Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Jung-tae
7.7
The Classic (2003)
The Classic (2003)IMDb Rating (7.7) / Rotten Tomatoes (71 %)ဒီဇာတ်ကားရဲ့ ဒါရိုက်တာက Kwak Jae-yong ဖြစ်ပြီး သူရိုက်သမျှ ကားတိုင်းက ရင်ထဲထိရှရတာချည်းပါပဲ… My Sassy Girl,Windstruck,Daisy နဲ့ ခု The Classic တို့လို ကိုရီးယားနာမည်ကျော်အချစ်ဇာတ်ကားတွေရိုက်ခဲ့သူပါ… ကိုရီးယားဇာတ်ကားတွေကို ချစ်တတ်လာဖို့ ခုဇာတ်ကားတွေက ကနဦးထိုးဖောက်နေရာယူခဲ့ပါတယ်။ဇာတ်ကားနာမည်က Classic ဆိုတဲ့အတိုင်း ဂန္တဝင်အချစ်ဇာတ်လမ်းတစ်ပုဒ်လို တစ်ခါကြည့်ဖူးတာနဲ့ စွဲမိနေမှာပါပဲ။ မင်းသား Cho Seung-woo, Jo In-Sung တို့နဲ့ မင်းသမီး ဆွန်ရီဂျင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့မို့ ပိုထိရတယ်ဆိုရင်လဲ မမှားပါဘူး။ဇာတ်လမ်းလေးကတော့… ကောင်မလေးတယောက်က သူ့အမေရဲ့ ငယ်ချစ်ဦး ဇာတ်လမ်းကို ပေးစာဟောင်းနဲ့ ဒိုင်ယာရီတွေကနေ ဖတ်မိတဲ့ ပုံမျိုးနဲ့ ဇာတ်လမ်းကို စတင်ပါတယ်။သမီးနဲ့ အမေ ဇာတ်ရုပ် နှစ်ခုလုံးကို မင်းသမီးဆွန်ရီဂျင်တစ်ယောက်ထဲက သရုပ်ဆောင်ထားပြီး အမေရဲ့ ငယ်ချစ်ဦးပုံပြင်နဲ့ သမီးရဲ့ လက်ရှိ မပြီးဆုံးသေးတဲ့ ...
movie
The Classic (2003)
7.0
My Brother (2004)
၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသားကြီး Shin Ha Kyun နဲ့ Won Bin တိုရဲ့ ယနေ့ချိန်ထိ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းစာရင်း၀င်နေဆဲ ညီအစ်ကိုဇာတ်လမ်း။စိတ်ထားကောင်းပြီး ရိုးတဲ့မိန်းမတစ်ယောက် ရှိခဲ့တယ်။ ပြီးတော့ ဓါတ်ပုံရိုက်ရတာကြိုက်တဲ့ယောက်ျားတစ်ယောက် ရှိခဲ့တယ်။ နှစ်ယောက်သား ချစ်မိသွားကြပြီး လက်ထပ်ခဲ့ကြတယ်။ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။ ဒါပေမဲ့ ကလေးမျက်နှာကိုကြည့်ပြီး ဘယ်သူကမှ မပျော်ရွှင်ခဲ့ကြဘူး။ မိန်းမက တက်နေကျဘုရားကျောင်းကို ဆက်မတက်တော့ဘူး။ ပြီးတော့ ယောက်ျားက ဓါတ်ပုံဆက်မရိုက်တော့ဘူး။ ယောက်ျားက မိန်းမ မသိအောင် ကလေးကို စွန့်ပစ်လိုက်တယ်။ဒါပေမဲ့ မိန်းမက ကလေးကို ပြန်ယူလာခဲ့တယ်။ အဲဒီနေ့ပြီးတော့ ယောက်ျားက နာမကျန်းဖြစ်ရင်းကနေ ဆုံးပါးသွားခဲ့တယ်။ နည်းနည်းလောက်ကြာတော့ မိန်းမက သူ့မှာ နောက်ထပ် ကိုယ်၀န်လွယ်ထားရတာကို သိလိုက်ရတယ်။ ပြီးတော့ မိန်းမက ဆုံးဖြတ်ချက်ချလိုက်ခဲ့တယ် ရှေ့လျှောက် စိတ်သဘောထားကောင်းပြီး ရိုးမနေတော့ဘူးလို။ သူသန်သန်မာမာနေပြီး ...
movie
My Brother (2004)
7.2
Salut d’Amour (2015)
Salut d'Amour (2015) ************************ IMDb....7.2 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Comedy, Romance နဲ့Drama အမျိုးအစားလေးဖြစ်တဲ့ Salut D’ Amour လို့ အမည်ရတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့ တော်တော်လေးရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားကြီး Park Geung Hyung၊မင်းသမီးကြီး Youn Yuh Jung၊ မင်းသား Jo Jin Woong၊ မင်းသမီး Han Ji Min၊ EXO အဖွဲ့ဝင် Park Chan Yeol နဲ့မင်းသမီး Moon Ga Yeong တို့လို နာမည်ကြီးသရုပ်ဆောင် များစွာ ပါဝင်ထားပါသေးတယ်။-ဇာတ်လမ်းအကျဉ်း-ဒေါသကြီးတဲ့ ရေတပ်သားဟောင်း စစ်ပြန်ကြီးတစ်ဦးဖြစ်တဲ့ ဂင်ဆောင်ချီး (Park Geung Hyung) ဟာဂင်ဂျန်ဆူ (Jo Jin Woong) ပိုင်တဲ့ ...
movie
Salut d’Amour (2015)
6.6
All About My Wife (2012)
All About My Wife (2012)*************************IMDb....6.6ဒီတစ်ခေါက်မှာတော့ CMပရိသတ်ကြီးတို့အတွက် မင်းသားကြီး Lee Sun Kyun ရဲ့ အိမ်ထောင်ရေး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ဒီကားလေးမှာတော့ My Mister, Parasite တို့မှ မင်းသားကြီး Lee Sun Kyun, Moving, Miracle in Cell No.7 မှ မင်းသားကြီး Ryu Seung-ryong, Search: WWW မင်းသမီး Im Soo Jung နဲ့ Asian Prince လေး Lee Kwan Soo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီရုပ်ရှင်လေးဟာ 2012 Blue Dragon Film Award မှာ Best Actressနဲ့ Best Supporting Actor ဆု, KOFRA Film Award Ceremony မှာ ...
movie
All About My Wife (2012)
6.2
Holy Punch (2024)
Holy Punch (2024)********************Kdrama ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား The Worst of Evil ထဲက မင်းသား Ji Seung Hyun၊The Tale of Lady Ok ထဲက မင်းသား Oh Dae Hwan တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးGangster အက်ရှင်ဟာသဇာတ်ကား အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။-ဇာတ်လမ်းအညွှန်း-ဝမ်ဂါလ်ဘီနဲ့ ဆမ်ဂေါရီလို့ ခေါ်တဲ့ ပြိုင်ဘက် ဂိုဏ်း၂ဂိုဏ်း ရှိပြီးတော့ သူဌေးဂျန်း ခေါင်းဆောင်တဲ့ဝမ်ဂါလ်ဘီ ဂိုဏ်းမှာတော့ ဘတ်ဂယောင်းချော (Oh Dae Hwan) နဲ့ အီထယ်ယုံး (Lee Yong Kyu)တို့ပါဝင်ကြပါတယ်။ တစ်နေ့မှာတော့ ဝမ်ဂါလ်ဘီဂိုဏ်းက ခေါင်းဆောင်ဂျန်းဟာ ရုတ်တရက် တိုက်ခိုက်ခံရပြီးသေဆုံးသွားခဲ့တာကြောင့် ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံးတို့ဟာလည်း အသီးသီး လွတ်မြောက်ရာကိုထွက်ပြေးခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဘတ်ဂယောင်းချောကတော့ ဘုရားကျောင်းတစ်ခုမှာ ပုန်းခိုနေရင်းကနေသင်းအုပ်ဆရာ ရာထူးရရှိသွားပြီး ...
movie
Holy Punch (2024)
Love On-Air (2012)
Love-On Air (2012) ******************ဒီကားလေးထဲမှာတော့ F4 မှာပါဝင်ခဲ့တဲ့ Lee Min Jung နဲ့အတူ ...The K2, The king of eternal monarch တို့မှာပါဝင်ခဲ့တဲ့ Lee Jung Jin..ပရိတ်အချစ်တော် Lee kwang soo နဲ့အတူ တခြားသော သရုပ်ဆောင်များစွာ...ပါဝင်ရိုက်ကူးထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်ဇာတ်လမ်းအညွှန်း ---------------ရှင်းဂျင်အာဆိုတဲ့ကောင်မလေးက ကိုရီးယားမှာနာမည်အကြီးဆုံး...မိန်းကလေးအဆိုတော်အဖွဲ့ Purple ရဲ့ leaderတစ်ယောက်ပေါ့။အကြောင်းအမျိုးမျိုးကြောင့် သူတို့ disband ဖြစ်သွားပြီးနောက်..ဂျင်အာက Wonderful radio အစီအစဉ်မှာ DJ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ ရေဒီယိုပရိုဂရမ်ရဲ့ rating တွေ ကျနေတာကို ကယ်တင်ဖို့အတွက်...အီဂျယ်ဟျော့ဆိုတဲ့ PD တစ်ယောက်အသစ်ရောက်လာပါတော့တယ်။စတွေ့ကတည်းက အကြောမတည့်ကြတဲ့ PD နဲ့ DJ တို့ကတောက်ကဆလေးတွေ စတင်လာခဲ့ပါတယ်။တစ်နေ့မှာတော့ ဂျယ်ဟျော့က ဂျင်အာကို ပရိုဂရမ်အတွက် အိုင်ဒီယာအသစ်ထုတ်လာခိုင်းပါတော့တယ်။ခေါင်းစားနေရတဲ့ဂျင်အာက အမေဖြစ်သူ သီချင်းဆိုနေတာကို ...
movie
Love On-Air (2012)
6.5
Toxic (2022)
Toxic (2022) ************ဒီတစ်ခါမှာတော့ ကိုရီးယားနိုင်ငံမှာ စိုထိုင်းမှုထိန်းစက် ပိုးသတ်ဆေးကြောင့် လူအများအပြားရောဂါခံစားရပြီး သေဆုံးသွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ..ဒီဇာတ်လမ်းထဲမှာတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသမီးလေး Work later drink now ထဲမှ Lee Sun-Bin နဲ့အတူ သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Racket boys မှ Kim Sang-kyung, all of us are dead, vigilante က Yoon Kyung-ho နဲ့ vagabond, taxi driver မှ Jang Hyuk-jin အပြင် တခြားသော ဝါရင့်သရုပ်ဆောင်ကြီးတွေလည်း ပါဝင်အားဖြည့်ထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ..ဇာတ်လမ်းအညွှန်း ************ Jung Tae-Hun (Kim Sang-Kyung) ရဲ့ သားဖြစ်သူက အဆုတ်ရောဂါကို ခံစားနေရပြီး အဲဒီရောဂါကြောင့်ပဲ ဇနီးဖြစ်သူကိုပါ ဆုံးရှုံးထားရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ် .. အဆုတ်ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို လိုက်ရှာရင်း နောက်ဆုံးမှာတော့ စိုထိန်းမှုထိန်းစက်မှာပါဝင်တဲ့ PHMG ဆိုတဲ့ အဆိပ်ဓါတ်ငွေ့ကြောင့်ဆိုတာကို သိလိုက်ရပါတယ် ...
movie
Toxic (2022)
7
City Of Fathers (2009)
City Of Fathers (2009)************************ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action scene တွေအများကြီးနဲ့ဖခင်မေတ္တာကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့လည်း ဂင်ဂန်ဆူအဖြစ် မင်းသားကြီး Ko Chang-seok၊သူဌေးဂျိုထယ်ဆော့အဖြစ် မင်းသားကြီး Kim Young-ho နဲ့ သားလေး ဂျုံချောလ်အဖြစ်မင်းသား Yoo Seung-ho နဲ့အတူ တခြားဝါရင့်သရုပ်ဆောင်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအညွှန်း-အရက်အမြဲသောက်ပြီး လောင်းကစားလုပ်တတ်လို့ ငွေတိုးချေးစားသူတွေဆီကနေထွက်ပြေးနေရတဲ့ ဂင်ဂန်ဆူဟာ အရမ်းသွေးဆိုးပြီး ရုန့်ရင်းကြမ်းတမ်းတဲ့သူ တစ်ယောက်ဖြစ်သလိုသားလေးဂျုံချောလ်အပေါ်ကိုလည်း အဖေဆိုပြီး နွေးနွေးထွေးထွေး မရှိတဲ့အပြင်အမြဲ ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်နေတဲ့သူပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သားဖြစ်သူ ဂျုံချောလ်တစ်ယောက် ကျောက်ကပ်ကင်ဆာနဲ့ အသက်ရှင်ရဖို့ဘယ်လောက်မှမကျန်တော့ဘူးဆိုတာကို သိလိုက်ရတဲ့အခါမှာတော့ လူကြမ်းကြီး ဂန်ဆူဟာဖြည်းဖြည်းချင်း စတင်ပြောင်းလဲလာပါတော့တယ်။ကျောက်ကပ်အစားထိုးခွဲစိတ်မှ အသက်ရှင်နိုင်မယ့် သားလေးအတွက် သူ့ဘဝတစ်လျှောက်လုံးလျှို့ဝှက်လာခဲ့တဲ့ သူ့သားလေးရဲ့ တကယ့် အဖေအရင်းကို လိုက်ရှာပြီး ကျောက်ကပ်အစားထိုးပေးဖို့သွားတောင်းဆိုခဲ့တဲ့အခါမှာတော့....ဒုစရိုက်လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ဦးစီးလုပ်ဆောင်ရင်း မိသားစုဆိုတဲ့အရာကို လုံးဝမထူထောင်ချင်တဲ့သူဌေးဂျိုထယ်ဆော့တစ်ယောက် ရုတ်တရက်ပေါ်လာတဲ့ ...
movie
City Of Fathers (2009)
5.9
Mourning Grave (2014)
Mourning Grave (2014)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ horror, thriller ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်... ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာ...ဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်...ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊ နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်Kang Ha Neul, Kim So Eun တို့အဓိကပါဝင်ထားပြီး horror ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 895MB | 485MB | 248MB Format… mp4 Duration…. ...
movie
Mourning Grave (2014)
2014
6.3
Granny’s Got Talent (2015)
Granny's got Talent အညွှန်းဆဲမယ်ဗျို့ ..... ဆဲမယ် .... အဆဲပြိုင်ပွဲကြီး နွှဲကြမယ် .....ရသစုံရှိုးတွေလည်း CM မှာ တင်ဆက်ပေးနေတာ မနည်းပါဘူး။ ဒီဇာတ်ကားကလည်း ရသစုံရှိုးတစ်ခုကို အခြေတည်ပြီး ရိုက်ကူးထာတာပါ။ ဘယ်လိုရှိုးမျိုးလဲဆိုတော့ "အဆဲပြိုင်ပွဲ" ရှိုးပါပဲ။ဒီ show ရဲ့ထူးခြားချက်က အဆို၊အက၊ အတီး တခြား Talent တွေ တစ်ခုမှမလိုဘဲ ဆဲတတ်ရုံနဲ့ ဝင်ပြိုင်နိုင်မှာတဲ့ဗျား။နေ့စဥ်ဘဝမှာဆဲရုံတင်အားမရတဲ့သူတွေကို ဆုကြေးငွေပေးပြီးတော့ကို အဆဲပြိုင်ပွဲ လုပ်ပေးသွားတာပါ ဆဲတာကလည်း ရိုးရိုးဆဲတာမဟုတ်ဘဲ ဇာတ်ညွှန်းနဲ့ဆဲရမှာပါဇာတ်အလမ်းအကျဉ်းချုပ်ကတော့ ..... အီဂျောင်ဆွန်းဆိုတဲ့အဘွားက ထောင်ကထွက်လာတာနဲ့ အဘွားရဲ့သာယာနာပျော်ဖွယ် ဆဲရေးသံလေးတွေကို နားထောင်ပြီး အစီအစဥ်ရဲ့ပီဒီက သဘောကျသွားတာနဲ့ အဘွားလည်း ဝင်ပြိုင်ဖြစ်သွားတာပါအဘွားက ပြိုင်ပွဲတစ်လျှောက်လုံး အဆဲစကေးတွေပြသွားမှာဖြစ်ပြီး နောက်ဆုံးဖိုင်နယ်ပွဲအထိ အနိုင်ရမသွားမလားဆိုတာကို စောင့်ကြည့်ရမှာပါComedy ဆိုပေမယ့် ကိုရီးယားရဲ့ထုံးစံအတိုင်း ဒရာမာလေးတော့ နည်းနည်းချိုးထားပါတယ်အဆဲပြိုင်ပွဲကြည့်ရင်း တစ်နည်းအားဖြင့်တော့ စိတ်ဖိအားတွေပြေပျောက်ဖို့ မျှော်လင့်ပါတယ် ကြည့်ပေးကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ The Witch Part-2 နဲ့ The Roundup မှာ ကိုရီးယားကနေ ...
movie
Granny’s Got Talent (2015)
2015
6.3
Tough as Iron (2013)
Tough as iron (2013)'ပျော့ရင်ဖယောင်း၊ မာရင်သံချောင်း' ...ဒီကားလေးကတော့ ဘူဆန်မြို့က Kang Chul ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။Kang Chul အဖြစ် Yoo Ah In က သရုပ်ဆောင်ထားပြီး Kim Hae Sook, Jung Yumi တို့အပြင် အခြားသောနာမည်ကြီး သရုပ်ဆောင်များလည်း အားဖြည့်ပါဝင်ထားကြပါတယ်။Kang Chul ဆိုတဲ့ကောင်လေးဟာ ဘူဆန်မြို့ရဲ့ ဆိပ်ကမ်းမှာ ရေခဲလုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ အခြေခံလုပ်သားလေးတစ်ဦးပဲ ဖြစ်ပါတယ်။အထက်တန်းကျောင်းမှာတုန်းက ဖိုက်တာတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရင်းနဲ့ အယ်ဇိုင်းမားရောဂါသည် မိခင်ကို ပြုစုစောင့်ရှောက်ရင်း နေထိုင်နေခဲ့ပါတယ်။သာယာနေတဲ့ ဘဝလေးထဲကို တစ်နေ့မှာတော့ အမေဖြစ်သူရဲ့ ရောဂါအခြေအနေဆိုးရွားလာမှုကြောင့် ခွဲစိတ်ဖို့ ငွေအရေးပေါ်လိုအပ်လာခဲ့ပြီး သူငယ်ချင်းဖြစ်သူရဲ့ အချိတ်အဆက်နဲ့ ဘူဆန်ရဲ့မြေအောက်လောက ဂိုဏ်းကဏ္ဍတွေမှာ ပါဝင်ပတ်သတ်မိသွားတဲ့အချိန်မှာတော့ ပြန်ရုန်းထွက်နိုင်ဖို့ လွယ်ကူပါဦးမလား၊ မိခင်ကိုရော ကယ်တင်နိုင်ပြီး လွတ်မြောက်သွားနိုင်မလားဆိုတာကို ...
movie
Tough as Iron (2013)
6.1
Mr. Go (2013)
အသက်၁၅နှစ်ပဲရှိသေးတဲ့ ဆပ်ကပ်ဆရာမလေးwei weiဟာ သူ့အဖိုးဆုံးပါးသွားတဲ့အချိန်မှာ ဆပ်ကပ်ကနေဂေါ်ရီလာLing Lingနဲ့ အတူထွက်လာပါတော့တယ် သူ့အဖိုးဟာဘေ့စ်ဘောကိုအရမ်းကြိုက်တဲ့သူဖြစ်ပြီး Ling Lingကိုလည်းနေ့စဉ်လေ့ကျင့်ပေးခဲ့ပါတယ် အဲ့တာတွေကြောင့်ပဲLing Lingရဲ့ဘေ့စ်ဘောရိုက်ချက်တွေဟာ လူတကာမျက်စိကျစရာဖြစ်လာပါတော့တယ် တကယ်လက်တွေ့သမား အေးဂျင့်Sung Chung Suဟာသိသိချင်းပဲ တောင်ကိုရီးယားရဲ့မေဂျာလိဂ်မှာဝင်ကစားစေခဲ့ပါတယ် အောင်မြင်ဖို့မပြောနဲ့ ပုံမှန်နေရာရဖို့တောင်မလွယ်ကူခဲ့ပါဘူး တကယ့်မေ၈ျာလိဂ်ကြီးမှာLing Lingနဲ့သူ့အုပ်ထိန်းသူWei weiတို့နေရာတစ်နေရာကို ရပါမလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရမှာပဲဖြစ်ပါတယ်ဗျ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ ThinZar Htet ဖြစ်ပြီး အညွှန်းကို စည်သူ မှ ရေးပေးထားပါတယ်
movie
Mr. Go (2013)
2013
7.1
Shoot Me In The Heart ဇာတ်ကားကတော့ Director : Je-Yong Mun ကိုယ်တိုင်ရေးသားရိုက်ကူးထားတဲ့ Korean Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။IMDb Rating - 7.1/10 Box office - US$2.6millionဒီဇာတ်ကားထဲမှာဆိုရင် မင်းသား Lee Min-ki နှင့် Yeo Jin-goo တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။"တစ်ချို့လူတွေက ရူးလို့ အရူးဆေးရုံ(အရူးထောင်)ရောက်လာပေမယ့် တစ်ချို့ကတော့ အရူးဆေးရုံ(အရူးထောင်)ကို အပို့ခံလိုက်ရတာကြောင့် တကယ်ရူးသွားကြပါတယ် "***ဇာတ်လမ်းအညွှန်း***Soo-myung နဲ့ Seung-Min ဆိုသော အရူးနှစ်ကောင်ဟာ အရူးဆေးရုံ(အရူးထောင်)မှာ မထင်မှတ်ပဲတွေ့ကြတာကနေ ဇာတ်လမ်းစထားပါတယ်။Soo-myung ကတော့ သူအသက် ၁၉နှစ်အရွယ်တုန်းက သူ့အမေကိုယ်ကိုကိုယ်သတ်သေတာကို မြင်ခဲ့ရတဲ့စိတ်ဒဏ်ရာကြောင့် ရူးသွားတဲ့အပြင် ကတ်ကြေးမြင်တိုင်း ကြောက်နေရပါတယ်။ ဒါပေမယ့် Seung-Min ကတော့ လူကောင်းနီးပါးပါ။ သူက Paraglider Champian တစ်ဦးဖြစ်ပြီး မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ အရူးဆေးရုံ(အရူးထောင်) ကို ရောက်လာခဲ့ရပါတယ်။Soo-myung က အရင်တုန်းကတော့ ဆေရုံမှာသာ ပျော်ပြိးဆော့နေပေမယ့် Seung-Min ရောက်လာတဲ့အခါမှာတော့ အပြောင်းအလဲကြီးဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ Seung-Min က ထိုအရူးဆေးရုံ(အရူးထောင်)မှ ထွက်ပြေးဖို့ကြိုးစားနေလို့ပါပဲ။ ထိုနောက် Soo-myung ကပါ အတူတူထွက်ပြေးဖို့ ပြောလာခဲ့မှာဆိုရင်တော့.... ထိုအရူးနှစ်ကောင် ထိုအရူးဆေးရုံ(အရူးထောင်)မှ ဘယ်လိုလွတ်အောင် ကြံကြမလဲ... တစ်ခြားအရူးတွေကရော သူတို့နှစ်ယောက်ကို လွတ်မြောက်အောင် ဘယ်လိုဘယ်လိုကူညီပေးကြမလဲ...ဒီဇာတ်ကားထဲမှာဆိုရင်တော့ သူတို့အရူးနှစ်ယောက်ရဲ့ အလွဲလွဲအချော်ချော်ဟာသတွေ ...
movie
Shoot Me in the Heart (2015)
2015
6.7
How to Use Guys with Secret Tips (or) Mens Manual (2013)
ဇာတ်ကားနာမည်က How to use guys with secret tips (သို့မဟုတ်) Men's Manual ပါတဲ့။နွားတစ်ကောင်အသုံးပြုနည်း..အဲလေ...ယောင်္ကျားတို့အားကိုင်တွယ်နည်းလို့ ဆိုရမပေါ့။မင်းသမီးချော Lee Si-young က Choi Bo‑na အဖြစ်အဓိကသရုပ်ဆောင်ထားပြီး မင်းသား Oh Jung‑se , Ji Chang‑wook တို့ပါဝင်ထားပါတယ်။ရိုးရိုးကုတ်ကုတ်နဲ့ အလုပ်ပဲလုပ်နေတတ်တဲ့ Choi Bo‑na တစ်ယောက် အချစ်ဦးကဆော်ပလော်တီးသွားလို့ အချစ်ဆိုတာကို ကြောက်နေခဲ့ပေမယ့် ယောင်္ကျားတို့အားကိုင်တွယ်နည်းလမ်းညွှန်ရသွားတဲ့အခါမှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာ...။IMDb Rating (6.6) ရရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(900 MB) and (380MB) Quality…HD Rip 720p Format…mp4 Duration….01:56:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Black Rose
movie
2013
7.4
Friend (2001)
ဂျွန်ဆုတ် ,ဒုန်ဆု ,ဂျန်ဟို နဲ့ ဆန်တစ် တို့ ဟာ ငယ်စဉ်ကတည်းက အတူဆော့ကစားခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ...သူတို့ထဲမှာမှ ဂျွန်ဆုတ်နဲ့ ဒုန်ဆုတို့ ဟာ ကျောင်းမှာ ကလန်ကဆန်လူဆိုးလေးတွေဖြစ်တာကြောင့် ကျောင်းထုတ်ခံလိုက်ရပါတယ်...နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ ကျန်တဲ့သူငယ်ချင်း နှစ်ယောက်ဟာ တက္ကသိုလ်အသီးသီးဆက်တက်ခဲ့ကြပေမယ့်....ဂျွန်ဆုတ်ကတော့ အိမ်ထောင်ကျသွားပြီး ဒုန်ဆုကတော့ လူဆိုးဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်....ကျန်တဲ့သူငယ်ချင်းနှစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခဲ့ပေမယ့် ဒုန်ဆုနဲ့ သိပ်အစေးမကပ်တော့ပါဘူး...ဒါကြောင့် ကျန်သူငယ်ချင်းသုံးဦးသာ အတူတွဲနေမိကြတာပေါ့..ဖြစ်ချင်တော့ ဒုန်ဆု ဦးစီးတဲ့ ဂိုဏ်းဟာ ဂျွန်ဆုတ်အဖေတို့ ဂိုဏ်းနဲ့ ရန်ဘက်ဂိုဏ်းဖြစ်တာမို့ သူငယ်ချင်းနှစ်ဦးကြား အထင်လွဲမှားမှုတွေစတင်လာခဲ့ပါတယ်....ဂျွန်ဆုတ်ကလည်း သူတို့ ဂိုဏ်းခေါင်းဆောင်ကို ဒုန်ဆုက လုပ်ကြံဖို့ကြိုးစားခဲ့တယ်လို့ သံသယဝင်ခဲ့ပြီး...ကျန်တဲ့ဂိုဏ်းသားတွေကလည်း ဒုန်ဆုကို ပြန်လည်လုပ်ကြံဖို့ ကြိုးစားလာတဲ့ အခါမှာတော့....CMကမကြာခင်တင်ဆက်ထားတဲ့ Friend 2 ရဲ့ ရှေ့ကားဖြစ်ပါတယ်....ဂိုဏ်းစတားကားတွေထဲမှာ အတော်လန်းတဲ့ ဇာတ်ကားလေးဖြစ်တဲ့ အပြင် ဒုန်ဆုအဖြစ် ဒါရိုက်တာရင်က သရုပ်ဆောင်ထားတာကြောင့် လက်လွတ်မခံဘဲကြည့်သင့်ပါကြောင်း File Size : (950 ...
movie
Friend (2001)
2001
7.2
Sunflower (2006)
Sunflower (2006)_____IMDb - 7.2/10 ကိုရီးယားကားတွေကြည့်ရင်းခုတစ်လောမှ သတိထားမိတဲ့အကြောင်းတွေရှိတယ် သူတို့ဇတ်ကားတော်တော်များများမှာ ပုစ္ဆာလေးတွေ မေးခွန်းလေးတွေ မြှုတ်ကွက်လေးတွေနဲ အထက်ပါအကြောင်းအကြောင်းအရာများကြောင့် ဆွဲဆောင်မှုအရမ်းကောင်းတယ် ကြည့်ရှုသူပရိတ်သတ်ကို စဉ်းစားစေရင်း ခံစားစေရင်း မျှော်လင့်စေရင်းနဲ့ ဇတ်သိမ်းပိုင်းထိဆွဲခေါ်သွားတယ်.... ဒီကားကတော့ ဇတ်အိမ်လည်းကောင်း မင်းသားကလည်း ဟားဗတ်ဇတ်လမ်းတွဲနဲ့လူသိများတဲ့ မင်းသားကြီး Rae-won Kim ကအဓိကသရုပ်ဆောင်ထားတယ် ရထားပေါ်မှာ လူငယ်တစ်ယောက်ဟာ စာအုပ်လေးဖတ်ရင်း ပါးစပ်ကရေရွတ်နေတယ် နောက်ဘယ်တော့မှရန်မဖြစ်တော့ဘူး နောက်ဘယ်တော့မှ မသောက်တော့ဘူး နောက်ဘယ်တော့မှ မငိုတော့ဘူးဆိုတဲ့စကားတွေပေါ့ သူပုံစံကြည့်ရတာ ပီဘီကလေး ငယ်လေးနဲ့တူတယ် ခပ်ကုတ်ကုတ်နဲ့အားလုံးကိုကြောက်ရွံနေတဲ့ပုံ.... တကယ်တော့သူဟာ အတိတ်တုန်းက တမြို့လုံးကြာက်ရတဲ့လူမိုက်...လူသတ်မှုဖြစ်လို့ထောင် ၁၀ နှစ်ကျရာကနေ လွတ်ရက်စေ့ လို့ဇာတိမြို့ကိုပြန်လာခဲ့တယ်..သူဟာမိဘမဲ့သူဖြစ်ပေမဲ့ ဆက်ပြီးမမိုက်ချင်တော့လို့ လူမိုက်ဂိုဏ်းအဖွဲ့တွေဆီသွားမနေပဲ သူ့ကိုချစ်တဲ့မိသားစုတစ်စုအိမ်မှာသွားနေခဲ့တယ် အဲ့ဒီအိမ်လေးမှာ စားသောက်ဆိုင်လေးလည်းရှိတယ် အဲ့ဒီဆိုင်လေးရဲ့နာမည်က နေကြာပန်းတဲ့...တကယ်တော့ အဲ့ဒီဆိုင်ဟာ အန္တရယ်ဆိုးကြီးကျရောက်နေတယ် အဲ့ဒါကဘာလဲဆိုတော့ လွှတ်တော်အမတ်လုပ်မဲ့သူတစ်ယောက် က အဲ့ဒီဆိုင်ကိုသိမ်းယူဖျက်ဆီးပြီး အဆောက်အဦးတစ်ခုဆောက်ချင်လို့ပါပဲ.... ကဲ လူလိမ္မာလေးတစ်ယောက်အတိတ်တုန်းက ဘာလိုတွေမိုက်ခဲ့လဲ သူ့ကိုမွေးစားခဲ့တဲ့မိသားစုနဲ့ရော ဘယ်လိုပတ်မှုရှိလဲ အမတ်လုပ်မဲ့လူနဲ့အတူရှိတဲ့ ဂိုဏ်းစတားအဖွဲ့တွေကိုရောဘယ်လိုရင်ဆိုင်မလဲဆိုတာတော့ ပရိတ်သတ်ကြီးခံစားကြည့်လိုက်ပါဦး တစ်ခုတော့ကြိုပြောပါရစေ ကြည့်ပြီးရင်တော့ ခင်ဗျားမှာနှလုံးသားရှိသေးသားပဲဆိုတာ ...
movie
Sunflower (2006)
2006