Channel Myanmar

Kim Dong-wook

Romantic Heaven (2011) 6.2
Romantic Heaven (2011) Romantic Heaven (2011) *********************** ဒီဇာတ်ကားလေးကတော့ ၃၀ ကြိမ်မြောက် Fajr International Film Festival မှာ ဇာတ်ညွှန်းဆုရရှိထားပြီး IMDb rating ကောင်းကောင်းရထားတဲ့ကားလေးဖြစ်ပါတယ် ..အားလုံးသိကြတဲ့ The Guest , Seoul Busters စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသားချော Kim Dong Wook နဲ့ Fight For My Way, Queen Of Tears စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Kim Ji Won, မင်းသားကြီး Kim Soo Ro တို့ရဲ့ ဒရာမာ ဇာတ်ကား ကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်...။ဇာတ်လမ်းကတော့ ..မိခင်ကို ရိုးတွင်းခြင်ဆီလှူပေးနိုင်တဲ့ အလှူရှင်ကို လိုက်ရှာနေတဲ့ မိန်းကလေး ချွဲမီမီ (Kim Ji-Won)အယ်လ်ဇိုင်းမားရောဂါခံစားနေရတဲ့ အဘိုးအဘွားကို ပြုစုစောင့်ရှောက်ပေးနေတဲ့ တက္ကစီသမားလေး ဂျီအု (Kim Dong-Wook)ဇနီးဖြစ်သူ ဆုံးရှုံးရမှုအတွက် ဝမ်းနည်းပူဆွေးနေတဲ့ ...
movie

Romantic Heaven (2011)

All for Love (2005) 6.7
All for Love (2005) All for Love (2005) ********************IMDb 6.7 ရှိပြီး နာမည်ကြီး မင်းသမီးကြီး Uhm Jung Hwan နဲ့ မင်းသားကြီး Hwang Jung Min တို့ ပါဝင်ထားတဲ့ အချစ်၊ဟာသ ဇာတ်လမ်းလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်…။အားလုံးရဲ့အချစ်တော် Jung Kyung Ho ရဲ့ ပွဲဦးထွက်ရုပ်ရှင်လည်းဖြစ်သလို မင်းသမီး Kim Yoo Jung ကလည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပါသေးတယ်…။ဒီဇာတ်လမ်းလေးကတော့ ဆိုးလ်မြို့ရဲ့ တစ်ပတ်တာအတွင်း ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို ဖန်တီးထားတာဖြစ်ပါတယ် ..ပုံတုံးတုံးစုံထောက်နာနဲ့ စိတ်ပညာရှင်ဟောယူဂျောင်တို့ရဲ့အချစ်ဇာတ်လမ်း...။ငွေကြေးအခက်အခဲတွေ အကြွေးတွေနဲ့ပြည့်နေတဲ့ ညားခါစစုံတွဲ ချန်းဟူနဲ့ ဆွန်းအယ်တို့ရဲ့ ဇာတ်လမ်း…။စိတ်ဝေဒနာကြောင့် ကုသမှုခံနေရတဲ့ အရင်က သီလရှင်ဖြစ်ခဲ့ဖူးတဲ့ ဆူဂယောင်းနဲ့ .. ရောဂါကြောင့် အိပ်ရာထဲလဲနေရတဲ့ နာမည်ကြီးအဆိုတော် ဂျောင်ဟွန်းတို့ရဲ့ အချစ်ဇာတ်လမ်း…။ဘတ်စကတ်ဘောကစားသမား ဘတ်ဆောင်းဝမ်နဲ့ ရောဂါသည်သမီးရဲ့ သံယောဇဥ်...။အချစ်ကို စတင်တဲ့သူတွေ၊ အချစ်တစ်ခုကို အဆုံးသတ်တဲ့သူတွေ၊ ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေနဲ့ လူပေါင်းများစွာရဲ့ တစ်ပတ်အတွင်း ဖြစ်ပျက်သွားတဲ့ ...
movie

All for Love (2005)

The Accidental Detective 2: In Action (2018) 6.5
The Accidental Detective 2: In Action (2018) The Accidental Detective 2: In Action (2018)IMDb Rating (6.5)ကိုရီးယားမင်းသား Kwon Sang-woo နဲ့ Sung Dong-il တို့ရဲ့ အတည်ပေါက်နဲ့ရယ်နေရမယ့် အက်ရှင်ဟာသစုံထောက်ဇာတ်ကား The Accidental Detective(2015) ရဲ့အဆက် နံပါတ် ၂ ကား လာပါပြီ။Sherlock Holmes ကိုအားကျပြီး စုံထောက်ဖြစ်ချင်နေတဲ့ ဂန်ဒေးမန်ဆိုတဲ့Comicbook အရောင်းဆိုင်ရှင်ဟာ ဆိုင်ကို ရောင်းပြီး ရဲအုပ်ဟောင်း နိုတေးဆူနဲ့ အတူစုံထောက်အေဂျင်စီတစ်ခု ဖွင့်ခဲ့ပါတယ်။စိတ်ကူးနဲ့လက်တွေ့က ကွာခြားလွန်းလေတော့အမှုအပ်မဲ့လူမရှိပဲ အိမ်က မိန်းမတွေရဲ့ အငြိုအငြင်ခံနေရတဲ့ သူရဲကောင်းကြီးတွေပေါ့။ ရထားတိုက်သေပြီး ရဲတွေက မတော်တဆမှုလို့အမှုပိတ်လိုက်တဲ့ အမှုကို ပြန်လိုက်စေချင်သူကျန်ရစ်သူ အမျိုးသမီးတစ်ယောက်ရဲ့ အမှုကိုလက်ခံလိုက်မိရာက.. အမှုကြီးတစ်ခုနဲ့ ပက်သက်မိပါတော့တယ်။Running Man ထဲက သစ်ကုလားအုတ် လီဂွမ်ဆူရဲ့ မျက်ခွက်ပြောင် ပုံစံတွေလည်းမြင်ရဦးမှာပါ။ တနေ့တာအမောတွေကို စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးဟာသဆန်ဆန်ကားလေး ကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ကားလို့ Recommend ပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့ ရှေ့ကဇာတ်ကားကိုတော့ ...
movie

The Accidental Detective 2: In Action (2018)

2018
Along with the Gods: The Two Worlds (2017) 7.2
Along with the Gods: The Two Worlds (2017) Along with the Gods: The Two Worlds (2017)**********************************************IMDb..... 7.2 ကိုရီးယားနိုင်ငံက ဒိတ်ဒိတ်ကြဲ သရုပ်‌ဆောင်တွေ ဖြစ်ကြတဲ့ Ha Jung Woo, Ju Ji Hoon,Cha Tae Hyun, Lee Jung Jae, Ma Dong Seok, Kim Hyang Gi တို့အပြင် သရုပ်ဆောင်များစွာပါဝင်တဲ့ ဇာတ်ကားကြီးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။-ဇာတ်လမ်းအညွှန်း-လူသားတွေဟာ သေလွန်ပြီးနောက် တမလွန်ဘဝ ရောက်တဲ့အခါ ၄၉ရက်တာ ကာလအတွင်းတရားခွင် ၇ခု စီရင်ခံရတယ်လို့ ဆိုပါတယ်။မီးသတ်သမားလေး ဂင်ဂျာဟုန်း (Cha Tae Hyun) ဟာ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်းနဲ့ပဲသူရဲကောင်း ဆန်ဆန် ဘဝကူးပြောင်းသွားခဲ့ပါတယ်။သေမင်းတမန် ၃ယောက်ရဲ့ အကူအညီနဲ့ အတူ တမလွန်ဘဝကို ရောက်ရှိလာခဲ့တဲ့ ဂင်ဂျာဟုန်းဟာတရားခွင် ၇ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင်တော့ ...
movie

Along with the Gods: The Two Worlds (2017)

Hijack 1971 (2024)
Hijack 1971 (2024) Hijack 1971 (2024)*******************ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးသွားမှာကတော့1971 ခုနှစ်တုန်းက တောင်ကိုးရီးယားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့​လေယာဥ်ပြန်ပေးဆွဲခံရမှုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ရုံတင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကိုးရီးယားလေတပ် တိုက်လေယာဥ်မှူးဖြစ်ခဲ့ဖူးတဲ့ ဂျွန်ထယ်အင်းဟာကိစ္စတစ်ခုကြောင့် တပ်ထဲကနေထွက်ခဲ့ရပြီး ပုဂ္ဂလိကလေကြောင်းလိုင်းမှာတွဲဖက်လေယာဥ်မှူးအဖြစ် စတင်ပြီးအလုပ်လုပ်ကိုင်ဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ 1971 ခုနှစ်ရဲ့ နေ့တစ်နေ့မှာ ခရီးသည်တွေတင်ဆောင်ပြီး ပျံသန်းနေရင်းဂင်ယုံးဒယ်လို့ခေါ်တဲ့ ထောင်ထွက်လူမိုက်တစ်ယောက်ရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုကိုခံရပြီး  မြောက်ကိုးရီးယားသို့ ပျံသန်းရန် ဖိအားပေးခံခဲ့ရပါတော့တယ်။အာခံသူမှန်သမျှ အကြမ်းဖက်ခံရရင်း လေယာဥ်မှူး ဂင်ဂယူရှစ် ထိခိုက်သွားမှုကြောင့်တွဲဖက်လေယာဥ်မှူးဖြစ်တဲ့ ဂျွန်ထယ်အင်းတစ်ယောက်တည်း လေယာဥ်ဆက်မောင်းဖို့ဖြစ်လာတဲ့အခါမှာတော့....တကယ်တော့ တခြားနိုင်ငံရဲ့နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ရာ တစ်ဖက်နိုင်ငံအစိုးရရဲ့ခွင့်ပြုချက်မရရှိဘဲ ဖြတ်ကျော်လို့မရပါဘူး..အထူးသဖြင့် စစ်ရေးတင်းမာမှုရှိပြီး အချိန်မရွေးစစ်ဖြစ်ဖို့ အသင့်ပြင်နေတဲ့တောင်မြောက် နှစ် နိုင်ငံအတွက်ဒီလိုအခြေအနေဟာ ပိုပြီးလက်မခံနိုင်စရာပါ..မြောက်လေပိုင်နက်ကို တစ်လမလောက်ကျူးကျော်လိုက်တာနဲ့မြောက်ကိုရီးယား တိုက်လေယာဉ်တွေက တစ်စစီဖြစ်အောင် ပစ်ချသွားနိုင်ပါတယ်..ဒီလိုအခြေအနေတွေအားလုံးကို ဂျွန်ထယ်ရင်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့..သရုပ်ဆောင်တွေအနေနဲ့ အဓိကဗီလိန် ပြန်ပေးသမားအဖြစ် အားလုံးသိပြီးသားဖြစ်တဲ့မင်းသား Yeo Jin-goo၊ တွဲဖက်လေယာဥ်မှူး ဂျွန်ထယ်အင်းအဖြစ်မင်းသားကြီး Ha Jung-woo၊ လေယာဥ်မယ်အဖြစ် အလှလေး Chae Soo-bin နဲ့လေယာဥ်မှူးအဖြစ် ...
movie

Hijack 1971 (2024)

My Wife Is A Gangster 2 (2003) 6.1
My Wife Is A Gangster 2 (2003) My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။My Wife Is A Gangster 2 (2003) ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။မင်းသမီးနဲ့လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။အတိတ်ကိုသတိရဖို့ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေဘယ်လိုဖြေရှင်းကြမယ်ဆိုတာ....။IMDb ...
movie

My Wife Is A Gangster 2 (2003)

2003
Three Summer Nights(2015) 6.7
Three Summer Nights(2015) Three Summer Nights(2015)************************ ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Three Summer Night ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားများဖြစ်တဲ့ဂင်ဒုံဝူ(Kim Dong Wook)၊ ဆုန်းဟိုဂျွန်း (Son Ho Jun) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဇာတ်ပို့သရုပ်ဆောင်ကြီး အင်ဝန်ဟီး (Im Won hee) နှင့် မင်းသမီးချောရူယောင်းဂယွန်းက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။မြောင်ဆော့ ဟယ်ဂူ ဒါဆူဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိပါသည်။မြောင်ဆော့သည် ရှေ့နေစာမေးပွဲဖြေရန် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး ဟယ်ဂူကတော့ ဆေးဝါးကုမ္ပဏီတစ်ခုမှဝန်ထမ်းဖြစ်ပါတယ်။ ဒါဆူသည် အရင်က ကွန်ပျူတာ ဝန်ဆောင်မှုစင်တာတစ်ခုတွင်အလုပ်လုပ်ခဲ့ပြီး ပြဿနာများကြောင့် အလုပ်တစ်ခုပြီးတစ်ခု ပြုတ်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။တစ်နေ့တွင် သူတို့သည် စိတ်မွန်းကြပ်မှုများကို အပန်းဖြေရန် နွေရာသီတွင် ဘူဆန်မှာရှိသောဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေကို သွားခဲ့ပါသည်။ ထိုဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေတွင်အပန်းဖြေရင်း မူးယစ်ဆေးဝါးအရောင်းအဝယ် မသင်္ကာသူများအဖြစ် သံသယဝင်ခံရပြီးပြဿနာပေါင်းစုံကိုရင်ဆိုင်ရပါတော့တယ်....File Size :2.1GB& 958MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy , Drama Subtitle ...
movie

Three Summer Nights(2015)

Take Off (2009) 6.9
Take Off (2009)  ၁၉၉၈ ခုနှစ် ဂျပန်ပြည်မှာအိုလံပစ်ကျင်းပတာကိုနောက်ခံရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားကောင်းလေးပါ။၁၉၉၈ ခုနှစ်မှာ ကိုးရီးယားနိုင်ငံက ပထမဆုံးအကြိမ် အိုလံပစ်အားကစားပြိုင်ပွဲမှာ နှင်းလျှောစီးဝင်ပြိုင်ခဲ့ပါတယ်။ အစိုးရကသေချာမထောက်ပံ့ပေးနိုင်ခဲ့ပေမဲ့ ကိုယ့်အစွမ်းအစနဲ့ အိုလံပစ်ဝင်ပြိုင်ခဲ့ကြတဲ့နှင်းလျှောစီးကစားသမားအဖွဲ့အကြောင်းဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ချာဟွန်းထယ်ဟာ အသက်၇နှစ်မှာ အမေရိကကိုမွေးစားဖို့အပို့ခံခဲ့ရပါတယ်။နှစ် ၂၀ ကြာတဲ့အခါမှာ သူ့အမေရင်းကိုရှာနိုင်ဖို့ ကိုးရီးယားကိုပြန်လာခဲ့ပေမဲ့ဘယ်လိုကြိုးစားကြိုးစားသူ့အမေကိုရှာမတွေ့ပါဘူး။အခြားတစ်ဖက်မှာ နည်းပြဘန်ဟာ နှင်းလျှောစီးပြိုင်ပွဲဝင်မယ့်ကစားသမားတွေကိုလိုက်ရှာနေရင်းက အမေရိကမှာ နှင်းလျှောစီးကစားသမားဖြစ်ခဲ့ဖူးတဲ့ချာဟွန်းထယ်ကိုသူ့အသင်းသားဖြစ်လာဖို့ စည်းရုံးပါတော့တယ်။ အမေ့ကိုရှာဖို့စိတ်အားပြင်းပြနေတဲ့ ချာအွန်းထယ်ဟာ အိုလံပစ်ကိုသွားနိုင်ရင် အမေကတီဗီမှာသူ့ကိုတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ အဖွဲ့ထဲဝင်လာခဲ့ပါတယ်။နည်းပြဘန်ရဲ့နှင်းလျှောစီးအဖွဲ့မှာ အဖွဲ့ဝင်ငါးယောက်ရှိပါတယ်။တစ်ယောက်ချင်းစီတိုင်းက အကျင့်စရိုက်တွေကွာခြားလှတာကြောင့်အမြဲတကျက်ကျက်ရန်ဖြစ်ကြပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ခိုင်မာလာတဲ့သူငယ်ချင်းဆက်ဆံရေးတွေ၊ တစ်ယောက်ချင်းစီရဲ့ချို့တဲ့လှတဲ့ဘဝဇာတ်ကြောင်းတွေ၊သူတို့အိမ်မက်အတွက်ကြိုးစားအားထုတ်ကြပုံတွေကို ဇာတ်အိမ်ခိုင်ခိုင်နဲ့ဟာသနှောပြီးရိုက်ကူးတင်ဆက်ပေးထားတာဖြစ်ပါတယ်။အိုလံပစ်မှာရွေတံဆိပ်ဆုယူနိုင်ဖို့အိမ်မက်မက်ပြီး ခက်ခဲလှတဲ့အခြေအနေတွေကြားထဲက သူတို့ပန်းတိုင်ကိုရောက်နိုင်ဖို့ကြိုးစားကြတာတွေကို ကြည့်ရှုရမှာဖြစ်တာကြောင့် စိတ်ဓါတ်ခွန်အားကိုပေးနိုင်တဲ့အပြင် ဘဝအမောတွေလည်းပြေပျောက်စေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။  File size…2.92GB / 1.43GB Quality…1080p / 720p Format…mp4 Duration….2h 17m Genre ….. Comedy . Drama , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai
movie

Take Off (2009)

Countdown (2011) 6.4
Countdown (2011) Countdown (2011) ============= IMDb Rating - 6.4/10ဒီဇာတ်လမ်းကတော့ မိဘနဲ့သားသမီးကြားမှာရှိတဲ့ သံယောဇဉ်ကို တခြားဇာတ်အိမ်တွေနဲ့မတူဘဲ ရသမြောက်မြောက် ရိုက်ကူးတင်ဆက် ထားတဲ့ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... သွေးအေးရက်စက်တတ်တဲ့ အကြွေးစုဆောင်းရေးအေးဂျင့် ဖြစ်သူ ထယ်ဂွန်းဟို တစ်ယောက်၊ တစ်နေ့မှာတော့ သူ့ဆီမှာ အရမ်းကိုပြင်းထန်နေပြီဖြစ်တဲ့ အသည်း ကင်ဆာရောဂါရှိနေပြီလို့ သိလိုက်ရပါတယ်။ အသက်ရှင်ဖို့ အချိန်သုံးလသာကျန် တော့တဲ့ သူ့အတွက် အစားထိုးခွဲစိတ်မှုလုပ်ဖို့ အသည်းအလှူရှင်တစ်ယောက်ကို ဆယ်ရက်အတွင်းရှာဖို့ လိုအပ်လာခဲ့ပါတယ်။‌ကြံရာမရတဲ့အဆုံးမှာတော့ သူ့သား‌လေး သေဆုံးချိန်တုန်းက ကိုယ်အင်္ဂါလှူဒါန်း ပေးထားတဲ့သူတွေကို ရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကို အသည်းလှူပေးနိုင်‌လောက်မဲ့ ချာဟာယွန် ကို ရှာတွေ့သွားတဲ့အချိန်မှာတော့ ချာဟာယွန်ဟာ နာမည်ကြီးလူလိမ် တစ်ယောက်ဖြစ်နေတာကြောင့် သူ့ပြစ်ဒဏ်တွေအတွက်အချုပ်ကျနေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ အချုပ်က လွတ်ဖို့ ရက်အနည်းငယ်သာကျန်တာ သိလိုက်ရတဲ့ အချိန်မှာတော့ ထယ်ဂွန်းဟိုတစ်ယေက် လူလိမ် ချာဟာယွန်ကို သူ့အသည်းကို အစားထိုးပေးဖို့ ဘယ်လိုစည်းရုံးမလဲ။ ချာဟာယွန် လုပ်ခဲ့တဲ့အရှုပ်အရှင်းတွေကို ဘယ်လို ဖြေရှင်းကြမလဲ။ သူအောင်အောင်မြင်မြင် ခွဲစိတ်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းမှာ စိတ်ဝင်စားဖွယ် ကြည့်ရှူလို့ရ‌‌အောင် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.8 GB) / (810 MB) / ...
movie

Countdown (2011)

2011
No Regret (2006) 6.9
No Regret (2006) No Regret (2006)နာမည်ကြီးမင်းသား Kim Nam Gil နုစဉ်အခါက ရိုက်ခဲ့ဖူးတဲ့ ရှားရှားပါးပါး BL Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။အချစ်ဆိုတာ ပုံစံစုံ၊ အလွှာစုံနဲ့ ဖြစ်ပျက်တည်ရှိလာခဲ့ကြတာပါပဲ။ မိုးနဲ့မြေ ဆိုတဲ့ ရှေးရိုးကျဇာတ်လမ်းတွေအတိုင်းပါပဲ။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ အီဆူမင်း နဲ့ သူဌေးသားကလေး ဆွန်းဂျယ်မင်း တို့ရဲ့ အချစ်ဇာတ်လမ်းပါ။မိဘမဲ့တစ်ယောက် ဖြစ်တဲ့ အီဆူမင်း ဟာ အခြေအနေအရပ်ရပ်ကြောင့် ယောကျာ်းပြည့်တန်ဆာဘဝနဲ့ အသက်မွေးခဲ့ရပါတယ်။ သူဌေးသားကလေး ဆွန်းဂျယ်မင်းကိုတော့ စတွေ့ကတည်းက ကြည့်မရဖြစ်နေခဲ့တာပါ။ ဒါပေမယ့်လည်း အီဆူမင်းကို ဆွန်းဂျယ်မင်းက တန်းတန်းစွဲ ဖြစ်လို့နေခဲ့ပါတယ်။ ဆွန်းဂျယ်မင်းက အီဆူမင်းကို မရရအောင် လိုက်ခဲ့ပြီး နောက်ဆုံး ချစ်သူဘဝ ရောက်ခဲ့ပါတယ်။ဒါပေမယ့်လည်း သူဌေးသားနဲ့ ပြည့်တန်ဆာတို့ရဲ့ အချစ်ဇာတ်လမ်းက ပန်းခင်းထားသလို သာယာဖြောင့်ဖြူးနေခဲ့တာတော့ မဟုတ်ပါဘူး။ဘာအခက်အခဲတွေနဲ့ ကြုံရမလဲ? သူတို့နှစ်ယောက် ဘယ်လို ရင်ဆိုင်ရမလဲ? ဆိုတာကို ဆက်လက်ကြည့်ရှုကြပါဦး။ မင်းသားနှစ်လက်ကလည်း ဓာတုဗေဒမိမိနဲ့ သရုပ်ဆောင်ထားတာမို့ အရိုခန်းလေးတွေကလည်း အသက်ဝင်နေတာကို မြင်ကြရဦးမှာပါ။ဘာသာပြန် နဲ့ အညွှန်းကတော့ Go Dong Won ...
movie

No Regret (2006)

2006
Trade Your Love (2019) 5.3
Trade Your Love (2019) [Unicode]ဒီတစ်ခေါက်မှာတော့ 2019 တုန်းက ထွက်ထားတဲ့ ဇာတ်ကားလေးတင်ဆက်ပေးပါမယ်ဒီဇာတ်ကားထဲမှာ Find me in your memory မင်းသား Kim Dong-Wook နဲ့ My Holo Love က မင်းသမီး Ko Sung-Hee တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းဂျောင်ဆောင်းဆော့ဟာ လေကြောင်းလိုင်းတစ်ခုပိုင်ရှင် ရဲ့ သားဖြစ်ပါတယ်ချစ်သူနဲ့ သဘောမတူတဲ့ အဖေဖြစ်သူကြောင့် blind date တွေ ခဏခဏတွေ့နေရပါတယ်ဂယ်ဂျူကတော့ ပြေးခုန်ပစ် အားကစားသမားတစ်ယောက်ဖြစ်ပြီး ဒဏ်ရာကြောင့် ပြိုင်ပွဲတွေကို လက်လျှော့လိုက်ရတဲ့သူပါလက်ထပ်သင့်တဲ့ အရွယ်ဆိုပေမယ့် ချစ်သူ မရှိသေးတာကြောင့် မိဘတွေစီစဉ်ပေးတဲ့ blind date တွေကို အမြဲသွားနေရပါတယ်တစ်နေ့မှာတော့ ဆောင်းဆော့နဲ့ ဟယ်ဂျူတို့ blind date မှာတွေ့ကြတဲ့အခါဘယ်လိုအပေးအယူတွေနဲ့ သူတို့တွေ လက်ထပ်ဖို့ စီစဉ်မှာလဲအဆင်ပြေသွားမှာလားတကယ်ချစ်သူတွေ ဖြစ်သွားမလားဆိုတာတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုကြပါ...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Seung ...
movie

Trade Your Love (2019)

Finding Mr. Destiny (2010) 6.5
Finding Mr. Destiny (2010) [Unicode]Finding Mr.Destiny(2010)IMDb rating - 6.5/10ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင် အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။ Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။ သူက'ကံကိုယုံပြီးဆူးပုံနင်း'ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။ သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း "အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း"ကိုစတင်လိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ - အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့"ကင်ဂျုံဝု"ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။ ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့ ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။ဂျီဝူးတစ်ယောက် "ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား"သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Finding Mr.Destiny(2010)IMDb rating ...
movie

Finding Mr. Destiny (2010)

The Cat (2011) 5.8
The Cat (2011) [Unicode]ဒီတစ်ခေါက်မှာတော့ 2011 က ထွက်ရှိခဲ့တဲ့ The Cat ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန် တင်ဆက်လိုက်ပါတယ် ။ ဒီဇာတ်ကားထဲမှာတို့ ပရိတ်သတ်တို့ရဲ့ အချစ်တော် မင်းသမီးလေး Park Min Young က ဆိုယွန်း ဆိုတဲ့ ဇာတ်ကောင်နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းဆိုယွန်းက ပိတ်လှောင်မှုကို ကြောက်ရွံတဲ့ ရောဂါရှိတာကြောင့် ကုသမှုခံယူနေရတာပါ ၊သူမက ကြောင်လေးတွေကို ချစ်တတ်တဲ့သူတစ်ယောက်ဖြစ်ပြီး pet shop တစ်ခုမှာ အလုပ်လုပ်ကိုင်ပါတယ် ၊တစ်ရက်မှာတော့ သူတို့ဆိုင်နားက တိုက်ခန်းမှာနေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကြောင်ကို ပြင်ဆင်ပေးရင်းနဲ့ မှန်ထဲမှာ ဆံပင်ကုတ်ဝဲလေးနဲ့ ကလေမလေး တစ်ယောက်ကို သူမ မြင်လိုက်ရပါတယ် ၊အဲ့နောက် ကြောင်ကိုပြန်လာခေါ်သွားတဲ့ ကြောင်ပိုင်ရှင်လည်း ဓာတ်လှေကားထဲမှာသေဆုံးနေခဲ့ပါတယ် ၊နောက်ရက်တွေ သိပ်မကြာမီမှာပဲ ကြောင်တစ်ကောင်ကို မွေးစားမိတဲ့ ဆိုယွန်းရဲ့ သူငယ်ချင်းလည်း သူမ ကြောင်ရဲ့ဘေးမှာ ဆံပင်ကုတ်ဝဲနဲ့ ...
movie

The Cat (2011)