Channel Myanmar

Kiattisak Udomnak

BKO: Bangkok Knockout (2010) 5.4
BKO: Bangkok Knockout (2010)  ဒီဇာတ်ကားလေးကတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ထိုင်း အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီကားထဲမှာ သိုင်းပညာသင်လူငယ်တစ်စုဟာ ဟောလိဝုကိုသွားရောက် စတန့်လုပ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ မထင်မှတ်ထားတဲ့ အရာတွေဖြစ်လာပြီး အသက်အန္တရာယ်ရှိတဲ့ အနေအထားထဲကိုရောက်လာပါတော့တယ်။ Squid game လိုပဲ လူတွေတိုက်ခိုက်တာကို ကြည့်ချင်ကြတဲ့သူတွေကြောင့် သူတို့တွေဟာ တိုက်ခိုက်ရည်ဝနေတဲ့ သူတွေနဲ့ တွေ့ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းက အကောင်းကြီးမဟုတ်ပေမယ့် Fight scene တွေက တော်တော်လေးကောင်းတဲ့အထဲမှာပါပါတယ်။ အက်ရှင်ကားကောင်းတွေ ကြိုက်တတ်သူဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်သင့်ပါတယ်။ File size…(1.5 GB)/(3.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:46:00 Genre... Martial Art, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro
movie

BKO: Bangkok Knockout (2010)

Fearless Love (2022)
Fearless Love (2022) Fearless Love (2022)ဘယာနက ကင်းတဲ့ ချစ်ခြင်းသတ္တိ ====================================== ချစ်သူတွေက ဘယ်လိုအကြောင်းအရာတွေကြောင့်လမ်းခွဲကြရတာလဲ ပလွိုင်နဲ့ဒင်ဟာ လက်ထပ်ခွင့်တောင်းရာကနေ လမ်းခွဲပြတ်​ဆဲခဲ့ရတဲ့ချစ်သူတွေပေါ့တစ်နေ့ကျ သူတို့နှစ်ဦးက လက်စွပ်ကုမ္ပဏီတခုအတွက် ချစ်ဟန်ဆောင်ပြီး လက်ထပ်ခွင့်တောင်းရမဲ့ အခန်းသရုပ်ဆောင်ဖို့အကြောင်းဖန်လာတော့တယ် သူတို့နှစ်ဦးပြန်နီးစပ်မဲ့ ဒီကြော်ငြာကိုရိုက်ကူးဖို့ အယုဒ္ဓယဘက်သွားရင်း နည်းပြဘောရီဘွန်နဲ့မတော်တဆဆုံကြတယ် သူတို့၃ဦးက လမ်းခုလပ်တနေရာအရောက် ရွာတခုထဲက ဦးလေးပေါ်ဆီမှာ ဝင်တည်းခဲ့ကြစဥ်မှ‌ာတော့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တခုနဲ့အတူကြုံခဲ့ကြရပါတော့တယ်။သူတို့ ၃ဦး ဒီသရဲရန်ကနေလွှတ်မြောက်သွားနိုင်ပါ့မလား သရဲထန်ခွန်ကလည်း ဘာအကြောင်းကြောင့် ပလွိုင်နဲ့ဒင်ကိုလိုက်သတ်နေရတာလဲ သူတို့ရိုက်ကူးမဲ့ ဒီကြော်ငြာကရောပြီးဆုံးသွားနိုင်ပါ့မလား ပလွိုင်နဲ့ဒင်ရဲ့ဇာတ်လမ်းကလည်း ဘယ်အချင်းအရာတွေနဲ့တွယ်ငြိလာမလဲဆိုတာရသစုံပါဝင်တဲ့ Fearless loveမှာ ခံစားချက်အမျိုးမျိုးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance, Horror Quality…. 1080p | 720p | 480p File size… 1.68GB | 897MB | 493MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wuityi Tun Encoder ..... August
movie

Fearless Love (2022)

2022
Superstars (2008) 6.8
Superstars (2008) Superstars (2008)“ဘုရားက မျှတပါတယ်လေ” ဆိုပြီး လူတွေပြောပြောနေကျ စကားရှိတယ်မလား။လောကမှာ အရာအားလုံးပြည့်စုံတဲ့သူရယ်လို့မရှိပါဘူး။ သေးသေးကြီးကြီး ချို့ယွင်းချက်တစ်ခုတော့ အနည်းဆုံးရှိကြစမြဲပါပဲ။ ဒီကားလေးရဲ့ ဇာတ်ဆောင်နှစ်ယောက်ကလည်း ဒီလိုပဲ။ငယ်ငယ်တည်းက သူငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ “တွမ်” နဲ့ “တင်” …“တွမ်” က ရုပ်ရည်ချောမောတယ်၊ အကတော်တယ်။ ဒါပေမယ့် သူ့ရဲ့အသံက ကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းလောက်အောင်ကို “ဘဲ” အသံလိုမျိုး ပြာနေတာ။ ချောမောတဲ့ရုပ်ရည်နဲ့ ကိုယ်နေဟန်ထားတော့ရှိပေမယ့် အသံပြာတဲ့ ချို့ယွင်းချက်ရှိနေတဲ့သူ ..။“တင်” က ရုပ်ရည်ပိုင်းဆိုင်ရာမှာ အရုပ်ပုပု ဝဝနဲ့ အားနည်းချက်ရှိပေမယ့် သူ့မှာ ဆည်းလည်းသံလိုသာယာတဲ့အသံနဲ့ သီချင်းအရေးကောင်းတဲ့ ပါရမီရှိတယ်။ဒီလို နှစ်ယောက်ပေါင်းမှ ဖိနပ်တစ်ရံလိုပြည့်စုံသွားတဲ့ သူငယ်ချင်းနှစ်ယောက်မှာ အမြဲစနောက်နေကျအကျင့်တစ်ခုရှိတယ်။“Lip-sync” လုပ်တာ ..“တွမ်” က ရှေ့ကနေ လူလုံးပြ “တင်” ကနောက်ကနေ ပြောချင်ရာပြော။ ဒီလိုနဲ့ တစ်နေ့မှာ “တင်” ရေးပြီးဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို ...
movie

Superstars (2008)

2008