Channel Myanmar

Kim Eung-Soo

Meet the In-Laws (2011) 6.3
Meet the In-Laws (2011) Meet the In Laws (2011) **************************ဒီတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ F4, Sweet Home ထဲက မင်းသမီးချော Lee Si Young နဲ့ Possessed, My Mister တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Song Sae Byeok တို့ရဲ့ အချစ်ဟာသ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ရိုးသားတဲ့ ဟျွန်းဂျွန်းဆိုတဲ့ ကောင်လေးကတော့ အချစ်နဲ့ပတ်သက်တဲ့ ကာတွန်းတွေကို ရေးဆွဲတဲ့ ကာတွန်းရေးဆရာဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဟျွန်းဂျွန်းက သူနဲ့ စာအပြန်အလှန် ပေးဖြစ်နေတဲ့ ဒါဟုံးဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ဒါဟုံးကို သူ့ရဲ့ အဖေဖြစ်သူက လက်ထပ်ဖို့အတွက် တစ်ချိန်လုံး ကြင်ဖက်တွေ့ခိုင်းနေတော့ ဒါဟုံးက သူချစ်ရတဲ့ ဟျွန်းဂျွန်းနဲ့ပဲ လက်ထပ်ဖို့ နှစ်ယောက်အတူ စီစဉ်ပါတော့တယ်။ဒါပေမဲ့ ဟျွန်းဂျွန်းဖခင်နဲ့ ဒါဟုံးရဲ့ ဖခင်က ကျောင်းတုန်းက ပြိုင်ဘက်တွေဖြစ်ပြီး ရန်ငြှိုးရှိကြပါတယ်။ အဲဒီအတွက် ဟျွန်းဂျွန်းအဖေကလည်း ဂယောင်းဆန်ဒိုမြို့သူနဲ့ လက်မထပ်စေချင်သလို ဒါဟုံးအဖေကလည်း ဂျောလာဒိုမြို့သားနဲ့ လက်မထပ်စေချင်ဘူး ဖြစ်နေတာပါ ...
movie

Meet the In-Laws (2011)

Lady Daddy (2010) 6.8
Lady Daddy (2010) Lady Daddy (2010)*********************အမျိုးသားကနေ အမျိုးသမီးအဖြစ် လိင်ပြောင်းခွဲစိတ်မှု ခံယူထားတဲ့ ဓာတ်ပုံဆရာ ဆုန်းဂျီဟျွန်းဟာ ရုပ်ရှင်ရိုက်ကူးရေးတစ်ခုမှာ အလုပ်လုပ်နေပြီး အောင်မြင်လွတ်လပ်တဲ့ ဘဝကို ပိုင်ဆိုင်ထားသူတစ်ဦးပေါ့။ အတိတ်ဘဝကို လုံးလုံးမေ့ထားပြီး ချစ်ရသူတစ်ဦးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ သူမရဲ့ဘဝထဲကို တစ်နေ့မှာ မုန်တိုင်းအသေးစားလေးတစ်ခု ဝင်လာခဲ့တယ်။ မုန်တိုင်းလေးရဲ့ နာမည်ကတော့ “ယူဘင်း” တဲ့။ဘဝဟောင်းက လုပ်ရပ်တွေကြောင့် ရရှိခဲ့တဲ့ သားဖြစ်သူကို ဘဝအသစ်မှာ မြင်လိုက်ရတဲ့ ဂျီဟျွန်းဟာ လုံးဝကို ပါးစပ်အဟောင်းသားဖြစ်ခဲ့ရပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်။ယူဘင်းလေးရဲ့ .. အဖေ့ကို တောင့်တတဲ့စိတ်ကို မြင်လာရတဲ့အခါမှာ ဂျီဟျွန်းဟာ မတတ်သာဘဲ ယောက်ျားလေးလို ပြန်ဟန်ဆောင်လာရတဲ့ အခါမှာတော့ ..... (အညွှန်းကို Esther Oo မှ ရေးသားထားပါတယ်) File size…1.72 GB / 800MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Comedy, Romance, Family, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther ...
movie

Lady Daddy (2010)

Man on High Heels (2014)
Man on High Heels (2014) Man On high heels (2014) *************************2014တုန်းက ထွက်ရှိခဲ့တဲ့ Man On High Heelsကို တင်ဆက် ပေးချင်ပါတယ်။အဓိကသရုပ် ဆောင် တွေအနေနဲ့ Our Blues နဲ့ One Ordinary Day အပြင်...နာမည်ကြီး ရုပ်ရှင်တော်တော်များများမှာ ပါဝင်တဲ့ မင်းသားကြီး Cha Seung Won...Mr.Plankton အပြင် It's okay not to be okay တို့နဲ့ လူသိများတဲ့...မင်းသား Oh Jung Se နဲ့ Taxi Driver ထဲက မင်းသမီး Esom တို့က အဓိကပါဝင်ထားပြီး...တခြားလူသိများတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားတဲ့ရုပ်ရှင် ဖြစ်ပါတယ်။အက်ရှင်ခန်းတွေမိုက်တဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကြောင့်...ကြည့်ရတာတန်တဲ့ ဇာတ်လမ်းဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း -------------တရားခံဖမ်းတဲ့အခါ ညှာတာမှုမရှိဘဲ ထိုက်ထိုက်တန်တန် အပြစ်ပေးပြီးမှ ဖမ်းဆီးတတ်တဲ့...စုံထောက် Ji ...
movie

Man on High Heels (2014)

Couples (2011) 6.7
Couples (2011) Couples (2011)*****************ဒီတစ်ခါမှာတော့ Lee Si Young၊ Lee Yoon Ji၊ Ki Joo Hyuk၊ Oh Jung Se နဲ့Gong Hyun Jin တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီးအပန်းပြေစေမဲ့ Rom-com movie လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။-ဇာတ်လမ်းအကျဉ်း-ချစ်ရသူအတွက် ချေးငွေပါထုတ်ပြီး အိမ်ဝယ်ပေး လိုချင်တာဖြည့်ဆည်းပေးခဲ့တဲ့ယူဆော့တစ်ယောက် သူပြန်ရလိုက်တာကတော့ သူ့ချစ်သူဆီကမက်ဆေ့လေးတစ်စောင်နဲ့ ပျောက်ချင်းမလှ ပျောက်သွားတာပဲ ဖြစ်ပါတယ်။ပျောက်သွားတဲ့ချစ်သူကို သူငယ်ချင်းဖြစ်သူ ဘို့နမ်ရဲ့ အကူအညီနဲ့ လိုက်ရှာနေတုန်းပဟေဠိဆန်တဲ့ ရဲမေလေး အယ်ယွန်းနဲ့ အမှတ်မထင် သိကျွမ်းပြီး ယူဆော့လည်းအယ်ယွန်းအပေါ် စိတ်ဝင်စားမှုဖြစ်လာတဲ့အခါမှာတော့ သူ့ကိုထားသွားတဲ့ချစ်သူဟောင်း နာရီပြန်ပေါ်လာသလို နာရီဟာလည်း သူထင်သလို ဖြူစင်တဲ့ကောင်မလေးမဟုတ်ဘဲ သိုက်တူးသမလေး ဖြစ်နေတဲ့အခါ...နာရီ သူ့ဆီကိုပြန်လာရတဲ့အကြောင်းကလည်း သိုက်တူးရင်း လူမိုက်ဂိုဏ်းခေါင်းဆောင်နဲ့မှားယွင်းပတ်သက်မိတာ ဖြစ်နေတဲ့အခါမှာတော့.. သူတို့ ၅ယောက် ဘယ်လိုဖြစ်ကြမလဲ..ဘယ်ကစပြီး သူတို့ရဲ့ ရေစက်တွေက မှားယွင်းနေတာလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာ ကြည့်ရှုပေးပါဦးနော်။ File ...
movie

Couples (2011)

Beautiful Sunday (2007) 5.6
Beautiful Sunday (2007) Beautiful Sunday (2007) ************************ မင်းသားကြီး Namkoong Min နဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ဒီကားဟာ တစ်ကားလုံး ဇာတ်ရှိန်မကျသွားဘဲ ခြောက်ခြားစရာကောင်းတဲ့ ရိုက်ချက်နဲ့ ဇာတ်လမ်းကြောင့် နောက်ဆုံးစာတန်းထိုးပြီးတာတောင် စိတ်ထဲမှာ စွဲကျန်ရစ်နေမဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ် ..ဒီကားဟာ ဝမ်းနည်းမှု၊ ပူဆွေးမှုတွေ အရင်းခံဆက်ယှက်နေတဲ့ အမျိုးသားနှစ်ဦးရဲ့ ဇာတ်ကြောင်းဖြစ်ပြီး စိတ္တဇမှုခင်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်များ အရသာတွေ့မှာ သေချာပါတယ်။ဇာတ်လမ်းအညွှန်း ************* ဆေးရုံမှာ သတိမေ့နေတဲ့ ဇနီးဖြစ်သူရဲ့ ဆေးဖိုးဝါးခအကြွေးတွေကြောင့် ငွေအသည်းအသန်လိုနေတဲ့ စုံထောက်ဂန်။ သူ့ဘဝရဲ့ အမှောင်ဆုံးအချိန်မှာ ဇနီးဖြစ်သူ အသက်ဆက်နိုင်ဖို့အတွက် ဆေးမှောင်ခိုသမားတွေဆီက လာဘ်ထိုးတာကို လက်ခံပြီး သူတို့ရဲ့ပြစ်မှုတွေကို မျက်နှာလွှဲခဲပစ် နေပေးခဲ့ရတယ်။တစ်နေ့မှာ အကျင့်ပျက်စုံထောက်ဂန်ဆီကို မင်ဝူးဆိုတဲ့လူတစ်ယောက် ရောက်လာပြီး သူဟာ သူ့မိန်းမကို သတ်မိပါတယ်လို့ အပြစ်ဝန်ခံတော့တယ်။အဲဒီအချိန်မှာပဲ စုံထောက်ဂန်ဟာ ဒီလူသတ်မှုနဲ့ သူ့မိန်းမရဲ့ မတော်တဆမှုအကြား ဆက်သွယ်ချက်တစ်ခုခုရှိနေကြောင်း ရိပ်မိသွားတဲ့အခါ....(ဇာတ်လမ်းအညွှန်းကို Esther Oo မှရေးသားထားပါတယ်)File size…3.32GB / 1.03GB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 57 min. Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle ...
movie

Beautiful Sunday (2007)

Ride Away (2008) 6.1
Ride Away (2008) Ride Away (2008) *****************မသိတဲ့သူမရှိတဲ့ Moving , W, Happiness ထဲက မင်းသမီး Han Hyo-joo နဲ့ မင်းသား Lee Young-Hoon တို့ရဲ့ 2008 ခုနှစ်က ထွက်ရှိထားတဲ့ Drama Movie လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း ------------------ Ha-Jung (Han Hyo-joo) လို့ခေါ်တဲ့ ပထမနှစ်ကောလိပ်ကျောင်းသူလေးတို့မိသားစု မြို့လေးတစ်မြို့ကို ပြောင်းလာရာကနေ စတင်ပါတယ်။Ha-Jung က တစ်ရက် ကျောင်းရဲ့အနီးနားမှာရှိတဲ့ စာအုပ်အဟောင်းဆိုင်လေးကို စာအုပ်တွေရောင်းဖို့ သွားရာကနေ စာအုပ်အဟောင်းဆိုင်က Kim Soo-Wook (Lee Young-Hoon) လို့ခေါ်တဲ့ ဝန်ထမ်းကောင်လေးကို စိတ်ဝင်စားသွားပါတော့တယ်။အဲဒီကောင်လေးကို တွေ့ရဖို့အတွက် စာအုပ်ဆိုင်ကိုသွား၊ စက်ဘီးစီးပါသင်ပြီး သူနဲ့ခင်မင်ရင်းနှီးအောင်လုပ်ရာကနေ နေ့ရက်တိုင်းဟာ သူ့အတွက်ပဲဖြစ်လာပါတယ်။ဒီလိုကနေ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားမှုတွေ ပေါ်ပေါက်လာပေမဲ့လည်း... မေ့ဖျောက်လို့မရခဲ့တဲ့ အတိတ်က နာကျင်စရာ၊ဝမ်းနည်းစရာဖြစ်ရပ်တွေကို ငဲ့ညှာနေတဲ့သူတို့ဟာ .. ခံစားချက်တွေကို ပွင့်လင်းသွားနိုင်ပါ့မလားဆိုတာကို..... ငြိမ့်ငြိမ့်လေးနဲ့ ချိုချိုလေး ကြည့်ရှုနိုင်မဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။(အညွှန်းကို Yati Naing မှ ရေးသားပေးထားပါတယ်)File size…1.69GB / 690MB Quality… ...
movie

Ride Away (2008)

Once Upon a Time (2008) 7
Once Upon a Time (2008) Once Upon a Time (2008)*************************ကိုရီးယားက ဂျပန်လက်အောက်ကို ကျရောက်နေတဲ့အချိန်ဖြစ်တဲ့ 1940 ခုနှစ်ကိုဇာတ်အိမ်တည်ရိုက်ကူးထားပြီး စိန်ခိုးကြမယ့် ဒီရုပ်ရှင်ကားမှာတော့"Hide, Agency"စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Lee Bo Young,"Priest, Tracer" ဇာတ်ကားထဲက မင်းသား Park Yong Woo,"Reply 1988, Hospital Playlist"တို့လို နာမည်ကြီးဇာတ်ကားအများစုမှာ ပါဝင်ခဲ့တဲ့ဇာတ်ပို့မင်းသားကြီး Sung Dong-il တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီးအခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ဇာတ်လမ်းအညွှန်း-ကာနယ်မူရာ (Park Yong Woo) ဆိုတဲ့ ကိုရီးယားသူခိုးဟာဆိုးလ်မြို့တစ်ခွင်လျှောက်သွားပြီး ဂျပန်အာဏာပိုင်တွေဆီကတန်ဖိုးကြီးရတနာပစ္စည်းတွေကို ခိုးယူနေတဲ့သူပါ။ဟာရူကို (Lee Bo Young) ကတော့ ကာနယ်မူရာ ပုံမှန်သွားနေကျဘားတစ်ခုရဲ့ ဂျက်ဇ်အဆိုတော်မ‌လေးပေါ့။ဒါပေမဲ့ သူမကလည်း သာမန်အဆိုတော်မလေး မဟုတ်ဘဲနာမည်တုနဲ့လှုပ်ရှားနေတဲ့ အကျော်ဇေယျ သူခိုးတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ ဂျပန်အာဏာပိုင်တွေက ပွဲအခမ်းအနားကျင်းပပြီး အလွန်ရှားပါးတဲ့"အရှေ့ဘက်ရဲ့ အလင်းရောင်"လို့ခေါ်တဲ့ ၃၀၀၀ ကာရက်တန် စိန်တုံးတစ်တုံးကိုကိုရီးယားကနေ ...
movie

Once Upon a Time (2008)

The Old Garden (2006) 6.5
The Old Garden (2006) The Old Garden (2006) - အညွှန်းဒီတစ်ခေါက်မှာဝောာ့ CM ပရိသတ်ကြီးကို ၁၉၈၀ ခုနှစ်ကာလ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှု‌တွေကို နောက်ခံထားပြီးရိုက်ကူးထားတဲ့ Korean Old Movie ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဟျွန်းဝူကတော့ စိတ်အားထက်သန်တဲ့ တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာလည်း မကြာခဏပါဝင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အစိုးရဟာ ဆန္ဒပြသူတွေကိုရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းရာကနေ ပုန်းရှောင်ထွက်ပြေးလာခဲ့တဲ့ ဟျွန်းဝူတစ်ယောက်ဟာ နယ်ဝေးရွာလေးတစ်ရွာကို ရောက်ရှိလာခဲ့ရင်း အဲဒီရွာလေးက ထက်မြက်တဲ့ ကျောင်းဆရာမလေး ဟန်ယွန်းဟီးနဲ့ ‌တွေ့ဆုံခဲ့ပါတော့တယ်။ရှုပ်‌ထွေးလှတဲ့အခြေအနေတွေကြားမှာ ဟျွန်းဝူနဲ့ ယွန်းဟီးတို့ကြားက ချစ်ခြင်းဟာ တဖြည်းဖြည်းပေါက်ဖွားလာခဲ့ပြီး ချစ်သူနှစ်ဦးဟာ အခက်အခဲတွေကို မသေချာမရေရာမှုတွေကြားက အတူတူကျော်လွှားဖို့ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့ ကံအကြောင်းမလှစွာဘဲ ဟျွန်းဝူဟာ ပြန်လည်ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၇ နှစ်ကျသွားတဲ့အခါ..။ ဘာတွေများဆက်ဖြစ်ကြမှာလဲ။ ထောင်ကပြန်လွတ်မြောက်လာတဲ့ ဟျွန်းဝူကရော ဘယ်လိုပြောင်းလဲနေတဲ့အခြေအနေကို ကြုံတွေ့ရမလဲ ၊ ချစ်ရတဲ့ဆရာမလေး ယွန်းဟီးနဲ့ရော ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို တမြေ့မြေ့နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. ...
movie

The Old Garden (2006)

2006
The Art of Fighting (2006) 6.6
The Art of Fighting (2006) The Art of Fighting (2006)ဆုန်းဗြောင်ထယ်ဆိုတဲ့ကောင်လေးက နည်းပညာ အသက်မွေးဝမ်းကျောင်းတက်နေတာဖြစ်ပြီး အနေအေးတာရယ် ကြည့်​တာနဲ့ အားနည်းတဲ့ပုံပေါက်တာကြောင့် ကျောင်းက ဘူလီတွေရဲ့ ပစ်မှတ်ဖြစ်နေပါတယ်။သူက မခံချင်စိတ်နဲ့ ကိုယ်ခံပညာစာအုပ်တွေ ဖတ်တယ်၊ ရန်ဖြစ်တာတော်တဲ့သူဆိုတာနဲ့ ဆရာတင်ကြည့်တယ်၊ ဒါပေမဲ့ အဆင်မပြေပါဘူး သူလုပ်သမျှက တလွဲတွေချည်း ဖြစ်နေပြီး အရှက်ကွဲရတာလည်း အခါခါ။ဒါပေမဲ့ တစ်နေ့တော့ ဘယ်ကနေ လာမှန်းမသိတဲ့ ထူးဆန်းတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ သူဆုံတယ်၊ အဲဒီဦးလေးကြီးက ရန်ဖြစ်တာ ကျွမ်းတော့ သူ့ကို သင်ပေးဖို့ နောက်ကတကောက်ကောက် လိုက်ပြောတယ်။ဦးလေးကြီးက အစကတော့ ဗြောင်ထယ်ကို မသင်ပေးဘူး ဒါပေမဲ့ နောက်ကျ ဗြောင်ထယ်အဖြစ်ကို မျက်လုံးထဲ မြင်နေရတာမလို့ သင်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ဒီဦးလေးကြီး သင်ပေးတဲ့ ပညာနဲ့ ဗြောင်ထယ်က ကျောင်းမှာ သူ့ကို ဘူလီလုပ်တဲ့သူတွေကို ပညာပဲ ပြန်ပေးနိုင်မလား၊ သူပဲ ထပ်ခံရဦးမလားကတော့ ဇာတ်လမ်းကြည့်မှပဲ သိနိုင်မှာမို့လို့ ..ဒီလောက်ပါပဲ။အညွှန်းနဲ့ ဘာသာပြန်တော့ Kppks ဖြစ်ပါတယ်။Genre..... Action, ...
movie

The Art of Fighting (2006)

2006
Ransomed(2023) 6.7
Ransomed(2023) Ransomed(2023)****************ကိုရီးယားရဲ့ နာမည်ကြီးသရုပ်ဆောင်တွေချည်းပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်..လက်ဘနွန်ဆိုတာ ပြည်တွင်းငြိမ်းချမ်းမှုမရှိသလို လက်နက်ကိုင်အဖွဲ့အစည်းတွေများစွာရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်...သံရုံးတွေကတော့ နိုင်ငံရေးအခြေအနေရတည်ရှိနေရတယ်ဆိုပေမဲ့ သံရုံးဝန်ထမ်းတွေရဲ့ လုံခြုံရေးကတော့ စိတ်ချရတဲ့အခြေအနေမဟုတ်ပါဘူး..တစ်နေတော့ ကိုရီးယားသံရုံးရဲ့ အကြီးအကဲအရာရှိတစ်ဦး လက်ဘနွန် သူပုန်တွေဆီမှာ အဖမ်းခံလိုက်ရတယ်..ထူးခြားတာက အရာရှိကြီးကို ဘယ်သူဖမ်းတယ်လို့ မကြေငြာတော့သတင်းအစအနပါပျောက်နေတယ်..ဒီနောက် ၁ နှစ်နဲ့ ၈လကြာတဲ့နောက်မှာ လက်ဘနွန်ကနေ ကိုရီးယားနိုင်ငံရဲ့  သံရုံးကို ဖုန်းဝင်လာတယ်..အဲ့ဒါကတော့ သံရုံးအရာရှိကို ၂.၅သန်းနဲ့ လာရွေးကြပါပေါ့.. ကိုရီးယားထိပ်သီးအစိုးရဝန်ထမ်းတွေဟာဒီကိစ္စကိုလူသိရှင်ကြားနဲ့ကြေငြာပြီးကယ်မယ်ဆိုရင်လည်း ဓားစာခံဟာသေပြီးသားလူဖြစ်နေရင်အရှက်ကွဲမယ်..မကယ်ရင်လည်း  နောက်မှ ပြန်ပေးဆွဲတဲ့သူတွေဆီကနေ သတင်းပေါက်လို့ရှိပြန်ရင်လည်းသူတို့အရှက်ကွဲမှာဆိုတော့ ဒီကိစ္စကို တိုးတိုးတိတ်တိတ်နဲ့ကယ်ဆယ်ရေးမစ်ရှင်လုပ်ဖို့လူတစ်ယောက်ကိုစေလွှတ်လိုက်ပါတော့တယ်...အဲ့ဒီနောက်မှာတော့....ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့...File Size :(2.2GB) and (987MB) Quality : WEB-DL 1080p, 720p Format…mp4 Duration…02:12:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Miri,Stary, Lia Fay & Treasure Htet Encoded by Phyo ...
movie

Ransomed(2023)

Take Off 2 (2016) 7.0
Take Off 2 (2016) Take Off 2 (2016)**************** 2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျား‌လေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ File size… 2.19GB & 981MB Quality… WEB-DL1080p,720p Format…mp4 Duration….2h 06min Genre ….. Sport, Drama Subtitle….Myanmar Subtitle (Hard ...
movie

Take Off 2 (2016)

Epitaph(2007) 6.7
Epitaph(2007) Epitaph(2007)************** Epitaph ရုပ်ရှင်ဇာတ်ကားသည် Jung Sik နဲ့ Jung Bum Sik ညီအစ်ကိုနှစ်ဦး ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်သို့ ကျရောက်နေတဲ့ 1942 အစပိုင်းကာလကို အခြေခံထားတဲ့ Horror movie ဖြစ်တယ်...ဒီကားအတွက်ဘက်ဂျက်အများကြီးသုံးထားတယ်လို့လည်းဆိုတယ်...ဆရာဝန် Park Jung Namက အန်းစိမ်းဆေးရုံမှာ အလုပ်သင်အဖြစ် အလုပ်လုပ်ခဲ့စဉ်အချိန်လောက်က ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှ အရင်ငယ်ဘဝအဖြစ်အပျက်များကို ပြန်သတိရလာခဲ့တယ် ....သူ ငယ်စဉ်ကတည်းက ‌မိဘချင်းက သဘောတူပြီး ပေးစားထားတဲ့သူတစ်ယောက် ရှိခဲ့တယ်...မိဘချင်း သဘောတူထားသော်လည်း ‌Jung Nam တစ်ယောက် တစ်ခါမှကို မမြင်ဖူးတဲ့သူနဲ့ လက်မထပ်ချင်ခဲ့ပေ ....တစ်နေ့ ရင်ခွဲရုံတွင် တာဝန်ကျရင်း သတ်သေထားတဲ့ အလောင်းတစ်လောင်း ခွဲစိတ်ဖို့ တာဝန်ယူရတယ်..ဒီအလောင်းဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လွန်စွာလှပတဲ့ သူလေးဖြစ်တော့ဆရာဝန်ဟာ မလုပ်သင့် မစဉ်းစားသင့်တဲ့ဟာတွေ လုပ်ဖို့ဖြစ်လာခဲ့တယ်...အဲဒီနောက်မှ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေနဲ့ ခြောက်လန့်မှုတွေ ဆေးရုံမှာ ပေါ်ပေါက်လာတဲ့အခါ .... ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်File Size : ...
movie

Epitaph(2007)

Man of Vendetta(2010) 7.0
Man of Vendetta(2010) Man of Vendetta(2010)**********************ဂျူယောင်းဆူဟာ ဘုရားသခင်အပေါ် နက်နက်ရှိုင်းရှိုင်းသက်ဝင်ယုံကြည်ခဲ့သူ သင်းအုပ်ဆရာတစ်‌ယောက်ဖြစ်ပြီးပျော်ရွှင်စရာမိသားစုဘဝကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။တစ်နေ့မှာတော့ သမီးဖြစ်သူ ဂျူဟယ်ရင်းပြန်ပေးဆွဲခံလိုက်ရပြီး ဂျူယောင်းဆူဟာသမီးဖြစ်သူကို ပြန်ရှာတွေ့နိုင်ဖို့အတွက် ဘုရားသခင်ထံမှာ နေ့နေ့ညညဆုတောင်းခဲ့ပါတယ်။အဲ့ဒီလိုမျိုး 8နှစ်ကြာအောင် ဆုတောင်းနေခဲ့ပေမယ့် သမီးဖြစ်သူကို ပြန်ရှာမတွေ့ခဲ့ပါဘူး..အဲ့ဒီနောက်မှာတော့ သမီးဖြစ်သူ သေဆုံးသွားပြီဟုယုံကြည်ထားတဲ့ဂျူယောင်းဆူဆီကို ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်။သမီးဖြစ်သူကို ၄၀၀မီလီယံနဲ့ အလဲအလှယ်လုပ်ဖို့ ခြိမ်းခြောက်လာတဲ့အခါမှာတော့....Man of Vendetta ဇာတ်ကားဟာ 2010 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အချစ်တော်ကြီး ဂျူဒန်းထယ် Best New Actor အဖြစ် Nomination ဝင်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။File Size : (2.1GB) and (723B) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Action ,Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Phyo Pyae  
movie

Man of Vendetta(2010)

Private Eye(2009) 6.7
Private Eye(2009) Private Eye(2009)*****************ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလိုplot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်း​တွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီတစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ဆေးကျောင်းသားလေးက တိရစ္ဆာန်အ​သေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာလူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်းနောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီးအထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်​ခြစားမှုတွေ၊ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..File Size : ...
movie

Private Eye(2009)

Hwang Jin Yi (2007) 6.4
Hwang Jin Yi (2007) ဇာတ်လမ်းအကျဉ်းမျိုးရိုးမြင့်တဲ့ အမတ်ကြီးတစ်ယောက်ရဲ သမီးအဖြစ် မွေးဖွားလာတဲ့ ဟွမ်ဂျင်းရီက အပြင်လောကကို မထွက်ရပဲ သူမရဲ့ အိမ်တော်မှာပဲ အမြဲနေရပါတယ်အဲ့လိုနေပြီး ဟန်ယန်းက ချမ်းသာတဲ့ မိသားစုရဲ့သားနဲ့ လက်ထက်နိုင်ဖို့အတွက် စောင့်စားနေရတာပါ...မြင်တဲ့သူတိုင်း စွဲလမ်းလောက်အောင် လှပချောမောတယ်လို့ နာမည်ကြီးပေမယ့်... သူမကို ငယ်ငယ်တည်းက ကာကွယ်ပေးတဲ့ ကိုယ်ရံတော် နွန်ရီ ကြောင့်လည်း အိမ်တော်ရဲ့ မမလေးကို ဘယ်သူမှ မထိရဲကြပါဘူးတစ်နေ့မှာ သူမက အစေခံမိန်းမကနေ မွေးဖွားလာတဲ့ သွေးနှောတစ်ယောက်ဖြစ်ကြောင်း ပျံ့နှံ့သွားတဲ့ အခါ သူမရဲ့ လက်ထပ်ပွဲလည်းပျက်သွားခဲ့ပါတယ်...အစေခံဖြစ်တဲ့ မိခင်ဟာ မသေခင်အထိ ကချေသည်အဖြစ် အသက်မွေးခဲ့ကြောင်းကို သူမ သိသွားခဲ့ပါတယ် ၊ အဲ့နောက် သူမလည်း ကချေသည်လုပ်ဖို့အတွက် ရွေးချယ်လိုက်ပါတော့တယ်တစ်သက်လုံး မင်းသမီးလိုနေလာခဲ့တဲ့ အိမ်တော်ရဲ့ မမလေးက ကချေသည် ဘဝကိုရောက်သွားတဲ့အခါမှာကော သူမ မကြုံဖူးတဲ့ လောကဒဏ်တွေကို ဘယ်လိုရင်ဆိုင်မလဲ... သူမရဲ့ အချစ်ကိုရော ဘယ်လိုတွေ့နိုင်မှာလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည်ရှုလိုက်ပါနော်...။( အညွှန်းရေးသားထားသူကတော့ Han Thu Aye ...
movie

Hwang Jin Yi (2007)

Enemies In-Law (2015) 5.9
Enemies In-Law (2015) Enemies In Lawကဲ ''ရန်သူတော်ခမည်းခမက်''ဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်း ဟန်ချောဆူနဲ့ ပတ်ယောင်ဟီးတို့ ချစ်သူနှစ်ယောက်ကြားက ချစ်ခြင်းကိုခွဲမယ့် အကြီးမားဆုံး အဟန့်အတားကို ပြောရရင်တော့ဖြင့်..ယောင်ဟီးတို့မိသားစုဟာ ရဲမျိုးရိုးဖြစ်သလို ယောင်ဟီးရဲ့အဖေ ရဲသက်တမ်းတလျှောက် လိုက်ဖမ်းနေခဲ့တဲ့ နာမည်ကြီး လူလိမ်သူခိုးဘုရင်နဲ့ ဘုရင်မလို့တောင် တင်စားရမယ့်လင်မယား နှစ်ယောက်ဟာ သမီးဖြစ်သူရဲ့ ချစ်သူကောင်လေး ချောဆူရဲ့ မိဘတွေဖြစ်နေတဲ့အခါ...ချောဆူတစ်ယောက် ယောင်ဟီးအဖေဆီက ကြည်ဖြူလက်ခံလာအောင် ဘယ်လိုကြိုးစားမလဲရန်သူတော်ခမည်းခမက် မိသားစုနှစ်ခုရော ဘယ်လိုနှပါးသွားမလဲဆိုတာကို မှုခင်းဆန်ဆန် မြှုပ်ကွက်တွေရော ဟာသလေးတွေပါနှောထားပြီး ကြည့်ရမယ့်ကားလေးဖြစ်တာမို့ အခုပဲ ကြည့်လိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(1.3GB) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__01:59:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt
movie

Enemies In-Law (2015)

She’s Different (2021) 4.8
She’s Different (2021) She's Different Review"Don't judge a book by it's cover" တဲ့ရုပ်ရည်လှပနေပေမယ့်လည်း အကျင့်စရိုက်မကောင်းတဲ့သူတွေ ( ဥပမာ KSH ရဲ့ Ex လို) , တစ်ခါ ရုပ်ရည်မတင့်တယ်ပေမယ့် စိတ်ထားဖြူစင်လှပကြသူတွေ, စိတ်ရောလူရော လှပကြသူတွေ အစရှိသဖြင့် အမျိုးမျိုးရှိနေကြတဲ့ လူ့လောကကြီးမှာ လူတစ်ယောက်ကို အပြင်ပန်းအရဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပါပဲဒီဇာတ်ကားထဲမှာတော့ ၀မ်ဂျွန်းဟာ Perfect ဖြစ်တဲ့သူတစ်ယောက်ဖြစ်ပြီး မကြာမီလက်ထပ်မယ့်ဇနီးလောင်းလေး ဂျီယွန်း ရှိနေသူ .... တစ်ဖက်မှာက ၀မ်ဂျွန်းကို အရင်တည်းက Crush နေတဲ့ ဂျီယွန်းရဲ့သူငယ်ချင်း ယယ်ရီ .... တစ်နေ့ ၀မ်ဂျွန်းဆီ လူကြီးကစားစရာအရုပ်မတစ်ရုပ်ရောက်လာပြီး လူတွေမသိအောင်ဖုံးကွယ်ဖို့ကြိုးစားရတဲ့အခါ .... သူတို့သုံးယောက်ရဲ့ အကျင့်စရိုက်တွေကရော အမြင်နဲ့ဆုံးဖြတ်လို့ရမှာလားဆိုတာ .... သုံးပွင့်ဆိုင်လို့ဆိုရပေမယ့် Villian ရှာရခက်တဲ့ ဒီအချစ်ဟာသကားလေးမှာ၀မ်ဂျွန်းအဖြစ် VIXX အဖွဲ့က အဆင်လေး Hyuk , ဂျီယောင်းအဖြစ် AOA အဖွဲ့က အကိတ်လေး Chanmi တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်အညွှန်း နဲ့ ...
movie

She’s Different (2021)

2021
Singles (2003) 6.5
Singles (2003) Singles (2003)IMDb - 6.5/10"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ" ဆိုသလိုပဲ ..... လမ်းခွဲတယ်ဆိုတာ လမ်းသစ်ဖောက်ဖို့ပါပဲ။ နိဂုံးဆိုတာ တခြားနိဒါန်းတစ်ခုရဲ့အစလည်း ဖြစ်နေနိုင်တာပါပဲ။ဘ၀မှာ အငြင်းခံရတယ်တို့ အဖြတ်ခံရတယ်တို့ဆိုတာ ရင်နာစရာပေမယ့် ကိုယ့်ကိုဖြတ်တဲ့သူက ကိုယ်နဲ့မထိုက်တန်လို့လည်းဖြစ်နိုင်ပါတယ် .....ဒီဇာတ်ကားလေးကတော့ ခေါင်းစဉ်အတိုင်း အချစ်ရေးကံခေကြတဲ့ စင်ဂယ် BFF သုံးယောက်အကြောင်းရိုက်ထားတာပါ။ (အချစ်ကံခေတယ်ပဲပြောတာပါ .... FA လို့မပြောဘူးနော် FA တွေက ငါ့အတွက်ဟ လို့ ထင်မှာစိုးလို့ 😣)ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ နာနန်းတစ်ယောက် စားသောက်ဆိုင်ဘက်တာ၀န်ပေးခံတဲ့အခါ .... အရင်ရည်းစားထက် သူ့အပေါ်အရာရာကောင်းပေးတဲ့လူနဲ့တွေ့တဲ့အခါ ...နာနန်းတစ်ယောက် အလုပ်ကိုရွေးမလား ချစ်သူကိုရွေးမလား...ကျန်တဲ့ တစ်အိမ်တည်းနေ Bff နှစ်ယောက်ကရော မူးပြီး အတူတူအိပ်မိသွားတဲ့အခါ .. ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ...ဒီကားလေးက 2009 ခုနှစ်မှာ အစာအိမ်ကင်ဆာနဲ့ကွယ်လွန်သွားခဲ့တဲ့ နာနန်းနေရာမှာ သရုပ်ဆောင်တဲ့ မင်းသမီး Jang Jin Young ကို Blue Dragon Films Award မှာ Best Actress ဆုရစေခဲ့တဲ့ကားလေးဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eainy ပဲ ...
movie

Singles (2003)

2003
Gabi (2012) 5.9
Gabi (2012) Gabi - Russian Coffee (2012)"Russian Coffee ''ဆိုတဲ့ ဝတ္တုကို ပြန်လည်ရိုက်ကူးထားတဲ့ ၁၉ရာစုနှောင်းပိုင်း ကိုရီးယားမှာ ကော်ဖီ ဆိုတာ စတင်အခြေချလာတဲ့ ကာလနောက်ခံနဲ့အတူ ရုရှားနဲ့ကိုရီယားအပါအဝင် location အတော်များများ ပြောင်းရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ ထူးပြောပြစရာမလိုတော့တဲ့ Joo Jin Moနဲ့ တမိုးအောက်တယောက် ချောင်းဆောဂျင် (Kim So-yeon)ဖြစ်တာမို့ ကြည့်ဖို့ တန်နေပါပြီဇာတ်လမ်းအကျဉ်းပြောပြရရင်အီလီရီချဲ့နဲ့တန်ယာ နှစ်ယောက်ဟာ ငယ်ငယ်တည်းကအတူကြီးပြင်းလာပြီး သိပ်ချစ်ကြတဲ့ချစ်သူတွေပေါ့သူတို့က ဥရောပ ကုန်သည်တွေဆီက ကော်ဖီစေ့တွေကို ဓားပြတိုက်ပြီး မင်းမျိုးနွယ်တွေဆီ ပြန်ရောင်းချတဲ့အလုပ်ကို လုပ်ရင်း တနေ့ ရုရှားစစ်သားတွေဆီ မိသွားပြီး အသတ်ခံရတော့မယ့်ဆဲဆဲမှာ ဂျပန်ဘက်က ကယ်ဆယ်လိုက်ပါတော့တယ်သူတို့နှစ်ယောက်ရဲ့ အရည်အချင်းကို အသုံးချပြီး ဂျပန်တွေဘက်က ရုရှားနဲ့ ဂျိုဆွန်းနှစ်နိုင်ငံကြား ဆက်သွယ်မှုတွေကို သိရဖို့ အကြပ်ကိုင် ပြီး သူလျှိုလုပ်ခိုင်းလာတဲ့အခါ...ဘုရင့်လူယုံတော်အဖြစ်နဲ့ ဂါဘီဖျော်ဆက်သဖို့ တန်ယာဟာ ဂျိုဆွန်းနန်းတွင်းထဲ ဝင်ခဲ့ရပြီး ...
movie

Gabi (2012)