Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kerry Ardra
7.2
La Cocina (2024) The Kitchen
La Cocina (2024)IMDb Rating (7.2) / Rotten Tomatoes (72%) ဒီရုပ်ရှင်ရဲ့နာမည် La cocina (The Kitchen )ကို စတွေ့တော့ စိတ်ထဲထင်လိုက်တာက ဟင်းချက်တဲ့ရုပ်ရှင်ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ပိုစတာကြည့်တော့လည်း စားဖိုဆောင်ထဲက ရိုမန့်လိုလိုဘာလိုလို ပိုစတာမျိုးပဲ။ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲသွားတယ်ပြောရမှာပဲ။ဇာတ်ရဲ့နေရာက အမေရိကန်ပြည်ထောင်စုကြီးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ နယူးယောက်ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်တဲ့ Times Square။ စီးပွားရေး ဖျော်ဖြေရေး တိုးရစ်ဆွဲဆောင်ရေး ဒီနေရာမှာ အရာအားလုံးစုနေတယ်။ ၂၄နာရီလုံး မီးရောင်စုံတွေ ဒစ်ဂျစ်တယ်ဆိုင်းဘုတ်တွေနဲ့ လင်းထင်းနေတဲ့နေရာပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ အဲဒီအရောင်တွေတစ်ခုမှမြင်ရမှာမဟုတ်ဘူး။ တစ်ကားလုံးနီးပါးအဖြူအမဲနဲ့ပဲ ပြထားတယ်။ သူ့မြို့ပြရဲ့ ရှုပ်ထွေးမှုကိုတော့ focusမငြိမ်တဲ့ ရိုက်ချက်တွေနဲ့ ပြထားတယ်။ ဒီရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ စားဖိုဆောင်က Times Squareက ကြက်ပျံမကျ လူစည်တဲ့ The Grillလို့ခေါ်တဲ့ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ မြေအောက်ထပ်ပါပဲ။The Grillရဲ့ ...
movie
La Cocina (2024) The Kitchen
6.8
Blink Twice (2024)
ဖရီဒါတစ်ယောက် ချမ်းသာတဲ့ သက်လတ်ပိုင်း သူဌေးသားကို ထောင်ဖမ်းရင်းအဆင်ပြေသွားရာက သူဌေးသားရဲ့ ကိုယ်ပိုင်ကျွန်းကို လိုက်သွားပြီးမထင်မှတ်ထားတာတွေ ကြုံလာရတဲ့အခါ ဘယ်လိုများ…..ဖရီဒါနဲ့ ဂျက်စ်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ နာမည်ကြီးကုမ္မဏီတွေ စားပွဲပါတီတွေ ကျင်းပတဲ့အခါမျိုးမှာ စားပွဲထိုး ဝင်လုပ်ပါတယ်။သူတို့ဟာ ပွဲတက်ဝတ်စုံတွေ ထည့်လာပြီး လစ်ရင်လစ်သလို ဝတ်စုံလဲကာပါတီထဲ ဝင်ရောပြီး သူဌေးသားတွေကို ထောင်ဖမ်းဖို့ ကြံဖန်တတ်ပါသေးတယ်။တစ်ညမှာတော့ သူတို့ဟာ ကင်းနည်းပညာကုမ္မဏီရဲ့ ပါတီပွဲမှာ အစားအသောက်တည်ခင်းပြီးလို့ ပွဲတက်ဝတ်စုံလဲပြီး အဆင်ရှာထွက်တဲ့အချိန်မှာ ဖရီဒါတစ်ယောက်ကင်းနည်းပညာကုမ္မဏီရဲ့ ဥက္ကဌဖြစ်တဲ့ စလေတာကင်းနဲ့ သွားဆုံပါတယ်။ဒီလိုနဲ့ ဖရီဒါနဲ့ စလေတာကင်းမှာ တစ်ညလုံး လေကြောသင့်ပြီး ကြည်နူးနေရာကပွဲပြီးတော့ စလေတာကင်းက သူ့မိတ်ဆွေတွေနဲ့ ကိုယ်ပိုင်ကျွန်းကို အပျော်ခရီးသွားမှာဖြစ်ကြောင်း တခြားကောင်မလေးတွေလည်း ပါမှာဖြစ်ကြောင်းပြောပြီး ဖရီဒါနဲ့ ဂျက်စ်ကို လိုက်ခဲ့ဖို့ ခေါ်ပါတော့တယ်။ ဒီယုန်မြင်လို့ ဒီခြုံထွင်တဲ့ဖရီဒါကတော့ နှစ်ခါမငြင်းပဲ လိုက်သွားခဲ့ပါတယ်။ ကျွန်းပေါ်ရောက်တော့သူတို့ရဲ့ ဖုန်းတွေ လျှပ်စစ်ပစ္စည်းတွေကို သိမ်းသွားပေမဲ့ သူတို့ဟာ ဘဝရဲ့အကောင်းဆုံးအချိန်တွေကို ...
movie
Blink Twice (2024)
4K HEVC
6.3
Barb & Star Go to Vista Del Mar(2020)
ဘဘ့်နဲ့စတားဆိုတဲ့ အမျိုးသမီးနှစ်ဦးက အိမ်ထောင်ပြတ်မုဆိုးမနဲ့ တစ်ခုလပ်ဖြစ်တာကြောင့်ဘဝတူတွေဖြစ်ပြီး အရာရာကို တိုင်ပင်နှီးနှောတတ်တဲ့ အချင်းချင်းသစ္စာရှိတဲ့သူငယ်ချင်းတွေဖြစ်ပါတယ် သူတို့တွေက စကားပြောအတင်းတုပ်ရတာအလွန်ကြိုက်တဲ့ အသက် ၄၀နီးပါးအမျိုးသမီးတွေဖြစ်တာကြောင့် စကားပြောကလပ်ပါဝင်ထားကြပါတယ် ဒါပေမဲ့တနေ့မှာတော့သူတို့ရဲ့ အလုပ်လုပ်တဲ့စတိုးဆိုင်ကပိတ်သွားတဲ့အပြင် စကားပြောကလပ်ကပါအထုတ်ခံရတာကြောင့် Vista Del Marလို့ခေါ်တဲ့Floridaက ကမ်းခြေလေးကိုအပန်း ဖြေခရီးထွက်လာခဲ့ပါတယ် ဒီလိုနဲ့လူသတ်မစ်ရှင်ကို အကော်အထည်ဖော်ဖို့ကမ်းခြေဆီရောက်လာတဲ့ ဗီလိန်မရဲ့ချစ်သူရည်းစားဖြစ်တဲ့ အက်ဂါနဲ့တစ်ညမှားမိပြီးတဲ့နောက်မှာ အက်ဂါကိုအချစ်ရေးကံမကောင်းခဲ့တဲ့စားဆော်ကြီးတွေသူငယ်ချင်းအချင်းချင်းကျော်ခွကာ အက်ဂါ့အချစ်ကိုရဖို့ကြိုးပမ်းပါတော့တယ် အဲ့ဒီလိုကြိုးပမ်းချိန်မှာလူ့သဘာဝဖြစ်တတ်တဲ့ စိတ်အခြေအနေတွေ အပြစ်ရှိတယ်လို့ခံစားရမှုတွေ အလွဲလွဲအချော်ချော်တွေဖြစ်ပြီးရယ်စရာ ဟာသတွေကို ပျော်ရွှင်အူမြူးဖွယ်ရိုက်ပြထားတာပါ ထို့နောက်အက်ဂါရဲ့သရုပ်မှန်ကိုသိပြီးနောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ တကားလုံးပါးစပ်မပိတ်ရဘဲ ထိုင်ခွီနေရလောက်အောင် ဘဘ့်နဲ့စတားရဲ့ တလွဲတချော်အပြုအမူတွေစကားတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်.....။ ။File size…(2.2GB)/(1.32GB)/(651MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin
movie
Barb & Star Go to Vista Del Mar(2020)