Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Han-na
7.2
The Bacchus Lady (2016)
The Bacchus Lady (2016)************************IMDb... 7.2 အခုတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် အားလုံးနဲ့ရင်းနှီးပြီးသား မင်းသမီးကြီး Young Yuh Jungအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆုများစွာ ဆွတ်ခူးနိုင်ခဲ့တဲ့ life , drama အမျိုးအစား"The Bacchus Lady" ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~သက် ၆၅ နှစ်အရွယ် ယွန်းဆိုယောင်းက ဝမ်းရေးအတွက် လမ်းပေါ်မှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရင်းတစ်ဆင့်စကား တစ်ဆင့်နားနဲ့ သက်ကြီးရွယ်အိုလူကြီးတွေကြားမှာ နာမည်ကြီးနေခဲ့တာပေါ့။စားဝတ်နေရေးအတွက် တစ်ယောက်တည်း ရုန်းကန်နေရပေမဲ့လည်း သူမဟာ အိမ်ပိုင်ရှင်transgender တစ်ဦးဖြစ်တဲ့ တီနာ၊ နွမ်းပါးတဲ့ ပန်းပုပညာရှင် ဒိုဟွန်း၊ ဆေးခန်းမှာတွေ့ပြီးတော့မထင်မှတ်ဘဲ အိမ်ကိုခေါ်လာမိခဲ့တဲ့ ကိုရီးယား-ဖိလစ်ပိုင် ကပြားကလေးငယ်လေး မင်ဟိုနဲ့အတူအေးချမ်းစွာနဲ့ နေထိုင်နေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ အရင်တုန်းက ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ခဲ့တဲ့ဆယ်ဗီလီရိုဆုန်းက နာမကျန်းဖြစ်နေတာကြောင့် လူ့လောကထဲကနေ ထွက်သွားဖို့အတွက် ဆိုယောင်းကိုကူညီပေးဖို့ တောင်းဆိုခဲ့ရာမှ သနားစိတ်၊ အပြစ်ရှိစိတ်တွေကြောင့်နဲ့ ဆိုယောင်းလည်း ...
movie
The Bacchus Lady (2016)
6.3
Haunters (2010)
Haunters (2010)*****************IMDb..... 6.3 ဒီတစ်ခေါက်မှာတော့ ၂၀၁၀ခုနှစ်မှာပြသခဲ့တဲ့ Action, Sci-fi ရုပ်ရှင်ကား Hauntersနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အဓိကဇာတ်ကောင်အနေနဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Gang Dong Won နဲ့ Go Soo တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ကားသင်္ချိုင်းမှာ အလုပ်လုပ်နေတဲ့ အင်ဂယူနမ် (Go Soo)က တစ်နေ့မှာ အလုပ်ပြုတ်ပြီးယူထိုပီးယားလို့ခေါ်တဲ့ ချေးငွေလုပ်ငန်းတစ်ခုမှာ အလုပ်ရသွားခဲ့တယ်။ အင်ဂယူနမ်က ရိုးသားကြိုးစားပြီးသဘောကောင်းသူမို့ ဆိုင်ရှင်သူဌေး ဂျောင်ရှစ် (Byeon Hie-Bong)၊ ဆိုင်ရှင်ရဲ့ သမီးဖြစ်သူ ချွဲယောင်းဆု(Jung Eun-Chae)နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့အပြင် ကားသင်္ချိုင်းမှာ အတူတူလုပ်ခဲ့တဲ့သူငယ်ချင်းတွေနဲ့လည်း ရင်းရင်းနှီးနှီးနေတဲ့သူပေါ့။တစ်ဖက်မှာတော့ သူတစ်ပါးစိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ချိုအင် ( Gang Dong Won ) က ကလေးဘဝထဲကအိမ်တွင်းအကြမ်းဖက်မှုကြောင့် အဖေဖြစ်သူကို ကိုယ်တိုင်သတ်ခဲ့တဲ့ စွမ်းအားရှင်တစ်ယောက်ဖြစ်တယ်။လူထူးလူဆန်းလို့ သတ်မှတ်ပြီး လူတွေနဲ့အဝေးမှာနေတဲ့ ချိုအင်ကတော့ စိတ်စွမ်းအားကိုသုံးပြီးချေးငွေလုပ်ငန်းရှင်တွေဆီက ပိုက်ဆံတွေကိုယူပြီး ပြစ်မှုကျူးလွန်နေခဲ့တာဖြစ်တယ်။ တစ်နေ့မှာတော့အင်ဂယူနမ်တို့ ...
movie
Haunters (2010)
The House of Us (2019)
The House of Us(2019) ***********************ကလေးဘဝ..လောကကြီးရဲ့ အသစ်အဆန်းတွေကို စတင်သင်ယူချိန်မှာ မိဘဟာအရေးကြီးဆုံးပါပဲ။ဒီလိုအခြေအနေမျိုးမှာ တစ်ခုရှိတာက အဆင်မပြေမှုလေးတွေကြုံတိုင်း ကလေးဘဝရဲ့ ...ဒုတိယအခင်တွယ်ဆုံးဟာ သူငယ်ချင်းလေးတွေပါပဲ။ မိဘတွေရဲ့ ကွာရှင်းဖို့အထိဖြစ်လာတာမျိုးတွေ...ဒီပတ်ဝန်းကျင်မှာ နေသားကျတုန်း ခဏ ခဏ အိမ်ပြောင်းရဖို့ ဖြစ်လာတာမျိုးကြုံရတဲ့ကလေးတွေအဖို့...နာကျင်မှုနဲ့ စိတ်ဒဏ်ရာလေးတွေက ရတတ်စမြဲပါ။ ဒီကားလေးထဲမှာ အဲဒီလိုအဖြစ်အမျိုးမျိုးကြုံကြတဲ့...ကလေးလေး (၃)ယောက်ရှိပါတယ်။ တစ်ယောက်က အဖေနဲ့အမေအိမ်ထောင်ကွဲဖို့ဖြစ်လာတဲ့ကောင်မလေး..ကျန်(၂)ယောက်က မိဘတွေက အလုပ်ရှိရာမြို့ကိုခဏ ခဏပြောင်းနေရတဲ့မိသားစုတွေက ကလေးတွေပါ။သူတို့(၃)ယောက်ဟာ ခံစားချက်ချင်းလည်းတူကြတော့ အရမ်းခင်တယ်ကြပါတယ်။ အိမ်ရဲ့အဆင်မပြေမှုတွေကြား..အချင်းချင်းဆုံလိုက်တိုင်း စကားတွေပြောရင်း ကလေးဘဝထင်ရာလုပ်ရင်း ပျော်ရွှင်ကြရတယ်...နောက်တော့ သူတို့ကလေး(၃)ယောက်တိုင်ပင်ကြတယ်။ သူတို့တတ်စွမ်းတဲ့ ဉာဏ်ကလေးကိုသုံးပြီး...မိဘတွေမကွာရှင်းရအောင်ရယ်၊ အိမ်ခဏ ခဏပြောင်းရတဲ့အဖြစ်မျိုး နောက်မကြုံရအောင်ရယ်...ကာကွယ်ဖို့ကြိုးစားကြပါတော့တယ်။ ဒီကားလေးဟာ ကလေး(၃)ယောက်ကို အဓိကထားရိုက်ကူးပြီး...သူတို့တွေရဲ့ဖြစ်စဉ်နဲ့ ကျွန်တော်တို့ကလေးဘဝက အဖြစ်မျိုးမတူခဲ့ရင်တောင် အလားတူခံစားချက်မျိုးတွေရှိခဲ့တာကြောင့်..ငယ်ဘဝနဲ့ သူငယ်ချင်းတွေကို အမှတ်ရစေပါတယ်။ တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။ရယ်လည်းရယ်ရသလို ဝမ်းနည်းသနားစရာလည်းကောင်းလှတာမို့ ခံစားကြည့်ကြပါဦး....ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Angel ပဲဖြစ်ပါတယ်File Size : 1.71GB , 630MB Quality ...
movie
The House of Us (2019)
6.3
Roman Holiday (2017)
Roman Holiday (2017) ********************လူမိုက်လုပ်နေပေမဲ့ နဂိုစိတ်ထားက အရမ်းကောင်းနေကြတော့...ပြန်ပေးဆွဲတာတောင် ဓားစာခံတွေကို ပျော်အောင်ထားပေးမယ့်...သူငယ်ချင်းသုံးယောက်ရဲ့ ကိုရီးယားဟာသ ဇာတ်ကားလေးဖြစ်ပါတယ်။Cast တွေအနေနဲ့ကတော့ movie ပေါင်းများစွာမှာ ပါဝင်ခဲ့ကြတဲ့ မင်းသားတွေဖြစ်တဲ့...Im Chang Jung နဲ့ Gong Hyung Jin တို့အပြင်...ဟာသcharacter တွေနဲ့ လူသိများတဲ့ မင်းသား Jung Sang Hoon တို့က..သုံးယောက် squad အနေနဲ့ chemistry မိမိပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း --------------အင်ဟန် (Im Chang Jung), ဂီဂျူ (Gong Hyung Jin)နဲ့ ဒူမန် (Jung Sang Hoon) တို့က..ငယ်ငယ်ကတည်းက မိဘမဲ့ကျောင်းမှာ ခင်မင်ခဲ့ကြတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေပါ။မိဘတွေမရှိဘဲ ကြီးပြင်းလာကြတဲ့ သူတို့အတွက် တခြားငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေ မရှိပေမဲ့..ကောင်းတာလုပ်လုပ် ဆိုးတာလုပ်လုပ် အမြဲဘေးမှာအဆင်သင့်ရပ်တည်ပေးခဲ့ကြတဲ့...ညီအစ်ကိုလိုသူငယ်ချင်းတွေတော့ ပိုင်ဆိုင်ခဲ့ကြတယ်။ တစ်နေ့မှာတော့ သူတို့သုံးယောက်က..ပိုက်ဆံသယ်လာတဲ့ ကုန်တင်ကားတစ်စီးကို ဓားပြတိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ဓားပြတိုက်တဲ့နေရာမှာ ...
movie
Roman Holiday (2017)
6.6
Voice of Silence (2020)
Voice of Silence 2020 ================= ဒီကားကတော့ ၂၀၂၀နှစ်ကုန်နားနီးမှ အသစ်ထွက်ရှိထားပြီး IMDB 6.6/10 ထိရထားတဲ့ Crime/Drama အမျိုးစားဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့ Aliveထဲကမင်းသား Yoo Ah-In နဲ့ Reply 1988 တို့ Itaewon Class တို့က မင်းသားကြီး Yoo Jae-Myung တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ကြက်ဥအရောင်းအဝယ်ဗန်းပြပြီး လူဆိုးဂိုဏ်းတွေက လူသတ်တာတွေအတွက် တာဝန်ယူအလောင်းဖျောက်ပေးရတဲ့ ကြေးစား အလောင်းဖျောက်ပေးတဲ့သူနှစ်ယောက်အကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပါတယ် တစ်ရက်မှာသူတို့အတွက် ပုံမှန်အလောင်းဖျောက်နေကြအလုပ်မျိုးနဲ့ မတူတဲ့ တခြားသော အော်ဒါတစ်ခုကို လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်ကစေခိုင်းလာခဲ့ပါတယ် စေခိုင်းပြီးနောက် ဒီလူဆိုးခေါင်းဆောင်ကလည်း သေဆုံးသွားတဲ့အခါ... ဒီအလုပ်ကိုလက်ခံပြီးနောက် ဘယ်လိုအကြောင်းအရာမျိုးတွေ ဆက်ဖြစ်လာမယ်ဆိုတာတော့ စိတ်ဝင်စားဖွယ်တင်ဆက်ထားလို့ ကိုယ်တိုင်ပဲခံစားကြည့်စေချင်ပါတယ် Yoo Ah-In ပါဝင်ထားတဲ့ ကားတော်တော်များများကောင်းတာများလို့ Mystery ဆန်ဆန်ကားမျိုး ကြိုက်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ် Translated by : Phue Nge Nge Thein, Moe Pwint Encoded by : Thit ...
movie
Voice of Silence (2020)
2020