Channel Myanmar

Kim Gyeong-hwan

The House of Us (2019)
The House of Us (2019) The House of Us(2019) ***********************ကလေးဘဝ..လောကကြီးရဲ့ အသစ်အဆန်းတွေကို စတင်သင်ယူချိန်မှာ မိဘဟာအရေးကြီးဆုံးပါပဲ။ဒီလိုအခြေအနေမျိုးမှာ တစ်ခုရှိတာက အဆင်မပြေမှုလေးတွေကြုံတိုင်း ကလေးဘဝရဲ့ ...ဒုတိယအခင်တွယ်ဆုံးဟာ သူငယ်ချင်းလေးတွေပါပဲ။ မိဘတွေရဲ့ ကွာရှင်းဖို့အထိဖြစ်လာတာမျိုးတွေ...ဒီပတ်ဝန်းကျင်မှာ နေသားကျတုန်း ခဏ ခဏ အိမ်ပြောင်းရဖို့ ဖြစ်လာတာမျိုးကြုံရတဲ့ကလေးတွေအဖို့...နာကျင်မှုနဲ့ စိတ်ဒဏ်ရာလေးတွေက ရတတ်စမြဲပါ။ ဒီကားလေးထဲမှာ အဲဒီလိုအဖြစ်အမျိုးမျိုးကြုံကြတဲ့...ကလေးလေး (၃)ယောက်ရှိပါတယ်။ တစ်ယောက်က အဖေနဲ့အမေအိမ်ထောင်ကွဲဖို့ဖြစ်လာတဲ့ကောင်မလေး..ကျန်(၂)ယောက်က မိဘတွေက အလုပ်ရှိရာမြို့ကိုခဏ ခဏပြောင်းနေရတဲ့မိသားစုတွေက ကလေးတွေပါ။သူတို့(၃)ယောက်ဟာ ခံစားချက်ချင်းလည်းတူကြတော့ အရမ်းခင်တယ်ကြပါတယ်။ အိမ်ရဲ့အဆင်မပြေမှုတွေကြား..အချင်းချင်းဆုံလိုက်တိုင်း စကားတွေပြောရင်း ကလေးဘဝထင်ရာလုပ်ရင်း ပျော်ရွှင်ကြရတယ်...နောက်တော့ သူတို့ကလေး(၃)ယောက်တိုင်ပင်ကြတယ်။ သူတို့တတ်စွမ်းတဲ့ ဉာဏ်ကလေးကိုသုံးပြီး...မိဘတွေမကွာရှင်းရအောင်ရယ်၊ အိမ်ခဏ ခဏပြောင်းရတဲ့အဖြစ်မျိုး နောက်မကြုံရအောင်ရယ်...ကာကွယ်ဖို့ကြိုးစားကြပါတော့တယ်။ ဒီကားလေးဟာ ကလေး(၃)ယောက်ကို အဓိကထားရိုက်ကူးပြီး...သူတို့တွေရဲ့ဖြစ်စဉ်နဲ့ ကျွန်တော်တို့ကလေးဘဝက အဖြစ်မျိုးမတူခဲ့ရင်တောင် အလားတူခံစားချက်မျိုးတွေရှိခဲ့တာကြောင့်..ငယ်ဘဝနဲ့ သူငယ်ချင်းတွေကို အမှတ်ရစေပါတယ်။ တော်တော်လေးကိုကြည့်လို့ကောင်းပါတယ်။ရယ်လည်းရယ်ရသလို ဝမ်းနည်းသနားစရာလည်းကောင်းလှတာမို့ ခံစားကြည့်ကြပါဦး....ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့ Angel ပဲဖြစ်ပါတယ်File Size : 1.71GB , 630MB Quality ...
movie

The House of Us (2019)