Channel Myanmar

Ketika Sharma

#Single (2025) 6.6
#Single (2025) SINGLE (2025) စင်ဂဲလ် (၂၀၂၅)ဒီကားလေးကတော့ IMDb 6.8 ရထားတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရည်းစားအပြိုင်ရှာကြတဲ့ အချစ်ဟာသကားလေးပဲဖြစ်ပါတယ်..ဇာတ်လမ်းအစမှာတော့ အာရာဗင်နဲ့ဗီဂျေးသူငယ်ချင်းနှစ်ယောက် ဘုရားကျောင်းသွားပြီး အာရာဗင်က ချစ်သူရရှိရေးအတွက်ဆုတောင်းနေခဲ့ပါတယ် ..ဘုရားကျောင်းကအပြန်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်နဲ့ကြုံခဲ့ရပါတယ်.. ဘဝတစ်လျောက်လုံး ရည်းစားမရကြတဲ့သူငယ်ချင်းနှစ်ယောက် ..အခုအချိန်မှာ ဗီဂျေးက ဂါယာထရီလိုခေါ်တဲ့ကောင်မလေးနဲ့ အာရာဗင်ကိုမိတ်ဆက်ပေးဖို ရထားဘူတာကိုခေါ်သွားခဲ့တယ််.. ဗီဂျေးကောင်မလေးရသွားတော့ အာရာဗင်တစ်ယောက်ဘယ်လိုခံစားရမလဲ.. အာရာဗင်တစ်ယောက် ဂါယာထရီနဲ့တွေ့ရင် ဘာအလွဲတွေဖြစ်ဦးမလဲ … အာရာဗင်ကရော တောင်းထားတဲ့ဆုနဲ့ပြည့်ပြီး ချစ်သူလေးရသွားမှာလား.. ဗီဂျေးကရော ဂါယာထရီနဲ့ လက်တွဲတွေမြဲကြမှာလား .. ဒီကားလေးမှာအာရာဗင်နဲ့ ဗီဂျေးသူငယ်ချင်းနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဟာသလေးနှောကာ ခံစားရမှာဖြစ်ပါတယ်လူငယ်တွေကြားမှာ ဖြစ်လေ့ရှိတဲ့ ကောင်လေးနဲ့ကောင်မလေးကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းဟာသလေးတွေ .. သူငယ်ချင်းအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဘယ်လိုရည်းစားရအောင်ကူညီပေးရင်း တလွဲတွေဖြစ်သွားမလဲ... ဇာတ်လမ်းထဲမှာပါတဲ့ သူငယ်ချင်းနှစ်ယောက် နောက်ဆုံးမှာ လူလွတ်ဘဝကကျွတ်ပြီး အချစ်စစ်ကိုရှာတွေ့သွားမလား ကျန်ရစ်တွေပဲဖြစ်သွားမလားဒီအချစ်ဟာသဇာတ်ကားလေးမှာ ကြည့်ရှူပေးကြပါဦးအညွှန်းတဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ် File size… 2.7 GB / 1.33 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

#Single (2025)

Robinhood (2025) 4.4
Robinhood (2025) Robinhood (2025) ရော်ဘင်ဟုဒ်ရော်ဘင်ဟုဒ်ဆိုတာနဲ့ လူချမ်းသာတွေဆီက ခိုးယူ လုယက် ဖောက်ထွင်းလို့ မရှိဆင်းရဲသား‌တွေကို ထောက်ပံ့သူအနေနဲ့ မသိသူမရှိလောက်အောင် နာမည်ကြီးပါတယ်ဒီဇာတ်လမ်းလေးထဲမှာလည်း မိဘမဲ့ဂေဟာက ရမ်ဆိုတဲ့ကလေးလေးက လူချမ်းသာတွေဆီက လုယူလို့ သူတို့ဂေဟာကို ထောက်ပံ့ဖို့ အကြံရလာပါတယ် အဲဒီလိုကနေ တစ်စတစ်စနဲ့ တခြား မိဘမဲ့‌ဂေဟာတွေကိုပါ ထောက်ပံ့လာနိုင်ပါတယ်ကလေးဘဝငယ်ရွယ်စဉ်မှာ အဆင်ချောနေခဲ့ပေမဲ့ ကြီးပြင်းအရွယ်ရောက်လာလို့ အာဏာပိုင် အထက်လူကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံလာချိန်မှာတော့ သူ့ကိုသာမိသွားရင် မိဘမဲ့ကလေးတွေကို သူခိုးတွေအနေနဲ့ဆက်ဆံခံရမှာကိုတွေးပူမိသွားတဲ့အတွက် ဒီလုပ်ရပ်ကနေ အနားယူလို့ ပုံမှန်အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် အဲဒီလိုနဲ့ လုံခြုံရေးအေဂျင်စီတစ်ခုမှာ အလုပ်လျှောက်ပါတော့တယ်နီရာဗာဆူဒေ့ဗ် ဆိုတာကတော့ ထိပ်တန်းဆေးဝါးကုမ္ပဏီပိုင်ရှင်ကြီး ဗာဆူ‌ဒေ့ဗ်ရဲ့ သမီးချောလေးပါ သူဘာလုပ်လုပ် သူ့အဖေနာမည်ကိုပဲ ယူကြပြီး သူ့ကိုအသိအမှတ်မပြုကြတာ‌မို့ သူ့အဖေအရိပ်အောက်ကနေ ထွက်ဖို့ စဉ်းစားမိပါတော့တယ်တစ်နေ့တော့ ရွာတစ်ရွာမှာ နိုင်ငံတကာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားလို့ တရားမဝင် ကုန်ကူးသန်းနေပါတယ်ဆိုတဲ့သတင်း ထွက်လာပါတယ် ဒီလိုနဲ့ပဲ လုံခြုံရေးတာဝန်ယူထားရတဲ့ ရမ်နဲ့ ဆေးဝါးအလုပ်နဲ့ဆက်စပ်နေသူ နီရာတို့ တွေ့ဆုံဖို့ဖြစ်လာပါတယ်ခေတ်သစ်ရော်ဘင်ဟုဒ်ကိုမှ မှုခင်း သည်းထိတ်ရင်ဖို အပြင်ကို ...
movie

Robinhood (2025)

Vijay 69 (2024) 6.3
Vijay 69 (2024) Vijay 69 (2024) ၆၉နှစ် Imdb 6.3လူစည်နေတဲ့ဘုရားကျောင်းတစ်ခု ကွယ်လွန်သူဓာတ်ပုံကြီးထောင်ပြီး အမှတ်တရမိန့်ခွန်းပြောသူကပြော ငိုသူကငိုနဲ့ပေါ့ ဒီလိုအချိန်မှာ ဝုန်းခနဲပွင့်သွားတဲ့ဘုရားကျောင်းတံခါးနဲ့အတူဝင်လာတဲ့လူက ကွယ်လွန်သူဓာတ်ပုံထဲက ဗီဂျေး ..ဝရုန်းသုန်းကားတွေဖြစ်ပြီး အော်သူကအော် သရဲဆိုပြီးပြေးသူကပြေးပေါ့ ဇာတ်လမ်းအစမှာတင် ဂွကျခဲ့တဲ့ ၆၉နှစ်အရွယ် အဘိုးကြီးဗီဂျေးပါပဲ ဒီဇာတ်လမ်းထဲမှာ သင်ခန်းစာယူစရာခွန်အားတက်စရာတွေပါတာဖြစ်ပြီး Netflix ကထုတ်လွှင့်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်အသက်ကြီးလာလို့ဆိုပြီး သေမင်းကိုထိုင်စောင့်နေတဲ့လူတွေထဲ ဗီဂျေးမပါခဲ့ပါ အသက်၇၇ နှစ်ကျမှ အာကာသထဲထိခရီးဆန့်ခဲ့တဲ့ဂျွန်ဂလင်း အသက်၆၁နှစ်မှာ ခေါက်ဆွဲကိုဖန်တီးခဲ့တဲ့ မိုမိုဖူကူ ဒါတွေက သူ့ရဲ့စိတ်ပြင်းပြမှုတွေပါ ရောက်ရှိနေတဲ့အသက် ၆၉နှစ်မှာ သူများနဲ့မတူဘဲ ဗီဂျေးတစ်ယောက်ဘယ်လိုစိန်ခေါ်မှုတွေလုပ်သွားမလဲ ဘယ်လိုအခက်အခဲ‌တွေကိုအန်တုမလဲဆိုတာကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.15 GB / 1.08 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vijay 69 (2024)

BRO (2023) 7.8
BRO (2023) IMDb-7.8/10ရုံတင်ငွေ ၁ ဘီလီယံကျော်ရခဲ့တဲ့ ဘဝအတွက်ခဏလောက် အတွေးဝင်သွားစေမဲ့ဇာတ်ကားကောင်းလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ်ဒီကားရဲ့ ဒါရိုက်တာ Samuthirakani ရိုက်သမျှကားတိုင်းဟာလည်း ပရိသတ်အားပေးမှုများစွာရရှိခဲ့တဲ့ ဘ၀ဒဿနဇာတ်ကားကောင်း‌တွေချည်းပါပဲအစ်ကိုကြီးအဖရာဆိုတဲ့အတိုင်း တစ်မိသားစုလုံးရဲ့တာဝန်တွေအတွက် အလုပ်တွေစီးပွားရေးတွေနဲ့ပဲ အချိန်ကုန်နေတဲ့ မာ့ခ် မုန့်တစ်ခုကိုကုန်အောင်မစားနိုင်ချစ်သူနဲ့တောင် နှစ်ဦးအတူထိုင်စကား‌မပြောနိုင် ညီအစ်ကိုမောင်နှမတွေနဲ့တောင် စကားလက်ဆုံမကျနိုင်သည်ထိ အဆုံးစွန်ကြိုးစားနေခဲ့တာပေါ့သူအစွမ်းကုန်ကြိုးစားလို့ ရလဒ်ကောင်းတွေရလာတဲ့အသက်သုံးဆယ်အရွယ် GM ဖြစ်တော့မဲ့အချိန် ချစ်သူမိသားစုညီအစ်ကိုမောင်နှမတွေကို အချိန်ပေးတော့မဲ့အချိန်မှာ သေသွားခဲ့ရတယ်တမလွန်နဲ့ ပစ္စုပ္ပန်ကြားကာလလေးမှာ အချိန်နတ်ဘုရားနဲ့တွေ့ပြီး လူ့ပြည်ကိုပြန်ဖို့တောင်းဆိုခဲ့တယ် သူပြန်လာနိုင်တဲ့အချိန်က ရက်ပေါင်းကိုးဆယ်... လူပြည့်ပြန်ရောက်တဲ့အချိန်မှာလည်း အချိန်နတ်ဘုရားက ထပ်ကြပ်မကွာလိုက်နေခဲ့တယ်.. သူရရှိတဲ့ ရက်ပေါင်းကိုးဆယ်မှာ အဓိပ္ပာယ်ရှိတဲ့ဘဝပိုင်ဆိုင်အောင်ကြိုးစားနိုင်မလား... တစ်ချက်ချက်အသံပေးပြီး ရွေ့လျားနေတဲ့အချိန်မှာ ချစ်ရသူတွေနဲ့အတူ ဘဝကိုဖြတ်သန်းဖို့ မမေ့ကြနဲ့နော် (အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Zwe ~ V ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်) File size…2.54GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Zwe ~ V ~ Moon ~ ...
movie

BRO (2023)

2023
Ranga Ranga Vaibhavanga (2022) 5.4
Ranga Ranga Vaibhavanga (2022) Comedy, Drama, Romanceရီရှီနဲ့ ရာဒါဆိုတဲ့ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ တစ်ရက်တည်း အချိန်အတူတူမွေးလာကြတဲ့သူတွေပေါ့ သူတို့ရဲ့အဖေတွေကလည်း ငယ်ပေါင်းကြီးဖော် သူငယ်ချင်း အရင်းခေါက်ခေါက်တွေသူတို့ကလည်း ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲ ကြီးပြင်းလာခဲ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သူငယ်ချင်းထက်ပိုတဲ့ သံယောဇဉ်တွေနဲ့ အရမ်းချစ်ကြတဲ့သူတွေပေါ့ဒါပေမယ့် ချစ်ကြပေမယ့် မာနချင်းပြိုင်ရတဲ့ နေ့တစ်နေ့ကို ရောက်လို့လာခဲ့တယ် အဲဒါကတော့ သူတို့ အလယ်တန်းမှာ ကိစ္စတစ်ခုကြောင့် တစ်ယောက်ပါးတစ်ယောက် ရိုက်လိုက်မိရာက နင်စကားမပြောရင် ငါလည်းမပြောဘူးဆိုပြီး ဖြစ်သွားကြပြီး ကြီးတဲ့အထိ စကားမပြောဘဲ နေလာကြတာ ကောလိပ်ရောက်တဲ့အထိပါပဲရင်ထဲမှာတော့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တဲ့အချစ်တွေနဲ့ ရှိကြပေမယ့် မာနတွေကြောင့်သာ သူတို့ဝေးကွာနေခဲ့ကြတာပေါ့အဲဒီလိုနဲ့ အဲဒီလိုအရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ မာနတွေ ပြိုကွဲသွားစေမယ့်အရာက ဘာဖြစ်မလဲ အခေါ်အပြောမလုပ်ကြတဲ့ သူတို့နှစ်ယောက်မှာ ဘယ်သူက အရင်စကားစပြောတဲ့သူ ဖြစ်မလဲဆိုတာ ဒီကားလေးထဲမှာ မိသားစုဘဝ ဟာသလေးတွေနဲ့ပါ အချစ်ရိုမက်တစ်ရသကို အပြည့်ခံစားပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.9GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & BpL & Sora
movie

Ranga Ranga Vaibhavanga (2022)

2022
Romantic (2021) 5.8
Romantic (2021) ဒီနေ့ထွက် အိန္ဒိယတောင်ပိုင်း Action,Drama,Romance ကားလေးတင်ဆက်လိုက်ပါတယ်။လူဆိုးတွေဆိုတာ လူကောင်းတွေလားလို့ မေးလိုက်ရင် အရူးလားဆိုပြီး တုံ့ပြန်ကြမယ်ထင်ပါတယ်။ လူဆိုးဆိုတာကရော လူကောင်းမဖြစ်နိုင်ဘူးလားလို့ မေးစရာလိုတဲ့ အကြောင်းတွေ သပွတ်အူ လူ့လောကကြီးမှာ ရှိတယ်ဆိုပါစို့။ဗက်စကို နဲ့ အန်နီဆိုတဲ့ သူငယ်ချင်း နှစ်ယောက်က ဆင်​ခြေဖုံးရပ်ကွက်မှာ ​နေထိုင်ကြတဲ့ လူဆင်းရဲလေးတွေပါ။ ဗက်စကိုဟာ ရဲတစ်​ယောက်ရဲ့သားဖြစ်​ပေမယ့် အ​ဖေကိုသတ်သွားတဲ့ လူဆိုးကို ရှာ​ဖွေရင်း လောကကြီးရဲ့ မျက်လှည့်စင်မြင့်ပေါ်မှာ သူကိုယ်တိုင် လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်လာခဲ့ပါ​တယ်။ သူ့ရဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း အန်နီကလည်း သူ့​နောက် တစ်​ကောက်​ကောက်​ပေါ့။တစ်​နေ့မှာ​တော့ ဗက်စကိုဟာ မိုနီကာဆိုတဲ့ ရဲတစ်​ယောက်ရဲ့ညီမကို ချစ်ကြိုက်မိပါ​တော့တယ်။ လူဆိုးဘဝနဲ့ ကျင်လည်ရင်း အ​ဖေကိုသတ်သွားတဲ့ လူဆိုးရဲ့ ဘိန်းကုန်စည်​တွေကို ဖြတ်ခုတ်ပြီး သူ​နေထိုင်ရာ ရပ်ကွက်​လေးရဲ့ တိုးတက်ရာတိုးတက်​ကြောင်းကို ကူညီ​နေတဲ့ Robin Hood လက်သစ်​လေး ဗက်စကိုဟာ မိုနီကာကို ချစ်​ပေမယ့် တပ်မက်တယ်လို့ပဲ ထင်ခဲ့မိတယ် အချစ်ကို ဝန်မခံရဲခဲ့ဘူး။ ...
movie

Romantic (2021)

HEVC 1080p