Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ketchup Eusebio
5.8
Uninvited (2024)
Uninvited (2024)IMDb Rating (5.8) သန်းကြွယ်သူဌေးကြီး ဂီလီဟာ သူ့မွေးနေ့ပွဲကို သူ့ရဲ့ဇိမ်ခံအိမ်ကြီးမှာ ခမ်းနားစွာကျင်းပဖို့စီစဉ်ထားသလိုဂုဏ်သရေရှိဧည့်သည်တွေလည်း တဖွဲဖွဲရောက်လာနေပါတယ်။အဲ့ဒီဧည့်သည်တွေထဲမှာ ဖိတ်ကြားမထားတဲ့ ဧည့်သည်တစ်ယောက်ပါနေပြီး အဲ့ဒီဧည့်သည်ဟာ ဒီညမှာ ဂီလီရဲ့အသက်ကို ဇီဝန်ချုပ်ပေးမယ့်သူလည်းဖြစ်ပါတယ်။သူကတော့ လီလီယာဆိုတဲ့ အမျိုးသမီးကြီးဖြစ်ပြီး သူ့ရဲ့အသက်သွေးကြောဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး လီလီရက်ရက်စက်စက်အသတ်ခံရတဲ့အမှုအတွက် ကလဲ့စားချေမှာပါ။ဂီလီရဲ့ပိုင်နက်၊ သက်တော်စောင့်တွေအထပ်ထပ်၊ဧည့်သည်တွေအများကြီးနဲ့စံအိမ်ကြီးထဲမှာ သူ့ကိုလုပ်ကြံဖို့ဆိုတာ သူ့လိုလက်နက်မဲ့အဘွားကြီးတစ်ယောက်အတွက် လွယ်ကူနိုင်ပါ့မလား?ဒီအကြံအစည်အတွက် သူ့ဘက်က ဘယ်လိုကြိုတင်ပြင်ဆင်ထားခဲ့လဲစတာတွေကို ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ ဂန္ဓဝင်မင်းသမီးကြီး Vilma Santos နဲ့ ထိပ်တန်းမင်းသမီးငယ် Nadine Lustre တို့ဦးဆောင်ပါဝင်ထားတဲ့ Thriller ကားကောင်းတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1 GB) / (570 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:33:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
Uninvited (2024)
2024
5.9
Un/Happy for You (2024)
Un/Happy for You (2024)IMDb Rating (5.9) ခံစားချက်တွေ အပြည့်နဲ့ ပရိသတ်တွေရင်ထဲကို နွေးထွေးစေမယ့် ရုပ်ရှင်တစ်ခုပါ။ဒါရိုက်တာ Petersen Vargas ရဲ့ လက်ရာဖြစ်ပြီး Joshua Garcia နဲ့ Julia Barretto တို့ရဲ့ ရိုက်ချက်တွေအပြည့်အဝ နဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်းက အရင်အတိတ်ကအမှတ်တရတွေကို ပြန်လည်သတိရစေမှာပါ။ဇာတ်လမ်းဟာ Juancho (Joshua Garcia) ဆိုတဲ့ စားဖိုမှူးနဲ့ Zy (Julia Barretto) ဆိုတဲ့ စာရေးဆရာမလေးတို့ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုသူတို့ရဲ့ နောက်ဆုံးမှာတော့ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာဆက်လက်ကြည့်ရှု့လိုက်ပါတော့။ဇာတ်လမ်းထဲမှာ အရသာအရှိဆုံးကတော့ အချစ်နဲ့ လွမ်းဆွတ်မှု့တွေကို ယှဉ်ပြီးတော့ရိုက်ထားတာပါပဲ။Joshua နဲ့ Julia တို့ရဲ့ စိတ်စွဲလန်းမှုကြောင့် ဇာတ်လမ်းက ပိုပြီး တော့ ကြည့်ကောင်းစေပြီးတော့ ပရိသတ်တွေရဲ့ နှလုံးသားကို တိုက်ရိုက်တိုးတာပါပဲ။lighting တွေရဲ့ သုံးတာကအစ ဇာတ်ကောင်တွေရဲ့ စိတ်ဆန္ဒကဘာဖြစ်ချင်နေလဲဆိုတာဖော်ပြနေတာပါပဲ။မင်းသမီး Zy's ဘဝအိပ်မက်တွေကို နည်းနည်းပဲ ဖော်ပြထားခဲ့တာကြောင့် ...
movie
Un/Happy for You (2024)
2024
7.9
GomBurZa (2023)
GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ်ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်ကသမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movieတစ်ကား ဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက်ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင်ရိုက်ကူးပြထားပါတယ်။ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွားစပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြားဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကိုရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာအရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာငြင်းစရာမရှိပါဘူး..... File size…1.31GB / 580MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie
GomBurZa (2023)
7.6
Family Matters (2023)
Family Matters (2023)ဒီတစ်ခါမှာတော့ IMDb 7.6 ရရှိထားတဲ့ ဖိလစ်ပိုင်မိသားစုဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်"ဘဝမှာ ဘယ်အချိန်မဆို အရေးကြီးဆုံး ကိုယ့်မိသားစုပါပဲ"ဒီဇာတ်လမ်းလေးထဲမှာတော့ အယ်လန်က သူမရဲ့အချစ်ဇာတ်လမ်းအတွက် အမေရိကန်ကို ထွက်သွားဖို့မျှော်လင့်ထားပေမဲ့လည်း သူမရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးဖြစ်တဲ့ ဖရန့်စစ်စကို နဲ့ အယ်လီနောတို့ကို ထားရစ်ခဲ့ရ မှာဖြစ်တဲ့အတွက် စိတ်ပူပန်မှုတွေနဲ့ အပြစ်ရှိစိတ်ဖြစ်လာပါတယ် တစ်နေ့မှာတော့ အယ်လန်အဖေက အသက်ရှုကျပ်ပြီး ဆေးရုံတင်လိုက်ရပါတယ်။ အဲ့နောက်မှာတော့ အယ်လန်ရဲ့ မွေးချင်းတွေဖြစ်တဲ့ ကီကို ဖော့ကျူး အီရစ်ကိုတို့ကို ခေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အယ်လန်က အသိမပေးဘဲ အမေရိကန်ကို ခရီးထွက်သွားတဲ့အခါမှာ သူမရဲ့မိသားစုအားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့ရဲ့သက်ကြီးရွယ်အိုမိဘနှစ်ပါးကို ဖိလစ်ပိုင်မှာ နေထိုင်နေတဲ့ မောင်နှမသုံးယောက်က လောလောဆယ် ကိုင်တွယ်ဖြေရှင်းရမယ့်ကိစ္စဖြစ်လာခဲ့ပါတယ်။သူတို့တွေဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းသွားကြမလဲ။ မိဘနှစ်ပါးကို စိတ်ချမ်းသာအောင်ထားနိုင်မှာလား။ ဘယ်လိုပြဿနာတွေကြုံလာမလဲဆိုတာကို ပေါ့ပေါ့းပါးပါးနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းလေးလည်းဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… ...
movie
Family Matters (2023)
2023
7.3
Heneral Luna(2015)
Heneral Luna(2015)*******************ဖီလစ်ပိုင်နိုင်ငံကို အမေရိကန်တွေကျူးကျော်စစ်ဝင်ထိုးနေတဲ့အတွက် ဖီလစ်ပိုင်းသမ္မတကြီးက ဖြေရှင်းဖို့အတွက် အစည်းအဝေးလုပ်တယ်။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေ စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံရေးသမားတွေနဲ့ အပြန်အလှန်ဆွေးနွေးငြင်းခုံနေကြတယ်။ အမေရိကန် အင်အားနည်းနေချိန်မှာ တိုက်ခိုက်မှ ဖြစ်မယ် မဟုတ်ရင်တစ်နိုင်ငံလုံးကျွန်ဘဝရောက်မယ့်အကြောင်းကို ဗိုလ်ချုပ်လူနာကတင်ပြတယ်။ ဒါပေမယ့် စီးပွားရေးသမားတွေက သူတို့ကိုယ်ကျိုး ထိခိုက်မှာစိုးတဲ့အတွက် ငြိမ်းချမ်းရေးကမ်းလှမ်းဖို့ပဲဆန္ဒရှိကြတယ်။ နောက်ဆုံးမှာတော့ သမ္မတကြီးက ငြိမ်းချမ်းရေးကမ်းလှမ်းမယ် စစ်ရေးအတွက်လည်းပြင်ဆင်ဖို့ဆုံးဖြတ်လိုက်ချိန်မှာ အမေရိကန်တွေက မနီလာမြို့အပါအဝင်အခြားနေရာကိုသိမ်းယူလိုက်ပါတယ်..ဖိလစ်ပိုင်တို့အတွက်တော့ အတော်ကြီးအထိနာတဲ့ကိစ္စလို့ဆိုရပါ့မယ်..အဒီနောက် ဗိုလ်ချုပ်လူနာတို့ဘယ်လိုတုန့်ပြန်ကြမလဲဆိုတာကိုတော့..ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပြီး ဘက်ဂျက်အတော်များများသုံးရိုက်ကူးထားတဲ့အတွက်ဖိလစ်ပိုင်ကားဆိုသော်ငြား တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်ပါကြောင်း...File Size :(3.3GB)(1.2 GB) and (407MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:58:00 Genre : Action, Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie
Heneral Luna(2015)
7.6
Seven Sundays (2017)
Seven Sundays 2017 IMDB 7.6/10သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရအောင် ပေးစွမ်းပါလိမ့်မယ်။ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ ...
movie
Seven Sundays (2017)
7.9
The Hows of Us (2018)
KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အတော်လေးအောင်မြင်ခဲ့သလိုဖိလစ်ပိုင်ရုပ်ရှင်သမိုင်းမှာလည်း ဝင်ငွေစံချိန်တင်ခဲ့တယ်... ရုပ်ရှင်ထဲသာမက အပြင်မှာပါ ပရိသတ်တွေရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ စုံတွဲလို့ပြောရင်လည်းမမှားဘူး... IMDB မှာ Rating 7.9 အထိရရှိထားသလို ဒါရိုက်တာကလည်း သူတို့အတွဲ နာမည်ကြီးအောင်မြင်ခဲ့တဲ့ she's dating the gangster ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Cathy Garcia-Molinaဖြစ်နေလေတော့ အများကြီးညွှန်းစရာလိုမယ်တော့မထင်ပါဘူး.....ဇာတ်လမ်းလေး နည်းနည်းပြောပြရရင် ! George က Primoကို မြင်တည်းက ကြည့်မရဘူး...ကြည့်မရတဲ့ Primoက တဖြည်းဖြည်း သူ့အနားရောက်လာခဲ့တယ်... မိသားစုက သူ့ကိုချစ်ကြတယ်...အဖွားဖြစ်သူက Primoကို အသည်းစွဲ...နောက်ဆုံးတော့ သူလည်း Primoကို ချစ်မိသွားခဲ့တယ်... အဖွားဆုံးခါနီးတော့ သူ့ကို Primoလက်ထဲအပ်ခဲ့ရုံမက အိမ်လေးကိုပါပေးခဲ့တယ်...ချစ်သူနှစ်ဦး အိပ်မက်တွေတပွေ့တပိုက်နဲ့ စိတ်ကူးတွေယဉ်ခဲ့ကြ ချစ်ခဲ့ကြတယ်... နေ့ရက်တိုင်းဟာ ပျော်စရာပဲ...ရယ်ပြီးရင် ငိုရဦးမယ်ဆိုတဲ့ သီချင်းစာသားလေးအတိုင်း ကြင်နာခြင်းတွေနောက်မှာ နာကျင်ခြင်းတွေကပ်ပါလာခဲ့တယ်...သူတို့ ဝေးခဲ့ကြတယ်... အရာရာဟာ နေသားမကျခြင်းတွေနဲ့...အိမ်လေးကို Primoပြန်ရောက်လာခဲ့တယ်... Georgeကို ပျော်ရွှင်အောင်ထားမယ်ဆိုတဲ့စိတ်နဲ့... ...
movie
The Hows of Us (2018)
2018
5.8
I Love You Goodbye (2009)
I Love You, Goodbye (2009)သင်ဟာ လူ ၂ ယောက်ကို တစ်ပြိုင်နက်တည်းချစ်မိဖူးတယ်ဆိုရင်တောင် တစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့အခါ ရွေးရခက်တဲ့အဖြစ်မျိုး ကြုံခဲ့ဖူးမှာပါ။ Nobody loves me ဆိုတဲ့ FA လေးတွေအတွက်တော့ မျက်ရည် ၂ စက်ပေါ့။လစ်ဇဲလ်ဆိုတဲ့ မိဘမဲ့မိန်းကလေးက ချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာရပေမဲ့ အချစ်ရှားနေတဲ့ ကျွန်တော်တို့လိုမဟုတ်ဘဲ သူမှသူဖြစ်နေတဲ့ ယောက်ျားနှစ်ယောက်ရှိပါတယ်။အရာရာပြီးပြည့်စုံတဲ့ Mr. Perfect Sugar daddyကြီး အေဒရီယန် ဟာ သမီးတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက် အင်မတန်အောင်မြင်တဲ့ တက်လမ်းအပြည့်နဲ့နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်၊ မင်းတွက်ဆို ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်မဲ့ လမင်းကြီးကိုတောင် ခူးဆွတ်ပေးချင်နေတဲ့လူနဲ့နောက်တစ်ယောက်ကတော့ ဘဝသမားလေး ဂယ်ရီ၊ ၄ နှစ်တာချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပြီး လက်ထပ်ပြီးဘဝတည်ဆောက်ဖို့တောင် ရည်ရွယ်ခဲ့ရပေမဲ့ အပျော်စီးသင်္ဘောမှာ အတူအလုပ်လုပ်ဖို့ ရည်ရွယ်ပြီးမှ လစ်ဇဲလ်ကို သစ်စိမ်းချိုးချိုးပြီး ထားပစ်ခဲ့သူ အသဲခွဲသမားလေးပေါ့။ဒါပေမဲ့ လစ်ဇဲလ်ကတော့ ဝတ္ထုထဲက ကောင်မလေးများလို အရာရာပြီးပြည့်စုံတဲ့ သကြားဖေဖေထက် အသဲခွဲသွားတဲ့ဂယ်ရီကို ပိုချစ်ပါသတဲ့။ဒါပေမဲ့ အေဒရီယန်မှာလည်း အဆင့်အတန်းကွာခြားလွန်းလို့ အမြင်မကြည်တဲ့အမေရယ်၊ အဖေကိုလုယူသွားလို့ ရန်သူလိုသဘောထားနေတဲ့ ...
movie
I Love You Goodbye (2009)
2009