Channel Myanmar

Kim Kang-hyun

A Matter of Interpretation (2014)
A Matter of Interpretation (2014) A Matter of Interpretation (2014) *********************************အိပ်မက်တွေဟာ ကိုယ်ချိုးနှိမ်ဖိနှိပ်ထားတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးတဲ့နေရာလို့ လူတွေ ပြောလေ့ရှိတယ်။ခံစားချက်တွေ၊ နက်ရှိုင်းစွာ တည်ရှိနေတဲ့ အာသီသတွေကို ထုတ်ဖော်ပေးတဲ့ နေရာတစ်ခုပေါ့...ပြဇာတ်မင်းသမီး ယွန်းရှင်းဟာ အိပ်မက်တွေအပေါ် အယုံအကြည်သိပ်မရှိပါဘူး။ လက်တွေ့ဆန်လွန်းလှတဲ့...သူမရဲ့ဘဝကြောင့် စိတ်ကူးယဉ်နိုင်စွမ်းတွေလည်း ကင်းမဲ့နေခဲ့တာ ကြာပါပြီ။ တစ်နေ့ သူမရဲ့ပြဇာတ်ကို...ပရိသတ်တစ်ဦးမှ မလာတဲ့အခါ ဘဝကြီးကို စိတ်ပျက်ငြီးငွေ့လာတဲ့ သူမအနေနဲ့ တစ်ခါကချစ်ခဲ့ရတဲ့ ပြဇာတ်ရုံထဲကနေ...ဒေါသမာန်နဲ့ ထွက်လာခဲ့တော့တယ်။ အဲဒီနောက် စိတ်မကြည်မလင်နဲ့ အနီးအနားက ပန်းခြံတစ်ခုကိုသွားပြီး...ဆေးလိပ်ဖွာနေတုန်း အိပ်မက်အဓိပ္ပာယ်ဖော်တတ်တဲ့ စုံထောက်တစ်ဦးနဲ့ တွေ့ဆုံတော့တယ်။ ဒီလိုနဲ့ ပြဇာတ်သရုပ်ဆောင်...ယွန်းရှင်းဟာ မှေးမှိန်သွားပြီဖြစ်တဲ့ သူမရဲ့စိတ်ပြင်းပြမှုတွေ၊ ပြတ်တောက်သွားတဲ့ ဆက်ဆံရေးတွေ၊ စိတ်ရဲ့အနက်ရှိုင်းဆုံးထဲက...ခံစားချက်တွေကို ပိုနားလည်သဘောပေါက်ဖို့ ကံအကြောင်းတိုက်ဆိုင်လာတော့တယ်။ အူကြောင်ကြောင်နဲ့...ဟာသလေးတွေနှောထားတဲ့ လွမ်းဆွေးစရာ ဒရမ်မာရုပ်ရှင်လေးဖြစ်တာမို့ ကြည့်တဲ့အချိန်...အထူးအဆန်းလေးဖြစ်နေမှာ သေချာပါတယ်။ Indie films တွေ နှစ်ခြိုက်သူအဖို့တော့ ဒါက hidden gem ပါပဲ။ဇာတ်လမ်းအညွှန်းကို ...
movie

A Matter of Interpretation (2014)

Very Ordinary Couple (2013) 6.3
Very Ordinary Couple (2013) Very Ordinary Couple (2013)****************************IMDb... 6.3 ကျွန်တော်တို့ CM ကနေ ယခု တစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့rom-com တွေကိုလည်း ကြိုက်တယ်... drama နဲ့ melodrama ပါမှလည်း ကြည့်ချင်တယ်ဆိုတဲ့ပရိသတ်ကြီးတွေ အကြိုက်တွေ့စေမဲ့ Very Ordinary Couple ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ Face me ထဲက ဆွဲဆောင်မှုရှိတဲ့ဆရာဝန်အဖြစ် မိန်းကလေးတွေအသည်းကို ချွေသွားတဲ့ မင်းသား Lee Min Ki နဲ့ မထင်မှတ်ထားတဲ့ လှည့်ကွက်များစွာပါတဲ့ဇာတ်ကားကောင်းလေး  The Handmaiden ထဲက လှပကြော့ရှင်းတဲ့ Lady Hideko အနေနဲ့သရုပ်ဆောင်ထားတဲ့ မင်းသမီး Kim Min Hee တို့ပဲ ဖြစ်ပါတယ်။ဘဏ်တစ်ခုတည်းမှာ အလုပ်လုပ်ကြတဲ့ ဂျန်ယောင်း (Kim Min Hee) နဲ့ အီဒုံဟီး (Lee Min Ki) တို့ဟာ၃ ...
movie

Very Ordinary Couple (2013)

The Singer (2020) 6.6
The Singer (2020) The Singer (2020)*****************၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Singers ဆိုတဲ့ ဇာတ်ကားလေးကတော့ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်‌တွေရဲ့ဘဝကို‌ ရိုက်ကူးပုံဖော်ထားတဲ့ Musical film လေးပဲဖြစ်ပါတယ် .. ။ဇာတ်လမ်းအကျဉ်းကတော့ ..ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီးချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီးအသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီးအတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကိုပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချောင်းလေးက ထိတ်လန့်မှုကြောင့်မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီးဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပြီးဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ။ဇနီးဖြစ်သူကိုရော ...
movie

The Singer (2020)

A Hard Day (2014) 7.2
A Hard Day (2014) A Hard Day (2014) ******************* ကိုရီးယားရုပ်ရှင်လောကရဲ့ ကြွေလွင့်သွားရတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ မင်းသားကြီး Lee Sun-Kyun ရဲ့ Crime ,Action ,Thriller ,Police အမျိုးအစား ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ************* အမေဖြစ်သူရဲ့ ဈာပနကို သွားနေတဲ့လမ်းမှာ စုံထောက်ဂိုဂွန်းဆူ(Lee Sun-Kyun)တစ်ယောက် ဘယ်ကပေါ်လာမှန်းမသိတဲ့ လူကို ကားနဲ့တိုက်မိသွားပါတယ်။တိုက်မိသွားတဲ့လူဟာ လမ်းပေါ်မှာတင် ပွဲချင်းပြီးသေသွားတော့ စုံထောက်ဂိုဟာ အရမ်းလန့်သွားပြီး ကြံရာမရတဲ့အဆုံး အဲဒီအလောင်းကို ကားနောက်ဖုံးထဲ တင်ခေါ်ခဲ့ရာကနေ စုံထောက်ဂိုဂွန်းဆူရဲ့ ခက်ခဲသော နေ့တစ်နေ့ (A Hard Day) စတင်ပါတော့တယ်.....။ဇာတ်လမ်းအစ ၄မိနစ်ကတည်းက တက်လာခဲ့တဲ့ ဇာတ်ရှိန်က ဇာတ်လမ်းပြီးတဲ့အထိကို တစ်ချက်မှ ကျမသွားဘဲ မင်းသားကြီးရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ နစ်မြောခံစားသွားရမဲ့ အချိန်ပေးရကျိုးနပ်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်တာကြောင့် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်)File size…1.82GB / 766MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 51 min. Genre ….. Action, Thriller, Mystery, Crime Subtitle….Myanmar Subtitle (Hard Sub) Translated by Yati ...
movie

A Hard Day (2014)

The Whistleblower (2014) 6.8
The Whistleblower (2014) The Whistleblower 2014သုတေသနဓါတ်ခွဲခန်းတစ်ခုကနေ အလုပ်ထွက်လာတဲ့ သုတေသီတစ်ဦးက သတင်းသမားတစ်ယောက်ကို ဒီစကားပြောခဲ့ပါတယ်။ "ကျွန်တော့်မှာ ဘာသက်သေမှ မရှိပါဘူး ဒီလိုဆိုရင်တောင် ကျွန်တော့်စကားကို ယုံပေးမလား"2005 ခုနှစ်တုန်းက တောင်ကိုရီးယား သုတေသနပညာရှင်တစ်ဦးနဲ့ သူ့ရဲ့ လုပ်ကြံဖန်တီးမှုတွေအပြင် ဖော်ထုတ်ခံလိုက်ရတဲ့ အမှန်တရားဇာတ်ကွက်အားလုံးကို တစ်ပုံစံတည်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်မှာ ဇီဝနည်းပညာဘာဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အသိပညာဗဟုတုတတွေကို ထည့်သွင်းထားတဲ့အပြင် မျက်မှောက်ခေတ်မှာ တွေ့နေရတဲ့ ဆေးပညာသစ်တွေနဲ့ လက်တွေ့စမ်းသပ်မှု ပြုလုပ်လာကြတဲ့အပေါ် အမှားနဲ့အမှန်ကို သေချာပိုင်းခြားတတ်ဖို့ ပညာပေးထားတာကိုပါ ခံစားမိမှာပါ။ပင်မဆဲလ်ပုံတူပွားယူခြင်းဆိုင်ရာ စာတမ်းတစ်ခုကို ပြင်ဆင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ ပါမောက္ခတစ်ဦး။ ကုသလို့မရနိုင်တဲ့ ရောဂါကိုခံစား‌နေရတဲ့ လူနာတွေအတွက် ပင်မဆဲလ်အစားထိုးကုသမှုက မျှော်လင့်ချက်လိုဖြစ်နေတဲ့အတွက် နိုဘယ်ဆုရှင်အဖြစ်ပါ သတင်းထွက်နေတဲ့ ပါမောက္ခပါ။ ဒိတ်ဒိတ်ကြဲ ပါမောက္ခကြီးရဲ့ ဒီဇီဝနည်းပညာဟာ ထင်ထားသလောက် မရိုးရှင်းပါဘူး။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေက ရှိနေပါတယ်။ ဒါကို လက်မခံနိုင်တဲ့ သုတေသီတစ်ဦးက သက်သေအခိုင်အမာမရှိတဲ့အတွက် မတတ်နိုင်တဲ့အဆုံး အမှန်တရားမှန်သမျှကို အတွင်းကျကျ ဖော်ထုတ်တဲ့ ပရိုဂရမ်တစ်ခုရဲ့ ...
movie

The Whistleblower (2014)

Slow Video (2014) 6.3
Slow Video (2014)  ၂၀၁၄ က ထွက်ရှိခဲ့တဲ့ ကိုးရီးယား ဟာသဒရာမာ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသားကအူကြောင်ကြောင် ဟာသ ဇာတ်ရုပ် တွေနဲ့ လူသိများတဲ့ ချာထယ်ဟွန်း ပါ၊ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကောင်စရိုက်ကို အပိုလိုမရှိ ကွက်တိကျအောင်သရုပ်ဆောင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျန်ဘူဆိုတဲ့ ကောင်လေးက ထူးဆန်းတဲ့ မျက်စိဝေဒနာ တစ်ခုကိုအသက် ဆယ်နှစ်သားအရွယ်မှာ စပြီး ခံစားခဲ့ရပါတယ်။ သူ့ဝေဒနာကအာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရုပ်ရှင် အနှေးပြကွက်လိုမျိုးမြင်ကွင်းတွေကို မြင်ရတာပါ။ သူ့ကို ငကြောင်ဆိုပြီး ကျောင်းမှာအနိုင်ကျင့်မှုတွေ ခံရပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲတီဗီဇာတ်လမ်းတွဲတွေ ကြည့်ပြီး အခန်းထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။လူတွေနဲ့ အထိအတွေ့ သိပ်မရှိဘဲ အူကြောင်ကြောင်ငတိ ဂျန်ဘူကလုံခြုံရေး စီစီတီဗီတွေကို စောင့်ကြည့်ရတဲ့ ဌာနမှာ အချိန်ပိုင်းအလုပ်ရပြီးနောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ကလေးဘဝက crush ခဲ့ရတဲ့ သူငယ်ချင်းမလေး ဆူမီနဲ့ လမ်းမှာပြန်တွေ့တဲ့အခါ ဘယ်လို အလွဲတွေ ဖြစ်ကြမလဲဆိုတာ ရယ်မောဖွယ်ဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ File ...
movie

Slow Video (2014)

The Gossip (2021) 6.6
The Gossip (2021) The Gossip (2021)ဒီတစ်ခေါက်တင်ဆက်ပေးမယ့်မူဗီလေးကတော့ Dark Humor တွေနဲ့ ရယ်မောရတဲ့အပြင် စိတ်ဝင်စားစရာအပြည့်နဲ့ ကြည့်ရှုရမယ့် ၂၀၂၁ တုန်းက ထွက်ရှိထားတဲ့ Gossip ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဂျောင်ဆော့ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးဟာ မြို့ပြနဲ့ဝေးတဲ့တစ်နေရာမှာ ငွေဖောဖောသီသီရတဲ့အချိန်ပိုင်းအလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်သူ့အလုပ်ကတော့ အိပ်ရာထဲလဲနေတဲ့ ဥက္ကဌကြီးကို ဒိုင်ပါလဲပေးရတယ် ဆလိုင်းသွင်းပေးရတယ် ဆေးတိုက်ရတယ် ဒါပါပဲ သူ့ထက်အရင် အချိန်ပိုင်းအလုပ်လုပ်နေတဲ့ ဝါရင့်အစ်ကိုကြီးတစ်ယောက်ရော ရှိနှင့်နေတယ်လေ ဒီလိုနဲ့ နှစ်ယောက်သား စကားဖောင်ဖွဲ့ရင်း ယောက်ျားချင်းစကားတွေ ပြောကြရင်း အိပ်ရာထဲမှာ ဘုရင်မတစ်ဆူလို့ နာမည်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်ကြည့်ဖို့ဖြစ်လာပါတော့တယ် အဲဒီလိုနဲ့ ကောင်မလေးရောက်လာတဲ့အခါ ၃ယောက်သား အရက်အတူသောက် ရယ်စရာတွေပြော အဖွဲ့ကျနေကြတုန်းမှာပဲ ရုတ်တရက် ဥက္ကဌကြီးက နိုးလာပြီးတော့ ဝါရင့်အစ်ကိုကြီးကို လည်ပင်းလာညှစ်ပါတော့တယ် ..ခုခံဖို့ လုပ်ကြရင်းနဲ့ ဥက္ကဌကြီး နဲ့ အဲဒီ အရှုပ်တော်ပုံကို ဘယ်လို ရှင်းကြမလဲဆိုတာကို သိချင်ရင်တော့ တစ်ဖြတ် လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါရစေနော် ကြည့်ဖို့ ခိုင်လုံတဲ့ အဓိကအချက်ကတော့ "မင်းသားက အဆင်လေးပါ အဆင်လေးပါ" ဒါပါပဲအညွှန်းကိုတော့ ...
movie

The Gossip (2021)

2021
Annapurna (2023)
Annapurna (2023) Annapurna (2023)တောင်တက်ဖို့ဆိုရင် စိတ်အားထက်သန်တဲ့ ဂန်ဟျွန်းက သူ့ဂျူနီယာ ဆောဝူးကို ခေါ်ထုတ်ပြီး တောင်အတူတက်ကြရင်း ကြုံခဲ့တဲ့အချစ်ရေး၊ လမ်းခွဲခဲ့ရတာတွေ၊ စိတ်ဒဏ်ရာတွေအကြောင်း ပြောကြတဲ့ ဇာတ်လမ်းဖြစ်ပါတယ်ဂန်ဟျွန်းဟာ ဟိမဝန္တာတောင်တန်းမှာရှိတဲ့ Annapurna တောင်ကို တက်ချင်နေတဲ့သူဖြစ်ပြီးတော့ တောင်ရဲ့ဇာတ်လမ်းအစုံကို ဂျူနီယာဖြစ်တဲ့ ဆောဝူးကို အပြည့်အစုံပြောရင်းနဲ့ လမ်းပျောက်လိုက်၊ မျက်စိလည်လိုက်ဖြစ်ပါလေရောသူတို့ရဲ့အချစ်ရေးအတွေ့အကြုံတွေ၊ လူငယ်သဘာဝစိတ်ကူးတွေ၊ ဝါသနာတွေကို ပြောကြရင်း ဂန်ဟျွန်းရဲ့ ဘဝဒသနတွေကို နားထောင်ရမှာဖြစ်ပါတယ် နှစ်ယောက်သား ဘာတွေဆွေးနွေးမျှဝေကြမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 647MB | 300MB Format… mp4 Duration…. 1h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron
movie

Annapurna (2023)

Extreme Job ( 2019 ) 7.6
Extreme Job ( 2019 ) Extreme Job (2019)  IMDb 7.3 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့တင်ဆက်ပေးလိုက်ပါတယ် အမှုလိုက်တိုင်း အလွဲလွဲအချော်ချော်ဖြစ်ပြီးရာထူးမတိုးပဲ အဖွဲ့ခေါင်းဆောင်သာ ဖြစ်နေတဲ့စုံထောက်ဂို နဲ့ သူ့အဖွဲ့ဟာ တစ်နေ့မှာ မူးယစ်ရာဇာ လီမွန်ဘယ်ကို ဖမ်းဖို့ဖြစ်လာတဲ့အခါမှာ..တော့ တလွဲတွေဆက်ဖြစ်ကြပြန်တာပါပဲ လီမွန်ဘယ်ကို အနီးကပ်စောင့်ကြည့်ဖို့ ကြက်ကြော်ဆိုင်မှာစောင့်ကြည့်ရင်းနဲ့ကြက်ကြော်ဆိုင်ကလည်းရောင်းထုတ်ရမယ့်အခြေအနေဖြစ်လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ…တလွဲတွေလုပ်တတ်တဲ့ စုံထောက်ဂိုတစ်ယောက် လီမွန်ဘယ်ကို ဖမ်းဆီးနိုင်ပါ့မလားဆိုတာ ဆက်လက်ခံစားကြည့်ရှုပါ 2019 အသစ်ထွက် ကိုရီးယားစုံထောက်ကားလေးပဲဖြစ်ပါတယ်  This Movie is Brought To You By Channel MyanmarReview By Ei PyaeGenre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size…1.77GB | 792MB | 366MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Zoey Encoder ..... August
movie

Extreme Job ( 2019 )

2019
Young Adult Matters (2020) 5.3
Young Adult Matters (2020) Young Adult Matters (2020)ဒီတစ်ခါတော့ ရုပ်ရှင်ဆု ၃ ဆု ဖြစ်တဲ့- The Directors' Guild of Korea (DGK) Award - KTH Award at the 25th Busan International Film Festival - Best Actress Award (Buil Film Awards)တို့ ရရှိထားတဲ့ လူငယ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။Squid Gameထဲက ''ငါနဲ့ကစားပေးလို့ ကျေးဇူးတင်ပါတယ် ''တစ်ခွန်းနဲ့အချစ်တွေသိမ်းကျုံးယူသွားတဲ့ Ji Yeong(Lee Yoo Mi) နဲ့EXID အဆိုတော်အဖွဲ့ထဲက EXIDရဲ့ Hani တို့ အဓိကသရုပ်ဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။==================================လူငယ်.....သစ်ရွက်လေးလုပ်တာမြင်ရင်တောင် စိတ်ကစား ထွေပြားတတ်ကြတဲ့အဲ့အရွယ်မှာ တွေ့ကြုံရမယ့် ပြသနာတွေဆိုတာကတော့စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အများကြီးရှိကြပါတယ်ဘဝမှာ အပြောင်းအလဲတစ်ခုအနေနဲ့ ရှေ့ဆက်လျှောက်မယ့်အနာဂတ်ကို ဖန်တီးထုဆစ်ပေးတာကအဲ့အရွယ်ကာလလို့ဆိုလည်း မမှားဘူးဗျအရာရာတိုင်းကို စူးစမ်းချင်ကြသလို ...
movie

Young Adult Matters (2020)

2021
Exit (2019) 7.0
Exit (2019) Exit (2019)IMDb - 7.0/10_____Rotten - 83%    CM Fan တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ မကြာသေးမှီ အပတ်တွေက ရုံတင်သွားခဲ့တဲ့ Exit ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇတ်လမ်း ကို CM က ရုပ်ထွက်အကြည်နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ဇတ်လမ်းပုံစံကတော့... ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ... အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ :D ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ....    တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ် ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ...
movie

Exit (2019)

2019
HEVC 1080p