Channel Myanmar

Kevin Ardilova

Sleep Paralysis aka Ketindihan (2025) 5
Sleep Paralysis aka Ketindihan (2025) Sleep Paralysis (2025) "ဘီလူးစီးခံရသော ကောင်မလေး"Horror ပရိသတ်တိုအတွက် အင်ဒိုဟော်ရာ ဇာတ်လမ်းအသစ်လေးကို အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်အင်္ဂလိပ်စာမှာ Sleep Paralysis လိုခေါ်ပြီး အယူသီးကြတဲ့ ရွှေမြန်မာအခေါ် ဘီလူးစီးခြင်းကို မတွေ့ကြုံဖူးရင်တောင် သူများပြောတာ ကြားဖူးကြမှာပါဒီထဲမှာတော့ ဒါဟာ အမျိုးသမီးလေးတွေကို သီးသန့်ပစ်မှတ်ထားတဲ့ Jinn ခေါ်တဲ့ မိစ္ဆာကောင်ကြောင့်ပါတဲ့ ဇာတ်လိုက်မင်းသမီး ကောင်မလေးဟာလည်း Daddy Issue/ Mommy Issue လေးတွေရှိနေပြီး အထီးကျန်တာနဲ့ သူငယ်ချင်းမတစ်ယောက် ပြောပြသလို လက်တည့်စမ်းကာ Jinn ကို ဆင့်ခေါ်လိုက်တဲ့နောက်မှာတော့ ။ ။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ် File size… 985 MB / 515 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Sleep Paralysis aka Ketindihan (2025)

Laura (2024) 6.5
Laura (2024)  Laura (2024)IMDb Rating (6.5) လော်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အင်ဒိုနီးရှားရုပ်ရှင်ပါ။ဒီကောင်မလေးက မတော်တဆမှုကြောင့် ကျောရိုးမကြီးထိပြီး သွက်ချာပါဒလိုက်သွားလို့ အိပ်ယာထဲပဲ လှဲနေရတဲ့ကောင်မလေးပေါ့။ဒီဇာတ်လမ်းက သူ့ဘဝကို သူအရှုံးမပေးခဲ့တဲ့အကြောင်း ဇာတ်လမ်းလို့လည်းပြောလို့ရတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းက ဒီထက်တော့ ပိုကျယ်ပြန့်ပါတယ်။အရှေ့တိုင်းတစ်ခွင်လုံးရဲ့ ဖိုဝါဒီကြီးစိုးမှုပြဿနာကိုလည်း တစ်ဖက်တစ်လမ်းက ပြထားတယ်။လော်ရာနဲ့ သူ့ရည်းစားရဲ့ အခြေအနေကနေ ထင်ဟပ်ပြီး ဒီအချက်ကိုပြထားသလို ဒီလိုကြီးစိုးမခံရဖို့ သူ့ဘဝကြီးတစ်ခုလုံးနဲ့ရင်းပြီး သိခဲ့ရသလိုမျိုးလည်း ပြထားတယ်။လော်ရာဖြစ်ခဲ့တဲ့ ကားမတော်တဆမှုရဲ့လက်သည်ဟာ သူ့ကောင်လေးဖြစ်သလို သူ့ကောင်လေးက မတော်တဆမဖြစ်ခင်မှာရော ဖြစ်ပြီးနောက်မှာရော သူ့ဆီက အမြတ်ထုတ်ဖို့ကြိုးစားခဲ့တာကို သူမယူရင် ငါ့ဘယ်သူယူမှာလဲဆိုတဲ့စိတ်နဲ့ သည်းညည်းခံနေခဲ့တဲ့ ကောင်မလေးကနေ ဒီနှောင်ကြိုးတွေကနေ လွတ်လပ်သွားတဲ့‌ ကောင်မလေးဖြစ်လာခဲ့ပုံကိုပါ ပြထားတယ်။ဇာတ်သွက်သွက်နဲ့ ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ထိုင်းတို့ ဖိလစ်ပိုင်တို့ အင်ဒိုတို့က ရုပ်ရှင်တွေကို ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းလို့ပြောလို့ရတယ်။  (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.6 GB) / (810 ...
movie

Laura (2024)

2024
Autobiography (2022) 7.4
Autobiography (2022) Autobiography (2022)အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီး ကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို "ကိုယ်တိုင်ရေး ရာဇဝင်" ပေါ့။ ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။ တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက် အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီး ကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB ...
movie

Autobiography (2022)

2022
Before I Met You (2022)
Before I Met You (2022) Before I met you (2022)"အချစ်" ဆိုတာ ကျွန်တော်တို့မကြာခဏ တွင်တွင်ပြောနေတတ်တဲ့ စကားလုံးတစ်လုံးပါပဲ။ ဒါပေမဲ့ ဒီစကားလုံးရဲ့အနက်ကို ဘယ်သူမှတိတိပပ အဖြေမထုတ်နိုင်ပါဘူး။ အချစ်ဆိုတာဘာလဲလို့မေးရင် အဖြေမထွက်သူများပေမယ့် ဒီအချစ်ကိုယူမလားမေးရင်လည်း ငြင်းမယ့်လူကခပ်ရှားရှားရယ်ပါ။အခုဒီကားလေးကတော့ သစ်ရွက်လှုပ်ရင်ရယ်တတ်တဲ့အရွယ် ကျောင်းသားတွေကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သရုပ်ဖော်ထားတာပါ။ ပြောင်းလဲလွယ်တဲ့အရွယ်ရဲ့ အချစ်ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းအလှည့်အပြောင်းများတာကတော့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။ပွေရှုပ်တတ်တဲ့အဖေရဲ့သမီးတိုင်းမှာ ယောက်ျားတွေကိုမယုံ အချစ်ကိုမယုံတတ်တဲ့စိတ်ဒဏ်ရာ ကိန်းအောင်းနေတတ်တော့ ဂါးဒစ်စ်အတွက် အချစ်ကိုလက်သင့်မခံနိုင်တာ အဆန်းမဟုတ်ပါဘူး။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးရဲ့ဘဝထဲကို ကျောင်းရဲ့နာမည်ကျော်ငပွေငရှုပ်ကောင်ဇိုးလေးဘာရာနဲ့ ကော်ဖီဆိုင်မှာသီချင်းဆိုနေပေမယ့် လက်တွေ့မှာကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးရာမာတို့ ဝင်ရောက်လာပါတော့တယ်။ အချစ်ဦးကလည်းဖြစ်နေတဲ့အပြင် Mr. Perfect Guyဖြစ်ပေမယ့် ဆိုင်သူရှိနေပြီဖြစ်တဲ့ရာမာ၊ တစ်ချိန်က ဘယ်လောက်ပွေခဲ့ရှုပ်ခဲ့ပါစေ ဂါးဒစ်စ်ကိုမှ ကြွေသွားပါပြီဆိုတဲ့ အမြဲအနားမှာရှိနေပေးတဲ့ ဘာရာနဲ့ ဂါးဒစ်စ်တို့ရဲ့ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.9GB | 952MB ...
movie

Before I Met You (2022)

Dear Nathan (2017) 6.8
Dear Nathan (2017) Dear Nathan ( 2017 ) IMDb 6.8/10ရုပ်ချောလွန်းလို့ကောင်မလေးတွေဝိုင်းကြိုက်တာခံနေရပါသလား ဒါဆိုရင်တော့ ဒီကားက ယောရောဘွန်းတို့ဆက်ဆက်ဒေါင်းကြည့်သင့်တဲ့ဇာတ်ကားပါပဲနော် ဒီအပိုင်းကတော့ ဆယ်လ်မာနဲ့နသန်တို့စတင်တွေ့ဆုံခြင်းပါပဲဆယ်လ်မာကကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်လေးပေါ့ နသန်ကတော့ထုံးစံအတိုင်း ရန်ဖြစ်တတ်တဲ့ဆိုးဆိုးပေပေကောင်လေးပါပဲ ကျောင်းနောက်ကျလို့ ပိတ်သွားတဲ့ကျောင်းတံခါးကြည့်ရင်း စိတ်ဓာတ်ကျနေတဲ့ဆယ်လ်ကို နသန်ကကူညီပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ပါတယ် နသန်ကကောင်ချောလေးဖြစ်တဲ့အပြင် ဂျစ်ကန်ကန်နဲ့ အစအနောက်လည်းသန်တော့ သူ့ကိုကြိတ်သဘောကျနေတဲ့မိန်းကလေးတွေလည်း အများသားရယ်ပေါ့ဒါပေမယ့် တစ်ယောက်ကိုမှစိတ်မဝင်စားခဲ့တဲ့နသန်က ဆယ်လ်မာ့ကိုတော့မြင်မြင်ချင်းချစ်သွားခဲ့မိတယ် တကယ်ချစ်တဲ့လူအတွက်ပြောင်းလဲပေးချင်ကြတာ ယောကျာ်းတွေရဲ့သဘာဝပဲမလား ဒီတော့ အေးအေးဆေးဆေးနေတတ်တဲ့ဆယ်လ်မာနဲ့ အလိုက်သင့်နေနိုင်အောင် အချစ်ရဲ့ခွန်အားနဲ့ နသန်တစ်ယောက်ကြိုးစားပုံတွေ သူတို့နှစ်ယောက်ကြားက အခက်အခဲဖြေရှင်းပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပဲဖြစ်ပါတယ် File size…1.5GB / 714MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

Dear Nathan (2017)

2017
Yuni (2021) 7.7
Yuni (2021) Yuni (2021)"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ ...
movie

Yuni (2021)

2021
Crazy Awesome Teachers 2020 6.1
Crazy Awesome Teachers 2020 ကမ္ဘာပေါ်မှာ သူအချစ်ဆုံးက ပိုက်ဆံနဲ့ အမုန်းဆုံးက ကျောင်းဆရာတွေ လို့ခံယူထားတဲ့ Mr.Taat ။ မမျှော်လင့်ဘဲ အငှားကျောင်းဆရာ အလုပ်လည်းလုပ်လိုက်ရတယ် ။ ကျောင်း၀န်ထမ်းတွေရဲ့ လစာတွေ အကုန်ခိုးခံ လိုက်ရတဲ့အချိန်မှာတော့ သူ အဲ့ပိုက်ဆံတွေကိုပြန်ရှာဖို့ ကြိုးစားပေးမှာလား သူကိုယ်တိုင်ကလည်း ပိုက်ဆံမက်တဲ့သူဆိုဖြစ်နေတော့ သူခိုးတွေနဲ့ပဲ ပေါင်းကြံမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြည့်ပါဦးခင်ဗျာ.... Netflix မှာ ထွက်ထားတာပူပူ‌နွေးနွေးရှိသေးတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပြီး Gading Marten , Dian Sastrowardoyo ,Faradina Mufti တို့ကအဓိက သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးက မိဘနဲ့ သားသမီးကြားက ပြသာနာလေးတွေ ဆရာတွေရဲ့ဘ၀ ဆရာနဲ့ တပည့်တွေကြားက မေတ္တာ စတာတွေကို ဟာသ‌နှောပြီး တင်ဆက်ပြသထားလို့ တကယ်ကိုကောင်းတဲ့ ရသစုံခံစားရတဲ့ ဇာတ်ကားတစ်ကားပါ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Oo Lwin ပဲဖြစ်ပါတယ် File Size   ...
movie

Crazy Awesome Teachers 2020