Channel Myanmar

Kevin Conway

The Quick and the Dead (1995) 6.5
The Quick and the Dead (1995) The Quick and the Dead (1995)IMDb Rating (6.5)မင်းသားကြီး Russell Crowe , မင်းသားချော Leonardo DiCaprio , မင်းသမီးချော Sharon Stone တို့ပါဝင်ထားတဲ့ ကောင်းဘွိုင်အက်ရှင်ဇာတ်ကားပါ။ကြမ်းကြမ်းရမ်းရမ်း မိုက်မိုက်ကန်းကန်း မြင်းတွေစီးပြီး သေနတ်တွေနဲ့ ပစ်ကြခတ်ကြ တဲ့ အနောက်ပိုင်းရုပ်ရှင်တွေကို ကြည့်ချင်သူများအတွက်၁၉၉၅ ခုနှစ်ထွက်ရှိထားတဲ့ The Quick and the Dead ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းကတော့...အစိုးရရဲ့ ဥပဒေမစိုးမိုးဘဲ လူမိုက်တွေ ကိုသာ ဆက်ကြေးပေးနေရတဲ့ မြို့လေးတစ်မြို့မှာ သေနတ်ယှဉ်ပစ်တဲ့ ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ် …အနိုင်ရရှိတဲ့သူဟာ ဒေါ်လာ ၁၂၃၀၀၀ ကိုပိုင်ဆိုင်ရမှာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က သေနတ်သမားတွေ လာရောက်လက်စွမ်းပြလေ့ရှိတာပေါ့တစ်ရက်မှာ အဲ့ဒီကစားပွဲကို မိန်းကလေးတစ်ယောက်ရောက်ရှိလာခဲ့ပုံက ကျားတောထဲရောက်လာတဲ့ သမင်မလေး တစ်ကောင်လိုပါပဲ …သို့သော် မိန်းကလေးဟာ သမင်မလေးဖြစ်မလား ကျားသစ်မလေးဖြစ်မလားဆိုတာ.....။ File size…(5.9 ...
movie

The Quick and the Dead (1995)

4K HEVC
Thirteen Days (2000) 7.3
Thirteen Days (2000)  Thirteen Days (2000)IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny
movie

Thirteen Days (2000)

2000
Black Knight (2001)
Black Knight (2001) Martin Lawrence က ဒီဇာတ်ကားမှာ ကစားကွင်းပန်းခြံတစ်ခုရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဂျမဲလ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဒုံရင်းဘဝကို ငြီးငွေ့နေပြီးတော့ သူတို့ ကစားကွင်းနဲ့ အနီးအနားမှာ အသစ်လာဖွင့်မယ့် Castle World မှာ လျှောက်ထားဖို့ စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။သူတို့ရဲ့ ရဲတိုက်ပုံစံတူရှေ့က ကျုံးမြောင်းကို ရှင်းလင်းနေရင်းနဲ့ အရောင်လက်နေတဲ့ ဒင်္ဂါးပြားကိုရေအောက်မှာ တွေ့ရှိခဲ့ပါတယ်။လောဘဇောနဲ့ အဆိုပါဒင်္ဂါးကို လှမ်းကောက်လိုက်စဉ်မှာပဲ ရေထဲကို ပြုတ်ကျသွားပြီးတော့ ပြန်တက်လာတဲ့အချိန်မှာ အလယ်ပိုင်းခေတ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ရေကန်ဘေးနားမှာ နေထိုင်နေတဲ့ ရှေးခေတ်အဝတ်အစားပုံစံနဲ့ အရက်သမားကြီးကို တွေ့ရှိပြီးတဲ့နောက်မှာအသက်ရှုရပ်သွားတဲ့ အဆိုပါ နော်တီ ဆိုတဲ့ အရက်မူးသမားကို ကူညီပေးနိုင်ခဲ့ပါတယ်။အဝေးပြေးလမ်းကို ရှာမယ်လို့စိတ်ကူးနဲ့ ထွက်လာခဲ့တဲ့အချိန်မှာ ရဲတိုက်တစ်ခုကို တွေ့ပြီး သူတို့ပန်းခြံနားမှာ လာဖွင့်မယ့် Castle World အမှတ်နဲ့ ဝင်ရောက်ဖို့ကြိုးစားခဲ့ပါတယ်။အစောင့်တွေက သူ့ကို တားတဲ့အချိန်မှာ နော်မန်ဒီဆိုတဲ့စကားကို ပြောခဲ့တာကြောင့်. သူတို့မျှော်လင့်စောင့်ဆိုင်းနေတဲ့သံတမန်လို့ထင်မှတ်ပြီးတော့ ဂျမဲလ်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်.။ဂျမဲလ်ကတော့ ...
movie

Black Knight (2001)

Mystic River (2003) 7.9
Mystic River (2003) Mystic River (2003)********************* IMDb....7.9,,,,Rotten...88% ဒီဇာတ်ကားကတော့ စာအုပ်လည်း ထွက်ထားပါတယ် .....ဇာတ်လမ်းကလည်း ၂နာရီလောက်ကြာပါတယ် .....တော်တော်များများရုပ်ရှင်တွေက စာအုပ်ကို မမှီဘူးလို့ ဝေဖန်ခံရလေ့ရှိပါတယ် ....ဒါပေမယ့်ဒီရုပ်ရှင်ကတော့ စာအုပ်ဖတ်ဖူးသူတိုင်းက ရုပ်ရှင်ကပိုကောင်းတယ် ပိုပြီးခံစားရတယ် ....သာမန် Thriller ရုပ်ရှင်တွေထက်ကိုသာလွန်တယ်လို့ review ကောင်းတွေရထားတဲ့ဇာတ်ကားပါ...Thriller fan တွေတကယ်ကို လက်မလွတ်သင့်တဲ့ဇာတ်ကားပါပဲ..ထောင်ထွက် Jimmy ရဲ့သမီးလေး အသတ်ခံရတော့ သူ့ရဲ့ငယ်သူငယ်ချင်း၂ယောက်ပါ ဒီကိစ္စထဲပါလာတယ်...တစ်ယောက်က Daveက သာမန်အလုပ်သမား ဒါပေမယ့်အတိတ်ဆိုးနဲ့လူ ....သူက Jimmy သမီးကိုမသေခင်နောက်ဆုံးတွေ့ခဲ့တဲ့လူဖြစ်နေတယ်..နောက်တစ်ယောက်က Sean လူသတ်မှုတွေရဲ့စုံထောက်ပေါ့ သူကဒီအမှုကိုတာဝန်ယူထားရတဲ့လူ...သူငယ်ချင်း၃ယောက်ပြန်ဆုံဖြစ်ကြတယ်ပေါ့ ...တဖြည်းဖြည်းနဲ့ အမှုနဲ့ပတ်သက်လို့သိလာရတာတွေရှိလာတော့ Jimmy က Dave ကိုသံသယဝင်လာတယ်...ဘယ်လိုဖြေရှင်းကြတယ် သူငယ်ချင်း၃ယောက်ရဲ့ဇာတ်လမ်းကဘယ်လိုလဲဆိုတာတော့ဆက်ကြည့်ကြဖို့ပဲတိုက်တွန်းချင်ပါတယ်...ဒါရိုက်တာ Clint Eastwood ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီးတွေဖြစ်တဲ့Sean Penn,Tim Robbins, Kevin Bacon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်... အညွှန်းနဲ့ဘာသာပြန်သူကတော့ Jthekoala ပဲ ဖြစ်ပါတယ်... File Size : 1.96 GB, ...
movie

Mystic River (2003)

Mercury Rising (1998) 6.3
Mercury Rising (1998)  Die Hardနဲ့လူသိများကြတဲ့ မင်းသားကြီး Bruce Willisရဲ့နောက်ထပ်တစ်ကားလာပါပြီ။ ဒီကားမှာတော့ သူက အက်ဂျက်ဖရေးအနေနဲ့သရုပ်ဆောင်ထားပါတယ်။ အက်က သူရဲ့အသွင်ယူပြီးလျှို့ဝှက်စုံစမ်းရေးမှာ ပြဿနာတက်ပြီး ရာထူးချခံထားရတဲ့ FBIအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ မာကျူရီဆိုတဲ့ လျှို့ဝှက်ကုဒ်ကို ဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်က မတော်တဆဖော်ထုတ်လိုက်မိပါတယ်။ ဒီလိုဖော်ထုတ်မိလိုက်ရာကနေ အသက်အန္တာရယ်ပါစိုးရိမ်လာရပါတော့တယ်။ ဒီဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်နဲ့ အက်ဂျော့ဖရေးနဲ့တွေ့ဆုံမှုမှာတော့ ဘာတွေဖြစ်သွားကြမလဲ။ အော်တဇင်ကလေးကရော အန္တာရယ်တွေကြားမှာအသက်ရှင်နိုင်ပါ့မလား၊ သူ့ကိုရော ဘာလို့အဲ့လောက်အသည်းသန်သတ်ချင်နေကြတာလဲဆိုတာ ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Actionကားကောင်းကြိုက်တဲ့လူတွေအတွက်ဒီကားနဲ့ကြည့်ရင်း chillလို့ရမှာဖြစ်ပါတယ်။File size…(1.93GB)  / (950MB) / (469MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

Mercury Rising (1998)