Channel Myanmar

Kenneth Colley

Hitler: The Last Ten Days (1973) 6.5
Hitler: The Last Ten Days (1973) ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်း ဗားရှင်းအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ အထဲမှာဒီကားကတော့ အစောဆုံးတွေထဲက တစ်ကားဖြစ်ပါတယ်။ဇာတ်ကားနာမည်အတိုင်း ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်ကို သိမ်းပိုက်ခဲ့တဲ့၊ဂျူးခြောက်သန်းကိုသုတ်သင်ခဲ့တဲ့ ယနေ့တိုင် နာမည်ဆိုးနဲ့ကျော်ကြားဆဲ အဒေါ့ဟစ်တလာရဲ့ဘဝနေဝင်ချိန်နောက်ဆုံး ၁၀ ရက်အတွင်းဖြစ်ပျက်ခဲ့သမျှကို တင်ဆက်ထားတာပါ။ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေမှာသူနဲ့အတူဘန်ကာထဲရှိနေခဲ့တဲ့ ဗိုလ်ကြီးဂါးဟတ်ဘိုတ့် ရေးသားထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးကို သိရှိနိုင်မှာဖြစ်ပါတယ်။၁၉၃၉ စပြီးဆင်နွှဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမနီဟာ ဆက်တိုက်အောင်ပွဲရခဲ့ပေမယ့်၁၉၄၃က စလို့အရေးနိမ့်လာခဲ့ပြီး ၁၉၄၅ မှာတော့ ရုရှားနဲ့ အမေရိကန်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုနဲ့အတူဘာလင်မြို့ကွက်ကွက်လေးသာ ကျန်တော့တဲ့အထိ အခြေအနေဆိုးလာပါတယ်။ဒီလို ရှုံးနိမ့်မှုတွေနဲ့ အတူ တစ်ချိန်က ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်အောင်နိုင်ခဲ့သူကြီးဟစ်တလာလည်း ဘာလင်မြို့တစ်နေရာက ဘန်ကာထဲမှာ လက်တစ်ဆုပ်စာလူယုံတွေနဲ့အတူပုန်းအောင်းနေရပါတယ်။ ရန်သူဝိုင်းတာခံနေရတဲ့ ဘန်ကာအတွင်းနေ့ရက်တွေမှာဟစ်တလာတစ်ယောက် လက်လျော့အရှုံးပေးခဲ့လား၊အခြေအနေကို ပြောင်းနိုင်ဖို့ဘယ်လို ဆုံးဖြတ်ချက်တွေ ချခဲ့လဲ၊ သူ့ရဲ့သစ္စာရှိ လူယုံတွေကကော နောက်ဆုံးအချိန်ထိသစ္စာရှိခဲ့ကြလား၊ ဟစ်တလာအနေနဲ့ အရှုံးသမားတစ်ယောက်ရဲ့ခါးသီးမှုရင်ဆိုင်ရင်းသူရဲ့နောက်ဆုံးနေ့ရက်တွေ၊‌နောက်ဆုံးစကားတွေ ၊နောက်ဆုံးလုပ်ဆောင်မှုတွေနောက်ဆုံးရွေးချယ်မှုတွေကိုခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size…    2.2 GB /  1.1 ...
movie

Hitler: The Last Ten Days (1973)

Dan Hawk Psychic Detective (2024) 4.7
Dan Hawk Psychic Detective (2024)   Dan Hawk Psychic Detective (2024) ၂၀၂၄ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Crime/Thriller မှုခင်း သည်းထိတ်ရင်ဖို ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ ဒါရိုက်တာ Ben Shockley ရိုက်ကူးထားတာဖြစ်ပြီး ဗြိတိသျှစကားပြော ဇာတ်ကားတစ်ကားပါ။ဇာတ်လမ်းအကျဥ်းကတော့ Dan Hawk ဟာ ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး စာရေးဆရာတစ်ဦးအဖြစ် အသက်မွေးနေပါတယ်။အဲဒီအချိန်မှာ သူ့ရဲ့စာအုပ်စီးရီးဖြစ်တဲ့ Pumpkin Head ဝတ္ထုတွေထဲက ဇာတ်ကောင်အတိုင်း ဖရုံသီးကြီးခေါင်းစွပ်ထားတဲ့ serial killer တစ်ဦး ပေါ်ပေါက်လာချိန်မှာတော့ Dan Hawk တစ်ယောက် တရားခံဘယ်သူလဲဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။ဗြိတိသျှစကားပြောဇာတ်လမ်းဖြစ်ပြီး ဘတ်ဂျက်ဇာတ်ကား တစ်ခုဖြစ်တဲ့ ဒီဇာတ်လမ်းလေးက ကြာချိန်တိုပြီး ဇာတ်အိမ်ရိုးရှင်းတဲ့အတွက် အပျင်းပြေ ကြည့်ရှုလို့ကောင်းမဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wilfenheim ဖြစ်ပါတယ်။) File size…(630 MB) / (350 MB) Quality….WEB-Rip 1080p HEVC / ...
movie

Dan Hawk Psychic Detective (2024)

2024
Firefox (1982) 6.1
Firefox (1982) Firefox (1982)*******************Clint Eastwood ဆိုတဲ့ ဒါရိုက်တာလည်းလုပ် မင်းသားလည်းလုပ်တဲ့ ဒီဘိုးတော်ကြီးကို တော်တော်များများသိကြမယ်ထင်ပါရဲ့...ခပ်ဆန်းဆန်း ဇာတ်ကားတွေကြီးပဲ ဖန်တီးတတ်သလို သူ့ကားတွေကြည့်ပြီးတိုင်း အတွေးတွေ ကျန်ခဲ့အောင် လုပ်နိုင်စွမ်းလည်းရှိပါတယ်...ဒီရုပ်ရှင်ဇာတ်ကားက ၁၉၈၂ ခုနှစ်ကဆိုပေမယ့် ခုချိန်ပြန်ကြည့်လည်း သည်းထိတ်ရင်ဖို ခံစားနေရတုန်းမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...ဆိုဗီယက် ရုရှားမှာ အသံထက်မြန်အောင်ပျံနိုင်တဲ့အပြင် ရေဒါမှာ မပေါ်ဘဲနဲ့ စိတ်နဲ့ထိန်းချုပ်ပြီး ဒုံးကျဉ်ပစ်လို့ရတဲ့ Firefox ဆိုတဲ့ တိုက်လေယာဉ်ကို ဖန်တီးလိုက်ပါတယ်။ ‌တိုက်လေ‌ယာဉ်ရဲ့ နည်းပညာက အဆင့်မြင့်လွန်းလို့ ‌ဗြိတိန်‌တွေက စစ်ရေးအရ စိုးရိမ်ပြီး အမေရိကန် တိုက်လေယာဉ်မှူး မစ်ရှယ် ဂန် ကို လေယာဉ်သွားခိုးဖို့ ရုရှားနိုင်ငံထဲ ခိုးသွင်းပါတော့တယ်။ အဲ့ဒီမှာ ဇတ်လမ်းက စတော့တာပဲ...မင်းသားကြီး Clint Eastwood ရဲ့ ပရိတ်သတ်ဆိုရင်တော့ မဖြစ်မနေကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို Htet Wai Lwin မှ ရေးသားထားပါတယ်)File Size : (3.45GB) and (937 MB) Quality : Blu-Ray ...
movie

Firefox (1982)

Star Wars: Episode VI – Return of the Jedi (1983) 8.3
Star Wars: Episode VI – Return of the Jedi (1983) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode VI – Return of the Jedi (1983)

4K HEVC
Star Wars: Episode V – The Empire Strikes Back (1980) 8.7
Star Wars: Episode V – The Empire Strikes Back (1980) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode V – The Empire Strikes Back (1980)

4K HEVC
Life of Brian (1979) Monty Python’s Life of Brian 8.1
Life of Brian (1979) Monty Python’s Life of Brian IMDb Rating (8.1) / Rotten Tomatoes (95%)ဒီဇာတ်ကားကတော့ မကြည့်ဖူးရင်တောင် Memes တွေမှာ မြင်နေကျမို့ ရင်းနှီးနေမှာပါ...တကယ်လဲ သရော်ထားတဲ့နေရာမှာ ဆရာတစ်ဆူလို့ပြောရမယ့်ဇာတ်ကားပါ...ဘာသာရေး၊ လူမျိုးရေး ၊နိုင်ငံရေးစတဲ့ အထိမခံရွှေပုဂံ တကယ့်ဒိတ်ဒိတ်ကြဲတွေကိုမှ ပြောင်မြောက်စွာ သရော်ထားတဲ့ဗြိတိန်ဟာသအဖွဲ့ Monty Python ရဲ့ လက်ရာမြောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ် ...ဘရိုင်ယန်ဆိုသူဟာ ယေရှုနဲ့နွားတင်းကုပ်ချင်းကပ်ရပ်မွေးဖွားလာသူဖြစ်ပြီးထိုခေတ်ကဂျူးတွေပီပီ ရိုမန်တွေကိုမုန်းတီးသူလည်းဖြစ်ပါတယ် ..ဒီလိုနဲ့ အရွယ်ရောက်ချိန်မှာ ရိုမန်ဆန့်ကျင်ရေးတပ်ဖွဲ့ထဲဝင်ခဲ့ပြီးအဲ့အဖွဲ့ရဲ့ပြောင်မြောက်တဲ့ အလွဲလွဲအချော်ချော်တွေမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲပါတော့တယ်...အဲ့အဖွဲ့က အခုလက်ရှိကမ္ဘာ့အခြေအနေနဲ့ တော်တော်လေးဆင်တူနေတယ်ဗျ ...သူတို့ဟာ မြေပြင်မှာဘာမှ လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲအစည်းအဝေးတွေ ခဏခဏလုပ်ပြီး ရှုတ်ချကြောင်းတွေ..ဝမ်းနည်းကြောင်းတွေ စာထုတ်နေ‌တဲ့ UN လိုအဖွဲ့မျိုးပါ ..၁၉၇၉ က ထွက်ရှိခဲ့တယ်ဆိုပေမဲ့ ဘာသာရေး လူမျိုးရေး ဝါဒရေးမှိုင်းတွေနဲ့ကမ္ဘာကြီးအတွက်အမြဲလတ်ဆတ်နေမယ့်ဇာတ်ကားမျိုးဖြစ်ပြီး ကမ္ဘာကြီးရဲ့စောင်တလွဲတွေကို အမြဲတမ်းသရော်နေမှာပါ။  File size…(1.5 GB)/ (900 MB) Quality…BluRay 1080p /720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ...
movie

Life of Brian (1979) Monty Python’s Life of Brian