Channel Myanmar

Kim Byung-chul

The Discloser (2017) 6.5
The Discloser (2017) The Discloser (2017) *********************** "The Discloser" (ကိုရီးယားနာမည်: 1급기밀 ) ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှုတွေကို ဖော်ထုတ်ပြသထားတဲ့ သည်းထိတ်ရင်ဖို ဒရာမာဇာတ်ကားတစ်ကား ဖြစ်ပါတယ် ဒါရိုက်တာ Hong Ki-seon ရဲ့ နောက်ဆုံးလက်ရာဖြစ်ပြီး သူဟာ ဒီကားပြီးပြီး သိပ်မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ အဓိက သရုပ်ဆောင်တွေအ‌နေနဲ့ကတော့ Kim Sang-kyung, Kim Ok-vin ,Choi Moo-sung နဲ့ Choi Gwi-hwa တို့ပါဝင်ရိုက်ကူးထားပြီးတော့ ဒီအဓိကသရုပ်ဆောင်တွေအပြင် Jung Il-woo, Shin Seung-hwan, Seo Hyun-woo နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် *******************ဇာတ်လမ်းက ဒုတိယဗိုလ်မှူးကြီး Park Dae-ik ကို ဗဟိုပြုထားပါတယ်။ သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ထောက်ပံ့ပစ္စည်းဌာန လေယာဉ်အပိုပစ္စည်းဝယ်ယူရေး ဌာနခွဲကို ပြောင်းရွှေ့ခံရပြီး စစ်‌လေယာဉ်သုံးပစ္စည်းဝယ်ယူမှုတွေမှာ ကြီးမားတဲ့ ပုံမှန်မဟုတ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။သူ့အထက်အရာရှိ ဗိုလ်ချုပ် ...
movie

The Discloser (2017)

Twilight Gangsters (2010) 6.5
Twilight Gangsters (2010) Twilight Gangsters (2010)****************************ဒီဇာတ်ကားလေးကတော့ လောကဓံကို ရင်ဆိုင်အန်တုပြီး ဆိုးအတူကောင်းအတူအမြဲအတူတူ ရှိလာတဲ့ သူငယ်ချင်း ၃ယောက်ရဲ့ ဇာတ်လမ်းလေးဖြစ်ပြီးတကယ့် ဝါရင့်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ နာမွန်းဟီး၊ ဂင်ဆူမီ၊ ဂင်ဟယ်အို့တို့ကအဓိကဇာတ်လိုက်တွေအဖြစ် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း-ဂျောင်ဂျာ၊ ယောင်းဟီးနဲ့ ရှင်းဂျာဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ ဟာဝိုင်အီကိုအထူးပက်ကေ့ချ်နဲ့ ခရီးသွားဖို့အတွက် ပိုက်ဆံတွေကို ခက်ခက်ခဲခဲ နဲ့ စုလာခဲ့ကြတာ၈နှစ်ကြာတဲ့နောက်မှာတော့ သူတို့ လိုချင်တဲ့ပမာဏ ပြည့်သွားကြပါတယ်။အဲဒါနဲ့ ခရီးစဥ်ပက်‌ကေ့ချ်အတွက် ငွေသွင်းဖို့ ဘဏ်သွားရာမှ ကံမကောင်းစွာနဲ့ဘဏ်ဓားပြတိုက်ခံရပြီး သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ပါသွားပါတော့တယ်။ဘဏ်ကလည်း ဓားပြတိုက်ခံရတဲ့ ငွေတွေကို တာဝန်မယူဘဲ ခေါင်းရှောင်တဲ့အခါမှာတော့အာဂအဘွားကြီး ၃ယောက်ဟာ ဘဏ်ကို ပြန်ဓားပြတိုက်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့‌ငွေတွေကို ရအောင် ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ...။ ဘဝဇာတ်ခုံပေါ်မှာ တွေ့ကြုံရတဲ့ လောကဓံတရားတွေကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့အပြင်အချိန်တွေ အကြာကြီး အတူတူရှိလာကြတဲ့ သူငယ်ချင်းအဘွားကြီး ၃ယောက်ရဲ့သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံမှုတွေကိုပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး ...
movie

Twilight Gangsters (2010)

Return (2007) 6.4
Return (2007) Return (2007) ************* ဒီတစ်ခါတော့ CM ပရိသတ်ကြီးကို နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ Psychopath serial killer ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်လမ်းအကျဉ်း ************* 1980 ခုနှစ်လောက်မှာ ဆန်းအူဆိုတဲ့ အသက် ၉ နှစ်အရွယ် ကောင်လေးက နှလုံးခွဲစိတ်မှုခံယူနေစဥ် သတိပြန်လည်လာတာကြောင့် မိမိကို ခွဲစိတ်နေသည်ကို အတိုင်းသား သိရှိခဲ့ရပြီး ခွဲစိတ်မှုရဲ့ နာကျင်မှုဝေဒနာကြောင့် ပြင်းထန်သော စိတ်ဝေဒနာကို ခံစားလာရပါတယ်။ ဒါပေမဲ့ သူပြောတာကို ဘယ်သူမှ မယုံကြည်ကြပါဘူး။အဲဒီလိုနဲ့ ခွဲစိတ်မှုအပြီးမှာပဲ အသက် ၁၀ နှစ်အရွယ် မိန်းကလေးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့လိုက်ပါတယ်။ဒါပေမဲ့ အသက်ငယ်သေးတဲ့အတွက် စိတ်ကျန်းမာရေးကုသမှုတွေပဲ သီးသန့်ထိန်းသိမ်းခံယူစေခဲ့လိုက်ပြီး သက်သာလာတဲ့နောက်မှာ ဒုတိယအခွင့်ရေးပေးတဲ့အနေနဲ့ သာမန်ဘဝထဲကို ပြန်လည်ကျင်လည်ဖို လွတ်မြောက်လာပြီး ပျောက်ကွယ်သွားပါတော့တယ်။ဒါပေမဲ့ ၂၅ နှစ်ကြာပြီးနောက်မှာ ဆန်းအူရဲ့ ခွဲစိတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဆရာဝန်တွေနဲ့ မိသားစုဝင်တွေ တစ်ယောက်ပြီး တစ်ယောက် လျှိဝှက်ဆန်းကြယ်စွာ သေဆုံးသွားပါတော့တယ်။သူ့ကို ခွဲစိတ်ကုသခဲ့ပေးခဲ့တဲ့ ဆရာဝန်ကြီးရဲ့ သားဖြစ်သူ ရူဂျယ်အူကိုလည်း သူ့လိုပဲ ခံစားစေရဖိုအတွက် နာမည်ပြောင်းကာ သူ့ကိုယ်သူ ...
movie

Return (2007)

Return (2007)
Return (2007) Return (2007)ဒီတစ်ခါမှာတော့ Thriller, Mystery အမျိုးအစား ကိုရီးယားဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ရပါပြီ။ IMDB 6.4/10 ရရှိထားတာမို့ တစ်ခါတော့ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါပဲ။၁၉၈၀ ခုနှစ် တောင်ကိုရီးယား၊ ဆန်းနော့ဆူဆေးရုံမှာ အသက် ၉ နှစ်အရွယ် ကလေးတစ်ယောက် နှလုံးခွဲစိတ်မှု ရှိခဲ့ပါတယ်။ ခွဲစိတ်မှုက မထူးခြားပေမဲ့ လူနာကလေးက မေ့ဆေးမတိုးတဲ့ ကလေးဖြစ်နေတာပါပဲ။ ခွဲစိတ်မှုတစ်လျှောက်လုံး အသိရှိနေခဲ့တဲ့ကောင်လေးက သူကြုံတွေ့ခဲ့ရတဲ့ နာကျင်မှကို ပြန်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ မယုံခဲ့ကြပါဘူး။ဒီလိုနဲ့ ၂၅ နှစ်ကြာတဲ့အခါ ဆန်းနော့ဆူဆေးရုံက ဆရာဝန်ဟောင်းတွေနဲ့ အကြီးအကဲဟောင်းတွေ တစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုအမျိုးမျိုးနဲ့ သေဆုံးမှုတွေ ဖြစ်လာပါတယ်။လက်ရှိ ခွဲစိတ်ဆရာဝန် ဒေါက်တာယူဂျယ်အု၊ မေ့ဆေးဆရာဝန် ဂျန်ဆော့ဟို၊ စိတ်ကျန်းမာရေးဆရာဝန် အိုချီဟွမ်နဲ့ ဂန်အုဟွမ်တို့ကြားက ပတ်သက်မှု၊ သူတို့ကြားက တရားခံရှာပွဲကို စိတ်ဝင်စားဖွယ် လိုက်ပါ ခန့်မှန်းကြည့်ရှုရမှာပဲ ဖြစ်ပါတယ်၊အညွှန်းနဲ့ ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 1080p WEB-DL | 720p ...
movie

Return (2007)

2007
Private Eye(2009) 6.7
Private Eye(2009) Private Eye(2009)*****************ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Hwang Jung-min ပါဝင်ထားတဲ့ဒီဇာတ်ကားကလည်း အတော်ကောင်းပါတယ်..Thriller vibe အပြည့်ရသလိုplot twist တွေလည်းပါတာမို့ ဒေါင်းရကျိုးနပ်စေမှာပါ..ဂျိုဆွန်းပြည်မှာ ဂျပန်တွေ အုပ်စိုးနေတဲ့အချိန်ကို အခြေတည်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဖောက်ပြန်နေတဲ့မိန်းမတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး သတင်း​တွေ ဖန်တီးတတ်တဲ့ ဟုန်းဂျင်ဟိုဆီတစ်နေ့မှာ ဆေးကျောင်းသားလေးတစ်ယောက်က လူတစ်ယောက်ကို ရှာပေးဖို့ အကူအညီလာတောင်းပါတော့တယ်။ပြဿနာကတော့ ရှာပေးရမယ့်လူက အတွင်းဝန်ရဲ့ပျောက်နေတဲ့သားကို သတ်သွားတဲ့ လူသတ်တရားခံပါ။ဆေးကျောင်းသားလေးက တိရစ္ဆာန်အ​သေတွေနဲ့ပဲ လေ့လာရာကနေ တစ်နေ့မှာလူသေအလောင်းတွေ့လို့ လေ့လာဖို့ ယူသွားလိုက်တာ အဲ့အလောင်းက အတွင်းဝန်ရဲ့သားမှန်းနောက်ကျမှ သိလိုက်ရတော့ ရဲဆီ သွားပြန်ရင်လည်း သူသတ်တယ်ဆိုပြီးအထင်ခံရမှာစိုးလို့ ကြောက်ကြောက်လန့်လန့်နဲ့ ဟုန်းဂျင်ဟိုဆီ အကူအညီသွားတောင်းလိုက်ရတာပါ။ နှစ်ယောက်သားအတူတူ လူသတ်တရားခံကို လိုက်ရှာရာကနေ အစိုးရအရာရှိတွေရဲ့ အကျင့်ပျက်​ခြစားမှုတွေ၊ဆက်စပ်နေတဲ့ ရာဇဝတ်မှုတွေကို သိလိုက်ရပြီး အားလုံးကို အတူတူထုတ်ဖော်ဖို့ ကြိုးစားရာကနေ ကြုံတွေ့ရမယ့်အဖြစ်အပျက်တွေကို ဟာသတစ်မျိုး ရင်ဖိုစရာတစ်ဖုံနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Myat Noe ဖြစ်ပါတယ်..File Size : ...
movie

Private Eye(2009)

Hwang Jin Yi (2007) 6.4
Hwang Jin Yi (2007) ဇာတ်လမ်းအကျဉ်းမျိုးရိုးမြင့်တဲ့ အမတ်ကြီးတစ်ယောက်ရဲ သမီးအဖြစ် မွေးဖွားလာတဲ့ ဟွမ်ဂျင်းရီက အပြင်လောကကို မထွက်ရပဲ သူမရဲ့ အိမ်တော်မှာပဲ အမြဲနေရပါတယ်အဲ့လိုနေပြီး ဟန်ယန်းက ချမ်းသာတဲ့ မိသားစုရဲ့သားနဲ့ လက်ထက်နိုင်ဖို့အတွက် စောင့်စားနေရတာပါ...မြင်တဲ့သူတိုင်း စွဲလမ်းလောက်အောင် လှပချောမောတယ်လို့ နာမည်ကြီးပေမယ့်... သူမကို ငယ်ငယ်တည်းက ကာကွယ်ပေးတဲ့ ကိုယ်ရံတော် နွန်ရီ ကြောင့်လည်း အိမ်တော်ရဲ့ မမလေးကို ဘယ်သူမှ မထိရဲကြပါဘူးတစ်နေ့မှာ သူမက အစေခံမိန်းမကနေ မွေးဖွားလာတဲ့ သွေးနှောတစ်ယောက်ဖြစ်ကြောင်း ပျံ့နှံ့သွားတဲ့ အခါ သူမရဲ့ လက်ထပ်ပွဲလည်းပျက်သွားခဲ့ပါတယ်...အစေခံဖြစ်တဲ့ မိခင်ဟာ မသေခင်အထိ ကချေသည်အဖြစ် အသက်မွေးခဲ့ကြောင်းကို သူမ သိသွားခဲ့ပါတယ် ၊ အဲ့နောက် သူမလည်း ကချေသည်လုပ်ဖို့အတွက် ရွေးချယ်လိုက်ပါတော့တယ်တစ်သက်လုံး မင်းသမီးလိုနေလာခဲ့တဲ့ အိမ်တော်ရဲ့ မမလေးက ကချေသည် ဘဝကိုရောက်သွားတဲ့အခါမှာကော သူမ မကြုံဖူးတဲ့ လောကဒဏ်တွေကို ဘယ်လိုရင်ဆိုင်မလဲ... သူမရဲ့ အချစ်ကိုရော ဘယ်လိုတွေ့နိုင်မှာလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည်ရှုလိုက်ပါနော်...။( အညွှန်းရေးသားထားသူကတော့ Han Thu Aye ...
movie

Hwang Jin Yi (2007)

Musudan (2016)
Musudan (2016) Musudan (2016)ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို့ လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို့ ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို့ တောင်ကိုရီးယားက အထူးတပ်ဖွဲ့ဖွဲ့ပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတပ်ဖွဲ့ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီအဖြေက ဘာဖြစ်မလဲဆို‌တာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အ‌ဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Yolanda Shwe ပဲ ဖြစ်ပါတယ်Genre.....Action, Mystery, Thriller Quality….1080p | 720p| 480p File size…1.4Gb | 745MB | 275MB Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Yolanda Shwe Encoder ..... August
movie

Musudan (2016)

Miss GO (2012)
Miss GO (2012) Miss GO/Miss Conspirator (2012) ဇာတ်လမ်းအညွှန်း*****************************************ချောင်းဆူရိုဟာ အကြောက်လွန်ရောဂါသည်ဖြစ်ပြီး ဖုန်းတောင် တစိမ်းတွေနဲ့ စကားမပြောရဲတဲ့သူ တစ်ယောက်ပါ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ညီမဖြစ်သူက ကူညီဖြေရှင်းပေးပေမဲ့ ပညာတော်သင်အနေနဲ့ ညီမဖြစ်သူက ဂျပန်ကို သွားဖို့ ဖြစ်လာခဲ့ပါတယ်ညီမဖြစ်သူကို ဘူတာရုံ လိုက်ပို့ပြီး ပြန်တဲ့လမ်းမှာ အကြောက်လွန်ရောဂါ ထဖောက်လာတဲ့ ချောင်းဆူရိုကို စစ်စတာတစ်ယောက်က တွေ့ပြီး ကူညီပေးခဲ့ပါတယ် သူ့ကို ကူညီပေးလို့ စစ်စတာရဲ့ အကူအညီတောင်းမှုကို လက်ခံပြီး ဟိုတယ်ကို ကိတ်နဲ့ ပန်းစည်းသွားပို့တဲ့ ချောင်းဆူရိုဟာ ဟိုတယ်ခန်းထဲမှာ ဓားတန်းလန်းနဲ့ လူတစ်ယောက် သေနေတာကို တွေ့ပြီး ထိတ်လန့်သွားခဲ့ပါတယ်ရိုးရိုးတန်းတန်း ကိတ်မုန့်လာပို့တဲ့သူ မဟုတ်ဘဲ မူးယစ်ဆေး သယ်ပို့တဲ့သူ ဖြစ်သွားရတဲ့ ချောင်းဆူရိုကို မူးယစ်ဂိုဏ်းတွေဆီက ဖြတ်စားနေတဲ့ အကျင့်ပျက်ရဲတစ်ဖွဲ့က ဖမ်းဆီးပြီး အသုံးချဖို့ ကြံစည်ပါတော့တယ်နေ့ချင်းညချင်း ရဲတွေနဲ့ မူးယစ်ဂိုဏ်း နှစ်ခုရဲ့ အလိုရှိစာရင်း အသွင်းခံလိုက်ရတဲ့ ချောင်းဆူရိုဟာ ...
movie

Miss GO (2012)

R-Point (2004) 6.3
R-Point (2004) ဒီဇာတ်ကားကတော့ တော်တော်လေးခြောက်ခြားစရာကောင်းတဲ့ ကိုရီးယား Horror ကားပါ..အဖြစ်အပျက်က ၁၉၇၂ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ..ဗီယက်နမ်တောနက်ထဲက R-Point ဆိုတဲ့နေရာမှာ တောင်ကိုရီးယားတပ်စိတ်တစ်ခုလုံးပျောက်ဆုံးသွားကြောင်းရေဒီယိုအဆက်အသွယ်ကနေတဆင့် သိလိုက်ရပါတယ်...ဒါကြောင့် သူတို့ကိုကယ်ဆယ်ဖို့ ဗိုလ်ချွဲထယ်အင်း ဦးဆောင်တဲ့တပ်စိတ်တစ်စိတ်ကို R-Point ဆီ စေလွှတ်လိုက်ပါတယ်..တပ်စိတ်တစ်ခုလုံး ဘာကြောင့်ပျောက်ဆုံးနေတာလဲ...ဘယ်လိုအကြောင်းတွေရှိနေတာလဲ....ဘယ်လိုခြောက်ခြားစရာတွေက R-Point မှာ စောင့်ကြိုနေမလဲဆိုတာ....။IMDb Rating (6.3) ရရှိထားပါတယ်။  File size…(1.8 GB) / (1 GB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myat Thet
movie

R-Point (2004)

Best Friend(2020) 7.0
Best Friend(2020) Best Friend(2020)အညွှန်း**********************IMDb....7.0နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ Lee Eui Shik ဟာ ကိုရီးယားနိုင်ငံရဲ့  လူတွေမသိစေချင်တဲ့ ဘက်ဂျက်လည်ပတ်ပုံတွေကိုဖွင့်ချခဲ့တယ်.....တခြားနိုင်ငံမှာနေတုန်းဒီလိုလုပ်ခဲ့ပေမဲ့ ရွေးကောက်ပွဲနီးတော့ ကိုးရီးယားနိုင်ငံကိုပြန်လာခဲ့တယ်....တကယ်တော့ သူ့ကိုထောက်ခံတဲ့ကိုရီးယားပြည်သူတွေလည်း အရမ်းများခဲ့တာကိုး.....လေဆိပ်ကိုရောက်လို့ အထုပ်တောင်မရွေးရသေးခင် ထောက်လှမ်းရေးအဖွဲ့က တစ်ခါထဲဆွဲကုတ်သွားတယ်....အစိုးရပိုင်းက လူကြီးအချို့ဟာ Lee Eui Shik  ကိုရွေးကောက်ပွဲမှမပါစေချင်ဘူး..အန္တရယ်များတဲ့လူအဖြစ်သတ်မှတ်ထားပြီးသူ့ကိုထောက်ခံတဲ့သူတွေများပြားလှတဲ့အပြင် မီဒီယာနဲ့ ဆန္ဒပြတဲ့သူတွေကြောင့်ရွေးကောက်ပွဲမှာ မပါအောင်လုပ်ဖို့အကြတ်ရိုက်နေတယ်...ဒါ့ကြောင့်  နေအိမ်မှာ ခဏတာအချုပ်ချပြီး ကွန်မြူနစ်ကောင်အဖြစ်အကွက်ဆင်ဖို့ကြံစည်တော့တယ်..အဲ့ဒီလိုအနီးကပ်အကွက်ဆင်ဖို့ စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင်တစ်ယောက်ကိုတာဝန်ပေးပြီးစေခိုင်းပါတော့တယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး....ဒီကားပိုစတာကြည့်ပြီးတော့ မကောင်းဘူးလို့မထင်လိုက်နဲ့ဉီး.ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေပါသလိုအစမှအဆုံးထိစိတ်ဝင်စားစရာကောင်းလှတယ်...ပြီးတော့ စတေးခံတွေက ဘယ်သူလဲ...ဘယ်သူကရောမှန်နေတာလဲ..အမှန်တရားဆိုကရောဘာလဲ...မှန်တယ်လို့ထင်တဲ့အရာတွေကရော တကယ်တမ်းလက်တွေ့မှာအနိုင်ရပါ့မလား...ကြည့်လိုက်ကြပါ,....File Size : (2.1GB) and (1.1GB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:30:00 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung,Hnin Pale & Ei Phyu Khin Encoded by Phyo ...
movie

Best Friend(2020)

Quick(2011) 6.0
Quick(2011) Quick(2011)ဆိုင်ကယ်ခပ်လန်းလန်းကိုစီးပြီး ပစ္စည်းပို့တဲ့အလုပ်ကိုလုပ်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်....သူဟာ မြို့ရဲ့ ယာဉ်ထိန်းရဲတွေရဲ့ အထှာကိုသိသလိုလမ်းတွေရဲ့အနေအထားကိုလည်းသိတယ်,,, သူ့ရဲ့ဆိုင်ကယ်စီးကျွမ်းကျင်မှုကိုအသုံးချပြီး ပစ္စည်းတွေပို့တဲ့နေရာမှာ စည်းကမ်းမဲ့ ပြဿနာတွေလည်း တစ်ခါတစ်ရံဖြစ်လေ့ရှိတယ်....အချိန်တိုအတွင်း ရှုတ်ထွေးတဲ့လမ်းမထက်မှာ သူများထက်ပစ္စည်းပို့မြန်ဆန်လေ့ရှိတဲ့အတွက်ကြောင့်ဝန်ဆောင်ခ များများလေးရလေတော့ သူ့အတွက်တော့ အတော်တွက်ချေကိုက်တဲ့အလုပ်ပါပဲ...တစ်နေ့တော့ သူပါဆယ်ပို့တဲ့ အဆောက်အဉီးမှာ ဗုံးပေါက်ကွဲမှုဖြစ်တယ်....နောက်ပြီး လူတစ်ယောက်ကိုလိုက်လံပို့ဆောင်စဉ်မှာ ဆိုင်ကိုင်စီးဦးထုတ်မှာဗုံးထောင်ခံရတဲ့အပြင် အမည်မသိ ဖုန်းခေါ်ဆိုမှုကနေ ဆိုင်ကယ်စီးဉီးထုတ်ဗုံးပေါက်မဲ့ကိစ္စည်ခြိမ်းချောက်ခံရပါတယ်...အဆောက်အဉီးဗုံးပေါက်ကွဲမှုမှာ ရဲတွေ သံသယတရားခံနောက်လိုက်စဉ်မှာလည်း ပါဆယ်ပို့တဲ့သူကအဓိက သံသယတရားခံဖြစ်လာတဲ့အချိန်မှာတော့....ကိုင်းဘာတွေဆက်ြဖစ်မလဲ...ဘယ်သူက ခြိမ်းချောက်တာလဲ..ဘာ့ကြောင့်လဲ...အဆောက်အဉီးမှာရော ဘာလို့ဗုံးထောင်တာလဲ...ကွီးယားခပ်မိုက်မိုက်စတန့် အက်ရှင် ကားကြိုက်တဲ့သူတွေအဖို့လက်မလွှတ်သင့်ပါကြောင်း...File Size : (850 MB) and (314 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Action , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Han Thu Aye Encoded by Phyo Pyae
movie

Quick(2011)