Channel Myanmar

Kim Dong-hwan

Toxic (2022) 6.5
Toxic (2022) Toxic (2022) ************ဒီတစ်ခါမှာတော့ ကိုရီးယားနိုင်ငံမှာ စိုထိုင်းမှုထိန်းစက် ပိုးသတ်ဆေးကြောင့် လူအများအပြားရောဂါခံစားရပြီး သေဆုံးသွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် ..ဒီဇာတ်လမ်းထဲမှာတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသမီးလေး Work later drink now ထဲမှ Lee Sun-Bin နဲ့အတူ သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Racket boys မှ Kim Sang-kyung, all of us are dead, vigilante က Yoon Kyung-ho နဲ့ vagabond, taxi driver မှ Jang Hyuk-jin အပြင် တခြားသော ဝါရင့်သရုပ်ဆောင်ကြီးတွေလည်း ပါဝင်အားဖြည့်ထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ..ဇာတ်လမ်းအညွှန်း ************ Jung Tae-Hun (Kim Sang-Kyung) ရဲ့ သားဖြစ်သူက အဆုတ်ရောဂါကို ခံစားနေရပြီး အဲဒီရောဂါကြောင့်ပဲ ဇနီးဖြစ်သူကိုပါ ဆုံးရှုံးထားရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ် .. အဆုတ်ရောဂါဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို လိုက်ရှာရင်း နောက်ဆုံးမှာတော့ စိုထိန်းမှုထိန်းစက်မှာပါဝင်တဲ့ PHMG ဆိုတဲ့ အဆိပ်ဓါတ်ငွေ့ကြောင့်ဆိုတာကို သိလိုက်ရပါတယ် ...
movie

Toxic (2022)