Channel Myanmar

Kiefer Sutherland

A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men (1992) ***************************** IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်... အဲဒီလိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်..... ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်.... စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်.. အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး.... သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... File Size : 2.18GB/ 870MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle ...
movie

A Few Good Men (1992)

Young Guns II (1990) 6.5
Young Guns II (1990)  လူကလေးဘီလီလို့ အမည်တွင်တဲ့ ဘွန်နီ ဦးဆောင်တဲ့အဖွဲ့က မြင်းတွေနွားတွေခိုးရာမှာ နာမည်ကြီးဖြစ်ပါတယ်။ တစ်နေ့ ဘီလီတို့ အဖွဲ့ဝင်တွေထဲက ဒေါ့ဆာလော့နဲ့ ချီဘက်တို့အဖမ်းခံရပြီး ဘီလီသွားကယ်လို့ လွတ်မြောက်သွားတဲ့အတွက် အထက်ကလူတွေဒေါသပုန်ထသွားခဲ့ပါတယ်။ဘီလီဦးဆောင်ပြီး မက္ကဆီကိုမြို့ဟောင်းကိုသွားချိန် လူကလေးဘီလီကိုဖမ်းမိဖို့အတွက် အဖွဲ့ဝင်ဟောင်း ပက်ဂဲရက်ကို မြို့တော်ဝန်တွေ ကြေးစားငှားလိုက်တဲ့အခါ သူငယ်ချင်းဟောင်းတွေဖြစ်တဲ့ ဘီလီနဲ့ ဂဲရက်တို့ ဘာဆက်ဖြစ်ကြမလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(2.4 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:44:00 Genre... Action, Drama, Westren Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kavil
movie

Young Guns II (1990)

Twelve (2010)
Twelve (2010) Twelve (2010) *************ဒီဇာတ်ကားက ဝှိုက်မိုက်ဆိုတဲ့ မူးယစ်ဆေးရောင်းတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်...အရင်ကတော့ သူက အရမ်း ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ ကျောင်းထွက်ပြီးသူ့အရင်က အတန်းဖော်တွေကို ဆေးခြောက်ရောင်းရင်း အသက်မွေးနေရတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ...သူ့အမေ သေဆုံးသွားတဲ့နောက်မှာ သူ့ဘဝက အောက်ကို ပိုပြီး ထိုးကျခဲ့တော့တာပါပဲ...သူ့ရဲ့ ဝမ်းကွဲညီဖြစ်သူကလည်း ဆေးရောင်းတဲ့ကောင်တစ်ယောက်ဆီမှာ အသတ်ခံလိုက်ရပါတယ်...အဲဒီမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ အဓိကအနေနဲ့ မူးယစ်ဆေးက လူငယ်တွေရဲ့ ဘဝကို ဘယ်လောက်ထိ ဖျက်ဆီးပစ်နိုင်လဲဆိုတာကိုပြောထားတာဖြစ်လို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ လို့ ပြောလိုက်ပါရစေ...အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်...File Size : 1.64GB / 700MB Quality : BluRay 1080p 5.1ch / 720p Duration : 1 ...
movie

Twelve (2010)

The Wild (2006)
The Wild (2006) The Wild (2006) ***************ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်...၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ်Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေအာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson ကသူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်... အဲဒီအဖွဲ့ထဲမှာကိုအာလာဝက်ဝံလေး Nigel...သစ်ကုလားအုတ်မလေး Bridget...အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ... IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်...File Size : 1.91GB / 930MB Quality : BluRay 1080p / 720p Duration : ...
movie

The Wild (2006)

Juror #2 (2024) 7.2
Juror #2 (2024)  မင်းသားကြီး Clint Eastwood ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ကားတွေက တွေးစရာရင်ခုန်စရာ Plot တွေနဲ့ Crime , Thrillerအမှန်အကန်တွေကို ချပြတတ်ပါတယ်...ဒီ Juror 2 ဆိုတဲ့ ရုပ်ရှင်မှာလည်း Xmen ကားတွေနဲ့ နာမည်ရလာတဲ့မင်းသား Nicholas Hoult , J.K Simmons , Toni Collete စတဲ့နာမည်ကြီး Actor တွေနဲ့ အားဖြည့်ထားတာဖြစ်လို့ သေချာပေါက်ကြည့်သင့်တဲ့ကားပါ....ကိုယ်ဝန်သည်ဇနီးဖြစ်သူ အဲလီဆင်နဲ့ အေးချမ်းတဲ့ဘဝလေးကိုဖြတ်သန်းနေတဲ့ ဆောင်းပါးရေးဆရာဂျက်စတင်ကန့်ဟာ ပြည်နယ်ကဂျူရီအဖွဲ့ဝင်လုပ်ပေးဖို့ တာဝန်ပေးလို့ မလုပ်ချင်လုပ်ချင်နဲ့ တရားခွင်တဲ့သွားထိုင်လိုက်ရပါတယ်...ဒါပေမယ့် အမှုအကြောင်းကိုသိသွားတော့သူ့အတွက် မိုးကြိုးပစ်ခံလိုက်ရသလို ခြောက်ခြားသွားစေတယ်...ကန်ဒယ်ကာတာနဲ့ ဂျိန်းစ်ဆိုက်ဆိုတဲ့ စုံတွဲက အောက်တိုဘာ ၂၅ ရက်အရက်ဘားတစ်ခုမှာ အရက်သောက် ရန်ဖြစ်ကြရင်း အပြန်မှာကောင်မလေးဖြစ်သူ ကန်ဒယ်က သေဆုံးသွားပါတယ်...အမှုအသွားအလာအရ ကောင်မလေးက မိုးတွေသဲကြီးမဲကြီးရွာနေတဲ့ညကြီးမှာ ချစ်သူနဲ့ ရန်ဖြစ်စကားများထွက်လာပြီး တစ်ယောက်ယောက်ကမာကျောတဲ့အရာတစ်ခုနဲ့ ခေါင်းကိုရိုက်နှက်ပြီး ချောင်းထဲကျသေသွားတာဖြစ်တယ်...ညမှောင်ပြီးမိုးတွေလည်းရွာ မျက်မြင်သက်သေလည်း ...
movie

Juror #2 (2024)

4K HEVC
Forsaken (2015) 6.4
Forsaken (2015) Forsaken (2015)****************IMDB - 6.4 နာမည်ကြီးသရုပ်ဆောင် Kiefer Sutherland ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းက နာမည်ကြီးသေနတ်သမား ဂျွန်ဟန်နရီက 10 နှစ်ကြာပြီးတဲ့နောက်မှာ သူ့မွေးရပ်မြေဖြစ်တဲ့ Fowler ဆိုတဲ့မြို့လေးကို ပြန်ရောက်လာတယ်။အတိတ်တုန်းကတိုက်ပွဲမှာ ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ သူ့စွမ်း‌ဆောင်ရည်တွေကြောင့် သူပြန်ရောက်‌ရောက်ချင်းမှာ မြို့သူမြို့သားတွေဟာ အံ့ဩထိတ်လန့်မိကြသလို သူတို့အတွက် မျှော်လင့်တစ်ခုရှိလာပြီဆိုတဲ့ ခံစားချက်မျိုးလည်းရှိနေကြတယ်။အကြောင်းကတော့ မက်ကာဒီဆိုတဲ့လူက လယ်မြေတွေကို မြို့သူမြို့သား‌တွေဆီက အတင်းအဓ္ဓမဝယ်နေတယ်။မရောင်းချင်တဲ့သူတွေကို သူ့အောက်က လက်မရွံသေနတ်သမားတွေနဲ့ ဖြေရှင်းခိုင်းတယ်။ဘယ်သူကမှ မက်ကာဒီနဲ့ ရင်မဆိုင်ချင်ကြဘူး။အကြောင်းတစ်စုံတစ်ရာကြောင့် သေနတ်ကို ရာသက်ပန်စွန့်လွှတ်ထားတဲ့ ဂျွန်ဟင်နရီဟာ မက်ကာဒီကြောင့် သေနတ်ပြန်ကိုင်ရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါမှာတော့... (အညွှန်းကို Tin Myo Lwin မှ ရေးသားထားပါတယ်) File size…1.35GB / 588MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 31m Genre ….. Western, Action, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by AHtet 
movie

Forsaken (2015)

Pompeii (2014) 5.5
Pompeii (2014) Pompeii (2014) Genre – Action, Adventure, Romance, History79 CE လောက်မှာ အီတလီနိုင်ငံက ရိုမန်အင်ပါယာလက်အောက် မြို့တော် Pompeii ဟာအနားမှာ တည်ရှိတဲ့ မီးတောင် Mount Visuvius ရုတ်တရက် ပေါက်ကွဲခဲ့တဲ့အတွက်လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီး ၁၆ ရာစုနှောင်းပိုင်းပြန်လည်ရှာဖွေဖော်ထုတ်ထားခဲ့တဲ့ သမိုင်းဖြစ်ရပ်မှန် အကြောင်းတစ်ခုပါ။ဒီဇာတ်ကားလေးကတော့ Resident Evil ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Paul WS Anderson တစ်ယောက်ဒီ ဖြစ်ရပ်မှန်ကို ကိုးကားထည့်သွင်းပြီး ပြည်သူ့အချစ်တော် GOT ကJon Snow သရုပ်ဆောင်ဖြစ်တဲ့ Kit Harington ကိုခေါင်းဆောင်တင်ကာ ရိုက်ကူးထားတဲ့ သမိုင်းနောက်ခံ အချစ် စွန့်စားခန်း ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ပျက်စီးခြစားမှုတွေနဲ့ ရိုမန်လက်အောက်ခံခေတ်Pompeii မြို့က Gladiator လေး Milo ဟာ မျိုးရိုးမြင့်မိသားစုကကောင်မလေးနဲ့ ချစ်သူ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မိဘဖြစ်သူတွေက ...
movie

Pompeii (2014)

2014
Zoolander 2 (2016) 4.8
Zoolander 2 (2016) ၂၀၀၁ ခုနှစ်က ထွက်ရှိထားတဲ့ Zoolander 1 ရဲ့ ဒုတိယကားဖြစ်ပါတယ်။ ပထမကားထဲမှာလိုပဲ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် Benedict Cumberbatch၊ Justin Bieber၊ Katy Perry နဲ့ တခြားအဆိုတော်များစွာက ဧည့်သည်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။အဆိုတော် ဂျက်စတင်ဘီဘာရဲ့သေဆုံးမှုအပြီး ပေါ့ပ်စတားတွေ ထူးဆန်းစွာသေဆုံးနေမှုကို စုံစမ်းဖို့ အင်တာပိုက သူတို့ကို ကူညီနိုင်မယ့်သူတွေကို ရှာဖွေခဲ့ပါတယ်။ ဒဲရစ်နဲ့ ဟန်ဆယ်တို့က လူတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး နှစ်အတော်ကြာ နေပြီးချိန်မှာ ကမ္ဘာတစ်ဝှမ်းက ပေါ့ပ်စတားတွေ အသတ်ခံရမှုကို စုံစမ်းဖို့ အင်တာပိုက အေးဂျင့်မလေးက သူတို့ကို ဆက်သွယ်လာတာမို့ နှစ်ယောက်သား အမှုတွဲထဲကို ဘယ်လိုပါဝင်ပတ်သက်သွားမိမလဲ ဆိုတာကို ...
movie

Zoolander 2 (2016)

2016
Monsters vs Aliens (2009) 6.4
Monsters vs Aliens (2009) IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်....  File size…   1.8 GB  /   867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

Monsters vs Aliens (2009)

2009
Twin Peaks: Fire Walk with Me (1992) 7.3

Twin Peaks: Fire Walk with Me (1992)

Marmaduke (2010)
Marmaduke (2010) Marmaduke (2010) ==================ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို ‌တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။  ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျ‌နေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့‌ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ ‌အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size…   2 GB ...
movie

Marmaduke (2010)

2010
The Caine Mutiny Court-Martial (2023) 6.9
The Caine Mutiny Court-Martial (2023) The Caine Mutiny Court-Martial (2023)~ IMDb - 6.9/10, Rotten Tomatoes - 94% ~ဒီကားလေးကတော့ War Crime ဇာတ်လမ်းတွေ တရားခွင်ခုံရုံးအကြောင်းတွေ စိတ်၀င်စားတဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ပါရာမောင့်ကနေတင်ဆက်ထားပြီး သရုပ်ဆောင်တွေကလည်း မျက်နှာမစိမ်းလှတဲ့ဝါရင့်တွေချည်းပါ။မဲရစ်‌ဆိုတဲ့ ရေတပ်လက်အောက်ဗိုလ်က သင်္ဘောကပ္ပတိန်ဖြစ်သူ ဗိုလ်မှူးကွင်းကို စိတ်ကျန်းမာရေးမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တာ၀န်ရပ်စဲခဲ့တာကြောင့် စစ်ခုံရုံးတင်စစ်ဆေးခံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ်တင်ဆက်ထားတာပါ။ ကိုယ့်ဖက်ကကြည့်ရင်လက်ဖမိုး သူ့ဖက်ကကြည့်ရင်လက်ဖ၀ါးဆိုတဲ့ စကားလိုပါပဲ။ နှစ်ဖက်လုံးကအမှန်ဖြစ်နေတဲ့အခါ တရားခွင်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ။ တစ်ကားလုံးလိုလိုကို တရားခွင်မှာပဲအချိန်ကုန်ထားပေမဲ့ ကြည့်ရတာမပျင်းစေဘဲ သက်သေတွေ တရားရုံးရှေ့နေနဲ့ တရားခံရှေ့နေကြားက စကားတိုက်ပွဲတွေက ကြည့်ရှုသူတွေကို ထိုင်ရာကမထစတမ်း ဆွဲခေါ်သွားပါလိမ့်မယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.1GB, 875MB Quality - 1080p, 720p IMDb Rating ...
movie

The Caine Mutiny Court-Martial (2023)

2023
They Cloned Tyrone (2023) 6.7
They Cloned Tyrone (2023) They Cloned Tyrone (2023)ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Mystery, Action, Comedy, Sci-fi Quality…. 1080p | 720p File size… 3.8GB | 1.1GB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Mary Christ Encoder ..... Aaron
movie

They Cloned Tyrone (2023)

24: Redemption (2008) 7.4
24: Redemption (2008) 24: Redemption (2008) ================== IMDb Rating - 7.4/10ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US ...
movie

24: Redemption (2008)

2008
Young Guns (1988) 6.8
Young Guns (1988) Young Guns (1988)ကြမ်းကြမ်းရမ်းရမ်း ကောင်းဘွိုင်ကား အနောက်ပိုင်းကား ကြိုက်တဲ့လူတွေအတွက် အလန်းစားရုပ်ရှင်လို့ ပြောလို့ရပါတယ်။ Billy the Kid လို့ခေါ်တဲ့ နာမည်ကြီး ဝရမ်းပြေး သေနတ်သမားအကြောင်း ဖြစ်ရပ်မှန်ကို ပုံစံသစ်နဲ့ ပြန်ပြောင်းပြောပြထားတဲ့ ဇာတ်လမ်းလည်းဟုတ်တယ်။ သူက အသက် ၂၁ မှာသေသွားပေမဲ့ သူမသေခင် ခပ်ငယ်ငယ်မှာတင် လူ ၂၁ ယောက်ကို သတ်ခဲ့တယ်လို့ တစ်ချို့ကပြောကြတယ်။ နယူးမက္ကစီကိုမှာဖြစ်ခဲ့တဲ့ လင်ကွန်းကောင်တီဝါးကိစ္စမှာလည်း လူသုံးယောက်သတ်ခဲ့တယ်ပြောကြတယ်။ ဒီကားကလည်း အဲဒီလင်ကွန်းကောင်တီဝါးမှာဖြစ်ခဲ့တဲ့ကိစ္စကိုပဲ ရိုက်ပြထားတာ။ Young Guns ဟာ Billy the Kid အကြောင်းရိုက်ထားတဲ့အထဲက သမိုင်းအချက်အလက်နဲ့ အကိုက်ဆုံးရုပ်ရှင်လို့လည်း ပြောကြတယ်။ ကားနာမည်နဲ့လိုက်အောင်ပဲ ဒီကားထဲက သေနတ်သမားတွေအကုန်လုံးဟာ အသက် ၂၀ အောက် ဖိုက်တာတွေချည်းပါပဲ။ ဒီရုပ်ရှင်က ၂ထွက်ထားသလို ၃လည်းလာဖို့ရှိပါတယ်။၁၈၇၈ နယူးမက္ကစီကိုမှာ ဂျွန်လို့ခေါ်တဲ့လူက လမ်းဘေးက အလေနတောသေနတ်သမားလေးတွေကိုခေါ် ...
movie

Young Guns (1988)

1988
The Sentinel(2006) 6.1
The Sentinel(2006) ဒီဇာတ်ကားက ဂန္ဓ၀င်မင်းသားကြီး Michael Douglas ရဲ့ဇာတ်ကားလေးပါ။ ပိထ်ဂါရစ်ဆန် နဲ့ ဘရက်ကင်ရစ်ခ်ျ တို့ဟာ သမ္မတ လုံခြုံရေးတပ်ဖွဲ့မှာ တာ၀န်ထမ်းဆောင်လာခဲ့တာ နှစ်ပေါင်းများစွာရှိနေပါပြီ။ သူတို့နှစ်ယောက်ဟာ ခင်မင်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်ဖြစ်ပေမယ့် ပုဂ္ဂိုလ်ရေးကိစ္စကြောင့် စိတ်၀မ်းကွဲနေကြတဲ့သူတွေဖြစ်ပါတယ်။ တစ်ရက်မှာတော့ လုံခြုံရေးအဖွဲ့ရဲ့ အဖွဲ့၀င်တစ်ဦးဟာ သမ္မတကိုလုပ်ကြံဖို့စီစဉ်‌နေတာသိလိုက်ရတော့ လုံခြုံရေးအဖွဲ့တစ်ခုလုံး သို့လော သို့လော ဖြစ်ကုန်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံမရတော့တဲ့အနေအထားကြောင့် မုသားဖော်စက်နဲ့ တစ်ဦးချင်းစစ်ဆေးရာမှာ ပိထ် လိမ်နေတယ်လို့သိလိုက်ရပါတယ်။ ဒါပေမယ့် ပိထ်ကအဖမ်းမခံဘဲ အကွက်ချခံရကြောင်းပြောပြီး တရားခံအစစ်ကိုရှာဖို့ကြိုးစားပါတော့တယ်။ ပိထ်ဟာ သူပြောသလို အကွက်ချခံရတာလား ကိုယ်တိုင်ကပဲလုပ်ကြံရေးသမားဖြစ်နေတာလား.... File size…1.69GB / 708.9MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Sentinel(2006)

Freeway(1996) 6.8
Freeway(1996) Freeway(1996) =============ဒီတစ်ခေါက်မှာတော့ Freeway ဆိုတဲ့ စိတ္တဇလူသတ်သမားကားကို မိတ်ဆက်ပေးချင်ပါတယ်။အသက်၁၅နှစ်သာရှိသေးတဲ့ ဗန်နက်ဆာဆိုတဲ့ကောင်မလေးဟာ သူမမွေးခင်ကတည်း အဖေမရှိတော့ဘဲ အမေရယ် ပထွေးရယ်နဲ့အတူ နေထိုင်ရတာဖြစ်ပါတယ်။ သူတို့ဟာ သာမာန်မိသားစုမဟုတ်ဘဲအမေကအပျော်မယ်လုပ်ကိုင်သူဖြစ်ပြီး ပထွေးဖြစ်သူကဆေးစွဲနေတဲ့ထောင်ထွက်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာ သူ့တို့နှစ်ယောက်လုံး ဆေးမှုနဲ့ ထောင်ကျသွားတဲ့အချိန် ဗန်နက်ဆာတစ်ယောက် မိဘမဲ့စောင့်ရှောက်ရေးဆီ အပို့ခံရဖို့ဖြစ်လာပါတယ်။ဒါပေမယ့် အရင်ကတည်း ရောက်ဖူးပြီးတဲ့ဗန်နက်ဆာဟာအဲဒီကို ထပ်မသွားချင်တာကြောင့် တစ်ခါမှမတွေ့ဖူးတဲ့အဘွားဆီကို ထွက်ပြေးလာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဗန်နက်ဆာတစ်ယောက် အဝေးပြေးလမ်းမှာကားပျက်ပါတော့တယ်။ လမ်းမှာဒုက္ခရောက်နေတဲ့အချိန် ကူညီမယ့်သူပေါ်လာခဲ့ပေမယ့် သူ့ကိုလာကူညီတဲ့သူဟာသတင်းတွေထဲနာမည်ကြီးနေတဲ့ အဝေးပြေးလမ်းစိတ္တဇလူသတ်သမားဖြစ်တဲ့ အိုင်ဖိုက် လူသတ်သမား ဖြစ်နေတဲ့အခါ.... File size…1.44GB / 653MB Quality…Web-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Freeway(1996)

Taking Lives (2004)
Taking Lives (2004)    Taking Lives (2004) ~~~~~~~~~~~~~~~~~~~~~~~ ကမ်းခြေသွားရင် ဝင်ကစွပ်ကောင်လေးတွေကို မြင်ဖူးကြလား ဝင်ကစွပ်တွေက တခြားသတ္တဝါတွေရဲ့အခွံကို သူ့ကိုယ်ပိုင်အိမ်သဖွယ်ဝင်နေကြတယ်လူတစ်ယောက်ကရော အဲ့လိုသူများဘဝကို ကိုယ့်ဘဝလို အပိုင်ယူလိုက်လို့ရလား ဒီမေးခွန်းရဲ့အဖြေကို အခုတင်ပေးသွားမယ့်ရုပ်ရှင်ထဲမှာပဲ အဖြေရှာကြည့်ကြပါဒီလိုကားမျိုးက ဇာတ်ကြောင်းအရမ်းပြောရင် spoiler ဖြစ်မှာစိုးရလို့ မိတ်ဆက်သဘောပဲ ပြောမယ်နော့ နှစ်ပေါင်းများစွာ လွတ်မြောက်နေတဲ့ စိတ္တဇကွင်းဆက်လူသတ်သမားကို FBI အထူးအေးဂျင့် Angelina Jolie နဲ့အတူ ကိုယ်တိုင်စုံစမ်းထောက်လှမ်းလိုက်ပါPsychological thriller ဆိုတဲ့အတိုင်း သည်းထိတ်ရမယ်၊ ရင်ဖိုရမယ်၊ Crime drama ဆိုတဲ့ဆိုတဲ့အတိုင်း အံ့ဩရမယ်၊ မင်သက်ရမယ် ရင်မဖိုရမှာတော့မပူနဲ့၊ Jolie နဲ့ Ethan Hawke တို့ကို ကြည့်ရင်း စောင်ကိုက်ရမှာ အသေအချာပါပဲIMDB -6.2 RT- 22% File size…(1.6GB)/(830MB)/(458MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Mystery / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Taking Lives (2004)

The Contractor (2022) 6
The Contractor (2022) The Contractor (2022)နာမည်ကျော်မင်းသား ခရစ်စ်ပိုင်းရဲ့ အက်ရှင်ရုပ်ရှင်အသစ်ထွက်လာပါပြီ။ ဒူးဒဏ်ရာကြောင့် ဆေးတွေသုံးလို့ အထူးတပ်ဖွဲ့ကနေ အနားယူလိုက်ရတဲ့ အတော်ဆုံး စစ်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်ကထွက်လာပြီး အလုပ်မရှိအကိုင်မရှိ အကြွေးတွေနစ်နေချိန်မှာ ကြေးစားစစ်သားအလုပ် လုံခြုံရေးအလုပ်တွေကို လိုက်လျှောက်ရင်း ငွေအများကြီးရမယ့် အလုပ်တစ်ခု တွေ့သွားခဲ့ပါတယ်။ အဲဒါကတော့ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ဖို့ ဘာလင်က သိပ္ပံပညာရှင်တစ်ယောက်တီထွင်နေတဲ့ ဇီဝလက်နက်တစ်ခုကို သွားဖျက်ဆီးဖို့ ကန်ထရိုက် တာဝန်တစ်ခုပါပဲ။ စာရင်းမဝင် လျို့ဝှက်စစ်ဆင်ရေးတစ်ခုပေါ့။ အဲဒီစစ်ဆင်ရေးကိုအတူသွားကြရင် လွယ်မလိုနဲ့ခက်ပြီး မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Action, Thriller Quality….WEB-DL 1080p and 720p File size…1.83GB and 759MB and Format…mp4 Duration….1h 43min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

The Contractor (2022)

2022
Phone Booth (2002) 7.0
Phone Booth (2002)      Phone Booth 2002----------------------------IMDb 7/10 Rotten Tomatoes 72% Metacritic 56%"ကိုယ်ကတော့အရေးမပါလောက်ဘူးထင်ပြီးလုပ်မိတဲ့ကိစ္စဟာ တဖက်လူအတွက် အများကြီးစိတ်ထိခိုက်စရာဖြစ်တတ်ပါတယ်""လူတိုင်းဟာ အပြစ်တွေကိုလုပ်မိကြတာကြီးပဲ"ဒီဇာတ်ကားကတော့ မင်းသားကြီး Colin Farewell, Forest Whitaker, Kiefer Sutherland နဲ့မင်းသမီးကြီး Katie Holmes, Radha Mitchellစတဲ့ ဒိတ်ဒိတ်ကြဲ သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားပြီးဒါရိုက်တာကြီး Joel Schumacherရိုက်ကူးခဲ့တဲ့ အရမ်းလန်းတဲ့ဇာတ်ကားပါ။ ဒီဇာတ်ကားရဲ့အသွားအလာဟာ တခြားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားပါတယ်။ ဘာတွေထူးခြားနေလဲဆိုတာပြောပြဖို့ဇာတ်လမ်းအကျဉ်းလေးကိုနည်းနည်းလောက် ပြောပြပါရစေဇာတ်လမ်းအကျဉ်းကတော့....စတူးဝပ်ဆိုတဲ့ PRသမားတစ်ယောက်ဟာ အများပြည်သူသွားရာလမ်းပေါ်မှာရှိပြီး ဝင်ရထွက်ရလွယ်တဲ့ ဖုန်းရုံထဲမှာပိတ်မိနေပါတယ်။ သော့ခတ်ခံရလို့ပိတ်မိနေတာမျိုးမဟုတ်ပေမယ့် စတူးဝပ်ဟာအပြင်ကိုထွက်မရပဲဖြစ်နေတာပါ။ အဲ့လိုပိတ်မိနေချိန်မှာပဲ စတူးဝပ်ဟာ ဖုန်းရုံထဲကဖုန်းနဲ့လူတစ်ယောက်နဲ့စကားပြောနေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ အခြေအနေတွေဟာတဖြည်းဖြည်းရှုတ်ထွေးလာပြီး ရဲတွေ၊ သတင်းဌာနတွေပါရောက်လာတဲ့အခါမှာတော့.....ဇာတ်လမ်းက တမူထူးခြားနေတဲ့အတွက် spoilလည်းမဖြစ်အောင် အညွှန်းကိုထိန်းရေးရတာမလို့ဒီထက်ပိုပြီးရေးပြလို့မရတာကိုခွင့်လွှတ်ပါ။ဒီကားဟာ ၂၀၀၂ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး အခုပြန်ကြည့်လည်း ကြည့်လို့ကောင်းဆဲပါပဲ။ တစ်ခုရှိတာက ဒီကားမှာ Sex scenceတွေမပါပေမယ့် R-ratedရုပ်ရှင်ဖြစ်တဲ့ကားပါ။အဓိကကတော့ စကားအသုံးအနှုံးတွေက အသက်၁၅နှစ်အောက်ကြည့်ဖို့မသင့်လျော်သလို ကလေးတွေကိုပြမယ်ဆိုရင်လည်း မိဘအုပ်ထိန်းသူတွေအရင်ကြည့်ပြီးမှ ...
movie

Phone Booth (2002)

2002