Channel Myanmar

Kevin Pollak

The Girl in the Pool (2025) 4.3
The Girl in the Pool (2025)  The Girl in the Pool (2025)IMDb Rating (4.3) / Rotten Tomatoes (36%) ရေကန်ထဲကမိန်းကလေးဆိုတဲ့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ရေကန်ထဲကမိန်းကလေးအလောင်းတစ်ခုကနေ စတဲ့ဇာတ်လမ်း။ခင်ပွန်းဖြစ်သူရဲ့မွေးနေ့ပွဲကို စပရိုက်စ်ပါတီပေးဖို့ လုပ်နေကြတဲ့ ချမ်းသာတဲ့မိသားစုတစ်ခု။ခင်ပွန်းဖြစ်သူက ရေကန်ထဲက မိန်းကလေးအလောင်းနဲ့ တိုင်ပတ်နေတဲ့အချိန်။အဲဒီမိန်းကလေးကလည်း သူနဲ့ဖောက်ပြန်နေတဲ့ မိန်းကလေး။မိသားစုမထိခိုက်ဖို့အရေး အလောင်းဖျောက်ဖို့ ကြိုးစားနေတဲ့အချိန် စပရိုက်စ်ပါတီကြောင့် တစ်အိမ်လုံးမှာ မိသားစုမိတ်ဆွေအသိုင်းအဝိုင်းတွေ ရောက်လာကြရာကစပြီး။မိန်းကလေးက မတော်တဆကြောင့်သေတာလား?အသတ်ခံလိုက်ရတာလား? ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်လာမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)File size…(1.2 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:29:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo
movie

The Girl in the Pool (2025)

2025
Casino (1995) 8.2
Casino (1995) Casino (1995)**************************IMDb..... 8.2/ Rotten....80 HEAT,THE SCORE,THE INTERN,GOODFELLAS စတဲ့ ကားတွေကြည့်ပြီး Robert De Niro ကိုသတိထားမိသွားတယ်...ဒီဘိုးတော်ကြီးကားတော်တော်များများ ဟာ ခမ်းနားထည်ဝါလွန်းတယ်.... ဒါကြောင့် casino (1995)ကားကို စူးစမ်းကြည့်မိတယ် ....Top Rated Movies #145 ထဲမှာပါသလို ဆုပေါင်းများစွာလည်း ရရှိထားတယ်...Sam Ace Rothestein အဖြစ် Robert De Niro ကသရုပ်ဆောင်ထားတယ်... သူဟာ လောင်းကစားတွေနဲ့ပတ်သက်လို့ထက်မြက်တယ်...သူ့မျက်လုံးတစ်စုံဟာ ၃၆ဝဒီဂရီပတ်ကြည့်ပြီးတာနဲ့ ဘယ်ဝိုင်းက ထိုးသားအခြေအနေ လောင်းကြေးတွေက ဘယ်သူ့ဘက်အလေးသာနေတယ်ဘယ်သူတွေက မသာမာမှုတွေလုပ်နေတယ်ဆိုတာကို အကဲဖြတ်စွမ်းနိုင်စွမ်းရှိတယ်..  တစ်ဆက်တည်း သူလိုချင်တဲ့အနေအထားကိုလည်း ပြောင်းလဲနိုင်စွမ်းရှိတယ်..ဒါကြောင့် ကာစီနိုတွေကိုချုုပ်ကိုင်နေတဲ့သူတွေက သူ့ကို ကာစီနိုဝိုင်းတွေကိုကွပ်ကဲပေးဖို့ငှားခဲ့တယ်....သူကလည်းလက်ခံခဲ့တယ်...သူ့ကိုလက်ဖျားနဲ့မပြောနဲ့ စကားကြမ်းပြောတဲ့သူတောင် အနားမှာမရှိအောင် လူမိုက်အကြီးအစားတစ်ယောက်ကို သူ့အနားမှာထားပေးတယ်...အဲဒီအလုပ်ကို သူလက်ခံပြီးတဲ့နောက်မှာ အပြောင်းအလဲတွေ အများကြီးသူကြုံရတော့တာပဲ....လူမိုက်တွေ...ရဲတွေ.....အစိုးရအကြီးအကဲတွေ....ဥပဒေကိုလက်တစ်လုံးခြားလုပ်နေတဲ့သူတွေ..... ဒီကားမျိုးက ကြည့်ပြီးတွေးမြင်ခံစားလို့ကောင်းတဲ့ကားမျိုးဆိုတော့ ဆက်မပြောတော့ပါဘူး......ဒီကားက တချို့သူတွေအတွက်တော့ ဂျင်းပေါ့ဗျာ.အယ်..တချို့သူတွေအတွက်တော့ (gem)ဖြစ်သွားလိမ့်မယ်.... File Size : ...
movie

Casino (1995)

She’s All That (1999)
She’s All That (1999) IMDb Rating 5.9/10ဆယ်ကျော်သက်အချစ်ရုပ်ရှင်ကားတစ်ကားပေမဲ့ ပုံမှန်ဆယ်ကျော်သက်ကားတွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ခံစားသက်ဝင်ပြီး ကြည့်ရှုရမယ့် She’s All That ……………. မင်းသားချောလေး Freddie Prinze Jr ပါဝင်ထားတဲ့ ကြည်နူးစရာအချစ်ကားလေးတစ်ကားဖြစ်ပြီး ဒီကားမှာ ဖရတ်ဒီက ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်....ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာက Queen တေလာဗန်ဟာရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး အသဲကွဲနေသောအခါ... သူ့သူငယ်ချင်းတွေက အသဲကွဲနေတဲ့သူ့ကို နှစ်သိမ့်ကြရင်း အလောင်းအစားတစ်ခုကို လောင်းကြဖို့ အခြေအနေတစ်ခုဖြစ်လာပါတယ်.... အဲ့အလောင်းအစားကတော့ ဒီကျောင်းက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဇက်ဆိုင်လာက Queen ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ် သူတို့ဖန်တီးပေးရမယ့် သားကောင်က ကျောင်းက လူထူးဆန်းမလေး လန်နီဖြစ်နေတဲ့အခါ......သူ့ရဲ့အလောင်းအစားကို အနိုင်ရဖို့ ဇက်ဆိုင်လာက လန်နီကို ချဉ်းကပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက်နီးစပ်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ? ...
movie

She’s All That (1999)

A Few Good Men (1992) 7.7
A Few Good Men (1992) A Few Good Men (1992) ***************************** IMDb.....7.7,,,,,Rotten.....82% Rules of Engagementဆိုတဲ့ စစ်ကား ကိုတော့ တော်တော်များများကြည့်ဖူးကြမယ်ထင်တယ်... အဲဒီလိုကားမျိုးကို သဘောကျတဲ့ဆိုရင်တော့ ဒီကားကိုကြည့်သင့်တယ်..... ဒီကားက နယ်ခြားစောင့်စစ်တပ်မှာ စစ်သည်တစ်ယောက်သေဆုံးတဲ့အကြောင်းကို အဓိကဇာတ်အိမ်တည်ပြီးရိုက်ကူး ထားတယ်.... စစ်သည်အချင်းချင်းအပြစ်ပေးရာကနေ မတော်တဆသေဆုံးသွားတယ်.... ဒီအမှုကို ကိုင်တွယ်ဖို့ စစ်တရားရုံးရှေ့နေအဖြစ် Tom Cruise ကိုတာဝန်ပေးခြင်းခံရတယ်...ဒီကားက ကျွန်တော်ကြည့်ခဲ့တဲ့ စစ်ကားထဲမှာ အကောင်းဆုံးစာရင်းဝင်လို့တောင်ပြောလို့ရတယ်.. အယ် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ စစ်ဆင်ရေးဆင်နွှဲနေတဲ့ကားတော့မဟုတ်ဘူး.... သို့ပေမဲ့ စကားလုံးတွေနဲ့ စွမ်းအားကတော့ လက်နက်ကြီးထက်ပြင်းထန်ပုံရတယ်... ဇာတ်လမ်းက စစချင်းကိုဆွဲဆောင်မှုရှိတယ်....ကျွန်တော်ပြောရင် Spoiler ဖြစ်သွားမှာစိုးလို့ ခံစားကြည့်လိုက်ပါဦး....ဒီကားရဲ့ ဒိုင်ယာလော့တွေကို အတတ်နိုင်ဆုံး အလှပဆုံး မြန်မာမှုပြုပေးတဲ့ ဘာသာပြန်ကတော့ Ko Ye Pye Sone ပါ.... IMDbရော Rotten ရော အမြင့်ဆုံးမှာရှိနေသလို သရုပ်ဆောင်တွေကလည်း.  Tom Cruise, Jack Nicholson, Demi Mooreတို့ဖြစ်လို့  ဒေါင်းကြည့်သင့် မသင့် ဆုံးဖြတ်ကြပေတော့..... File Size : 2.18GB/ 870MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:18:00 Genre :  Drama, Thriller Subtitle ...
movie

A Few Good Men (1992)

Goodrich (2024)
Goodrich (2024) IMDb – 6.3/10RT – 78% (6.2/10)ဇာတ်လမ်းအကျဉ်းအန်ဒီဂွတ်ရစ်ချ် (Michael Keaton) ဟာ ပန်းချီပြခန်းလေးတစ်ခုကို ဦးစီးနေတဲ့ အလုပ်စွဲနေသူတစ်ဦးဖြစ်ပါတယ်။မိသားစုကိုလဲ ဂရုမစိုက်သလို အငြင်းလဲ အင်မတန်သန်သူဖြစ်ပါတယ်။ အဲဒါတွေကြောင့်ပဲ ပထမအိမ်ထောင်နဲ့ကွဲကွာခဲ့ရပြီး ဒုတိယလက်ရှိအိမ်ထောင်နဲ့လဲ အဆင်မပြေလှပါ။ တစ်ညမှာတော့ လက်ရှိဇနီးက ဆေးဖြတ်စခန်း (ရုပ်ရှင်ထဲကအသုံးအနှုန်းကတော့ ပြန်လည်ထူထောင်ရေးစခန်း)ကနေ ဖုန်းလှမ်းဆက်ပြီး ရက်ပေါင်း ၉၀ စခန်းဝင်မယ့်အကြောင်းကို ပြောပြချိန်မှာတော့ သူတစ်သက်နဲ့တစ်ကိုယ် မလုပ်ဖူးတာတွေ စလုပ်ရပါတော့တယ်။ တစ်ချိန်တည်းလိုလိုမှာပဲ နဂိုကတည်းက ယိုင်နဲ့နေတဲ့ ပန်းချီပြခန်းကလည်း အကျပ်အတည်းတွေ ရင်ဆိုင်နေရပြီး ရုန်းကန်နေရပါတယ်။လက်ရှိအိမ်ထောင်နဲ့မွေးထားတဲ့ အမွှာနှစ်ယောက်ကို ကြည့်ပေးဖို့ ပထမအိမ်ထောင်နဲ့ရထားတဲ့ လက်ရှိကိုယ်ဝန်ဆောင်နေတဲ့သမီး ဂ‌ရေ့စ် (Mila Kunis) ကို အကူအညီတောင်းရပါတော့တယ်။ နောက်ဆုံးမှာတော့ဇာတ်လိုက်ကြီး အန်ဒီတစ်ယောက် သမီးဂ‌ရေ့စ် တစ်သက်လုံးမရဘူးတဲ့ အဖေအဖြစ် ပြောင်းလဲသွားနိုင်မလား ၊ ပန်းချီပြခန်းလုပ်ငန်းလေးကို အသက်ပြန်ဆက်နိုင်မလား၊ ဆေးစွဲနေတဲ့ ဇနီးကကော အိမ်ပြန်လာပါ့မလားဆိုတာတွေကို ...
movie

Goodrich (2024)

The Usual Suspects (1995) 8.6
The Usual Suspects (1995) The Usual Suspects (1995)***************************IMDB..........8.6 Rotten.....96%IMDb နဲ့ Rotten ကို ကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကို နည်းနည်းတော့ ရိပ်စားမိမယ်လို့ထင်ပါတယ် ..ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေးတွေမှာ ကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲ အားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သည်းခံပေးပါ....... တစ်ယောက်နဲ့တစ်ယောက် အမြင်တော့ နည်းနည်းကွဲပါလိမ့်မယ်ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရော လက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်....... ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် ..ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ .. ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ ..ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှု ရှုမငြီးနိုင်တဲ့ဇာတ်လမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ ..ဘာဖြစ်လို့ကျွန်တော် ဒါတွေပြောနေရတာလဲဆိုတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးသော Twist စာရင်းထဲပါတဲ့ The usual suspects ဆိုတဲ့ကားကြောင့်ပါပဲ .. ပြီးတော့ ဇာတ်လမ်းအညွှန်းရေးမယ်ဆိုရင် spoil အဆင့်ရောက်သွားမှာလည်း စိုးမိတယ် ...
movie

The Usual Suspects (1995)

The Santa Clause 2 (2002)
The Santa Clause 2 (2002)  ဒီတစ်ခါမှာတော့ Walt Disney က ထုတ်လုပ်ရိုက်ကူးတဲ့ The Santa Clause 2ကိုတင်တက်ပေးချင်ပါတယ် The Santa Clause (1994)ရဲ့အဆက်ဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဆန်တာကလော့ဖြစ်သွားတဲ့ စကော့တစ်ယောက် ဆန်တာအဖြစ်မှအနားယူရမယ့်ပြဿနာတစ်ခုပေါ်ပေါက်လာပါတော့တယ် အဲ့ဒါကတော့ ခရစ္စမတ်အကြိုညမတိုင်မီ မိန်းမရှာပုံတော်ဖွင့်ရမှာပါ အချိန်မီမရှာနိုင်ရင် အစွမ်းတွေအားလုံးပျောက်သွားမှာဖြစ်ပြီး ဆန်တာအဖြစ်မှာရပ်စဲသွားမှာဖြစ်ပါတယ် အချိန်ကလည်းအရမ်းကပ်နေပြီဖြစ်ပြီး 28ရက်ခန့်သာလိုတော့တာပါအဲဒါကြောင့် သူ့ရဲ့လက်ထောက်နတ်သူငယ်လေးဖြစ်တဲ့ ကားတစ်ဟာ သူတီထွင်ထားတဲ့စက်ယန္တရားကြီးကိုအသုံးပြုပြီး စကော့နဲ့တစ်ထေရာတည်း ရုပ်ချင်းဆင်တဲ့ အရုပ်ဆန်တာကြီးကိုတီထွင်လိုက်ပါတယ် စကော့ဟာ အဲ့ဒီအရုပ်ဆန်တာကြီးကို သူ့အနေနဲ့ဟန်ဆောင်အဖြစ်ထားခဲ့ပြီး သူကတော့နေအိမ်ကိုပြန်လာကာ မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်ဒါပေမဲ့ အရုပ်ဆန်တာကြီးက ထင်ထားသလိုမဟုတ်ဘဲ "ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်"ဆိုသလိုပဲ ကားတစ်ကိုယ်တိုင်မထိန်းနိုင်တော့တဲ့အထိ သောင်းကျန်းပါတော့တယ်စကော့တစ်ယောက် အချိန်မီမိန်းမရှာရမှာကတစ်ကြောင်း သူ့နေရာအစားထိုးဝင်နေတဲ့အရုပ်ဆန်တာကသောင်းကျန်းနေတာကတစ်ကြောင်းနဲ့ ဘယ်လိုတွေဖြေရှင်းရဦးမလဲဆိုတာကြည့်ရှုရမှာဖြစ်ပါတယ် Disney ရဲ့ထုံးစံအတိုင်း လှလှပပရိုက်ကူးထားတဲ့​ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Drama, Comedy, Family, Fantasy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

The Santa Clause 2 (2002)

Hostage (2005) 6.5
Hostage (2005) ဒီကားကတော့ မင်းသားကြီး Bruce Willis ကို နာမည်ကြီး လာစေတဲ့ ကားတွေထဲက တစ်ကားပါပဲဒီကားထဲမှာလည်း သူရဲ့ သရုပ်ဆောင်နေကျ ဇာတ်ကောင်အတိုင်း အမှု့စစ်ရဲအရာရှိဟောင်း တစ်ယောက် အဖြစ်ပါ၀င်ထားပါတယ်ဇာတ်လမ်းကတော့ မိသားစုတစ်စု ဓားစာခံအဖြစ် ဖမ်းဆီးခံရပြီး သူကိုယ်တိုင်က ရဲမှုးဟောင်းဆိုတော့ အရှုပ်အရှင်းကြားထဲ ၀င်ပါမိတာပေါ ့အဲ့ကနေ ဇာတ်လမ်းစတာပါပဲ... သူ့မိသားစုကိုပါ လူဆိုးတွေက ပြန်ပေးဆွဲသွားတဲ့နောက် ....သူ့အနေနဲ့ မိသားစုကို ကယ်မလား မသိတဲ့သူစိမ်းတွေကို ကယ်မလား...ခပ်မိုက်မိုက်လေးကြည့်ရှု့ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ mark ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Action, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Hostage (2005)

Willow(1988) 7.2
Willow(1988) Willow (1988)Old but Gold, ရှင်ရှင်ကားဟောင်း တစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ The Lord of the Rings တို့လို့ ရုပ်ရှင်ကားကောင်းတွေ မထွက်ခင်က ၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အတော်လေးကြည့်ကောင်းတဲ့ Fantasy, Adventure ရုပ်ရှင်ကားတစ်ကားပါ။ ၁၉၈၈ ခုနှစ်က ထွက်ခဲ့တာမို့လို့ ဒီဖက်ခေတ်နဲ့ ပြန်ကြည့်ရင် အထူးပြုလုပ်ချက် လိုအပ်ချက်တွေ၊ ဇာတ်လမ်းလိုအပ်ချက်တွေ ရှိကောင်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် Fantasy, Adventure ရုပ်ရှင်ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်မှာပါဇာတ်လမ်းအကျဉ်းကတော့ မှော်ပညာတွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ၊ ကျိန်စာတွေ၊ လူပုလေးတွေ၊ ငလက်မလေးတွေ အမှန်တကယ် တည်ရှိတဲ့ စိတ်ကူးယဉ်လောကကြီးတစ်ခုထဲမှာ ဝီလို ဆိုတဲ့ လူပုလေး တစ်ယောက် နေထိုင်ပါတယ်။ သူက မှော်ဆရာအရမ်းဖြစ်ချင်နေတဲ့ သာမန်လယ်သမားလေးတစ်ယောက်ပါ။ ဒီလိုနဲ့ ဒိုင်ကီနီမျိုးနွယ်က ကလေးတစ်ယောက် မြစ်ထဲကနေ မျောလာပြီး သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ ထိုကလေးကတော့ မကောင်းတဲ့ မှော်ဆရာမ ဘုရင်မကြီး ဘက်ဗ်မော်ဒါကို ဖြုတ်ချမယ်လို့ နိမိတ်ဖတ်ခြင်းကို ခံရလို့ ဘုရင်မကြီး ...
movie

Willow(1988)

Red State (2011) 6.1
Red State (2011) Imdb rating - 6.1 ဒီဇာတ်ကားက ဘာသာ​ရေးအစွန်းရောက်မှုကို​ အခြေ​တည်​ထားတဲ့​ indie​ ရုပ်ရှင်​ကား​ပါ။ ၂၀၁၁​ က​ထွက်ရှိခဲ့ပြီး Horror/Thriller နဲ့​ Action အမျိုး​အစား​ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီး​တစ်ဦးက​ အွန်လိုင်း​ကနေ​ လိင်​ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်​သုံးယောက်​ကနေ​ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုး​ဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။တကယ်​တော့​ အဲဒီအမျိုးသမီးက Abin​ Cooper​ လို့ခေါ်တဲ့​အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး​ ခေါင်းဆောင်တဲ့ Five​ Points​ Trinity Church​ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေး​အစွန်း​ရောက်​အဖွဲ့ ဖြစ်ပြီး​ လိင်​တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို​ ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်​သုံးယောက်​တို့​ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့​မလား​ ဒီဂိုဏ်းရဲ့ရည်ရွယ်​ချက်​က​ ဘာဖြစ်​မလဲဆိုတာကိုတော့​ ဒီရုပ်ရှင်​ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက​ Horror/Thriller ဆိုပေမဲ့ သွေး​ထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန်​ indie​ ရုပ်​ရှင်​ဖြစ်ပြီး​ Stiges Film Festival မှာ​ Best ...
movie

Red State (2011)

The Big Year (2011) 6.2
The Big Year (2011) ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။လူသုံးဦးက​တော့ တနှစ်တာ ...
movie

The Big Year (2011)

Buffalo ’66 (1998) 7.4
Buffalo ’66 (1998) Buffalo '66 (1998)~ IMDb - 7.4/10, Rotten Tomatoes - 76% ~အဟောင်းအကောင်း Old but Gold ဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်ပါတယ်။ IMDb Rating (7.4/10) ရထားတဲ့ ဒီဒရာမာ ဟာသ ရိုမန့်စ်ကားလေးက ဆုပေါင်း(၆)ဆုဆွတ်ခူးထားပြီး Nomination တွေလည်း (၁၁)ခုထိ ၀င်ထားခဲ့ပါသေးတယ်။ ကြည့်ရှုသူများကလည်း ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး Independent Film လို့ရည်ညွှန်းခံရတဲ့ကားလေးပါ။ဘီလီဘရောင်းဆိုတဲ့သူက ထောင်ငါးနှစ်ကျပြီး ထွက်လာခဲ့တာပါ။ မိဘတွေကို ထောင်ကျခဲ့တာလို့မပြောဘဲ အလုပ်ကိစ္စကြောင့်အဝေးရောက်‌နေပြီး အိမ်ထောင်လည်းကျနေပြီလို့ လိမ်ညာခဲ့မိတာကြောင့် မိဘအိမ်ပြန်ဖို့လိုလာတဲ့အချိန် ပြစရာဇနီးလိုလို့ လမ်းကြုံကောင်မလေးတစ်ယောက်ကို ပြန်ပေးဆွဲရာကနေ ဒီဇာတ်လမ်းက စတင်လာခဲ့ပါတယ်။ဒီကားလေးက သရုပ်ဆောင်နယ်ပယ်မှာ နာမည်ကြီးပြီး ဆုတွေအများကြီးလည်းရဖူးတဲ့ Golden Lion ဆုအတွက်လည်း Nomi အကြိမ်ကြိမ်၀င်ဖူးတဲ့ Vincent Gallo ရဲ့ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ခဲ့တဲ့ကားလေးဖြစ်ပါတယ်။ ...
movie

Buffalo ’66 (1998)

1998
The Front Runner (2018) 6.1
The Front Runner (2018)  Genre – Drama, History, Biography IMDB – 6.1/10 ၁၉၈၈ ခုနှစ်တုန်းက အမေရိကန်နိုင်ငံ သမ္မတနေရာအတွက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်အမတ်လောင်းတစ်ယောက်ရဲ့ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အမတ်လောင်းနေရာကိုတော့ ကျွန်တော်တို့ မင်းသားကြီးHugh Jackman က သရုပ်ဆောင်ထားပြီး Conjuring အပနှင်ကျွမ်းကျင်သူ Vera Famiga နဲ့ ဇာတ်ပို့မင်းသားကြီးဖြစ်တဲ့JK Simmon တို့လည်း ပါဝင်ထားတဲ့ သမိုင်းနောက်ကြောင်းခံနိုင်ငံရေးကားပါ။ ၁၉၈၄ ခုနှစ်မှာ ကော်လိုရာဒိုက လွှတ်တော်အမတ်ဂယ်ရီဟာ့တ်ဟာ တခြားတစ်ယောက်ဖြစ်သူကို ရှုံးနိမ့်ခဲ့ပြီးနောက်၁၉၈၈ ခုနှစ်မှာ အမေရိကန်သမ္မတဖြစ်ဖို့အတွက် ဝင်ရွေးကောက်ပွဲပြိုင်ပါတော့တယ်။ ကမ်ပိန်းတလျှောက်လုံး အဆင်ပြေပြီးတစ်ပြေးနေတဲ့အချိန်ကျမှ သတင်းထောက်တစ်ယောက်ကိုဂယ်ရီ စိန်ခေါ်လိုက်ရာကနေ ပြဿနာတွေ ဖြစ်ပါတော့တယ်။ သူကအဲဒီသတင်းထောက်ကို ပိတ်ရက်တွေ ကမ်ပိန်းလုပ်မနေတဲ့အချိန်ဇရှိရင် နောက်ကလိုက်ကြည့်ပေါ့ မင်းပျင်းတောင်ပျင်းသွားမယ်ဆိုပြီးစိန်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ဖက်မှာလည်း ဒီအမတ်လောင်းနဲ့ ဖောက်ပြားနေတာရှိပါတယ်ဆိုပြီး သတင်းပေးတဲ့လူတွေကလည်းပေးဆိုတော့ Miami Herald သတင်းစာတိုက်ကနေနောက်ကွယ်ကချောင်းမြောင်းလိုက်ရာကနေ ဇနီးသည်မဟုတ်တဲ့အမျိုးသမီးတစ်ယောက်နဲ့ အိမ်မှာ ညအချိန်ကုန်ဖြုန်းပါတယ်ဆိုပြီးသတင်းမပြည့်စုံရာကနေ ...
movie

The Front Runner (2018)

Sweetwater (2023) 5.7
Sweetwater (2023) Sweetwater (2023)ဒီဇာတ်ကားက NBA သမိုင်းမှာ ပထမဆုံးစာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ လူမည်းကစားသမား ဆွိဝါးတားကလစ်ဖ်တန်ရဲ့ ကိုယ်ရေးရာဇဝင် ရုပ်ရှင်ဖြစ်ပါတယ်Biography movie ဆိုပေမဲ့ ဇာတ်ကားဆိုတော့ ဒရာမာလေးတွေ လိုတိုးပိုလျှော့လေးတွေတော့ရှိပါတယ် အမေရိကန် ဘတ်စကတ်ဘောလောကမှာ လီဘရွန်ဂျိမ်းတို့ မိုက်ကယ်ဂျော်ဒန်တို့လို လူမည်းဂန္ထဝင် ကစားသမားတွေ အများကြီး ရှိပါတယ် ဒါပေမဲ့ သူတို့လို လူမည်းဂန္ဒဝင်တွေဖြစ်လာဖို့ ပထမဆုံးလူမည်းပရိုစာချုပ်ကို ဆွိဝါးတားက စပြီးချုပ်ဆိုခဲ့တာပါ သူဒီလို NBA မှာ ပထမဆုံးပွဲတစ်ပွဲဆော့ရဖို့အတွက် လူဖြူတွေပဲဆော့ခွင့်ရှိသလိုဖြစ်နေတဲ့ NBA လိဂ်မှာ ဆွိဝါးတားပါခွင့်ရအောင် ဘယ်လိုကြိုးစားခဲ့ရတယ် နည်းပြတွေ ပိုင်ရှင်တွေကအစ လူတိုင်းနဲ့အတိုက်အခံဘယ်လိုလုပ်ခဲ့ရတယ်ဆိုတဲ့ သူတို့ရဲ့အခက်အခဲတွေ သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာတွေကို ကြည့်ရမှာဖြစ်ပါတယ်ဘတ်စကတ်ဘောအားကစားကိုသဘောကျတဲ့သူတိုင်း ကြည့်ရှုသင့်တဲ့ကားဖြစ်သလို ယခုခေတ်မှသာ လူမည်းတွေကို နေရာအကြီးအကျယ်ဇွတ်ပေးနေပေမဲ့ တစ်ချိန်တုန်းကတော့ ဥပဒေထုတ်ပြီးကျွန်စနစ်ပယ်ဖျက်ပြီးတာတောင် လူမည်းတွေကို ပိုးစိုးပက်စက်ခွဲခြားတာတွေကိုလည်း တစ်စေ့တစ်စောင်းကြည့်ရမှာ ဖြစ်ပြီး ဆွိဝါးတားရဲ့ ရိုးရိုးသားသားနဲ့ ကြိုးစားပြီးတော့ လူမည်းတွေအားလုံးအတွက် သမိုင်းသစ်ရေးထိုးပေးခဲ့ပုံကို ကြည့်ရှုနိုင်ဖို့ အတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, Sport Quality…. 1080p ...
movie

Sweetwater (2023)

2023
The Whole Nine Yards (2000) 6.7
The Whole Nine Yards (2000) The Whole Nine Yards (2000)~ IMDb rating - 6.7/10 ~Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့...ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, ...
movie

The Whole Nine Yards (2000)

2000
Cop Out(2010) 5.7
Cop Out(2010) Cop Out 2010=========== ဂျင်မီနဲ့ ပေါလ်တို့က နယူးယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေပါသူတို့အတူတူ အလုပ်လုပ်ခဲတ့ာ ကိုးနှစ်ရှိပါပြီ စုံစမ်းရင်းနဲ့အမှားလုပ်မိတာကြောင့် တာဝန်က လစာမပေးဘဲ ရပ်နားခံလိုက်ရပါတယ်ဂျင်မီရဲ့ သမီးလေး အေဗာကလည်း ခြောက်လအတွင်းမှာလက်ထပ်တော့မယ် ဂျင်မီတစ်ယောက် တစ်ဦးတည်းသောသမီးလေးမင်္ဂလာဆောင်အတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ပါဘူးဂျင်မီအတွက် တစ်ခုတည်းသော အားကိုးစရာက သူ့အဖေထားခဲ့တဲ့အန်ဒီပက်ဖ်ကိုရဲ့ ရှားပါး ဘေ့စ်ဘောကတ်လေးပါ သူနှမြောပေမဲ့ရောင်းရပါတော့မယ် ကံဆိုးနေတဲ့ ဂျင်မီ ဘေ့စ်ဘောကတ်သွားရောင်းရင်း ဆိုင်ကို ဓားပြတိုက်ခံရပါတော့တယ် ဓားပြတိုက်သွားတဲ့ဆေးသမားက ကတ်ကို ဆေးဝယ်ဖို့ ရောင်းလိုက်ပါပြီ ဒီလိုနဲ့ ဂျင်မီနဲ့ပေါလ် နယူးယော့ခ် မူးယစ်ရာဇာပို့ဘွိုင်းနဲ့ ပတ်သက်မိပါတော့တယ်စုံထောက် ဂျင်မီနဲ့ ပေါလ်ရဲ့ ဘေ့စ်ဘောကတ်ပြန်ရှာမဲ့ စွန့်စားခန်းကြီးအဆင်ပြေပါ့မလား ဘယ်လိုတွေလွဲကြဦးမလဲဆိုတာကိုတော.. (အညွှန်းနဲ့ ဘာသာပြန်တော့ Phu Myat Thwe ပဲ ဖြစ်ပါတယ်)File size…1.51GB / 578MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ..... Horror , ...
movie

Cop Out(2010)

End of Days (1999) 5.8
End of Days (1999) End of Days (1999)ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ ...
movie

End of Days (1999)

1999
Injustice 2021
Injustice 2021 Injustice ရဲ့ ဇာတ်လမ်းကို ဂိမ်းထဲမှာ ကာတွန်းစာအုပ်ထဲမှာရင်းနှီးပြီးသား လူတွေလည်း ရှိမှာပါ။DC Comic ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခုုပါပဲ။DC ရဲ့ နတ်ဘုရားအစွမ်းနဲ့ လူသားဆန်တဲ့ စူပါမန်းတစ်ယောက် လူသားဆန်လွန်းသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ။ပထမဆုံးအကြိမ် လူသတ်မိလိုက်ပြီးနောက်မှာ ဘာတွေဖြစ်လာမလဲ။ငြိမ်းချမ်းရေးကို အကြမ်းဖက်ရယူမလား ငြိမ်းချမ်းစွာရယူမလား ဂျက်စတစ်လိ မန်ဘာတွေ ရွေးချယ်ဖို့ကြုံလာတဲ့အခါ ဘယ်ဘက်ကိုရွေးကြမလဲ။လူတိုင်းဟာ ဒုတိယအခွင့်အရေးနဲ့ တန်မတန်ဆိုတာကို ဘယ်လိုဖြေကြမလဲပေါ့။ဒီ ကာတွန်းဟာ မူရင်း injustice လောက် မပြည့်စုံပေမယ့် ကျောရိုးချင်း တူတာမို့ အပမ်းဖြေဖို့အတွက် လုံလောက်မှာပါ။ File size… 1.1 Gb / 500 Mb Quality….BluRay 1080p / 720p Format…mkv Duration….01:10:00  Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Mr. Anderson
movie

Injustice 2021

Three Christs (2020) 5.9
Three Christs (2020) Three Christs (2020)================IMDb Rating - 5.9/10#Unicode2020 ဇန်နဝါရီလထဲ ထွက်ရှိထားတဲ့ Three Christ ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားတင်ဆက်ပေးချင်ပါတယ်။ပစ်တာခတ်တာတွေ ကြမ်းတာရမ်းတာတွေ ကြည့်ချင်တဲ့ ပရိသတ်တွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။စိတ်ပညာရပ်နဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေကိုအခြေခံထားတဲ့ ဒရာမာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။မီချီဂမ် ကောလိပ်မှာ ဆရာလုပ်နေတဲ့ စိတ်ရောဂါဆရာဝန် ဒေါက်တာစတုန်းဟာ သုတေသနကိစ္စအတွက် ကျောင်းဆရာအလုပ်ကနေထွက်ပြီး စိတ်ရောဂါကု ဆေးရုံကိုရောက်လာပါတယ်။သူရောက်လာတဲ့ ဆေးရုံမှာ သူ့ကိုယ်သူ ယေရှုခရစ်တော်လို့ထင်နေတဲ့ လူနာတစ်ယောက်နဲ့ တွေ့ပါတယ်။ ဆက်ပြီး စုံစမ်းကြည့်တော့ စင်ဒရဲလားလို့ ထင်နေတဲ့သူတွေ အိုင်စင်ဟောင်ဝါလို့ သူတို့ကိုယ်သူတို့ ထင်နေသူတွေကို တွေ့ခဲ့ရတယ်။ အဲ့ဒီထဲကမှာ ယေရှူလို့ထင်နေတဲ့သူတွေကိုရှာခိုင်းလိုက်တော့နောက်ထပ် ၂ ယောက် ထပ်တိုးလာပါတယ်။ ယေရှုလို့ သူတို့ကိုယ်သူတို့ထင်နေတဲ့ စိတ်ကစဉ့်ကလျား ရောဂါသည်၃ ယောက်ကို သုတေသနအတွက်ရွေးချယ်ပြီး ဒေါက်တာစတုန်းဟာ ရှေးနည်းနဲ့မတူတဲ့ ကုသချဉ်းကပ်နည်းတွေနဲ့ကုသပေးဖို့ကြိုးစားပါတော့တယ်။IMDb - 5.9/10 ရရှိထားပြီး Richard Gere ...
movie

Three Christs (2020)

2020