Channel Myanmar

Kevin Nagle

Deliver Us from Evil (2014) 6.2
Deliver Us from Evil (2014) Deliver Us from Evil (2014)IMDb Rating (6.2) / Rotten Tomatoes (30%) ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အဓိကဇာတ်ဆောင် ရာ့ဖ်ဆာချီကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်တမ်းဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးထားတဲ့ Horrorဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ရာ့ဖ်ဆာချီဆိုတာလည်း နှယ်နှယ်ရရမဟုတ်ဘဲ NYPDရဲ့စုံထောက်တစ်‌ယောက်ဖြစ်ကာ ရဲဘဝမှ အနားယူလိုက်ပြီးပရ‌လောကအကြောင်း စူးစမ်းလေ့လာရင်း အမှုတွေကိုလိုက်လံဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး အက်ဒ်နဲ့ လောရိန်းလင်မယားနဲ့ပါ သဘာဝလွန်ဖြစ်ရပ်တွေကို ပူးပေါင်းပြီးကူညီဖော်ထုတ်ပေးခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အမှုလိုက်တစ်ယောက်အ‌နေနဲ့ ပုံမှန်ထက်ပိုပြီး ထူးခြားတဲ့ အာရုံတစ်ခုရှိနေတဲ့ ရာ့ဖ်ဆာချီကအမှုပေါင်းစုံကို ဖြေရှင်းနေရင်း သူကိုင်တွယ်ရတဲ့ အမှု တွေက သာမန်ထက်ပိုထူးခြားနေသလို တစ်ခုနဲ့တစ်ခုကဆက်စပ်မှုတွေ ရှိနေတာကို ရိပ်စားမိလာတဲ့နောက် အဲဒီနောက်ကွယ်က အကြောင်းရင်းကို ရအောင်အဖြေရှာရင်းသူနဲ့သူ့မိသားစုဘဝကိုပါ ရိုက်ခတ်လာတဲ့အထိ ဆိုးဝါးတဲ့နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာတဲ့အကြောင်းစိတ်ဝင်စားဖို့ကောင်း‌အောင် ရိုက်ကူးထားတာဖြစ်သလို  BGM နဲ့  jumpscare တွေကလည်း မထင်ထားတဲ့အချိန်မှာအတော်လေးခြောက်ခြားအောင် လုပ်နိုင်တဲ့အထိ အစွမ်းပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။)File ...
movie

Deliver Us from Evil (2014)

2014
The Devil’s Own (1997) 6.2
The Devil’s Own (1997) အင်ဒီယာနာဂျုန်းမင်းသားကြီး Harrison Ford နဲ့ Brad Pitt တို့ အပြိုင်ကြဲထားတဲ့ thriller/drama ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်.. အရင်ရက်ကထွက်ထားတဲ့ The Banshees of Inisherinကို ကြည့်ထားရင် အချိတ်အဆက်ပိုမိပါတယ်.. အိုင်ယာလန်ပြည်တွင်းစစ်အပြီး နှစ်၅၀ကျော်အကြာ ၁၉၇၂မှာ ဇာတ်လမ်းစထားတာပါ.. ၁၉၆၀နှောင်းပိုင်းကနေ ၁၉၉၈အထိ နှစ်၃၀နီးပါးကြာခဲ့တဲ့ “မြောက်အိုင်ယာလန် ပဋိပက္ခကြီး” ဖြစ်ခဲ့ပါတယ်.. အိုင်ယာလန်သမ္မတစနစ်ထောက်ခံသူ (Republican)နဲ့ မြောက်အိုင်ယာလန်ကို ဗြိတိသျှနဲ့ပေါင်းပြီး ပြည်ထောင်စုဖွဲ့ချင်သူ (Loyalist)တွေကြား ဖြစ်ပွားခဲ့တာပါ.. မြောက်အိုင်ယာလန်လူ့အခွင့်အရေးဆန္ဒပြပွဲကို ဗြိတိသျှတပ်နဲ့ Loyalistတွေပေါင်းပြီး ဖြိုခွဲရာကစပါတယ်.. အဲဒီကနေဆန္ဒပြပွဲတွေ ထပ်ပွားလာပြီး နှစ်၃၀ကြာတဲ့ ဖွဲမီးလှိုက်လောင်ပါတော့တယ်.. လူပေါင်း ၄၈၀သေခဲ့တဲ့ ၁၉၇၂က ပဋိပက္ခရဲ့အဆိုးဆုံးနှစ်ပါပဲ.. ဒါတွေက ရုပ်ရှင်ထဲမှာမပါပါဘူးနော်.. ဇာတ်အိမ်တည်ထားတဲ့ ၁၉၇၂ နဲ့ ၁၉၉၃ကို အကြမ်းဖျင်းသိအောင် ပြောပြတာပါ..ဇာတ်လမ်းအကျဥ်း ၁၉၇၂မှာ ဖရန်ကီ(Brad Pitt)က ၈နှစ်သားပဲရှိပါသေးတယ်.. မြောက်အိုင်ယာလန်ရဲ့ ကမ်းရိုးတန်း အစွန်အဖျားမှာနေတဲ့ ...
movie

The Devil’s Own (1997)