Channel Myanmar

Ken Jeong

KPop Demon Hunters (2025) 7.8

KPop Demon Hunters (2025)

A Great Divide (2024) 5.7
A Great Divide (2024)  A Great Divide ရုပ်ရှင်ဟာဆိုရင် ဟာသသရုပ်ဆောင် Ken Jeong, The Last Airbender မင်းသမီး Miya Cech တို့လိုနာမည်ကြီးသရုပ်ဆောင်များပါဝင်ပြီး Emmy Award winner director Jean Shim ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ဆုပေးပွဲများမှာလည်း Best Feature Narrative,Best Picture, Best Performances, and Audience Awards အစရှိတဲ့ ဆုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်း +++++++++++ဘန်ဂျမင်လီတို့ မိသားစုရဲ့ ဝါယိုမင်းမြို့ကိုပြောင်းရွှေ့လာပုံနဲ့ အစပြုထားပါတယ်။ အဲ့နောက်မှာဘန်တို့က အာရှသားတွေအနေနဲ့ အမေရိကမှာ လူမျိုးရေးခွဲခြားမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ ဘန်ရဲ့သူငယ်ချင်း အယ်လီကလည်း ဘန်တို့ဆီ အလည်အပတ်ရောက်ရှိလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သစ်တောထိန်းအရာရှိရဲ့အကြပ်ကိုင်မှုကိုခံရပြီး ဘန်ဂျမင်တို့ မိသားစု အခက်တွေ့ပါတော့တယ်။ ဒီအခက်အခဲကနေမှ မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေနဲ့ သူတို့ဒါတွေကို ဘယ်လိုရင်ဆိုင်ခဲ့ကြတယ်ဆိုတာကို ကိုယ်တိုင်ကြုံတွေ့ရသလို ခံစားရအောင် ရိုက်ကူးပြသပေးထားတာဖြစ်ပါတယ်။ မိသားစုဝင်တွေအချင်းချင်းရော တစ်ယောက်ရဲ့အတွေးကိုတစ်ယောက်နားလည်ပေးသွားနိုင်မလား.... သစ်တောထိန်းရဲ့အကြပ်ကိုင်မှုကိုရော ဘယ်လိုဖြေရှင်းသွားမလဲ... ဘန်ဂျမင်တစ်ယောက်ရော ဘဝရဲ့အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စောင့်မျှော်ကြည့်ရှူကြရမှာပဲ ဖြစ်ပါတယ်။File size… ...
movie

A Great Divide (2024)

Penguins of Madagascar (2014) 6.6
Penguins of Madagascar (2014) Penguins Of Madagascar (2014) IMDb - 6.7/10_____Rotten - 73%ဒီဇာတ်ကားက Madagascar ထဲက ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ပင်ဂွင်း၄‌ကောင်ရဲ့ spin-offဇာတ်ကားဖြစ်ပါတယ် Madagascar ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဟာသတွေအများကြီးပါဝင်ဦးမှာ ဖြစ်သလို သူများနဲ့မတူဘဲ weirdဖြစ်တဲ့ ဇာတ်လမ်းပုံစံကိုလည်း မြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက် Central zooကို ရောက်လာတဲ့ စကစ်ပါ ကိုဝါစကီး ရီကိုနဲ့ ပရိုင်းဗိတ်ပင်ဂွင်း၄ကောင်ကြောင့် လူတိုင်းချစ်တဲ့ ရေဘဝဲအဖြစ်ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ်ဆိုတဲ့ ရေဘဝဲတစ်ကောင်က မျိုးဗီဇပညာကို လေ့လာပြီး ဒေါက်တာအော့တေးဗီးယပ်စ် ဘရိုင်းဆိုတဲ့ နာမည်တုနဲ့ ဗီဇပြောင်းတိရစ္ဆာန်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။သူ့အကြံကတော့ လူတိုင်းချစ်ကြတဲ့ ပင်ဂွင်းလေးတွေကို မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဖြစ်အောင်လုပ်ပြီး လူတွေမုန်းတီးသွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ဒီအကြံကို အကောင်အထည်ဖော်ဖို့ စကစ်ပါတို့ ပင်ဂွင်း၄ကောင်အပြင် တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်ရုံအသီးသီးကပင်ဂွင်းတွေကို လိုက်ဖမ်းဖို့ ကြိုးစားပါတော့တယ်။သူ့ရဲ့အကြံကို စကစ်ပါတို့ တားဆီးနိုင်မှာလား၊ ဒေ့ဗ်ရဲ့အကြံအတိုင်း မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီး ...
movie

Penguins of Madagascar (2014)

4K HEVC
Vampires Suck (2010)
Vampires Suck (2010) Vampires Suck (2010) ဟာ ဗန်ပိုင်းယားတွေ သမန်းဝံပုလွေတွေနဲ့ အရမ်းမိုက်တဲ့ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ Becca Crane ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ ဗန်ပိုင်းယားတပိုင်း လူတပိုင်းဖြစ်တဲ့ Edward Sullen နဲ့ သမန်းဝံပုလွေတပိုင်း လူတပိုင်းဖြစ်တဲ့ Jacob White တို့ကြား သံယောဇဉ်တွေငြိတွယ်ပြီး နှစ်ယောက်လုံးကိုချစ်တယ် နှစ်ယောက်လုံးကချစ်တယ်ဆိုတဲ့ Twilight အကွက်ခင်းပြီးတော့ ဝေခွဲမရဘဲ ပြသနာတွေရင်ဆိုင်ရပုံတွေကို ပေါ့ပေါ့ပါးပါး အခွီဗားရှင်းရိုက်ကူးထားတာပါ။သေချာတာပေါ့ဗျာ... ဒီဇာတ်ကားက Twilight ဇာတ်ကားတွေကို သရော်ထားတဲ့ Parody ဇာတ်ကားပါ။ သင်ဟာ Twilight fan တစ်ယောက်ဖြစ်တယ်ဆိုရင် ဒီကားလေးကို လုံးဝလက်လွတ်မခံသင့်ဘဲ ကြည့်ရင်း ထိုင်ခွီနေရမှာဖြစ်သလို ကိုယ့်ရဲ့အားလပ်ချိန်ကို ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးကြည့်ပြီး ရယ်မောချင်တယ်ဆိုရင်တော့ ဒီကားလေးက အဲ့လိုအသေအချာပါပဲ။Unrated Version နဲ့မလို့ ဆင်ဆာတွေမဖြတ်ထားဘဲ ပိုခွီနေရတဲ့ ဗားရှင်းဖြစ်ပါတယ်။(ရုပ်ရှင်အညွှန်းကို နဲ့ဘာသာပြန်ကို Kooluumoo မှ တင်ဆက်ထားပါတယ်။) File size…(3.1 GB )/(1.2 GB) Quality…BluRay 1080p HEVC / ...
movie

Vampires Suck (2010)

The 4:30 Movie (2024) 6.0
The 4:30 Movie (2024)  ငယ်ရွယ်တဲ့အချစ်ရဲ့ ရင်ကိုခုန်စေတဲ့ခံစားချက်၊ လူငယ်ဘဝရဲ့အပူအပင်ကင်းလွတ်လပ်ပေါ့ပါးမှု၊ ချစ်ရတဲ့သူလေးနဲ့ ချိန်းတွေ့ရတဲ့အခိုက်အတန့်၊ နွေရာသီတစ်ခုရဲ့ အချစ်ဇာတ်လမ်းလေး။ ဇာတ်လမ်းအညွှန်း***************ရုပ်ရှင်ဝါသနာအိုး ဘရိုင်ရန်ဒေးဗစ် နဲ့ သူ့သူငယ်ချင်းနှစ်ယောက်တို့ကအမေရိကန်က အထက်တန်းကျောင်းသားလေးတွေပါ။ဘရိုင်ရန်ဒေးဗစ်ကတော့ ရုပ်ရှင်တွေကို အရမ်းဝါသနာပါသူဖြစ်ပြီးသူ့မှာ ကြိတ်သဘောကျရတဲ့ မယ်လိုဒီဘားနီးဂတ် ဆိုတဲ့ ခပ်ချောချောကောင်မလေးတစ်ယောက်ရှိတယ်။ ဇာတ်လမ်းဇာတ်အိမ်ကိုတော့နွေရာသီအားလပ်ရက် မြို့ငယ်လေးတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီးပေါ့ပေါ့ပါးပါးလေးပဲ ရိုက်ကူးတင်ဆက်ထားပါတယ်။ဘရိုင်ရန်ဒေးဗစ်က သူကြိတ်သဘောကျရတဲ့ ‌မယ်လိုဒီဘားနီးဂတ် ကိုရုပ်ရှင်အတူတူကြည့်ရင်း ချိန်းတွေ့ဖို့ ဖိတ်ခေါ်တာကနေ ဇာတ်လမ်းလေးကိုအစပျိုးထားပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ လူငယ်ဘဝရဲ့ ပေါ့ပါးတဲ့ခံစားချက်၊သူငယ်ချင်းဆက်ဆံရေးရဲ့ ပျော်ရွှင်စရာအနှစ်သာရတွေ၊ တိတ်တခိုးသဘောကျရသူလေးကြောင့် ခံစားရတဲ့ရင်ခုန်စိတ်လှုပ်ရှားမှုတွေကိုခံစားသက်ဝင်ရင်း အပူအပင်ကင်းပြီး လွတ်လပ်တဲ့ လူငယ်ဘဝကိုတစ်ဖန်ပြန်လည်ခံစားကြရမှာပါ။ File size…2.44GB / 937MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

The 4:30 Movie (2024)

Despicable Me (2010) 7.6
Despicable Me (2010) Despicable Me (2010) Genre – Animation, Adventure, Comedy IMDB – 7.6/10ဘနားနားလို့ခေါ်တဲ့ ပြည်သူ့အချစ်တော် Minion လေးတွေကို စတင်မိတ်ဆက်ပေးခဲ့တဲ့ Animation လေး ဖြစ်ပါတယ်။ Gru နေရာ အသံသရုပ်ဆောင်ကတော့ ဟာသမင်းသားကြီး Steve Carell ဖြစ်ပြီး တခြားနာမည်ကျော်တွေပဲ သရုပ်ဆောင်ပေးထားကြပါတယ်။ ဇာတ်လမ်းလေးကတော့ Gru ဆိုတဲ့ အင်မတန်မှ စိတ်ပုပ်ပြီး ဉာဏ်ကောင်းတဲ့ ပါရမီရှင် သူခိုးကြီးတစ်ယောက်ဟာ သူ့ တပည့်ကျော် Minion တွေနဲ့အတူ ကမ္ဘာတစ်လွှား ဒုစရိုက်မှုတွေ ကျူးလွန်နေခဲ့ပါတယ်။ နောက်ဆုံးပြောရမယ်ဆို သူများထက် နဖူးဂျိုပေါက်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကိုပါ ခိုးချင်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း မဟာရန်ဖက်လို့ ပြောလို့ရတဲ့ Vector ဆိုတဲ့ကောင်ကလည်း သူလုပ်သမျှကို လိုက်လိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်နေတော့ Gru တစ်ယောက် ခွေးဖြစ်နေတာပေါ့။ ဒါနဲ့ မိဘမဲ့ကလေးမလေး ၃ ...
movie

Despicable Me (2010)

4K HEVC
Despicable Me 2 (2013) 7.3
Despicable Me 2 (2013) Despicable Me 2 (2013) Genre – Animation, Adventure, Comedy IMDB – 7.3/10ပထမကားထွက်ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တော့ Sequel ထွက်ခဲ့ရာမှာလည်း ဇာတ်လမ်းဇာတ်ရှိန်ကောင်းပြီး Minion တွေရဲ့ ပေါက်ကရလေးတွေကြောင့် ထပ်မံအောင်ပွဲခံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ Gru ကြီးတစ်ယောက် ဒူးမနာသမီးလေး ၃ ယောက်နဲ့အတူတူ မိသားစုလေးအဖြစ် အေးအေးချမ်းချမ်း နေနေပါပြီ။ ဒါပေမဲ့တစ်ရက်မှာတော့ သူ့ကို ဗီလိန်-တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ပြန်ပေးဆွဲသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်ရှိတဲ့ ဗီလိန်တစ်ယောက် သောင်းကျန်းနေပြီး ဒီလို ဗီလိန်ကို ချေမှုန်းဖို့ ဗီလိန်တစ်ယောက်ရဲ့ အမြင်တွေ အာရုံတွေ လိုအပ်တယ်ဆိုပြီး Gru ကို အကူအညီတောင်းတဲ့အခါမှာတော့ အဖွဲ့အစည်းအေးဂျင့်ဖြစ်သူ Lucy နဲ့အတူတူ စွန့်စားခန်းတွေ ထွက်ရပါတော့တယ်။ ဒီကားထဲမှာတော့ ဇာတ်ကောင်သစ် Lucy ပါဝင်လာပြီး သူ့နေရာကိုတော့ မင်းသမီး Kristen Wiig က ...
movie

Despicable Me 2 (2013)

4K HEVC
My Spy the Eternal City (2024)
My Spy the Eternal City (2024)  IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie

My Spy the Eternal City (2024)

The Hangover Part III (2013) Part 3 5.8
The Hangover Part III (2013) Part 3 The Hangover Part III (2013) IMDb Rating (5.8) / Rotten Tomatoes (20%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို ...
movie

The Hangover Part III (2013) Part 3

2013
The Hangover Part II (2011) Part 2 6.4
The Hangover Part II (2011) Part 2 The Hangover Part II (2011) IMDb Rating (6.5) / Rotten Tomatoes (34%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို ...
movie

The Hangover Part II (2011) Part 2

The Hangover (2009) 7.7
The Hangover (2009) The Hangover (2009)IMDb Rating (7.7) / Rotten Tomatoes (79%)❝ လူလတ်ပိုင်းတွေ ဗရုတ်ကျရင် လူငယ်တွေထက်ပိုကြမ်းတယ် ❞ • 2009 ခုနှစ်တုန်းကထွက်ခဲ့တဲ့ The Hangover ရုပ်ရှင်ကို ကျွန်တော်တို့လို ယောကျ်ားလေးတော်တော်များများကတော့ ကြည့်ဖူးလောက်ပါတယ်..အပေါ်ရံခြုံကြည့်ရင်တော့ ဒီရုပ်ရှင်က သာမန် Bachelor Party မှာသောင်းကျန်းကြတဲ့ သူငယ်ချင်းတွေအကြောင်းရိုက်ပြထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ ဒီထက်ပိုပါတယ်.. • ဇာတ်လမ်းက Phil, Stu နဲ့ Doug ဆိုတဲ့ သူငယ်ချင်းသုံးယောက်မှာ Doug က မင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် Bachelor Party အဖြစ် Vegas ကိုသွားဖို့စီစဉ်ကြပါတယ်..ဒီမှာမှ သတို့သမီးရဲ့ အစ်ကိုဖြစ်သူ Alan ကိုပါခေါ်သွားဖို့ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်.. • The Hangover ရဲ့ ဇာတ်လမ်းကျောရိုးဟာ Alan မွှေတာတွေကြီးပါပဲ..အကုန်လုံးဟာ Party ကို သာမန်သောက်စားပြီးပဲဖြတ်သန်းဖို့ စီစဉ်ထားကြပေမယ့် ...
movie

The Hangover (2009)

2009
Big Mommas: Like Father, Like Son (2011) 4.4
Big Mommas: Like Father, Like Son (2011) Big Mommas: Like Father, Like Son (2011) ===============================Big Momma's House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma's House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့‌နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်...အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.84 GB) / (1.0 GB) Quality............BLU-RAY 1080p / 720p Duration.........1Hr 47Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Ngwe ...
movie

Big Mommas: Like Father, Like Son (2011)

2011
Step Brothers (2008) 6.9
Step Brothers (2008) အသက်၄၀ အရွယ် အလုပ်ကိုင်မဲ့ ဖခင်ဖြစ်သူနဲ့ ‌နေနေတုန်းဖြစ်တဲ့ ဒေးနဲ့အသက်၃၉ အရွယ် အလုပ်မရှိ မိခင်နဲ့ နေနေတုန်းဖြစ်တဲ့ ဘရန်နန်, တစ်နေ့မှာတော့ ကံကြမ္မာလို့ပဲပြောရမလားသူတို့ရဲ့ မိဘနှစ်ယောက် ပွဲတစ်ပွဲမှာ ဆုံစည်းချစ်ကျွမ်းဝင် လက်ထက်ဖို့အထိပါဖြစ်လာတဲ့အခါဒေးနဲ့ ဘရန်နန်တို့နှစ်ယောက် တစ်အိမ်တည်းအတူတူနေဖို့ဖြစ်လာ‌ပါတော့တယ်ဒါပေမယ့် ဖအေမတူ အမေကွဲညီအကိုနှစ်ယောက်ဖြစ်တဲ့အလျောက်မတည့်တာတော့မထူးဆန်းပေမယ့်သူတို့ ဒီလိုအခက်အခဲတွေကနေ ဘယ်လိုမျိုး‌ကျော်ဖြတ်ကြမလဲဘယ်လိုခင်မင်သွားကြမလဲဆိုတာကိုဟာသ ဆန်ဆန်လေးရိုက်ထားတာဖြစ်လို့ ပရိတ်သတ်တို့မပျင်း‌ရအောင် ရယ်နေရမှာပဲဖြစ်ပါတယ်မြည်းစမ်းကြည့်ကြပါဗျာလို့ပဲစကားပါးလိုက်ပါတယ်ဗျာ File size…  1.6 GB /  770 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre .....   Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Step Brothers (2008)

2008
Couples Retreat (2009) 5.5
Couples Retreat (2009) Vince Vaughn အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ပြီး Jason Bateman, Jon Favreau စတဲ့ စတားတွေ ခြံရံထားတဲ့ Couples' retreat ဆိုတဲ့ အိမ်ထောင်ရေးအချစ်ဟာသဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. အချစ်ရေးဆိုတာကလည်း ဘာပြဿနာမှမရှိနေတာကလည်း ပြဿနာတစ်ခုလို့ ဆိုရမလိုဖြစ်နေပါပြီ။ အိမ်ထောင် တစ်ခု ဖြစ်တည်လာပြီဆိုရင် စုံတွဲတွေအဖို့ အခက်အခဲတွေ ပြဿနာတွေကြားထဲကပဲ အချစ်ကိုတည်ဆောက် ပဲ့ပြင်ကြရစမြဲပါပဲ။ Couples' retreat ဆိုတာကတော့ စုံတွဲတွေအတွက် အေးစက်နေတဲ့အချစ်ရေးကိုပြန်စတင်ဖို့ အချိန်ကာလတစ်ခု ကိုဆိုလိုတာပါ စုံတွဲတွေအတွက် ခံစားချက်တွေ အေးစက်လာတဲ့အချိန်. ပုံမှန်နေ့စဉ်ဘဝကြီးထဲမှာ စိတ်လှုပ်ရှားစရာတွေကုန်ခမ်း လာတဲ့အချိန်မှာ ခြေတစ်လှမ်းဆုတ်ပြီး ဘဝကိုအနားခဏပေးကာ စိတ်ရောကိုယ်ပါအနားယူပြီး ခံစားချက် တွေကို တည့်မတ်ခွင့်ရတဲ့အတွက်လည်း Couples' retreat လို့ တင်စားပြောနိုင်ပါတယ် ဒီစိတ်ကူးကို ပထမဆုံးအကြံရပြီး အကောင်အထည်ဖော်ဖို့ တကယ်ကြီးတင်ဆက်လာတာကတော့ ဂျေဆင်နဲ့ စင်သီရာ တို့ အတွဲပါပဲ. သူတို့ရဲ့ ကျွန်းပေါ်ကအပန်းဖြေစခန်းမှာ အနားယူကြမယ့် အိုင်ဒီယာကို ပရိုဂျက်တာနဲ့ ပြပြီး ပါဝါပွိုင့်စလိုက်ရှိုးတွေနဲ့ပါ တင်ဆက်လာခဲ့ပါတော့တယ် ပထမအစမှာတော့ ကျန်တဲ့စုံတွဲ ၃ တွဲက သဘောမတူခဲ့ကြပါဘူး. ဒါပေမယ့် ဂျေဆင်ရဲ့ အထူးကြိုးပမ်းမှုအရ ဒေ့ဗ် နဲ့ ...
movie

Couples Retreat (2009)

Zookeeper (2011) 5.2
Zookeeper (2011)  ဒီတစ်ခေါက်မှာတော့ Comedy Movie တွေမှာ မြင်နေကျ တလွဲking ကြီးလို့ ပြောလို့ရတဲ့ မင်းသားကြီး Kevin James ရဲ့ ကားတင်ပေးမှာပါ၊ ဒီကားထဲမှာဆို သူက ဂရစ်ဖင်း၊ တိရိစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့သူ၊ ဝါသနာနဲ့ အလုပ် တထပ်တည်းကျတော့ အလုပ်အဆင်ပြေပေမဲ့ အချစ်ရေးကံခေနေရှာတာပေါ့ ၊ ဂရစ်ဖင်း ခမျာ အဲ့ကိစ္စနဲ့ပဲ စိတ်ညစ်တော့ အလုပ်ကထွက်ပြီး စော်ကြည်မယ်ထင်တဲ့အလုပ်ပြောင်းဖို့လုပ်တော့တာပါပဲ။ တစ်ခုရှိတာက ရုံကအကောင်လေးတွေက ဂရစ်ဖင်းစိတ်ထားကောင်းတာကိုသိတော့ မထွက်စေချင်ကြပါဘူး၊ အဲတာနဲ့ပဲ မထွက်ရအောင် ဂရစ်ဖင်းကို ဒီအလုပ်ကနေမထွက်ပဲစော်ကြည်စေနိုင်ဖို့ကူညီကြပါတယ် ၊ ကူညီကြပုံလေးတွေကချစ်စရာကောင်းအောင် စပရိုက်ဖြစ်တာမို့ ကြည့်ရင်းရယ်ရင်း နဲ့အမောပြေစေမှာအမှန်ပါFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Comedy, Romance, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Zookeeper (2011)

The Muppets (2011)
The Muppets (2011)  မားပက်ထ်ဆိုတာက ငယ်ငယ်က‌ကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေး‌တစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ...
movie

The Muppets (2011)

Role Models (2008) 6.8
Role Models (2008) Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ...
movie

Role Models (2008)

Transformers: Dark of the Moon (2011) 6.3
Transformers: Dark of the Moon (2011) ဇာတ်လမ်းအကျဉ်းကတော့........ စိုင်ဘာထရွန် စစ်ပွဲများကြားကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ စိုင်ဘာထရွန်ဂြိုလ်က အာကာသယာဉ်ကြီးက လရဲ့အမှောင်ဘက်ခြမ်းကို ပျက်ကျသွားခဲ့တယ်။၁၉၆၉ ခုနှစ်မှာ အမေရိကန် အာကာသယာဉ် ‘အပိုလို ၁၁’က လကမ္ဘာပေါ်ကို ဆင်းသက်ပြီး The Ark ရဲ့နမူနာတွေကို ကောက်ယူခဲ့တယ်။အော့(ပ်)တီးမတ် (စ်)ပရိုင်းက တိုင်လုံးတွေကို ရှာဖွေပြီး စင်တီနယ်ပရိုင်းကို အသက်ပြန်သွင်းဖို့ လပေါ်ကို သယ်ဆောင်သွားခဲ့တယ်။ အခုလို သယ်ဆောင်ခြင်းက ကမ္ဘာမြေကို ကျူးကျော်တိုက်ခိုက်မယ့် ဂြိုလ်သားစစ်တပ်အတွက် ဆောင်ရွက်နေတယ် ဆိုတာကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ရှားလော့(တ်)မီးရင်းသိရှိသွားတယ်။ဒီဆက်(ပ်)တီကွန်က The Ark ယာဉ်ကိုပိုင်ဆိုင်ခွင့်ရဖို့ ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့တယ်။ အော်တိုဘော့တွေက ကမ္ဘာမြေကနေ ပြည်နှင်ဒဏ် ပေးခံရတယ်။ အဲဒီအဖြစ်အပျက်တွေကို အခြေတည်ပြီး အက်ရှင်ဇာတ်ကား အဖြစ်ပုံဖော်ထားခြင်းဖြစ်ပါတယ်........။~ Review Credit(Transformers ဇာတ်ကားအားလုံးကို  https://channelmyanmar.to/?s=transformers  မှာရှာပြီး Download လုပ်လို့ရပါတယ်။ )4K Version ကတော့ HDR ဖြစ်တာကြောင့် ခေတ်ပေါ် Smart Device များမှာသာ ကာလာစုံမြင်ရမှာဖြစ်ပါတယ်။ File size…(6.8 GB)/(4.3 ...
movie

Transformers: Dark of the Moon (2011)

2011
4K HEVCHDR
Fool’s Paradise(2023) 6.0
Fool’s Paradise(2023) Fool's Paradise(2023)*********************ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်လောကအကြောင်း‌ သရော်ထားတဲ့ Comedyကားလေးပါ။ အနုပညာလောကရဲ့ ကျော်ကြားမှုတွေ၊ ဂုဏ်‌တွေ၊ ငွေတွေနောက်လိုက်ကြတဲ့သူတွေရဲ့ ဇာတ်ကြောင်းဘဝတွေပါ။ အနုပညာရှင်တွေဆိုတာ နေ့ချင်းညချင်းနာမည်ထကြီး၊ နေ့ချင်းညကြီးပဲ ခွက်ပျောက်ဖြစ်သွားတဲ့သဘောရှိပါတယ်။ ဒီလောကထဲမှာပဲ နာမည်ကြီးစဥ်က ကပ်ဖားယပ်ဖားလုပ်ပြီး အရှိန်အဝါမှေးမှိန်သွားမှ ပစ်ချတတ်တဲ့အေဂျင်စီတွေရဲ့ သဘောကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းကြောင်းအနေနဲ့ စကားလည်းမပြောတတ်၊ ဉာဏ်ရည်ကလည်း ငါးနှစ်ကလေးသာသာကျပ်မပြည့်တဲ့သူတစ်ယောက် အနုပညာလောကကြီးမှာနာမည်ကြီးဖြစ်လာပုံကိုရိုက်ကူးပြထားတာပါ။ တစ်ကားလုံးမှာမှ စကားက လေးလုံးပဲပြောသွားပါတယ်။သူ့ကို အမှီပြုပြီး ဖြတ်ခုတ်တွေ၊ ကပ်ဖားတွေ၊ အချောင်စားချင်တဲ့သူတွေအကြောင်းမြင်တွေ့ရမှာပါ။ Mr. Beanလို စကားမပြောဘဲ ဝါးလုံးကွဲရယ်ရအောင်လုပ်ပြတဲ့ကားမျိုးတော့မဟုတ်ပါဘူး။ သရော်ကားဖြစ်တာနဲ့အညီ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ တစ်ပတ်ရိုက်အကွက်တွေ မြင်တွေ့ရမယ့်ကားမျိုးပါ။File Size : (2.2GB)and (703MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Fool’s Paradise(2023)