Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kim Hae-sook
6.8
Kundo: Age of the Rampant (2014)
Kundo: Age of the Rampant(2014) **********************************IMDb...6.8(၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို ပြန်တင်ဆက်ပေးရတဲ့ အကြောင်းအရင်းက Ma Dong-seok ကြောင့်ဆိုရင်လည်းမမှားပါဘူး....ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable ,The Outlaws တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင်အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက်လွင့်သွားတာလည်း အားရစရာကြီးပါပဲ...ဒီကားထဲမှာလည်း သံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်...နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး..သူရိုက်သမျှကားတိုင်းဟာ ကောင်းမွန်တယ်လို့တောင်မှတ်ကျောက်တင်ခံရတဲ့သူပါ....ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကိုရိုက်ပြထားတာပါ...ဇာတ်လမ်းဇာတ်ကွက်လည်းကောင်းသလို ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း ကိုရီးယားရဲ့နာမည်ကျော်တွေကြီးပဲစုရိုက်ထားသလားမှတ်ရပါတယ်... ပြီးတော့ အက်ရှင်ခန်းပေါင်းများစွာပါဝင်တဲ့အတွက်ကြောင့် Action ကားကောင်းကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါဘူး... (အညွှန်းကို Megumi မှ ရေးသားထားပါတယ်) File size…1.72GB / 878MB Quality… Blu-Ray 1080p/ 720p Format…mp4 Duration….2h 17m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet
movie
Kundo: Age of the Rampant (2014)
6.4
Miss Butcher (2017)
Miss Butcher (2017)*******************IMDb... 6.4 မှုခင်းစုံထောက်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်များအတွက် ဒီတစ်ခေါက်မှာတော့ 2017 ခုနှစ်ကထွက်ရှိခဲ့ပြီး မင်းသား Kim Min Joonနဲ့ မင်းသမီး Seo Youngတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့Miss Butcherဆိုတဲ့ ဇာတ်ကားကောင်းလေးကို Channel Myanmarမှ တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းဆွန်းအယ် (Seo Young) ဟာ ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အသားအရောင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ဆိုင်ကနေ ရောင်းချတဲ့ အသားတွေဟာ လတ်ဆတ်ပြီးအရည်အသွေးကောင်းတာကြောင့် နာမည်ကျော်ကြားလှတဲ့အပြင် သူမရဲ့ လှပတဲ့ရုပ်ရည်ကြောင့် သူမရဲ့ဆိုင်ကိုယောကျ်ားလေးဧည့်သည်အများစု လာရောက်ဝယ်ယူလေ့ရှိကြပါတယ်။တစ်နေ့မှာတော့ ဆွန်းအယ်ရဲ့ဆိုင်အနီးနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ လူတစ်ယောက်ဟာ ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ်ရက်ပိုင်းအတွင်းမှာပဲ ထိုလူသတ်မှုနဲ့ အလားတူတဲ့ လူသတ်မှုနောက်တစ်ခု ထပ်မံဖြစ်ပွားခဲ့တဲ့အခါမှာတော့ စုံထောက် ဂင်ဂူဟို (Kim Min Joon) ဟာ အဲဒီလူသတ်မှုတွေကိုစုံစမ်းစစ်ဆေးဖို့ တာဝန်ကျပြီး ဆွန်းအယ်နဲ့ တွေ့ဆုံလာတဲ့အခါမှာတော့..မသင်္ကာစရာအချက်တွေနဲ့ ပြည့်နေတဲ့ ဆွန်းအယ်ကို စုံထောက်ဂင်ဂူဟိုတစ်ယောက် ...
movie
Miss Butcher (2017)
7.5
A Long Visit (2010)
A Long Visit (2010)********************CM ပရိတ်သတ်ကြီးတို့အတွက် ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ မိခင် မေတ္တာဖွဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် .. ပြည်သူ့မိခင်ကြီးလို့တောင် တင်စားခေါ်ဝေါ် ရလောက်တဲ့ မင်းသမီးကြီး Kim Hae-Sook နဲ့ မင်းသမီး Park Jin-Hee တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် .. ။- ဇာတ်လမ်းအကျဉ်း - ********************အန်ဟယ်ဆု (Kim Hae-Sook) ကတော့ သမီးကြီးကို ၂ နှစ်သားအရွယ်မှာတင် ဆုံးရှုံးလိုက်ရတာဖြစ်လို့ သမီးလတ်ဖြစ်သူ ဂိုဂျီဆု (Park Jin-Hee) အပေါ် အထူးတလည် တွယ်တာစိတ်ကြီးမားပြီး သမီးလေးစိတ်တိုင်းကျ ဘာမဆို ဖြည့်ဆည်းပေးတတ်တဲ့ အမေတစ်ယောက်ပါ။ဒါပေမဲ့ ဂျီဆုကတော့ အိမ်ထောင်ရက်သားကျလို့ ကလေးမွေးပြီးနောက်မှာတောင် အမေက သူ့ကို ကလေးလိုပဲ ဆက်ဆံနေဆဲဖြစ်လို့ တစ်ခါတလေ အမေ့အပေါ် ပြန်ညည်းညူပြတတ်တဲ့ သမီးဆိုးလေးပေါ့ ။ဒီလိုနဲ့ တစ်နေ့မှာ ဂျီဆုက သူ့ဆီမှာ ကင်ဆာရောဂါရှိနေတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက် သူ့မှာ ရောဂါရှိနေတာကို ဖုံးကွယ်ပြီး အမေနဲ့ နောက်ဆုံးအကြိမ်အဖြစ် အချိန်အတူကုန်ဆုံးဖို့ အမေနေတဲ့ရွာလေးဆီ ...
movie
A Long Visit (2010)
6.8
Herstory (2018)
Herstory (2018)*****************IMDb..... 6.8 ဒီရုပ်ရှင်ဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားတွေကြောင့် လိင်ကျွန်ဖြစ်ခဲ့ရတဲ့နစ်နာသူ ကိုရီးယားအမျိုးသမီး ၁၀ဦးဟာ ဂျပန်တရားရုံးအထိသွားပြီး ဂျပန်အစိုးရကို တရားစွဲခဲ့တဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2018 Eleven Best Films of the Year,Best Actress Award နဲ့ Best Supporting Actress Award အပါအဝင် ဆုပေါင်းများစွာ ရရှိထားတဲ့ဇာတ်လမ်းလည်း ဖြစ်ပါသေးတယ်။Castတွေအဖြစ်လည်း တကယ့် မင်းသမီးကြီးတွေဖြစ်ကြတဲ့ Kim Hee Ae, Kim Hae Sook,Ye Soo Jung, Moon Sook, Lee Yong Nyeo နဲ့ မင်းသား Kim Jun Han တို့အပြင်ဝါရင့်သရုပ်ဆောင်ကောင်းများစွာလည်း ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့မွန်းဂျောင်ဆု (Kim Hee Ae) ဟာ ဘူဆန်မှာ ခရီးသွားအေဂျင်စီတစ်ခု ပိုင်ဆိုင်ထားပြီး ...
movie
Herstory (2018)
8.5
It’s Okay! (2025)
It’s Okay! (2025)******************IMDb.....8.528th Busan Film Festivalမှာ Premier ပြသခဲ့တဲ့ It’s Okay! ဆိုတဲ့ လူငယ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Castတွေကတော့ Movingထဲက Lee Jung Ha, Castaway Diva ထဲကLee Re, Friendly Rivalry ထဲက Chung Su Bin My Liberation Noteထဲက Son Suk Ku,Happiness Battleထဲက Jin Seo Yeonတို့ အဓိက ပါဝင်ထားပါတယ်။-ဇာတ်လမ်းအညွှန်း-ဆိုးလ်အနုပညာအဖွဲ့မှာ အက ပညာကို လေ့လာနေတဲ့ အင်ယောင်း (Lee Re)ဟာ အမြဲတမ်းသွက်သွက်လက်လက် ရှိတဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူ ဆုံးပါးပြီးနောက်မှာတော့နေစရာ မရှိတဲ့ အတွက် ကျောင်းက လေ့ကျင့်ရေးအခန်းမှာ ပုန်းအောင်းပြီး နေနေခဲ့ပါတယ်။တစ်ရက်မှာတော့ အနုပညာအဖွဲ့က နည်းပြ တဖြစ်လည်း ...
movie
It’s Okay! (2025)
7.2
Along with the Gods: The Two Worlds (2017)
Along with the Gods: The Two Worlds (2017)**********************************************IMDb..... 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon,Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။-ဇာတ်လမ်းအညွှန်း-လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်းတရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲသူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာတရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ ...
movie
Along with the Gods: The Two Worlds (2017)
7.0
My Brother (2004)
၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပြီး မင်းသားကြီး Shin Ha Kyun နဲ့ Won Bin တိုရဲ့ ယနေ့ချိန်ထိ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းစာရင်း၀င်နေဆဲ ညီအစ်ကိုဇာတ်လမ်း။စိတ်ထားကောင်းပြီး ရိုးတဲ့မိန်းမတစ်ယောက် ရှိခဲ့တယ်။ ပြီးတော့ ဓါတ်ပုံရိုက်ရတာကြိုက်တဲ့ယောက်ျားတစ်ယောက် ရှိခဲ့တယ်။ နှစ်ယောက်သား ချစ်မိသွားကြပြီး လက်ထပ်ခဲ့ကြတယ်။ ကလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။ ဒါပေမဲ့ ကလေးမျက်နှာကိုကြည့်ပြီး ဘယ်သူကမှ မပျော်ရွှင်ခဲ့ကြဘူး။ မိန်းမက တက်နေကျဘုရားကျောင်းကို ဆက်မတက်တော့ဘူး။ ပြီးတော့ ယောက်ျားက ဓါတ်ပုံဆက်မရိုက်တော့ဘူး။ ယောက်ျားက မိန်းမ မသိအောင် ကလေးကို စွန့်ပစ်လိုက်တယ်။ဒါပေမဲ့ မိန်းမက ကလေးကို ပြန်ယူလာခဲ့တယ်။ အဲဒီနေ့ပြီးတော့ ယောက်ျားက နာမကျန်းဖြစ်ရင်းကနေ ဆုံးပါးသွားခဲ့တယ်။ နည်းနည်းလောက်ကြာတော့ မိန်းမက သူ့မှာ နောက်ထပ် ကိုယ်၀န်လွယ်ထားရတာကို သိလိုက်ရတယ်။ ပြီးတော့ မိန်းမက ဆုံးဖြတ်ချက်ချလိုက်ခဲ့တယ် ရှေ့လျှောက် စိတ်သဘောထားကောင်းပြီး ရိုးမနေတော့ဘူးလို။ သူသန်သန်မာမာနေပြီး ...
movie
My Brother (2004)
Love On-Air (2012)
Love-On Air (2012) ******************ဒီကားလေးထဲမှာတော့ F4 မှာပါဝင်ခဲ့တဲ့ Lee Min Jung နဲ့အတူ ...The K2, The king of eternal monarch တို့မှာပါဝင်ခဲ့တဲ့ Lee Jung Jin..ပရိတ်အချစ်တော် Lee kwang soo နဲ့အတူ တခြားသော သရုပ်ဆောင်များစွာ...ပါဝင်ရိုက်ကူးထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်ဇာတ်လမ်းအညွှန်း ---------------ရှင်းဂျင်အာဆိုတဲ့ကောင်မလေးက ကိုရီးယားမှာနာမည်အကြီးဆုံး...မိန်းကလေးအဆိုတော်အဖွဲ့ Purple ရဲ့ leaderတစ်ယောက်ပေါ့။အကြောင်းအမျိုးမျိုးကြောင့် သူတို့ disband ဖြစ်သွားပြီးနောက်..ဂျင်အာက Wonderful radio အစီအစဉ်မှာ DJ တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ ရေဒီယိုပရိုဂရမ်ရဲ့ rating တွေ ကျနေတာကို ကယ်တင်ဖို့အတွက်...အီဂျယ်ဟျော့ဆိုတဲ့ PD တစ်ယောက်အသစ်ရောက်လာပါတော့တယ်။စတွေ့ကတည်းက အကြောမတည့်ကြတဲ့ PD နဲ့ DJ တို့ကတောက်ကဆလေးတွေ စတင်လာခဲ့ပါတယ်။တစ်နေ့မှာတော့ ဂျယ်ဟျော့က ဂျင်အာကို ပရိုဂရမ်အတွက် အိုင်ဒီယာအသစ်ထုတ်လာခိုင်းပါတော့တယ်။ခေါင်းစားနေရတဲ့ဂျင်အာက အမေဖြစ်သူ သီချင်းဆိုနေတာကို ...
movie
Love On-Air (2012)
5.8
Love Clinique (2012)
Love Clinique (2012) ********************* 2012ခုနှစ်မှာ ပြသခဲ့တဲ့ ဟာသရုပ်ရှင် LOVE CLINIQUE မှာ မင်းသားYoon Sang-Hyun, Choi Jin-Hyuk နဲ့ မင်းသမီး Park Ha-Sun, Lim Jung-Eun တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ********************* ကီးကြောင်ပြီး ဒေါသကြီးတတ်တဲ့ မိန်းမချောလေး ဒုံဂျူ(Park Ha-Sun)ဟာ ကြင်နာပြီး သီချင်းကောင်းကောင်းဆိုတတ်တဲ့ မင်ဆူ (Choi Jin-Hyuk)ကို အထက်တန်းကတည်းကနေ ၁၀ နှစ်ကျော်ကြာတဲ့အချိန်ထိ ကြိတ်သဘောကျနေခဲ့တာပါ။၁၀ နှစ်အကြာ မင်ဆူ ဂျပန်ကနေပြန်ရောက်လာပြီးတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာပဲ ဒုံဂျူရဲ့ သူငယ်ချင်းဖြစ်သူ ဘိုရာ(Lim Jung-Eun)က မိန်းမလှလေးဖြစ်တဲ့အပြင် အသံကောင်းအဆိုကောင်းတဲ့သူ ဖြစ်တာကြောင့် မင်ဆူက မြင်မြင်ချင်း သဘောကျသွားပါတော့တယ်။ဒါကြောင့် ဒုံဂျူကလည်း အားကျမခံ သူငယ်ချင်းရဲ့ လက်ထပ်ပွဲမှာ ဂုဏ်ပြုသီချင်းဆိုပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ဒါကြောင့် လက်ထပ်ပွဲမတိုင်ခင် ကီးကြောင်တဲ့ပြဿနာကို ဖြေရှင်းဖို့LOVE CLINIQUE လို့ ခေါ်တဲ့ အသံပြုပြင်ရေးသင်တန်းကျောင်းကို ရောက်သွားပါတော့တယ်။အဲဒီသင်တန်းကျောင်းမှာ နည်းပြဖြစ်သူ ရှင်းဟုန်း(Yoon Sang-Hyun)နဲ့ တွေ့ဆုံပြီးဒုံဂျူတစ်ယောက် အလွဲလွဲအချော်အချော်နဲ့ ပြဿနာတွေ ကြုံတွေ့ရပါတော့တယ်။နောက်ဆုံးမှာ ဒုံဂျူတစ်ယောက် မင်ဆူရဲ့ အာရုံစိုက်မှုကိုရော ...
movie
Love Clinique (2012)
Scent of Love (2003)
The Scent Of Love (2003)ကျွန်တော်ကတော့ တစ်သက်တာလို့ ပြောတော့ သူက တစ်ခဏဖြစ်မှာပါတဲ့။ဒီလိုနဲ့ သူ့ထက်ငယ်တဲ့ငချွတ်လေး ကျွန်တော့်အချစ်ကို မယုံကြည်ခဲ့ပါဘူးပေါ့။သူ့ကို နောက်ထပ်မဆုံးရှုံးချင်တော့တဲ့အခါ ရေစက်ဆိုတာ ဖန်တီးယူရမယ်မှန်း လက်ခံလိုက်ရတာပဲ။"အသက်ရှင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊၊ မင်းလိုတာမှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်"လူချင်းနီးနေပေမဲ့ မပြောနိုင်တာတွေ များတဲ့အခါ ဒဏ်ရာတွေက မကုစားနိုင်ပြန်ဘူး။ချစ်ခြင်းတွေက ဖြူစင်တော့လည်း နောင်တတွေက လျော့မသွားပြန်ဘူး။နားလည်မှုတွေ ရှိခဲ့ကြ၊ အကြင်နာတွေ ပိုခဲ့ကြ ဆုံခဲ့ပါလျက်၊ ပျော်ရွှင်ခဲ့ပါလျက်နဲ့များ... မင်းဆီက ဂန္ဓာမာပန်းနံ့ထပ်မရတော့တဲ့အခါ...။၂၀၀၃ ခုနှစ်က ထွက်ရှိထားတာမို့ လွမ်းလွမ်းဆွေးဆွေး Melodrama မျိုးကို ၂၀၀၀ ခုနှစ်က ခံစားသက်ဝင်မှုအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်)Genre..... Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.5GB | 1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Su Myat Encoder ..... Aaron
movie
Scent of Love (2003)
6.9
Alienoid: Return to the Future (2024)
Alienoid : Return to the Future (2024)Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ကတော့ Part 2 ထွက်လာပါပြီဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင် Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့ Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Fantasy, ...
movie
Alienoid: Return to the Future (2024)
2024
6.9
Alienoid (2022)
(function(f,b,n,j,x,e){})();Aliennoid (2022)ထွက်မလာခင်ကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေစောင့်နေတဲ့ Sci-Fi Action အမျိုးအစား Alienoid Part 1 ကတော့ ထွက်လာပါပြီ ကျွန်တော်ကတော့ စောင့်ရကျိုးနပ်တယ်လို့ပဲ ပြောချင်ပါတယ်သုံးထားတဲ့ CGI တွေ နောက်ခံစကားပြော သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင်တွေနဲ့အလိုက် သရုပ်ဆောင်တွေကို သုံးထားတာတော့ အံဝင်ခွင်ကျပါပဲမင်းသား Woo Bin ရဲ့ Comeback ရုပ်ရှင်ကတော့ K Industry မှာ တစ်ခေတ်ဆန်းသစ်ပြန်ပါပြီဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဂိုလျောခေတ်ကို ဂြိုဟ်သားတွေ ရောက်လာတဲ့ကိစ္စပါပဲ တစ်ချိန်တည်းမှာပဲ လက်ရှိခေတ်မှာရော ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ်ကိုရောက်လာပါလေရော အချိန်နှစ်ခုကို ယှဉ်ရိုက်ထားပြီး အဲဒီအချိန်နှစ်ခုကြားမှာ ဘယ်လို ပတ်သက်ဆက်နွယ်မှုတွေ ရှိသလဲဆိုတာကတော့ မြှုပ်ကွက်တစ်ခုပါပဲအားလုံးပဲသိတဲ့အတိုင်း ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း သူ့ထက်ငါ တပြားမှမလျော့ကြတဲ့သူတွေပါပဲ- Reply 1988 ထဲက Ryu JunYeol - Our Blues ထဲက Kim Woo Bin - 25-21 ထဲက သည်းသည်းတုန်လေး Kim Tae Ri ...
movie
Alienoid (2022)
2022
4K HEVC
Our Season(2023)
Our Season(2023)*****************ဒီကားက ပိုစ်စတာကလည်းဆွဲဆောင်မှုမရှိ...ခပ်မိုက်မိုက်မင်းသားတွေလည်းမပါ...မင်းသမီးကြီးတွေဖြစ်တဲ့ Kim Hae Sook ,Shin Min Ah wတို့ပါတယ်ဆိုသော်ငြားလည်းကောင်းပါ့မလားလို့ကျွန်တော့်လိုတွေးမိကြမယ်သူတွေများမယ်ထင်တယ်...သို့သော်ဒီကားက ၂၀၂၃ရဲ့ အကောင်းဆုံးသော ကွီးယားကားတွေထဲကိုထည့်ကိုထည့်ရမယ်ထင်တယ်...ဘတ်ဘို့ဂျာဆိုတဲ့အသက် ၆၀ ဝန်းကျင်အမျိုးသမီကြီးဟာ နှလုံးရောဂါနဲ့ရုတ်တရက်ဆုံးပါးသွားတယ်..သေလွန်ပြီးလို့ ဝိဉာဉ်ဘဝနဲ့ ရှိနေချိန် သေမင်းကနေ သူ့ကို အားလပ်ရက်အဖြစ် အချိန်(၃)ရက်ပေးပါတယ်..ပြောရရင် တခြားဘဝတစ်ခုကိုမကူးခင် နောက်ဆုံးဆန္ဒအနေနဲ့ ၃ ရက်မှာ လုပ်ချင်တာလုပ်ပါစေဆိုတဲ့သဘောပေါ့...ဘတ်ဘို့ဂျာဆိုတဲ့အမျိုးသမီးကြီးကတော့ သူမရဲ့ သမီးဖြစ်သူအနားမှာနေရင်း အချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ သမီးဖြစ်သူရှိတဲ့နေရာကို ရောက်သွားခဲ့တဲ့အချိန်မှာတော့... အားလုံးကိုပြောချင်တာကတော့ ဒီကားလေးကို ကြည့်ဖို့အချိန်မပေးနိုင်ရင်တောင်လောဆယ်ဒေါင်းသိမ်းထားကြပါ..အားလပ်တဲ့အချိန်လေးမှာ လူတိုင်းကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်... File size…1.2GB & 486MB Quality…Web-Dl1080p , 720p Format…mp4 Duration….1hr 45min Genre ….. Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet,Miri,Stary & Hnin Wai Oo
movie
Our Season(2023)
6
Dead Friend aka The Ghost (2004)
Dead Friend aka The Ghost (2004) အညွှန်းဒီတစ်ခေါက်မှာတော့ ၂၀၀၄ တုန်းကထွက်ရှိခဲ့တဲ့ Horror မူဗီဟောင်းလေးကိုတင်ဆင်ပေးချင်ပါတယ်လွန်ခဲ့တဲ့ တစ်နှစ်လောက်က မတော်တဆမှုကြောင့် အတိတ်မေ့ရောဂါကိုခံစားနေရတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးဟာ သူ့ဘဝမှာ ရည်ရွယ်ချက်ပျောက်ဆုံးပြီး အရာရာကစိမ်းသက်နေတာမို့ နိုင်ငံခြားကိုထွက်သွားဖို့ ရည်ရွယ်နေသူလေးပါ လက်ရှိဘဝမှာတော့ သူဟာ ရှက်ကြောက်တတ်တဲ့သူပေမယ့် ဘယ်လိုရှုပ်လီပွေနေတဲ့သူ့အတိတ်ကြောင့်လဲမသိ သူ့သူငယ်ချင်းတွေဟာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြပါတယ်အဲဒါအပြင် သူကိုယ်တိုင်လည်း ထူးဆန်းတာတွေမြင် အိမ်မက်ဆိုးထဲမှာလည်းခြောက်လှန့်ခံလာရပါတော့တယ် သူက အတိတ်မှာ ဘယ်လိုလူမျိုးဖြစ်ခဲ့တာမို့ ဒီလိုအကျိုးဆက်တွေကိုခံစားနေရတာများလဲ ကိုယ့်ကိုယ်ကိုယ် ကိုယ့်အတိတ်ကို ပြန်ရှာနေတဲ့ မင်ဂျီဝန်းဆိုတဲ့ကောင်မလေးအကြောင်းကို Horror vibe အပြည့်နဲ့ကြည့်လိုက်ရအောင်နော်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 1080p | 720p File size… 1.8GB | 808MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....Shin and ...
movie
Dead Friend aka The Ghost (2004)
2004
6.2
Open City (2018)
Open City (2018)တို့မမကြီး Son Ye Jin ကြမ်းခဲ့ရမ်းခဲ့တဲ့ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် သားတစ်ယောက်အမေမမရဲ့ ခါးပိုက်နှိုက်ဂိုဏ်းခေါင်းဆောင်အဖြစ် သရုပ်ဆောင်ထားတာပါဂျပန်ရောကိုရီးယားမှာရော ခါးပိုက်နှိုက်ကို တွင်တွင်ကျယ်ကျယ်လုပ်နေတဲ့ ဘဲ့ဂျန်မီ အမေခါးပိုက်နှိုက် ကိုယ်လည်း ငယ်ငယ်ထဲက အမေနဲ့အတူခါးပိုက်နှိုက်ပဲလုပ်စားလာခဲ့ရင်း ရဲတွေအလိုရှိတဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်အိုဆာကာမှာ ပြသနာတက်ခဲ့လို့ရှောင်ပြေးလာရာက ကိုရီးယားရောက်တဲ့အခါ ဂိုဏ်းပေါင်းစုံကြားဘာတွေကြုံတွေ့ရမလဲ? ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ?အရမ်းတော်တဲ့စစ်ဆေးရေးမှူးရဲသားတစ်ယောက်ပေမဲ့ ခါးပိုက်နှိုက်မှုတွေဆိုရင် လုံးဝကို မလိုက်တဲ့ ဂျိုဒယ်ယောင်း သူကရောဘာကြောင့် ခါးပိုက်နှိုက်အမှုတွေမလိုက်တာလဲ? အတိတ်မှာရော ဘယ်လိုတွေဖြစ်ခဲ့လို့လဲ? ဘဲ့ဂျန်မီနဲ့ဂျိုဒယ်ယောင်းက ဘယ်လိုဖြစ်ရပ်တွေဖြစ်ခဲ့တာလဲ? ကဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Kong Hou ပဲ ဖြစ်ပါတယ်။Genre..... Action, Crime Quality…. 1080p | 720p | 480p File size… 2.3GB | 1.1GB | 524MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... KongHou Encoder ..... Aaron
movie
Open City (2018)
2018
4.7
[18+] Wet Dreams 2 (2005)
အပျိုဖော်မဝင့်တဝင် အမျိုးသမီးတို့ဓမ္မတာ အစပျိုးလေးတောင် မလာဖူးသေးတဲ့ရွှေရင်သိမ်းသစ်စ မိန်းကလေးတစ်ယောက်ရဲ့ဘဝအတွက် အကြီးမားဆုံးရည်မှန်းချက်၊ စိတ်ကူးယဉ်အိမ်မက်တွေကဘယ်လောက်များခမ်းနားကြီးကျယ်နေနိုင်မလဲ? ဆောင်အွန်းဆိုတဲ့ကောင်မလေးကတော့ မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးရဲ့အလှအပ၊မင်္ဂလာဆောင်ရဲ့ခမ်းနားမှု ကြည်နူးဖွယ်တွေကို အားကျနေခဲ့ပြီးတော့ တောက်လျှောက်စိတ်ကူးယဉ်နေမိခဲ့တာပါ။ သူဟာ မင်းသားလေးတစ်ပါးကို အိမ်မက်မက်ထားတယ်။ အဲ့ဒီမင်းသားလေးဟာ သူ့ဖူးစာဖက် ဧကန်ဖြစ်ပြီး တစ်နေ့မှာ သူတို့ပျော်ရွှင်စွာပေါင်းဖက်ရမယ်ဆိုတာမျိုးပေါ့။ အဲ့ဒါ သူ့အိမ်မက်အကုန်ပါပဲ။ တစ်နေ့တော့ သူစာသင်ခန်းထဲမှာ အိပ်ပျော်နေရင်း မျက်လုံးအဖွင့်မှာ အိမ်မက်ထဲက မင်းသားလေးကိုမျက်ဝါးထင်ထင်တွေ့မြင်လိုက်ရပါတော့တယ်။ သူ့ရဲ့မင်းသားလေးဟာ သူတို့ကျောင်းရဲ့ အလုပ်သင်ကာယဆရာတစ်ယောက်အဖြစ်ရောက်ရှိလာခဲ့တာပါပဲ။ အဲ့ဒီကစလို့ အိမ်မက်တွေ၊ စိတ်ကူးယဉ်တွေ နဲ့ လက်တွေ့ဘဝကို ခွဲခြားနားမလည်တတ်သေးတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ မင်းသားလေးကို ရရှိဖို့ ဘာမဆိုစွန့်လွှတ်စွန့်စားနိုင်တဲ့အထိ အဆင်သင့်ဖြစ်သွားပါတော့တယ်။ သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး၊ သူ့ရဲ့ မိုက်ဖော်ဆိုးဖက် သူငယ်ချင်းမလေးတွေကလဲ သူ့စွန့်စားခန်းကို မြှောက်ပင့် အားပေး ကူညီဖို့ ရယ်ဒီပါပဲ။ Wet Dream ရဲ့နောက်ဆက်တွဲကားဖြစ်ပေမယ့် ပထမကားထက်ပိုပြီးတော့ Serious ဖြစ်တဲ့ဘက်ကိုသွားထားပါတယ်။ အပျော်တွေချည်းသက်သက်မဟုတ်ပဲနဲ့ တကယ်တမ်းရင်ဆိုင်ရမယ့်လက်တွေ့ဘဝရဲ့ပြဿနာလေးတွေကိုပါ ပါးပါးလေးချပြသွားပြီးတော့ အချစ်ဟာသ ဇာတ်လေးကို လှလှပပခင်းသွားပါသေးတယ်။ ၂၀၀၀ ခုနှစ်ကျော်ဝန်းကျင် ခေတ်ကာလတွေ၊ အဲ့ဒီခေတ်က ကိုရီးယားရုပ်ရှင်တွေကိုပြန်သတိရလွမ်းတစေနိုင်တဲ့ အချစ်ဟာသ ...
movie
[18+] Wet Dreams 2 (2005)
6.3
Tough as Iron (2013)
Tough as iron (2013)'ပျော့ရင်ဖယောင်း၊ မာရင်သံချောင်း' ...ဒီကားလေးကတော့ ဘူဆန်မြို့က Kang Chul ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။Kang Chul အဖြစ် Yoo Ah In က သရုပ်ဆောင်ထားပြီး Kim Hae Sook, Jung Yumi တို့အပြင် အခြားသောနာမည်ကြီး သရုပ်ဆောင်များလည်း အားဖြည့်ပါဝင်ထားကြပါတယ်။Kang Chul ဆိုတဲ့ကောင်လေးဟာ ဘူဆန်မြို့ရဲ့ ဆိပ်ကမ်းမှာ ရေခဲလုပ်သားအဖြစ်လုပ်ကိုင်နေတဲ့ အခြေခံလုပ်သားလေးတစ်ဦးပဲ ဖြစ်ပါတယ်။အထက်တန်းကျောင်းမှာတုန်းက ဖိုက်တာတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရင်းနဲ့ အယ်ဇိုင်းမားရောဂါသည် မိခင်ကို ပြုစုစောင့်ရှောက်ရင်း နေထိုင်နေခဲ့ပါတယ်။သာယာနေတဲ့ ဘဝလေးထဲကို တစ်နေ့မှာတော့ အမေဖြစ်သူရဲ့ ရောဂါအခြေအနေဆိုးရွားလာမှုကြောင့် ခွဲစိတ်ဖို့ ငွေအရေးပေါ်လိုအပ်လာခဲ့ပြီး သူငယ်ချင်းဖြစ်သူရဲ့ အချိတ်အဆက်နဲ့ ဘူဆန်ရဲ့မြေအောက်လောက ဂိုဏ်းကဏ္ဍတွေမှာ ပါဝင်ပတ်သတ်မိသွားတဲ့အချိန်မှာတော့ ပြန်ရုန်းထွက်နိုင်ဖို့ လွယ်ကူပါဦးမလား၊ မိခင်ကိုရော ကယ်တင်နိုင်ပြီး လွတ်မြောက်သွားနိုင်မလားဆိုတာကို ...
movie
Tough as Iron (2013)
7.1
The Throne(2015)
2015ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Throne ဆိုတဲ့ဇာတ်ကားဟာ ကိုရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ အဖြစ်အပျက်တစ်ခုကို မှီငြမ်းရိုက်ကူးထားပြီးSong Kang Hoနဲ့ Yoo Ah Inက အဓိကပါဝင်ထားပါတယ်တာဂျိုဆောင်ရဲ့ မင်းကောင်းတစ်ပါးဖြစ်ချင်တဲ့ ဘုရင်ယောင်းဂျိူကသူ နန်းတက်နေစဉ် အစွမ်းကုန် ဆောင်ရွက်ပေးခဲ့တယ်သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး စာပေလေ့လာတာတွေကိုအစွမ်းကုန်လုပ်ဆောင်ပေးခဲ့တယ် ဒါပေမယ့် သားတော်ကအရွယ်ရောက်လာတဲ့အခါမှာ စာပေလိုက်စားတာထက်အနုပညာ၊ဓားရေးလှံရေးတို့ကို ပိုစိတ်ဝင်စားတာကိုသိရှိသွားတဲ့အခါ သားအဖကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်လာပါတယ်ဒါ့အပြင် နန်းတော်ထဲမှာ သွေးထိုးမှု ဆူပုံအုံကြွမှုတွေဖြစ်လာပြီး သားတော်အိမ်ရှေ့စံဆာဒိုကို ပုန်ကန်သူအဖြစ် စွပ်စွဲလာကြပါတယ်သက်သေမလုံလောက်ပေမယ့် သားဖြစ်သူကို အပြစ်ပေးခဲ့ပြီးတော့ပုန်ကန်သူတစ်ယောက်ရဲ့ အဖေဆိုတဲ့ နာမည်က သူ့ထီးနန်းကိုထိခိုက်နိုင်တာကြောင့် သားကို သေတ္တာထဲ ထည့်ပြီး သတ်ဖို့လုပ်ရာကနေ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုလိုက်ရအောင် File size…1.7GB / Quality…1080p Blu Ray DTS 5.1Ch / Format…Mp4 Duration….2h 5min Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated ...
movie
The Throne(2015)
2015
6.8
The Thieves (2012)
ဒီဇာတ်ကားကို ၂၀၁၂ ဇူလိုင်လမှာ စပြီဖြန့်ချီခဲ့ပါတယ် ။IMBd rating 6.8 ရရှိခဲ့ပြီး Rotten Tomatoes 64% နဲ့Metacritic 75% အထိရရှိခဲ့ပါတယ်။ဒီဇာတ်ကားမှာကိုရီးယားရဲ့ထိပ်တန်းဖြစ်လာမယ့်သရုပ်ဆောင်တွေနဲ့ထိပ်တန်းဖြစ်ခဲ့တဲ့သရုပ်ဆောင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုရီးယားနိုင်ငံ ရဲ့movie indrustry တိုးတက်လာတာနဲ့အမျှရိုက်ကူးလာတဲ့ ဇာတ်ကားတွေရဲ့အရည်အသွေးတွေလဲ ထိပ်တန်းရောက်လာနေပါတယ်။ Budget ကို ကန်ဒေါ်လာ ၁၄.၁ မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ကန်ဒေါ်လာ ၈၆ သန်းကျော် ပြန်လည်ရှာဖွေပေးနိုင်ခဲ့ပါတယ် ။ စတင်ဖြန့်ချီခဲ့တဲ့ ၂၀၁၂ ကနေစပြီး ၂၀၁၃ အထိ ရုပ်ရှင်ဇာတ်ကား ဆုပေးပွဲပေါင်း ၉ခု မှာ ဆုအတွက်လျာထားခြင်းခံခဲ့ရပါတယ်။ ဆုပေးပွဲ ၉ခု မှာ ဆုပေါင်း၃၁ ခုအတွက်လျာထားခြင်းခံခဲ့ရပါပြီး ၁၃ဆုကို ရယူနိုင်ခဲ့ပြီး ၁၈ ဆုကိုတော့ဇကာတင်စရင်းဝင်နိုင်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာပြသခဲ့ပေမယ့် အာရှနိုင်ငံတွေမှာသာ ဆုရယူနိုင်ခဲ့ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ဆုသိပ်မရခဲ့ဘဲ စက်ပိုင်းဆိုင်ရာတွေ ဒါရိုက်တာဆု တွေနဲ့ဖန်တီးမှုတွေအတွက်ရတဲ့ဆုကပိုများပါတယ်။ နောက်ကပံ့ပိုးပေးတဲ့သူတွေ တော်တော်များများဆုရခဲ့တာပါ...ကိုရီးယားရုပ်ရှင်သမိုင်းမှာ ၂၀၀၆ ခုနှစ်က ထွက်ခဲ့တယ့် The Host ...
movie
The Thieves (2012)
2012
8.3
Hope(2013)
Hope(2013)အညွှန်း******************IMDb...8.3ဒီဇာတ်ကားဖြစ်ရပ်မှန်ဆိုတာကို အတေ်ာများများသိကြမှာပါ...ကြည့်ဖူး ကြားဖူးသူတိုင်းဒီဆိုးယုတ်မှုကိုကျူးလွန်ခဲ့သည့် လူယုတ်မာအမျိုးသားကို စက်ဆုတ်ရွံရှာကြသလို ဘဝဆုံးလုနီးပါးဖြစ်ခဲ့သည့် သမီးငယ်လေးအတွက်လည်းစာနာသနားစိတ်တွေဖြစ်ခဲ့ကြပေသည်....ကိုရီးယားက မိသားစုပြည်သူတွေမဆိုထားနှင့် မိမိတို့အနေနှင့်ပင် ဒီလူကြီးထောင်ကလွတ်လာတော့စိတ်ထဲအတော်ခံပျင်းမိခဲ့ကြသည်...ဒါ့ကြောင့် ဒီဖြစ်ရပ်ကို မသိသေးသူတွေအတွက်ရောပိုမိုကောင်းမွန်တဲ့ WEB-DLထွက်လာတာကြောင့်တင်ဆက်ပေးလိုက်ပါသည်..အညွှန်းကတော့ ထွေထွေထူးထူးမရေးတော့ပါ.... ၁၂ နှစ်ဆိုသည့် အချိန်သည် အကုန်မြန်လွန်းလှသည်...။*************************************** ၂၀၀၈ ခုနှစ်လွန်ခဲ့သော ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၂ နှစ် အပြစ်ပေးခံရသော ဂျို ဒို ဆွန်း (Cho Doo-Soon) ဆိုသည့် အသက် ၅၆ နှစ်အမျိုးသားကြီးသည် များမကြာမီ ၂၀၂၀ ဆိုလျှင် ထောင်က လွတ်လာတော့မည်ဖြစ်သည်။ထိုအချိန်တွင် Cho သည် အသက် ၆၈ နှစ် အဘိုးကြီးဖြစ်နေပေတော့မည်။သူသည် ယခု ထောင်ထဲတွင် ကျန်းမာရေးလည်း သိပ်မကောင်းဟု သတင်းရသည်။ထိုအသက် ၇၀ နားကပ်နေတော့မည့် အဘိုးကြီး ထောင်မှပြန်လွတ်လာတော့မည်...။ဒါကို တောင်ကိုရီးယားပြည်သူတို့က မကြည်ဖြူကြပါ..။ယခုတလော ထို အဘိုးကြီးအကြောင်းကို လူတွေကပြောနေကြသည်။"ထောင်ထဲမှာ တသက်လုံးနေရမှာ.."" ဟင်... ...
movie
Hope(2013)
HEVC 1080p 5.1
1
2
Next