Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kevin Foster
7.9
Iron Man (2008)
Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor ...
movie
Iron Man (2008)
4K HEVC
7.0
Jarhead (2005)
Jarhead (2005) *************** IMDB....7.0ဒီစစ်ကားက တခြားစစ်ကားတွေနဲ့ မတူတဲ့ ထူးခြားချက်က ရဲဘော်တစ်ယောက် စစ်ထဲစဝင်တဲ့ အခန်းကနေစပြထားတယ် .. စစ်မြေပြင်အတွက် သင်တန်းတွေ ရဲဘော်သစ်ကို ကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကိုအသေးစိတ်ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် .. သရုပ်ဆောင်တွေကလည်းနာမည်ကြီးမင်းသား Jake Gyllenhaal, Jamie Foxx, Peter Sarsgaard, Lucas Black စတဲ့သူတွေမို့ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာ သရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ချီးကျူးခံထားရတယ်... စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ .. စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူးတံတားတွေအဖြစ်တည်ရှိနေသတဲ့ .. ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင်အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကိုလှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ .. File Size… 2.57 GB, 1.2 GB Quality…BluRay 1080p, 720p Format…mp4 Duration…02:05:00 Subtitle…Myanmar Subtitle(Hardsub) Translated by Zuel Khant Thwin Encoded ...
movie
Jarhead (2005)
6.9
Jurassic World (2015)
GOTG ထဲက Starlord သရုပ်ဆောင် Chris Pratt နဲ့ Spiderman ထဲကဂွမ်သရုပ်ဆောင် Bryce Dallas Howard တို့ ပါဝင်ထားတဲ့အမိုက်စား ဒိုင်နိုဆောကားကို ပြန်လည်တင်ဆက်လိုက်ပါတယ်။ ဒါရိုက်တာ Colin Trevorrow က ရိုက်ကူးထားပြီး Universal Pitcure ကနေထုတ်လုပ်ထားပါတယ်။ IMDb 6.9 နဲ့ RT 71% ရရှိထားတဲ့ သိပ္ပံအက်ရှင်ကား ဖြစ်ပါတယ်။ ဒိုင်နိုဆောတွေရဲ့ ဒီအန်အေတွေကနေတစ်ဆင့် မျိုးဗီဇအင်ဂျင်နီယာပညာရပ်နဲ့ သက်ရှိ ဒိုင်နိုဆောတွေကို ဖန်တီးပြီး ဂျူရက်ဆစ်ကမ္ဘာဆိုတဲ့အပန်းဖြေဥယျာဉ်ကို တည်ဆောက်ထားပါတယ်။ လာရောက်အပန်းဖြေသူတွေကို ဆွဲဆောင်ဖို့ ရည်ရွယ်ချက်နဲ့ အသစ်အသစ်သောဒိုင်နိုဆောတွေကို မျိုးဗီဇပေါင်းစပ်ပြီး ဖန်တီးလိုက်တဲ့အခါ ဂြိုဟ်ဆိုးစဝင်ပါတော့။ တစ်ဖက်မှာလည်း အိုဝမ်တို့က ရက်ပ်တာ ဒိုင်နိုဆောတွေရဲ့ ဉာဏ်ရည်ကိုစမ်းသပ်ဖို့ ရက်ပ်တာသုံးကောင်ကို မွေးမြူလေ့ကျင့်ပေးနေကြတယ်။ ဒီကောင်တွေကို စစ်ရေးစစ်ရာမှာ အသုံးပြုဖို့အတွက်ကွင်းဆင်းစမ်းသပ်ချင်နေတဲ့သူက ရှိနေပြန်ပါတယ်။အသစ်ဖန်တီးလိုက်တဲ့ ဒိုင်နိုဆော လွတ်ထွက်သွားတဲ့အခါမှာသူ့အတွက် ဂွင်တွေ့သွားပြီး ပြဿနာတွေက ပိုရှုပ်လာပါတော့တယ်။ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှ ကြိုက်တယ်ဆိုသူများအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ် ...
movie
Jurassic World (2015)
2015
4K HEVC
5.5
Stolen (2012)
တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်းပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကိုခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီးသူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာအချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီးငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာသူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲအဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင်တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်းကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။ File size…1.93 GB / 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Stolen (2012)
6.5
The Village (2004)
The Village (2004) ~~~~~~~~~~~ရွာ...အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို့ သတ်မှတ်ကြတယ်။အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။အနီဟာ သူတို့မပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လို့ပါတဲ့။ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို့ သူတို့ရွာဘေးက တောအုပ်ထဲက သူတို့မပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို့ တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတို့အတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြို့ပြတွေနဲ့လည်း အဆက်အသွယ်မရှိလို့ ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့။တောအုပ်ကြီးထဲမှာ ဘာရယ်မပြောနိုင်တဲ့ သတ္တဝါတွေရှိနေတာကြောင့် သွားလို့ကလည်း မဖြစ်ဘူးဆိုပေမဲ့ လူတွေဆိုတာ စွန့်စားတတ် စူးစမ်းတတ်တဲ့အမျိုးပဲမဟုတ်လား။ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် ကာလသားတွေထဲက သတ္တိအရှိဆုံးလူငယ်လေးတစ်ယောက်က ရွာရဲ့ကောင်းကျိုးအတွက် တောအုပ်ကိုဖြတ်ပြီး ဆေးဝါးသွားရှာဖို့ပြောလာပါတယ်။ဒီလူငယ်လေး အောင်အောင်မြင်မြင်နဲ့ ...
movie
The Village (2004)
2004