Channel Myanmar

Keith Lucas

22 Jump Street (2014) 7.0
22 Jump Street (2014) 22 Jump Street (2014)IMDb Rating (7.0) / Rotten Tomatoes (84%)ဒီကားကတော့ ၂၀၁၂ တုန်းက အောင်မြင်ခဲ့တဲ့ 21 jump street ရဲ့ အဆက်ဖြစ်ပြီး ပထမကားလိုပဲ ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ပါ။ပထမ ကားမှာ အထက်တန်းကျောင်းရဲ့ မူးယစ်ဆေးဖန်တီးနေသူတွေကို ရှာဖွေ ဖမ်းဆီးနိုင်လိုက်ပြီးနောက်မှာတော့ ဒီတစ်ခေါက် ရှမစ် နဲ့ ဂျန်ကို တို့ ကောလိပ် က မူးယစ်ဆေးဖြန့်နေတဲ့ အဖွဲ့ကို ဖော်ထုတ်ဖို့ တာဝန်ကျလာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ ကောလိပ်ကျောင်းသားအဖြစ်ဟန်ဆောင်ရင်း ရှမစ်ကလည်း ကောင်မလေးအသစ် ရလာသလို ဂျန်ကိုကလည်း သူငယ်ချင်းအသစ်တွေ ရလာတဲ့ အတွက် သူတို့အချင်းချင်း သဘောထားမတိုက်ဆိုင်မှု တွေ ပိုများလာပါတယ်။ အဲ့လို အခြေအနေကနေ ကောလိပ်က မူးယစ်ဆေး တွေဟာ တစ်နိုင်ငံလုံး ဆီ ပျံ့သွားမယ့် အရေး နဲ့ ကြုံလာတဲ့အခါ သူတို့နှစ်ယောက် အတူတူ ပြန်လက်တွဲပြီး ...
movie

22 Jump Street (2014)

2014
4K HEVC
Babes (2024) 6.7
Babes (2024)  သားသမီးဆိုတာ ရတနာပေမယ့် သားသမီးယူရတာကမိဘတွေအတွက်တော့ အရမ်းပင်ပန်းတဲ့အလုပ်တစ်ခုပါပဲ။အမေရိကန်ဟာသရုပ်ရှပ် Babes မှာတော့ ကလေးယူဖို့ဆုံးဖြတ်တဲ့အချိန်၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်၊ လောကထဲရောက်လာတော့မယ့် ကလေးတစ်ယောက်အတွက် ပြင်ဆင်ရတဲ့အချိန်၊ ကလေးမွေးတဲ့အချိန်၊ ကလေးမွေးလာပြီးတဲ့အချိန်တွေမှာမိဘတွေရုန်းကန်ရတာတွေကို ဟာသနှောပြီးတင်ဆက်ပြသထားပါတယ်။လိင်ပညာပေးတင်မကဘဲ ကလေးမွေးပြီးတဲ့နောက် မိခင်မှာခံစားရတဲ့စိတ်အလိုမကျမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဘယ်သူမှနားလည်မပေးနိုင်ဘဲ ငရဲရောက်နေသလိုခံစားရတဲ့ အခက်အခဲတွေကိုပါ မြင်တွေ့ရမှာပါ။ ကိုယ်တိုင်ကလေးမမွေးရပေမယ့်စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကလေးအမေကို နားလည်မှုအပြည့်ပေးထားရတဲ့အပြင် ကလေးတွေကိုလည်း ကြိုးစားကြည့်ရှု့စောက်ရှောက်ပေးရတဲ့ ဖခင်တွေရဲ့အခက်အခဲတွေကိုပါပေါ့ပေါ့ပါးပါးလေးထည့်သွင်းရိုက်ကူးပြသွားတာမြင်တွေ့ရပါတယ်။အခက်အခဲတွေကြားကပဲ မိသားစုရဲ့နွေးထွေးမှု၊ ပျော်ရွှင်မှုဆိုတာတွေကို အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဒွန်းနဲ့အီဒင်က ဟာသနှောသရုပ်ဖော်ပေးထားပါတယ်။ကလေးယူဖို့ဆုံးဖြတ်ထားတဲ့စုံတွဲတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုလို့ အကြံပေးချင်ပါတယ်။  File size…1.70GB / 735MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Babes (2024)

Attack of the Hollywood Clichés! (2022) 6.1
Attack of the Hollywood Clichés! (2022) Attack of the Hollywood Clichés! (2022) ============================= IMDb Rating - 6.1/10လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက "ဒီကောင်မလေးက အနောက်က လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း ချွတ်ပြေးပါလား" တို့၊ "မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း" တို့ "အရေးဟဲ့ အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ" တို့ဆိုပြီး မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။ပြီးတော့ အချစ်ကား‌‌တွေမှာ‌ဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို တစ်ယောက်‌ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ် ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ် မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ ပြောတတ်ကြပါတယ်။ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင် အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့ နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီး‌တော့ ဆွေးနွေး ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ "Attack of the Hollywood Clichés!" လေးကြည့်ရင်း အတူလိုက်ပါ‌အာလူးဖုတ်လိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.3 GB) ...
movie

Attack of the Hollywood Clichés! (2022)

2022