim Kang-woo စုံထောက် ဝူဂျောင်ရှစ်အဖြစ် Kim Sang- Kyung တို့က အဓိကပါဝင်ထားကြပါတယ်။ ပရိသတ်အားပေးမှုရရှိထားတဲ့ ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ လျှို့ဝှက်သည်းဖိုဇာတ်လမ်းကောင်းလေးဖို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ မမေ့နဲ့နော်။ Filesize ...
movie

The Vanished ( 2018 )

High Society (2018) 5.6
High Society (2018) High Society (2018)(ကိုရီးယား Drama က မင်းသားမင်းသမီးကြီးတွေပါဝင်ပေမယ့် +18 အခန်းများလဲပါဝင်တာမို့ မိသားစုနဲ့ကြည့်ရှုရန် မသင့်တော်ပါ)လိုချင်တပ်မက်မှုဆိုတဲ့ စိတ်ခံစားချက်ကို အလိုလိုက်ခဲ့မိလို ဘဝဒုက္ခပင်လယ်ဝေခဲ့ရတဲ့သာဓကတွေကို ပရိသတ်ကြီးတို ကြားဖူးမြင်ဖူးနေကျဖြစ်မှာပါ ဒီ High Society ဆိုတဲ့ဇာတ်ကားကလည်း ဂုဏ်သရေရှိ လူထုအသိုင်းအဝိုင်းထဲဝင်ဆံ့ချင်ပြီး ရာထူးအာဏာကို မက်မောမိလို့ စိတ်အလိုလိုက်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ရဲ့ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဂျန်ထယ်ဂျွန်းဟာ စီးပွားရေးမေဂျာသင်ကြားပြသတဲ့ တက္ကသိုလ်ကျောင်းဆရာတစ်ဦးဖြစ်ပြီး သူ့အတန်းချိန်ဆို နေရာလွတ်ဆိုတာ မမြင်ရလောက်တဲ့အထိ မေဂျာပေါင်းစုံက ကျောင်းသားပေါင်းစုံလာတတ်ကြတဲ့ နာမည်ကြီးပါမောက္ခတစ်ဦးပါ နိုင်ငံရေးဆိုင်ရာအကြောင်းအရာတွေကို ဝါသနာထုံပြီး နိုင်ငံရေးလောကထဲ ခြေဆန့်ဖို ကြိုးစားနေတဲ့သူပါအိုဆူယွန်းကတော့ မီရယ်ယဉ်ကျေးမှုစင်တာမှာ လက်ထောက်ဒါရိုက်တာတာဝန်ကို ထမ်းဆောင်နိုင်ပြီး ဒါရိုက်တာရာထူးကို တပ်မက်နေတဲ့သူပါ ကိုယ်စီလိုအင်ဆန္ဒတွေနဲ့ လင်မယားနှစ်ယောက်ဟာ ဖြစ်ချင်တဲ့ဆန္ဒလမ်းကို လမ်းလျှောက်ဖို အလင်းတန်းပေါ်လာချိန်မှာ လောဘရှေ့တန်းတင်ကာ ရတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရင်း လောဘနွံထဲတိုးဝင်ကြပါတော့တယ်တစ်ဖက်မှာလည်း သူတိုအလုပ်ဝင်လုပ်နေတဲ့ အဖွဲအစည်းကြီးတွေဟာ အကျင့်ပြခြစားမှုများစွာရှိပြီး ငွေမည်းခဝါချမှုတွေအပြင် ပြည်သူ့အသက်ကို ခုတုံးလုပ်ဖိုဝန်မလေးကြပါဘူး....... မကောင်းမှုတွေကြီးစိုးနေတဲ့အမှောင်ထုထဲမှာ လင်မယားနှစ်ယောက် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာကို ကြည့်ရှုရမယ့်အပြင် မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့လူ့သဘာဝ လောဘရဲ့နိဂုံး မိမိကိုယ်ကို ပြန်ကယ်တင်လိုရတဲ့နည်းလမ်းတွေကိုပါ ပရိသတ်ကြီးတို Message ...
movie

High Society (2018)

2018
The Coast Guard (2002)
The Coast Guard (2002) The Coast Guard (2002)ဒီတစ်ခါပရိသတ်ကြီးကို တင်ဆက်ပေးမှာကတော့ ၂၀၀၂ ခုနှစ်က ထွက်ထားတဲ့ ကိုရီးယားစစ်အက်ရှင်ကားလေးပဲ‌ဖြစ်ပါတယ်။ IMDb 6.5/10 ရထားပြီး ဆု ၃ ဆုရရှိထားသလို စံကာတင်စာရင်း တစ်ကြိမ်ဝင်ထားတဲ့ ကားလေးမို့ မခေဘူးလို့ပြောလို့ရတဲ့ကားလေးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နာမည်ကြီးဒါရိုက်တာရင် မင်းသားပါ ပါဝင်ထားတာမို့ သရုပ်ဆောင်ပိုင်းကလည်း ပြောစရာမလိုပါဘူး။ အမြင်မသင့်တော်တဲ့ဇာတ်ကွက်နဲ့ အသုံးအနှုန်း‌တွေပါတာမို့ အသက်မပြည့်သေးတဲ့သူနဲ့ နှလုံးရောဂါရှိသူတွေ မကြည့်ဖို့တော့ ကြိုအကြံပေးပါရစေ။ ဒါဆို Plot ပိုင်းကိုသွားပါမယ်။ Plot ကတော့ တောင်ကိုရီးယားရဲ့ ကမ်းရိုးတန်းက ကမ်းခြေစောင့်တပ်ဖွဲ့မှာသူလျှိုဖမ်းဖို့ အရူးအမူးဖြစ်နေတဲ့ တပ်သားတစ်ယောက်ရှိပါတယ်။နေ့နေ့ညည သူလျှိုချင်းထပ် ထိုင်အော်နေရာက တစ်ညမှာတော့တားမြစ်နယ်မြေထဲကိုမှ အမူးလွန်ပြီး အာဝါဟာကျတဲ့အတွဲရောက်လာပါရော။ဖြစ်ချင်တော့ ဒီကမဲမဲမြင်ရာပစ်ချင်နေတဲ့ကောင်နဲ့လည်းတိုးရောယောက်ျားလေးဖြစ်သူမှာ အာဝါဟပြီးစတင် သေနတ်စာမိပါလေရော။ဒါကို စိမ်းစိမ်းကြီးမြင်ထားရတဲ့ သူ့ကောင်မလေးမှာလည်း ဟက်ကော့ကြီးရူး။ပစ်လိုက်တဲ့ကိုယ်တွေကောင်ကြီးဆိုတာလည်းသေနတ်အရသာမိပြီး ထရာမာရ။ ဒါ့အပြင်မိန်းမကလည်းပစ် ဂေါက်သွားတော့ တပ်ကလည်းထုတ်နဲ့ပဋာကိုမြေလူးပါလေရော။ ဒါပေမယ့် ဇာတ်လမ်းကခုမှစမှာ ရူးသာရူးတယ်တပ်ရင်းတစ်ခုလုံးကို နာမည်လေးတစ်လုံးနဲ့သုံးပြီးပတ်အာဝါဟဝိဝါဟပြီး အစ်ကိုနဲ့ရန်တိုက်ပေးတဲ့အရူးမနဲ့ တပ်ကိုပြန်ဝင်ဖို့လုပ်ရင်း လက်မခံလို့ သေနတ်ခိုးပြီးကိုယ့်တပ်စုကလူ ကိုယိပြန်သတ်တဲ့အရူး၊ အရူးနှစ်ကောင်ရွှေဉာဏ်တော်စူးရောက်ချက်တွေကိုသေနတ်သံမဆဲကြည့်ရမှာပဲဖြစ်ပါတယ်။ File size…    3.2 GB /  1.2 GB Quality… ...
movie

The Coast Guard (2002)

The Taste of Money (2012) 5.7
The Taste of Money (2012) (18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့်အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစားကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲကတစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်းဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စအရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့The Housemaid ရဲ့ အဆက်အနေနဲ့ ...
movie

The Taste of Money (2012)

A Birth aka Birth (2022) 8.5
A Birth aka Birth (2022) A Birth aka Birth (2022)*************************** ဒီကားက ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန်ရဲ့ အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်...၁၈ ရာစုနှောင်းပိုင်း ကွန်ဖြူးရှပ်ဝါဒ လွှမ်းမိုးတဲ့ အရှေ့ဘက်စွန်းရဲ့ တိုင်းပြည်လေး ဂျိုဆွန်းမှာ စာသင်သားအချို့ဟာ ပေကျင်းကနေ ဝင်လာတဲ့ စာအုပ်တွေကနေတစ်ဆင့် ကက်သလစ်ဘာသာကို ပညာရပ်အနေနဲ့ လေ့လာရာကနေ ဘာသာတရားအဖြစ် လက်ခံလာကြတယ်.တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာရှင်တွေဟာ ကက်သလစ်ဘာသာကို မကိုးကွယ်သင့်တဲ့အရာလို့သတ်မှတ်ထားကြသလို ကိုးကွယ်တဲ့သူတွေကိုလည်း သေဒဏ်ပေးသည့်အထိ ရက်စက်စွာ ပြစ်ဒဏ်ချမှတ်လေ့ရှိကြပါတယ်...ဒီကြားထဲ အိမ်နီချင်းနိုင်ငံတွေကလည်း စစ်ပွဲမျိုးစုံတိုက်နေကြတဲ့ကာလဆိုတော့ တိုင်းပြည်ဟာ ဆူပူမှုပေါင်းများစွာနဲ့ မအေးချမ်းလွန်းတဲ့ကာလဖြစ်ပါတယ်...ဒီလိုအချိန်မှာ ဂျိုဆွန်းရဲ့ ပထမဆုံး ကက်သလစ်ဘုန်းတော်ကြီး ဂင်ဒယ်ဂွန် ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့... ဒီကားက ဗဟုသုတလည်းရသလို စိတ်လှုပ်ရှားဖို့လည်းကောင်းပါတယ်...နာမည်ကြီးသရုပ်ဆောင်များစွာလည်းပါသလို ဘက်ဂျက်လည်း တော်တော်သုံးထားတာကိုတွေ့ရတာမို့ ကြည့်သင့်ပါကြောင်း...Size - 2.10GB, 898MB Quality - 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 31Min Genre - Drama, History  Subtitle - Myanmar Subtitle (Hardsub) Translated by Hnin ...
movie

A Birth aka Birth (2022)

In My End Is My Beginning (2009) 5.4
In My End Is My Beginning (2009) In My End is My Beginning 18+ အညွှန်းအခုတင်ဆက်ပေးလိုက်တဲ့ကိုရီးယားကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Min Kyu Dong ရဲ့ လက်ရာဖြစ်တဲ့ Short film လေးကို လူကြိုက်များတဲ့အတွက် Full length version အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ဘူဆန်ရုပ်ရှင်ပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ရုံတင်ခဲ့ပြီး Box office မှာ ဒေါ်လာ ၂ မီလီယံကျော်ထိပြန်လည်ရရှိခဲ့တဲ့ကားဖြစ်ပါတယ်။ မင်းသားကြီး Hwang Jung Min ၊ မင်းသမီး Uhm Jung Hwa နဲ့ Castway Div‌a ထဲက အချောလေးဖြစ်တဲ့ ရန်ဂျူး (Kim Hyo Jin) အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်ထားပြီး သရုပ်ဆောင်ပြောင်မြောက်လွန်းတဲ့အတွက် ဝေဖန်ရေးဆရာတွေကတောင် ချီးကျူးတဲ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Hwang Jung Min က ဝတ္ထုဆရာအနေနဲ့ ...
movie

In My End Is My Beginning (2009)

2009
Hello, Schoolgirl (2008) 6.9
Hello, Schoolgirl (2008)  Kim Yeon-Woo(Yoo Ji Tae) ကတော့ ရပ်ကွက်ရုံးကအစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ Han Soo Young(Lee Yeon Hee) ရဲ့တိုက်ခန်းကိုပြောင်းလာခဲ့ပါတယ်။Soo Young ကတော့ အထက်တန်းကျောင်းသူဖြစ်ပြီး အမေနဲ့အတူနေပါတယ်။တစ်ဖက်မှာလည်း Kang Sook (Kang In)ဟာ အထက်တန်းကျောင်းအပြီးမှာအလုပ်ဝင်ခဲ့တဲ့ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်ပြီး Kwon Ha Kyung(Chae Jung An) ကိုမြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ သူတို့ ၄ ယောက် ဘယ်လိုတွေတွေ့ပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။Moving ကိုရေးသားခဲ့တဲ့ Kang Full ရဲ့ Sunjeong Manhwa ဆိုတဲ့ comic ကိုအခြေခံထားပြီးGirl's Generation အဖွဲ့ဝင် Sooyoung ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…1.50 GB Quality…Web-rip 720p Format…mp4 Duration….1h 53m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai
movie

Hello, Schoolgirl (2008)

Cart(2014) 7.0
Cart(2014) Cart(2014)*********၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Cart ရုပ်ရှင်ဇာတ်ကားသည်နာမည်ကြီးမင်းသမီးများဖြစ်သည့် ယွန်းဂျောင်အာ (Yum Jung-ah),မွန်းဂျောင်ဟီး (Moon Jeong-Hee)နှင့်ဝါရင့်မင်းသမီးကြီးဖြစ်သည့် ဂင်ယောင်းအယ် (Kim Young-ae), နာမည်ကြီးမင်းသားဖြစ်သည့် ဂင်ဂန်ဝူ (Kim Kang-Woo)နှင့် နာမည်ကြီးကေပေါ့(EXO)အဖွဲ့ဝင်ဖြစ်သည့် ဒိုဂယောင်းဆူ (Doh Kyung-Soo) တို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ထိုဇာတ်ကားသည်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားပါသည်။ထိုဖြစ်ရပ်မှန်သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်ဖြစ်ပွားခဲ့ပြီး E-Land မားကတ်မှ ငွေကိုင်များသည်အလုပ်ဖြုတ်ခံရပြီး တရားမျှတမှု အမှန်တရားအတွက် ရက်ပေါင်း (၅၁၀)ကြာအောင် သပိတ်မှောက်ခဲ့ပါသည်။ ဟန်ဆွန်ဟီးတွင် သားနှင့်သမီး ကလေးနှစ်ယောက်ရှိပြီး သူမရဲ့မိသားစု စားဝတ်နေရေးအတွက်မားကတ်တစ်ခုတွင် စာချုပ်ယာယီဝန်ထမ်းအဖြစ် အလုပ်ကို အချိန်ပိုဆင်းပြီး နေ့မအားညမအားကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါသည်။ တစ်နေ့တွင်ကုမ္ပဏီမှ သူမနှင့် စာချုပ်ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအား ရုတ်တရက် အလုပ်ဖြုတ်ခဲ့ပါသည်။ ထို့ကြောင့် အလုပ်သမားအသင်းအဖွဲ့အစည်းကို ဖွဲ့စည်းပြီး တရားမျှတမှု အမှန်တရားအတွက်ကုမ္ပဏီကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါသည်။အဲ့ဒီနောက်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.............File Size :1.4GB& 669MB Quality : ...
movie

Cart(2014)

The Childe(2023) 7.4
The Childe(2023) The Childe(2023)***************ဒီကားက မထွက်ခင်ကတည်းက လူစိတ်ဝင်စားတဲ့ အကြောင်းတွေအများကြီးရှိတယ်...တစ်ချက်က အဓိက မင်းသားဖြစ်သူဟာ ဒီလို  လက်မရွှံကြေးစားလူသတ်သမားဟန်ပန်မျိုးတစ်ခါမှမရိုက်ဖူးတဲ့ မင်းသား Kim Seon-Ho ဖြစ်နေလို့ပါပဲ.... ဒါ့အပြင် A List သရုပ်ဆောင်တွေများစွာပါဝင်ထားတယ်..ထရောလာလေးပဲကွက်ကြမ်းနေတဲ့ ကားမျိုးမဟုတ်ဘူး..တစ်ကားလုံးကြမ်းသလို သတ်ဖြတ်ခန်းတွေဆိုလည်း အတော်ကြီးကိုမိုက်တယ်...ဖိလစ်ပိုင်ရဲ့မြေအောက်ကြေးစားလက်ဝှေ့လောကမှာကျဉ်လည်နေတဲ့ဖိုက်တာတစ်ယောက်ရှိတယ်....သူက အဖေက ကိုရီးယားလူမျိုးဖြစ်ပြီး အမေက ဖိလစ်ပိုင်လူမျိုးဖြစ်တယ်...လက်ရှိမိခင်နဲ့အတူနေပြီး မိခင်ကျန်းမာရေးမကောင်းတော့ ကြုံရာလူကြိုးဝိုင်းမှာထိုးပြီးပိုက်ဆံရှာနေတယ်..သူ့ရဲ့ရည်မှန်းချက်က ကိုရီးယားမှာရှိတဲ့ဖခင်ကိုရှာဖွေပြီး မိသားစုလေးပျော်ပျော်ရွှင်ရွှင်နေဖို့ဖြစ်တယ်..တစ်နေတော့ကံကောင်းထောက်မစွာ အဖေဘက်က လူတွေကသူ့ကိုရှာတွေ့သွားပြီး ကိုရီးယားကိုလိုက်ခဲ့ဖို့ခေါ်ခဲ့တယ်...ကိုရီးယားကိုအဖေနဲ့တွေ့ဖို့သွားတဲ့အခါမှာ မမျှော်လင့်ဘဲ စစ်တပ်တစ်တပ်စာလောက်ရှိတဲ့ကြေးစားလူသတ်သမားတွေသူ့နောက်ကိုလိုက်လာခဲ့တဲ့အခါမှာတော့...File Size : (1.8GB),&(709MB) Quality : WEB-DL 1080p,720p Format…mp4 Duration…01:58:00 Genre : Action,  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Miri Stary , Treasure Tiff  & Hnin Wai Oo Encoded by Phyo Pyae
movie

The Childe(2023)

Marriage Blue (2013)
Marriage Blue (2013) Marriage Blue (2013)၂၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. ...
movie

Marriage Blue (2013)

Tabloid Truth (2014) 6.3
Tabloid Truth (2014)  Tabloid Truth 2014ကောလဟာလသတင်း ဆိုတာ နာမည်ကြီးသူတွေရဲ့နယ်ပယ်မှာ သေစေနိုင်လောက်တဲ့ လက်နက်တစ်ခုဆိုတာ အသေအချာပါအခုလို အိုင်တီအင်တာနက် တွင်ကျယ်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာတော့ ဘာပြောကောင်းမလဲ လက်ချောင်းလေးတွေ ဖွဖွ လှုပ်ရှားလိုက်ရုံနဲ့တင် လူတစ်ယောက်ရဲ့ဘဝကို ဖြိုလဲနိုင်သလို ကောင်းစားစေနိုင်တာပေါ့ဒီဇာတ်ကားလေးထဲမှာတော့ ''Tipsheet''လို့ ခေါ်တဲ့ လျှို့ဝှက်အီးမေးလ်သတင်းတိုတွေအကြောင်းနဲ့ နိုင်ငံရေးလောကကြား အရှုပ်တော်ပုံ...လက်နက်တစ်ခုလို အချိန်မရွေး အသက်သေ ...အသက်မသေတောင် ဘဝသေစေနိုင်တဲ့ ကောလဟာလသတင်းတွေရဲ့ ကြောက်စရာကောင်းပုံကို ရိုက်ကူးပြသထားပါတယ်အောင်မြင်မှုအတွက် အောက်ခြေကစပြီး အလုပ်ကြိုးစားရုန်းကန်ခဲ့တဲ့ တက်သစ်စသရုပ်ဆောင် ချွဲမီဂျင်နဲ့ မန်နေဂျာ အီအူဂွန်း...တစ်နေ့ တရိပ်ရိပ် အောင်မြင်နေပြီဖြစ်တဲ့မီဂျင်တစ်ယောက် လွှတ်တော်အမတ်နမ်ဂျောင်အင်နဲ့ ဇာတ်လမ်းဖြစ်ခဲ့ကြတယ်ဆိုတဲ့ မကောင်းသတင်းထွက်လာပြီး...အဲ့သတင်းကြောင့် မီဂျင်သေကြောင်းကြံစည်ခဲ့တော့ မီဂျင်ရဲ့ မတရားမှုကို ကလဲ့စားချေဖို့ မန်နေဂျာဖြစ်တဲ့ အူဂွန်က သတင်းဖြစ်ပေါ်လာရတဲ့ နောက်ကွယ်က လူတွေကို ဖော်ထုတ်စုံစမ်းတဲ့အခါ...ကဲ ဒီဇာတ်ကားထဲမှာ မျက်တောင်မခတ်စတမ်း ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ...
movie

Tabloid Truth (2014)

Silmido (2003) 7.1
Silmido (2003) Silmido (2003)ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ...
movie

Silmido (2003)

2003
Guimoon: The Lightless Door ( 2021 ) 5.8
Guimoon: The Lightless Door ( 2021 ) ၁၉၉၀ခုနှစ် လူသတ်မှုဖြစ်ပြီး နောက်ပိုင်း ထူးဆန်းစွာ လူတွေဆက်တိုက်သေနေလို့ပိတ်လိုက်ရတဲ့ ဂွီဆာရီ စင်တာအဆောက်အဦးကြီး ၁၉၉၆ခုနှစ်မှာထိုအဆောက်အဦးကို ဗီဒီယိုပြိုင်ပွဲဝင်ပြိုင်ဖို့ လာစူးစမ်းကြတဲ့ ဟေယောင်းတို့သူငယ်ချင်းသုံးယောက် ထို အဆောက်အဦးကြီးက မကျွတ်မလွတ်သေးတဲ့ဝိညာဉ်တွေကိုနှိမ်နှင်းဖို့လုပ်ရာမှ သေဆုံးသွားတဲ့ အမေဖြစ်သူရဲ့ ကျန်ရစ်ခဲ့တဲ့ တာဝန်တွေကိုဒိုဂျင်းတစ်ယောက် ပရလောကနဲ့ လူ့လောကဆုံရာမှာ တည်ရှိနေတဲ့ဂွီဆာရီစင်တာထဲ မိခင်ရဲ့ဒေါသတွေပြေလျော့စေဖို့ ကျန်ရစ်တဲ့ တာဝန်တွေဆက်လုပ်ဖို့ပရလောကဝင်ပေါက်မှတဆင့် ပရလောကထဲ ဝင်ရောက်သွားတဲ့အခါမှာ​ရော ဘာတွေဖြစ်မလဲ မိခင်ရဲ့ တာဝန်တွေကို ပြီးပြတ်အောင်လုပ်နိုင်ခဲ့မလားဝင်သွားတဲ့လူတိုင်း ပြန်ထွက်မလာကြတော့လို့ ပရလောသို့ဝင်ပေါက်ဟုနာမည်ကြီးနေတဲ့ ဂွီဆာရီစင်တာထဲ ဝင်ရောက်သွားတဲ့ ဒိုဂျင်းတစ်ယောက်ပြန်လည်လွတ်မြောက်နိုင်ပါ့မလား ၁၉၉၆ခုနှစ်ကတည်းကနေ အခုထိဂွီဆာရီစင်တာထဲမှာ ပိတ်မိကာ တဝဲလည်လည်ဖြစ်နေတဲ့ ဟေယောင်းတို့သူငယ်ချင်းသုံးယောက်ကရော ပြန်လည်လွတ်မြောက်နိုင်ပါ့မလား Quality : WEB-DL 1080pFormat : mp4During : 1h 25minGenres : MysterySubtitle : Myanmar Subtitle ( Hardsub )Translated By OakkarEncoded By ...
movie

Guimoon: The Lightless Door ( 2021 )

Tazza: The High Rollers (2006) 7.2
Tazza: The High Rollers (2006) Tazza; The High Rollers(2006) ======================== IMdb Rating (7.2)Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံးကားနဲ့ အကောင်းဆုံးကားပါ။ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။ကံကောင်းရင်တော့ကြည့်ပြီး လုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေကငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်၀က်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ WiRa Aung မှ တင်ဆက်ထားတာပါ။)  File size…(2.6 GB) and (1.6 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung  
movie

Tazza: The High Rollers (2006)

Recalled (2021) 8.1
Recalled (2021) Recalled (2021)ကိုရီးယားလောကမှာ ဂယက်တွေ ဒလဟော ထသွားတာတောင်သူ ရိုက်ခဲ့တဲ့ ဇာတ်ကားက Korean Film Council data တွေအရကိုရီးယားမှာအကောင်းဆုံး Ranking 9 အထိဝင်ထားတဲ့Seo Ye Ji ရဲ့ Recalled ဆိုတဲ့ Mystery/Thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားကို Box office က ဒေါ်လာ 2.63 million အထိအကုန်အကျခံရိုက်ကူးထားပြီးIMDB rating ကလည်း 8.4/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကတော့ တစ်ခြားကားတွေနဲ့မတူဘဲ တော်တော်လေး စွဲဆောင်နိုင်ပြီးအဆုံးသတ်မှာ လျှို့ဝှက်ချက်တွေ၊ အံ့သြဖွယ်မြှုပ်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးပြောရရင်ဆူဂျင်းဆိုတဲ့ ကောင်မလေးက မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကပြုတ်ကျခဲ့ပြီးနောက် အတိတ်မေ့နေခဲ့ပါတယ်။သူ့ဘဝက ဘယ်လို .....သူ ဘယ်သူဆိုတာကိုတောင် မေ့နေတဲ့အနေအထားပါ။ဒါကို သူ့ဘေးနားက လီဂျီဟွန်းဆိုသူ အမျိုးသားကသူ့မှတ်ဉာဏ်တွေပြန်ရလာအောင် ဘေးကနေ စောင့်ရှောက်ပေးရင်းအမှတ်တရတွေတစ်ခုချင်း ပြောပြခဲ့ပါတယ်။ဒါပေမယ့် ဆူဂျင်းယုံကြည်ထားခဲ့တဲ့ သူမရဲ့အမျိုးသားလီဂျီဟွန်းဟာ လျှို့ဝှက်ချက်တွေအများကြီးရှိနေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုမမျှော်လင့်ဘဲနဲ့ တစ်စတစ်စ သိလာခဲ့ပြီးလီဂျီဟွန်းအပေါ် ...
movie

Recalled (2021)

2021