Channel Myanmar

Kiều Chinh

Control Freak (2025) 4.5
Control Freak (2025)  Control Freak (2025)IMDb Rating (4.5) / Rotten Tomatoes (67%) လောလောလတ်လတ် အော်စကာရထားတဲ့ The Substance ကြည့်ထားပြီးတော့ သူ့လိုမျိုး Body Horror ဇာတ်ကားကောင်းကောင်းလေး ကြည့်ချင်တဲ့သူရှိရင်တော့ ဒီဇာတ်ကားကိုလည်း ကြည့်ကြည့်ဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဗယ်လာရီ ငုယင်ဟာ တချိန်က ဝေဖာဆိုင်မှာ အလုပ်လုပ်ပြီး အိမ်ပိုင်ရာပိုင် မရှိခဲ့ရာက အခုဆိုရင် အောင်မြင်ကျော်ကြားတဲ့ စိတ်ခွန်အားမြင့်တင်ရေး ဟောပြောရေးဆရာမတစ်ယောက် ဖြစ်လို့လာခဲ့ပါတယ်။သူမဟာ ဘွတ်ကင်အပြည့်နဲ့ နယ်လှည့်ဟောပြောပွဲတွေ ဆက်တိုက်လုပ်ရပြီး ချစ်ရတဲ့ကောင်လေး ရော်ဘီကလည်း သူ့ကို အစွမ်းကုန် ပံ့ပိုးပေးပါတယ်။ဒါပေမဲ့ သူမဟာ စိတ်ဖိစီးမှုများလွန်းတာကြောင့် ခေါင်းကို ခဏခဏကုတ်ခြစ်နေတတ်ပါတယ်။ ဒီလိုနဲ့ နယ်လှည်ဟောပြောပွဲတွေဆက်တိုက်လုပ်ပြီး ကိုးလလောက် ကြာတဲ့အခါမှာသူမဟာ ဘယ်ဟောပြောပွဲပဲသွားသွား ဦးထုပ်ဆောင်းထားပြီးတော့ ဦးထုပ်ကို လုံးဝမချွတ်တော့ပါဘူး။သူ့ကောင်လေးဖြစ်သူ ရော်ဘီကလည်း သူဒီလိုကုတ်ခြစ်နေတတ်တာကို ဆရာဝန်ပြကြည့်ဖို့၊ ပြောပေမဲ့ သူမက လက်မခံပဲ အလက်ဂျစ်ထတာလို့ပဲပြောပြီး သောက်ဆေးအားကိုးနဲ့ ...
movie

Control Freak (2025)

2025
4K HEVC
Green Dragon (2001) 6.1
Green Dragon (2001) Green Dragon (2001) =============== IMDb Rating - 6.1/10ဒရာမာကားကောင်းလေးတွေကို သဘောကျသူတွေအတွက် 2001ခုနှစ်က ထွက်ရှိခဲ့တဲ့ Green Dragon ဆိုတဲ့ကားလေးကို တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ ဗီယက်နမ်ပြည်တွင်းစစ်အပြီး စစ်ဘေးဒုက္ခ သည်များ အမေရိကန်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြပုံကို ရိုက်ကူးထားတဲ့ သမိုင်းမှတ်တမ်းတင် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ပြည်တွင်းစစ်ဆိုပေမယ့်လည်း အမေရိကန်၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံကြီးတွေပါ ပါဝင်လာခဲ့ပြီး ကွန်မြူနစ်နဲ့ ဒီမိုကရေစီအင်အားစုတို့ အားပြိုင်မှုဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားကတော့ စစ်ပွဲအကြောင်းကို အဓိကထားရိုက်ထားတာမဟုတ်ပါဘူး။ အဓိကကတော့ စစ်ပွဲတစ်ခု ဖြစ်ရင် ခံရသူကတော့ ပြည်သူတွေပါပဲ။စစ်ပွဲကြောင့်နေထိုင်ရမလုံခြုံလို့ တစ်ခြားနိုင်ငံမှာ ဝင်ရောက်ခိုလှုံရတဲ့ ဒုက္ခသည် ပြည်သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ သမိုင်းမှတ်တမ်းတင် ကားဆိုပေမယ့်လည်း ပျင်းစရာကောင်းတာမျိုးမရှိဘဲ ပျော်စရာ လွမ်းစရာ အစုံနဲ့ ရသစုံပါတာမို့ ကြည့်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size..........(1.5 GB) / (450 MB) / (250 MB) Quality............WEB-DL 1080p / 720p / ...
movie

Green Dragon (2001)

2001
City of Angels (1998) 6.7
City of Angels (1998) City of Angels (1998)အထိအတွေ့၊ အနံ့အသက်၊ အရသာ အစရှိတာတွေအပြင် နာကျင်ခြင်း ကြောက်ရွံ့ခြင်းကိုပါ ခံစားလို့မရတဲ့ နတ်သားတစ်ပါး...လူတွေသေဆုံးခါနီးတိုင်း သူသွားခေါ်ပေး နှစ်သိမ့်ပေးနေကျ...ဒါပေမယ့် တစ်ရက်မှာတော့ ဆေးရုံမှာ သူသွားခေါ်ရတဲ့ သေဆုံးခါနီးလူနာတစ်ယောက်ကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းပူဆွေးသွားတဲ့ ခွဲစိတ်ဆရာဝန်မလေးကိုတွေ့လိုက်ရချိန်မှာတော့ နတ်သားလေးရဲ့ဘဝက လုံးဝကိုပြောင်းလဲသွားပါ​တော့တယ်...အချစ်ဆိုတာကို သူနားမလည်သေးပေမယ့် ကောင်မလေးနားမှာပဲ သူနေချင်တယ်၊ အကြောင်းအရာတွေကိုသိချင် စပ်စုချင်တယ်... ဒါပေမယ့် သူဟာ နတ်သားတစ်ပါးဖြစ်ပါတယ်ဆိုတာ ပြောပြဖို့ခက်ခဲနေခဲ့တယ်... အဲဒီလိုနဲ့ ဆေးရုံမှာ နတ်သားဘဝကနေ လူ့ပြည်ဆင်းလာပြီး ဘဝကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်နဲ့တွေ့တဲ့အခါ နတ်သားလေးက ဆရာဝန်မလေးနဲ့ နီးစပ်ဖို့ ကြိုးစားပါတော့တယ်..."သူ့ကို မထိတွေ့ရတဲ့ ထာဝရဘုံမှာ နေမယ့်အစား သူ့ဆံနွယ်လေးကို တစ်ခါလေး ရှူရှိုက်ရဖို့ သူ့ နှုတ်ခမ်းလေးကို တစ်ခါလေး နမ်းရဖို့ သူ့လက်ကလေးကို တစ်ခါလေး ကိုင်ရဖို့အတွက် ငါ လုပ်မှာပါ" တဲ့...မင်းသားကြီး Nicolas Cage ဘယ်လိုတွေ ဘယ်လောက်အထိရိုမလဲ ...
movie

City of Angels (1998)

1998
Hamburger Hill (1987) 6.7
Hamburger Hill (1987) ဒီဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ စစ်ကားတစ်ကားပါ။ ၁၉၆၉ ခုနှစ်က အမေရိကန်နဲ့ ဗီယက်နမ် အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတစ်ပွဲအကြောင်းပါ။ Hamburger Hill ဆိုတာကတော့ ရှော တောင်ကြားမှာ ရှိတဲ့ တောင်ကုန်းအမှတ် ၉၃၇ ကို နာမည်ပေးထားတာပါ။ ရန်သူတွေရဲ့ကျည်ဆံကြားမှာ သွေးမြေကျခဲ့ရတဲ့ စစ်သားတွေဟာ ဟမ်ဘာဂါထဲထည့်တဲ့ အသားတွေလို နုပ်နုပ်စဉ်းခံခဲ့ရတာမို့ ဟမ်ဘာဂါ တောင်ကုန်း ရယ်လို့ အမည်တွင်ခဲ့ရပါတယ်။ ဒီ ဟမ်ဘာဂါတောင်ကုန်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ မေလ ၁၁ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် ကြာခဲ့ပါတယ်။ နှစ်ဖက်စလုံးလည်း တော်တော်အထိနာခဲ့တဲ့ စစ်ပွဲပါ။ အမေရိကန်-ဗီယက်နမ် တိုက်ပွဲတွေထဲမှာ အဆိုးရွားဆုံးတိုက်ပွဲတစ်ပွဲပါပဲ၊ ဒါကြောင့်လည်း ဒီဇာတ်လမ်း ၁၉၈၀ ခုနှစ်အတွင်း ထွက်ခဲ့တဲ့ စစ်ကားတွေထဲက Platoon တို့ Full Metal Jacket တို့လိုမျိုး အောင်မြင်တဲ့ စစ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ ဟမ်ဘာဂါတောင်ကုန်းကို အပိုင်သိမ်းနိုင်ဖို့ ကြိုးစားတိုက်ခိုက်ခဲ့ရတဲ့ စစ်သား ၁၄ ယောက်ရဲ့အကြောင်းကို သေချာမြင်ရပါ့မယ်။ ဒါရိုက်တာ John Irvin ရဲ့ လက်ရာမွန်တွေထဲက ...
movie

Hamburger Hill (1987)

1987