Channel Myanmar

Kim Hye-ja

Mother (2009) 7.7
Mother (2009) Missing You (2016)*******************IMDb....7.7 ဒီရုပ်ရှင်ကတော့ Parasite ဒါရိုက်တာ Bong Joon Ho ရဲ့ နောက်ထပ် လက်ရာကောင်းလေးတစ်ခုဖြစ်တဲ့Thriller Mystery genre လေးဖြစ်တဲ့ Mother ဆိုတဲ့ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေအနေနဲ့ တစ်ခေတ်တစ်ခါ မြန်မာပရိတ်သတ်တွေကြားမှာ ထယ်ဆောက်လို့နာမည်ကြီးခဲ့တဲ့မင်းသား Won Bin, Nation’s mother လို့တောင် တင်စားလို့ရတဲ့ မင်းသမီးကြီး Kim Hye Ja,DOTS ကားထဲမှာ ဆောဒယ်ယောင်းအနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသား Jin Goo တို့ပဲ ဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-၂၈ နှစ်အရွယ် ဉာဏ်ရည်မမှီတဲ့ သားဖြစ်သူ ယွန်းဒိုဂျွန်း (Won Bin) နဲ့အတူနေတဲ့ အမေ (Kim Hye Ja) ဟာဆေးဖက်ဝင်ဆေးပင်တွေနဲ့ တရားမဝင် အပ်စိုက်ကုထုံးကို ကုသပေးကာ နေထိုင်စရိတ်ရှာဖွေနေသူပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ရပ်ကွက်ထဲက အထက်တန်းကျောင်းသူလေးတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရဲတွေဟာ ယွန်းဒိုဂျွန်းကိုစွပ်စွဲထိန်းသိမ်းထားလိုက်တဲ့အခါ ယွန်းဒိုဂျွန်းရဲ့အမေတစ်ယောက်သားဖြစ်သူအပြစ်မရှိကြောင်းကို ...
movie

Mother (2009)

How to Steal a Dog (2014) 6.9
How to Steal a Dog (2014) How To Steal A Dog (2014)"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အညွှန်း နဲ့ ...
movie

How to Steal a Dog (2014)