Channel Myanmar

Kenichi Yajima

The Lines That Define Me (2022) 6.6
The Lines That Define Me (2022) The Lines That Define Me (2022)********************************IMDb..... 6.6ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိတဲ့Drama အမျိုးအစား The Lines That Define Me ဆိုတဲ့ ဂျပန်ဇာတ်ကားလေးဖြစ်ပါတယ်။အနုပညာအမျိုးအစားထဲမှာမှ ပန်းချီပညာဟာ လူတွေနဲ့စိတ်နှလုံးကို နှစ်သိမ့်ကြည်နူးစေတဲ့ရသမျိုးပေးစွမ်းနိုင်တာကို ဒီဇာတ်ကားလေးမှာ ခံစားကြရမှာဖြစ်ပါတယ်။Drama ဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ဖွဲ့တည်ဖန်တီးတင်ပြပုံကောင်းတဲ့ဇာတ်ကားလည်းဖြစ်တာကြောင့် အချိန်ပေးရတာတန်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။-ဇာတ်လမ်းအကျဉ်း-အာအိုယာမ ဆိုဆုခဲ ဆိုတဲ့ ဥပဒေကျောင်းသားလေးဟာ သူငယ်ချင်းဖြစ်သူ ခိုမေးရဲ့တောင်းဆိုချက်ကြောင့် ဂျပန်ရိုးရာပန်းချီပညာရှင် ခိုဇန် ရှီနိုဒါ ရဲ့ ကိုယ်တိုင်ရေးဆွဲတင်ဆက်တဲ့ပန်းချီပြပွဲမှာ သွားကူညီပေးခဲ့ပါတယ်။ ပန်းပုံပန်းချီမြင်ချိန်မှာ ခံစားချက်များ ပေါက်ကွဲသွားတဲ့ဆိုဆုခဲကို မြင်သွားတဲ့ ဆရာခိုဇန်ဟာ ဆုခဲကို သူ့တပည့်ခံဖို့ရာ ကမ်းလှမ်းခဲ့ရာကနေဂျပန်ရိုးရာပန်းချီနဲ့ပတ်သက်ပြီး သေချာမသိတဲ့ ဆိုဆုခဲတစ်ယောက် ဆရာခိုဇန်ဆီမှာဂျပန်ရိုးရာပန်းချီကို လေ့လာဖြစ်သွားပါတော့တယ်။ဂျပန်ရိုးရာပန်းချီပညာကို ဆရာခိုဇန်က ဆိုဆုခဲကို ဘယ်လိုတွေ သင်ကြားပေးမှာလဲ...ပန်းချီထဲက လေ့လာရသမျှက ဆိုဆုခဲရဲ့စိတ်ဒဏ်ရာ ဘဝအတွေးအမြင်ကို ဘယ်လိုတွေပြောင်းလဲပေးနိုင်မှာလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ရှုစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ ...
movie

The Lines That Define Me (2022)

Shin Godzilla (2016) 6.8
Shin Godzilla (2016) ကိုးရီးယား ကားတွေ အင်္ဂလိပ်ကားတွေ ကြီးဘဲ တွေ့နေရတယ့် ကြားက ဒီဂျပန်ကားလေးကို ကြည့်ကြည့် လိုက်ပါ ရသတစ်မျိုး ပေးနိုင်မှာပါ။ဒီကားလေးရဲ့အကြောင်းကို စပြီးမိတ်ဆက်ပေးပါမယ်။ ဒီကားကို ၂၀၁၆ ခုနှစ်က စဖြန့်ချီခဲ့ပြီး ဒါရိုက်တာ Hideaki Anno နဲ့ Shinji Higuchi တို့နှစ်ယောက်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။နှစ်ယောက်လုံး က annime ဖန်တီးသူနဲ့အထူးပြုလုပ်ချက်တွေ ဖန်တီးကြတဲ့ ဒါရိုက်တာတွေပါ။IMDb ၆.၉ ၊ Rotten Tomatoes ၈၄% ၊Roger Ebert ၃.၅/ ၄ ရရှိထားတယ့်ကားဖြစ်ပါတယ်။ Toho productionကနေ ၂၀၁၄ မှာဒီကားကိုစပြီ မိတ်ဆက်ခဲ့ပြီး ၂၀၁၆မှာ ဖြန်ချီခဲ့ပြီး Budget ကန်ဒေါ်လာ ၁၅မီလီယံ နဲ့ရိုက်ကူးခဲ့ပြီး Box office မှာ ၇၇.၉ မီလီယံ ပြန်လည်ရရှိခဲ့ပါတယ်။ဒီဇတ်ကားရဲ့ အကြောင်းက ဂေါ်ဇီလာကြီး မြို့ထဲဝင်လာတယ်ပေါ့ (Overtine ကြော်ငြာမဟုတ်ပါ) ...
movie

Shin Godzilla (2016)

2016
One Million Yen Girl (2008) 7.1
One Million Yen Girl (2008) One Million Yen Girl (2008) ===================== IMDb Rating - 7.1/10ဒီယန်းတစ်သန်းမိန်းကလေးက ၂၀၀၈အနေနဲ့ဆို ဂျပန်ကား တွေမှာ အမျိုးသမီးတစ်ယောက်တည်းကို အဓိကဦးတည် ဇာတ်အိမ်ဖွဲ့ထားတာ ရှားပါးတဲ့သေးတဲ့အချိန်မှာ ဒါရိုက်တာ အသစ်က အမျိုးသမီးတစ်ယောက်တည်းကို အဓိကထား ဇာတ်အိမ်တည်ပြီးရိုက်ထားတာ။ ဒီကားကိုရိုက်တဲ့အမျိုးသမီး ဒါရိုက်တာ Yuki Tanadaက သူတို့လောကမှာ မင်းသမီးတွေ နေရာပိုရအောင် လုပ်ဖို့ကြိုးစားခဲ့တဲ့ ပထမဆုံးမှတ်တိုင်တစ်ခုလို့ ပြောရင်လည်းမမှားဘူး။ Yu Aoi ရဲ့ ပထဆုံး အဓိကဇာတ်ကောင် စစ်စစ် နေရာကို ရခဲ့တဲ့ကားလည်းဟုတ်တယ်။ဒီကားရဲ့ မင်းသမီး Yu Aoi က လက်ရှိ ဂျပန် Film Industry မှာတော့ ညှို့ဓာတ်အပြင်းဆုံး အလှဆုံးမင်းသမီးလို့ပြောလို့ရတယ်။ Aoiဟာ ဒါတင်မကဘဲ ချစ်ဖို့တော်တော်ကောင်းတဲ့ မင်းသမီးဆိုလည်း မမှားဘူး။ သူရိုက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်က ရုပ်ရှင်တွေက နာမည်ကြီးဒါရိုက်တာတွေနဲ့ မှတ်ကျောက်တင်နိုင်ခဲ့တဲ့ကားတွေ တော်တော်များတယ်။ ဂျပန်ရုပ်ရှင်လောကရဲ့ ရုပ်ရှင်ကဝေတစ်ပါး ဖြစ်တဲ့ Shunji Iwaiရဲ့ မာစတာပိစ်ကားဖြစ်ခဲ့တဲ့ All About Lily Chou-Chouမှာလည်း သရုပ်ဆောင်ဖူးသလို Iwaiရဲ့ အစောပိုင်း ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Hana ...
movie

One Million Yen Girl (2008)

2008
[+18]Strawberry Shortcakes (2006) 7.0
[+18]Strawberry Shortcakes (2006) [+18]Strawberry Shortcakes (2006)**********************************[ပွင့်လင်းမြင်သာတဲ့အိပ်ရာခန်းလေးတွေပါတာမို့မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ...}ဒီဇာတ်ကားလေးကတော့ တိုကျိုမှာနေထိုင်နေကြတဲ့ မိန်းကလေးတွေရဲ့ စိတ်မလုံခြုံမှုတွေအခက်အခဲတွေကိုရိုက်ပြထားတယ်။ တစ်ယောက်ချင်းစီရဲ့ ဇာတ်ကွက်တွေကိုရိုက်ပြထားတာကြောင့် ဇာတ်ကောင်တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မှုတွေသိပ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တစ်ယောက်က အခိယောဆန်ပါ၊ ပြည့်တန်ဆာအလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မိန်းကလေးတွေထဲမှာ အခိယောဆန်ဟာ အသက်အရွယ်အားဖြင့်အကြီးဆုံးဖြစ်ပြီးအရင့်ကျက်ဆုံးလို့လဲပြောလို့သလို့စိတ်ဓာတ်အကျဆုံးသူပါပဲ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အတွက် လာသမျှဖောက်သည်တိုင်းကိုလိုက်ပါတယ်။ ‌နောက်တစ်ယောက်ကတော့ တိုကို ၊ စာအုပ်မျက်နှာဖုံးတွေ ပန်းချီတွေကိုဆွဲပြီးအသက်မွေးတယ်။ သူတန်ဖိုးထားတဲ့အရာတွေကို အခြားသူတွေက မျက်နှာလွှဲခဲပစ်ခပ်ပေါ့ပေါ့ထားတာကိုသူအရမ်းမုန်းတယ်။ နောက်တစ်ယောက်က တိုကိုနဲ့အတူနေတဲ့ ချိဟိယိုက ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ်။ နောက်ဇာတ်ကောင်တစ်ယောက်က ဆတိုကိုက အသက်လည်းငယ်တယ် ချစ်သူရည်းစားထားချင်တယ်။ သူချစ်သလိုမျိုး သူ့ကိုချစ်မယ်သူမျိုးကိုလိုချင်တယ်၊ သူတို့တွေရဲ့ တိုကျိုမြို့ကြီးမှာ ကြုံတွေရခဲ့တဲ့အခက်အခဲတွေကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုပေးပါဦး...     File Size :(1.9 GB) and (590 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:07:00 Genre : Adult , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS 
movie

[+18]Strawberry Shortcakes (2006)

Flying Colors (2015) 7.3
Flying Colors (2015) ကဲ .. ဒီတစ်ပတ်တော့ ကျောင်းသူကျောင်းသားများ ဒါမှမဟုတ် စာမေးပွဲတစ်ခုခုဖြေစရာရှိသူများအတွက် ရုပ်ရှင်ကြည့်လိုက်ရုံနဲ့ ကြိုးစားချင်စိတ် motivation တွေ တဖွားဖွားပေါ်လာစေမယ့် ဂျပန်ရုပ်ရှင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးမယ်။ နာမည်ကတော့ Flying Colors (ဂုဏ်ထူး) ပါတဲ့ ။ ဂျပန်ပြည်တွင်းမှာတော့ Biri Gyaru (ဘိတ်ချီးကောင်မလေး) လို့အမည်ရတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၅ခုနှစ်မှာ ဒါရိုက်တာ Doi Nobuhiro ကနေ ကျူရှင်ဆရာတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ ဘဝဟာသဇာတ်ကားတစ်ကား ဖြစ်ပြီး၊ ဂျပန် Box office မှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ Gyaru ဆိုတာကတော့ ဂျပန်ဖက်ရှင် ၊ music ပိုင်းနဲ့ ရင်းနှီးသူတွေအတွက် ခဏခဏကြားဖူးနေပါလိမ့်မယ်။ Gal(Girl) ဆိုတာက ဂျပန်အသံထွက်နဲ့ slang ပုံစံသုံးကြရာက တွင်ကျယ်လာတဲ့ ဒီစကားလုံးဟာ သုံးနှုန်းပုံဖွင့်ဆိုချက်တွေ၊ အမျိုးအစားတွေအများကြီးရှိပေမယ့် ဒီမှာနားလည်ရလွယ်အောင်လို့ အလှအပအရမ်းဦးစားပေးပြီး၊ ...
movie

Flying Colors (2015)

Last of the Wolves (2021) 6.1
Last of the Wolves (2021) ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie

Last of the Wolves (2021)

The Blood of Wolves ( 2018 ) 7.1
The Blood of Wolves ( 2018 ) ဒီကားလေးကတော့....ဂျပန်နိုင်ငံရဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက စစ်ပွဲကိုတားစီးဖို့ကြိုးစား အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါဒီကားဟာဆိုရင် ဂျပန်နိုင်ငံရဲ့ အကယ်ဒမီဆု ငါးခုလောက်ကို သိမ်းပိုက်ထားတာပါနော်ဒီကားလေးမှာအကောင်းဆုံး ဇာတ်ကားဆုအပြင် မင်းသားနှစ်လတ်လုံးကလည်း ဆုရသွားကြတာပါယာခူဇာဂိုဏ်းတွေ ကြောက်ရတဲ့ စုံထောက် ဝံပုလွေလို့ လူသိများတဲ့ အိုဂမိဟာဆိုရင်အမှုတစ်ခုမှာ သက်သေရဖို့ဆိုရင် ဥပဒေကို မလိုက်နာဘဲ ရအောင်ယူတတ်တဲ့ စုံထောက်တစ်ယောက်ပါဟီအိုခ ဆိုတဲ့စုံထောက်ကတော့ အမြဲဥပဒေကို လိုက်နာပြီး ရာဇဝတ်သားတွေကို ဖမ်းချင်တဲ့ လူပါအဲလိုမတူညီတဲ့လူနှစ်ယောက်က ပါတနာစုံထောက်အဖြစ် အတူတူအလုပ်လုပ်ရပြီး ခုရဲဟရမြို့မှာ ဖြစ်လာမယ့် ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားကစစ်ပွဲကို တားဆီးကတြဲ့အခါ....ဘယ်လိုတွေ ဆက်ဖြစ်မယ်ဆိုတာကိုအက်ရှင်အကြမ်းစားဇာတ်ကွက်တွေနဲ့ ဆက်လက်ကြည့်ရှုရမှာပါTranslated & Review By Yamin EiEncoded By LK
movie

The Blood of Wolves ( 2018 )

Fukushima 50 (2020) 7.0
Fukushima 50 (2020) Fukushima 50 (2020)အညွှန်း*************************ဂျပန်​နိုင်​ငံတစ်​နိုင်​ငံလုံး အားထားရတဲ့ အဏုမြူစွမ်းအင်​ကို ထုတ်​လုပ်​​ပေး​နေတဲ့ ဖူကူရှိမား ဒိုင်အိချိ လို့ခေါ်တဲ့ အဏုမြူစက်ရုံကြီးရှိတယ်.....သိတဲ့ အတိုင်း ၂၀၁၁အင်​အားကြီးတဲ့ ငလျင်​ဒဏ်​နဲ့ ဆူနာမီလှိုင်းဒဏ်​​တွေ​ကြောင့်စက်​ရုံတစ်​ခုလုံး လျှပ်​စစ်​ဓာတ်​အားပြတ်​​တောက်​ကာ ဓာတ်​​ပေါင်းဖို​တွေ အပူလွန်​ကဲပြီး ​ပေါက်​ကွဲ​တော့မယ့် အ​ခြေအ​နေနဲ့ကြုံခဲ့ရပါတယ်​။ဒီအ​ခြေအ​နေကို ​ရှေ့တန်းက ရင်​ဆ်ို​င်​​ဖြေရှင်းရသူ​တွေက​တော့ဒိုင်​အီချိ စက်​ရုံက အလုပ်​သမား​ ပညာရှင်တွေပါပဲ။ သူတို့တွေဘယ်လိုကြိုးစားမလဲ.... လူတွေဘယ်လောက်များ သေဘေးကြုံရမလဲ.... ဒီကားက ဖြစ်ရပ်မှန်ဇာတ်လမ်းပါ.... 1986 Chernobyl  ဖြစ်ရပ်ထက်တောင်အများကြီးဆိုးတယ်လို့ သိရပါတယ်.... အသေအကြေတွေများသလို တကယ့်ကိုကြောက်စရာကောင်းတဲ့ ကပ်ဆိုးကြီးပါ... ဇာတ်လမ်းအစမှအဆုံးထိကို ရင်တထိတ်ထိတ်ကြည့်ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းမို့ခံစားကြည့်ကြပါဉီး...File Size :(930 MB) and (380 MB)Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Phyo Pyae
movie

Fukushima 50 (2020)