Channel Myanmar

Kevin Scannell

Monkey Trouble (1994) 5.3
Monkey Trouble (1994) ဒီဇာတ်ကားလေးကတော့ မိသားစုနဲ့အတူတူ ကြည့်လို့ရတဲ့ချစ်စရာ တိရစ္ဆာန်ဇာတ်ကား‌လေးပဲ ဖြစ်ပါတယ်။ဒီထဲကအဓိကဇာတ်ကောင်က တခြားမဟုတ်ဘဲမျောက်ကလေးတစ်ကောင်ပဲ ဖြစ်ပါတယ်။အီဗာဆိုတဲ့ ကောင်မလေးကအိမ်ကလည်းမနိုင် အိမ်ကိုလည်းမပိုင်တဲ့ဂျစ်ကန်ကန်နဲ့ကလေးမလေးတစ်ယောက်ပေါ့။သူ့ခမျာ အိမ်မွေးခွေးတစ်ကောင်လောက် မွေးချင်‌ပေမဲ့ ပထွေးဖြစ်သူ တွမ်ကတိရစ္ဆာန်အမွေးနဲ့ ဓါတ်မတည့်လို့ မွေးခွင့်မရဘဲ ဖြစ်နေတာပါ။အဲဒီအချိန် သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာတာက ဒေါ့ဂျာရယ်လို့ ဖြစ်လာမယ့်မျောက်ကလေးတစ်ကောင်ပါ။အဲဒီမျောက်ကလေးက လမ်းဘေးဖျော်ဖြေသူတစ်ယောက်က မွေးထားတာဖြစ်ပြီး ပရိသတ်တွေဆီကနေ မျောက်ပြဆန်တောင်းလုပ်ရင်း ပိုက်ဆံတွေလက်ဝတ်ရတနာတွေ အလစ်သုတ်တတ်အောင်လေ့ကျင့်ပေးထားတဲ့ စောရမျောက်လေး ဖြစ်နေတာပါ။နဂိုထဲကတိရစ္ဆာန်မွေးချင်နေတဲ့ အီဗာဆီကို အဲဒီမျောက်ကလေးရောက်သွားတော့အိမ်ကလူတွေမသိအောင် မွေးထားရင်းမျောက်လေးရဲ့ မကောင်းတဲ့အကျင့်ကိုသိသွားတဲ့အခါသူရှာ‌‌ထားတဲ့ပြဿနာတွေကို အိမ်ကမသိအောင်ရှင်းရင်းအီဗာတစ်ယောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗျာများရပုံတွေကိုဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။File size…    3.18 GB /  1.3 GB Quality… WEB-DL 1080p / 720p Format… mp4 Audio... AAC Duration…. 1h 36m Genre ..... Comedy/Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by ...
movie

Monkey Trouble (1994)

Bowfinger (1999)
Bowfinger (1999) 1999 ထွက် Comedy ရုပ်ရှင်အသစ်တစ်ကား တင်ပေးထားပါတယ် ဇာတ်လမ်းအကျဉ်း ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဟာ နာမည်ကြီး မင်းသားတစ်ဦးကို သူ့ရိုက်မယ့်နိမ့်ကြေးရုပ်ရှင်မှာ ပါဝင်ခိုင်းဖို့ မအောင်မြင်တော့ မင်းသား မသိအောင် လျှို့ဝှက်ကင်မရာတွေနဲ့ ခိုးရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဒါပေမဲ့ အဲဒီအကြံက ထင်သလောက် မလွယ်ကူတဲ့ အရာမဟုတ်တော့ ဘယ်လိုခက်ခဲမျိုးတွေနဲ့ ကြုံရမလဲဒါတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို ဟာသအနှောလေးတွေနဲ့ ဖတ်ရမှာ ဖြစ်ပါတယ် နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Steve Martin နဲ့ Eddie Murphy တို့က အဓိက သရုပ်ဆောင်ဖြစ်ကြပြီး Robert Downey Jr. ကပါ အရံသရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ထားသောကြောင့် တော်တော် ကြည့်ဖို့ထိုက်တန်တဲ့ကားလေးပဲ ဖြစ်ပါတယ်File size…(2.1  GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by ...
movie

Bowfinger (1999)

The Player (1992) 7.5
The Player (1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player (1992)

Turner & Hooch (1989) 6.2
Turner & Hooch (1989) ဟောင်းပေမဲ့ ကောင်းတယ်ဆိုတာ ဒါမျိုးဗျ..။အဓိကဇာတ်ကောင်ပါတဲ့ ပိုစတာကို မြင်ပြီးရင်တော့ အထူးတလည် ညွှန်းစရာလိုမယ် မထင်ဘူး..။Tom Hanks ဆိုတာ ဂန္တဝင်ရယ်လို့ Legendary သရုပ်ဆောင် မင်းသားကြီးတစ်ယောက်ဖြစ်လာပြီးမှ ဟိုးရှေးရှေးတုန်းက ငယ်ရွယ်တဲ့ Tom Hanks ကို ပြန်ကြည့်ရတာလည်း အရသာတစ်မျိုးပဲ..။လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုမကတဲ့ အချိန်လောက်တုန်းက ရုပ်ရှင်ဆိုပေမဲ့လည်း အခုနေ ပြန်ကြည့်မိလည်း ဇာတ်ကြောင်းက ကျေနပ်စရာကောင်းသေးတယ်ဗျ..။အိမ်မွေးတိရစ္ဆာန်လေးတွေဆီကရတဲ့ စိတ်ဒုက္ခ..၊ ပျော်ရွှင်စရာ အခိုက်အတန့်လေးတွေနဲ့ ကြည်နူးစရာ မေတ္တာတရားတွေကို ရယ်စရာ မောစရာတွေနဲ့ ရောပြီး ကြည့်ရှုနိုင်ပါမှာ..။အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့လူတွေကတော့ ဒီချိုမြတဲ့ဒုက္ခတွေကို ကောင်းကောင်းကြီး နားလည်နိုင်မှာ အသေအချာ..။ကမ်းခြေမြို့သေးသေးလေးတစ်ခုမှာ စုံစမ်းစစ်ဆေးရေးမှူးလုပ်နေတဲ့ မစ္စတာ တန်နာ တစ်ယောက် တခြားမြို့ကို သိပ်မကြာခင် ပြောင်းရွေ့ရတော့မယ့် ရက်ပိုင်းအတွင်းမှာမှ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတချို့နဲ့.. ဒီကိစ္စရပ်တွေကနေ ဆက်ပြီးတော့ ဖြစ်ပျက်လာမယ့် မှုခင်းဆက်စပ်မှုတွေ..။အရာအားလုံးကို တိကျ ၊ သေချာ ...
movie

Turner & Hooch (1989)