Channel Myanmar

Kim Bo-yoon

Happiness for Sale (2013) 6.4
Happiness for Sale (2013) Happiness for Sale (2013)************************** Hello Me ထဲက မင်းသမီး Choi Kang Hee နဲ့ Penthouse ထဲက မင်းသား Bong Tae Gyu တို့ ပါဝင်ပြီး IMDb RATING 6.4 ရရှိထားတဲ့ comedy drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။မီနာ(ချွဲဂန်ဟီး)ဟာ ဆိုးလ်မှာ အခွန်ဌာနဝန်ထမ်းတစ်ဦးဖြစ်ပါ။ တစ်နေ့မှာတော့ မွေးရပ်မြေ မူဂျူမှာနေထိုင်တဲ့ သူမရဲ့အဖေ ဆေးရုံတက်လိုက်ရတာကို သိခဲ့ရပါတယ်။သူမရဲ့အဖေက မီနာရဲ့ကုန်စုံဆိုင်ဆိုတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ အဖေ ဆေးရုံတက်နေရတော့ မီနာက အိမ်ခြံမြေအကျိုးဆောင်နဲ့ ဆက်သွယ်ပြီး ကုန်စုံဆိုင်ကို ရောင်းဖို့လုပ်တယ်။ ဒါပေမဲ့ ဆိုင်ကိုရောင်းဖို့ဆိုရင် မီနာပြန်လာပြီး ဆိုင်ဖွင့်ပေးရမယ်လို့ အိမ်ခြံမြေအကျိုးဆောင်က ပြောခဲ့တယ်။မီနာက မွေးရပ်မြေမှာ အပယ်ခံတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ရ‌တာကြောင့် သူ့ရဲ့ငယ်ဘဝကို မနှစ်ခြိုက်ဘဲ မွေးရပ်မြေကိုလည်း မပြန်ချင်ခဲ့ဘူး ။ သို့ပေမဲ့ မီနာရဲ့ချစ်သူက ဖောက်ပြန်ခဲ့ပြီး အလုပ်မှာလည်း ပြဿနာတက်ခဲ့ပြီးတဲ့နောက်မှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့တယ်။အလုပ်ရပ်ဆိုင်းခံရတဲ့ မီနာဟာ မွေးရပ်မြေဆီ ...
movie

Happiness for Sale (2013)

The Battleship Island (2017) 7.1
The Battleship Island (2017) The Battleship Island (2017) ****************************ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားပြီး ရုံတင်ငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၇သန်းကျော် ရရှိခဲ့တဲ့အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်... ၂၀၁၇ ခုနှစ်အတွက် တောင်ကိုရီးယားရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲကတစ်ကားဖြစ်ခဲ့ပြီး သမိုင်းဝင်ဇာတ်ကားတွေထဲမှာလည်း အမြတ်ငွေအများဆုံး ဇာတ်ကားတွေထဲက တစ်ကားဖြစ်ခဲ့ပါတယ်...ဒီဇာတ်လမ်းထဲမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Hwang Jung Minနဲ့အတူ မင်းသား So Ji Sub, Song Joong Ki,မင်းသမီး Lee Jung Hyunတို့က ပါဝင်ထားပါတယ်...ဇာတ်လမ်းအကျဉ်း --------------၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန်အင်ပါယာလက်အောက်က ဟာရှီးမားကျွန်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တွေကို အခြေခံထားတာပါ...ဒီကျွန်းပေါ်မှာ ဂျပန်တွေက ကိုရီးယားလူမျိုးတွေကို အတင်းအဓမ္မ အလုပ်ခိုင်းပြီး ကျောက်မီးသွေးတွင်းတွေမှာ အလုပ်လုပ်စေခဲ့တယ်...ကျွန်းက လုံခြုံရေးအရမ်းတင်းကျပ်တာကြောင့် ထွက်ပြေးဖို့ လမ်းမရှိသလောက်ပါပဲ...ဂျပန်တွေရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တော့တဲ့အဆုံးမှာတော့ကျွန်းပေါ်က ကိုရီးယားအလုပ်သမားပေါင်း ၄၀၀ကျော်ဟာ ...
movie

The Battleship Island (2017)

Familyhood (2016) 6.3
Familyhood (2016) Familyhood (2016) ***************** Comedy/ drama အမျိုးအစားလေးတစ်ခုဖြစ်တဲ့ familyhood ဇာတ်ကားလေးကတော့ အောင်မြင်မှုနဲ့ငွေကြေးအားလုံး ပိုင်ဆိုင်ထားပေမဲ့ သူ့ဘက်မှာအမှန်တကယ် ရပ်တည်ပေးမယ့်သူတစ်ယောက်မှ မရှိတဲ့ မင်းသမီးတစ်ယောက် သူ့ဘက်တော်သားဖန်တီးဖို့ ကလေးမွေးဖို့ရာ ကြိုးစားတဲ့အခါ ဖြစ်လာတဲ့ ဂယက်လေးတွေကို ဟာသအနေနဲ့ပုံဖော်ထားတာဖြစ်ပါတယ် ..Queen of umbrella ထဲက မင်းသမီးကြီး Kim Hye Soo, Penthouse ထဲက မင်းသမီး Kim Hyun Soo နဲ့ Train to busan ထဲက မင်းသားကြီး Ma Dong Seok တို့က အဓိကပါဝင်ထားလို့ cast တွေနဲ့တင် ကြည့်ရတာတန်နေတဲ့ Movie လေးဖြစ်မှာပါ ..ဇာတ်လမ်းအကျဉ်း ************** ဂိုဂျူယွန်း(Kim Hye Soo)ကတော့ Dating scandal ပေါင်းများစွာနဲ့ နာမည်ကြီးတဲ့အပြင် ထင်ရာစိုင်းတတ်တဲ့အကျင့်ကြောင့် 'အရူးမ'လို့ လူသိများတဲ့ မင်းသမီးတစ်ယောက်ပါ ..ဖြောင်းဂူ(Ma Dong Seok)ကတော့ ဂိုဂျူယွန်းထင်ရာစိုင်းသမျှကို သည်းခံရင်း သူ့ရဲ့စတိုင်လစ်အနေနဲ့ အနှစ်၂၀ကျော်လက်တွဲလုပ်လာခဲ့တဲ့ သစ္စာရှိအခင်ဆုံးသူငယ်ချင်းတစ်ယောက်ပေါ့ ..ဒန်ဂျီ(Kim Hyun Soo)ဆိုတဲ့ အလယ်တန်းကျောင်းသူလေးကတော့ မိဘတွေမရှိတော့တဲ့နောက် ...
movie

Familyhood (2016)

Light for the Youth (2019) 7.1
Light for the Youth (2019) Light for the Youth (2019)IMDB - 7.1/10, 2 Winsဆယ်ကျော်သက်အရွယ်မှာတောင် လွတ်လွတ်လပ်လပ် မပျော်ရွှင်ခဲ့ရတဲ့အခါ အသက် ၂၀ ရောက်လာမှာကို ကြောက်ရွံ့နေခဲ့ဖူးလား ဘဝမှာ အပေါ့သွားဖို့အချိန်မရလောက်အောင်အထိ အလုပ်တွေလုပ်ခဲ့ရဖူးလား အစမ်းခန့်မဟုတ်တဲ့ တရားဝင်အလုပ်သမားဖြစ်ဖို့အတွက် ၃၂ ကြိမ်မြောက်အထိ အင်တာဗျူးတွေ ဖြေဆိုခဲ့ရဖူးသလား"အီဂျွန်း" ဟာ ငွေစုငွေချေးလုပ်ငန်းတစ်ခုရဲ့ ဖုန်းလက်ခံဖြေကြားဌာနမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။သူ့ရဲ့ အလုပ်သင်ဘဝ အခက်အခဲတွေကို နားလည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူလို့ သူထင်မှတ်ခဲ့တဲ့ ကြီးကြပ်ရေးမှူး "အီဆယ်ယွန်း" ဟာ တကယ်ပဲ သူ့ဒုက္ခတွေကို စာနာနားလည်ပေးနိုင်မယ့်သူ ဟုတ်ပါရဲ့လား ။လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်ဆိုတာကို လူတိုင်းနီးပါး နားလည်ကြပေမယ့် တကယ်တမ်းတော့ လူတွေဟာ ကိုယ့်ဒုက္ခကိုသာ ရှေ့တန်းတင်မြင်တတ်ကြပါတယ် ။ကိုယ်ချင်းစာတရားဟာ လူအများစုမှာရှိတာ မှန်ပေမယ့်လည်း ကိုယ့်အခက်အခဲတွေကို ပြန်တွေးမိတဲ့အခါ ကိုယ်ချင်းစာတရားထက် ကိုယ့် အတ္တကိုသာ ရှေ့တန်းတင်မိတတ်ကြတဲ့ လူ့လောကကြီးရဲ့ သဘောထားတွေမပြည့်စုံတဲ့ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ခံစားချက်တွေအပြင် "အီဂျွန်း" ကြုံတွေ့ခဲ့ရတဲ့ ...
movie

Light for the Youth (2019)

2019