Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Keita Machida
6.3
Don’t Call it Mystery (2023) Misuteri to Iu Nakare
Don't Call it Mystery (2023)IMDb Rating (6.3) ဒီဇာတ်ကားက နာမည်တူ Manga Series ထွက်ရှိထားပြီး TV Series လဲ ရှိပါတယ်။ အခုကတော့ Movie ပါ။ကောလိပ်ကျောင်းသား တိုတိုနိုကုက လေ့လာမှုအား အရမ်းကောင်းပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။တစ်ရက်မှာ သူ့ဆီ ရှီယိုဂျီ ဆိုတဲ့ ကောင်မလေး ရောက်လာပြီး အသက်တွေ ပိုက်ဆံတွေက အန္တရာယ် ရှိနေလို့ ကူညီပေးဖို့ တောင်းဆိုလာပါတယ်။လုပ်ပေးရမှာက အမွေအတွက် ထားခဲ့တဲ့ ပဟေဠိကို ဝိုင်းဖြေရှင်းပေးဖို့နဲ့ ကိုယ်ရံတော် လုပ်ပေးဖို့ပါ။အဲဒီ မိသားစုမှာ မောင်နှမဝမ်းကွဲ လေးယောက်ရှိကြပြီး တစ်ယောက်ကသာ အလုံးစုံ အမွေခံစားခွင့်ရမှာပါ။ရှီယိုဂျီ ပြောပြတဲ့ သူတို့ မိသားစုမှာ အမွေဆက်ခံဖို့ ရွေးချယ်ချိန်တိုင်း မိသားစုရန်စရှိပြီး အချင်းချင်းပြန်သတ်ဖို့ ကြိုးပမ်းကြတယ်လို့ ဆိုပါတယ်။မိသားစုရန်စကရော တကယ်ရှိတာလား ပဟေဠိကိုရော ဖြေရှင်းနိုင်မှာလားဆိုတာကို စိတ်ဝင်စားစရာ ...
movie
Don’t Call it Mystery (2023) Misuteri to Iu Nakare
2023
5.8
Over Drive (2018)
Over Drive (2018)ဒီတစ်ခေါက်ကြည့်ရှုရမယ့် ဇာတ်ကားလေးကတော့ One Piece Live Action မှာ Zoro အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေးရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ 2018ခုနှစ်ကထွက်ရှိခဲ့ပြီး ဇာတ်ကားနာမည်ကတော့ Over Driveပဲဖြစ်ပါတယ်။Hiyama Naozumi က ငယ်ရွယ်ပြီးအရည်အချင်းရှိတဲ့အပြင် ပြဿနာရှာတတ်တဲ့ ပြိုင်ကားမောင်းသူတစ်ယောက်ဖြစ်ပါတယ်။ Hiyama Atsuhiroကတော့ Spica Racing ကုမ္ပဏီရဲ့ ကားပြင်ဆရာတစ်ယောက်ဖြစ်ပြီး Naozumiရဲ့ အစ်ကိုတစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ဆက်ဆံရေးက ကြီးလာတဲ့အခါမှဘာလို့ပြောင်းလဲသွားရတာလဲဆိုတာရယ် Seiko Cup Rally Seriesမှာ ချန်ပီယံဖြစ်ပြီး WRCကို ဝင်ရောက်နိုင်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်လုံး ဘယ်လိုအခက်အခဲတွေကိုကျော်ဖြတ်ပြီး အနိုင်ရရှိအောင်ကြိုးစားကြမလဲဆိုတာကိုစောင့်ကြည့်ရင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ကားပြိုင်ပွဲတွေကိုပါကြည့်နိုင်မှာမို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p File size… 2.2GB } 974MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Khaing Encoder ..... Aaron
movie
Over Drive (2018)
2018
6.4
Road To High & Low(2016)
High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ...
movie
Road To High & Low(2016)
6.4
High & Low The Movie(2016)
ဒီတစ်ခါမှာတော့ SWORD နယ်မြေဖြစ်ထွန်းပြီးမကြာခင်မှာပဲ အဲဒီနယ်မြေကိုအပိုင်သိမ်းချင်တဲ့ အုပ်စုတစ်စုဟာ ကောက်ကျစ်တဲ့နည်းတစ်ခုကိုအသုံးချပြီး သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ SWORD ကိုချစ်ကြတဲ့ ဂိုဏ်းငါးဂိုဏ်းလုံးဟာ သူတို့ကိုပြန်လည်ခုခံကြပါတယ်။ သူငယ်ချင်းကြားက သံယောဇဉ်တွေနဲ့ action ကြမ်းကြမ်းလေးတွေကိုပေါ်လွင်အောင်ပြသတာကို ရသစုံစုံ ခပ်မိုက်မိုက်ကြည့်ရမယ့် ဂျပန်ဂန်းစတားကားလေးဖြစ်ပါတယ်။ ဒါကတော့ဒုတိယမြောက်ကားဖြစ်ပါတယ်။ File size…2.15GB / 1.07GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 9m Genre ..... Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kasashi
movie
High & Low The Movie(2016)
6.2
HiGH&LOW: The Red Rain(2016)
ဇာတ်လမ်းအစမှာတော့ အာမားမီးရားညီအစ်ကိုတွေဖြစ်ကြတဲ့. ဟီရိုးတိုးနဲ့ မာဆားကိတိုဟာရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ တာကဲရုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်.မထင်မှတ်ဘဲ မိန်းမချောလေးဖြစ်သူ အိုင်ကာ နဲ့ တွေ့ဆုံမိပြီး.မိသားစု (၉) စု ရှိတဲ့ ခူရူးယုဂိုဏ်းရဲ့ မိသားစု (၁) စု ဖြစ်တဲ့. ကာမီဇိုနို မိသားစုရဲ့အရှုပ်အရှင်းတွေကြားထဲ ရောပါသွားချိန်မှာတော့.သူ့အဖေအတွက် တရားမျှတမှုကို ရှာဖွေနေသူ အိုင်ကာကို ကူညီရင်း. ဟီရိုးတိုးနဲ့ မာဆားကိတို့ ညီအစ်ကိုနှစ်ယောက်သူတို့တွေ့ချင်နေတဲ့ အစ်ကိုဖြစ်သူကို ရှာတွေ့မလား.ခူရူးယုဂိုဏ်းတင်မက တိုင်းပြည်ကိုပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေနိုင်တဲ့လျို့ဝှက်ချက်ကြီးကို ဖော်ထုတ်နိုင်မလား. မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့.ညီအစ်ကိုသံယောဇဉ်. အနစ်နာခံမှု. မိသားစုရဲ့အဓိပ္ပါယ် ဆိုတာတွေကို ချပြထားတဲ့အက်ရှင်ကြမ်းကြမ်း. ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.76GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ..... Action , Drama Subtitle….Myanmar Subtitle ...
movie
HiGH&LOW: The Red Rain(2016)
7.1
HiGH&LOW The Movie 2: End of Sky(2017)
အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ ...
movie
HiGH&LOW The Movie 2: End of Sky(2017)
7.2
HiGH&LOW The Movie 3: Final Mission(2017)
High & low the Movie 3 - Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ ...
movie
HiGH&LOW The Movie 3: Final Mission(2017)
7.3
Cherry Magic! THE MOVIE (2022)
Cherry Magic : The Movie 2022 ========================= BL ပရိသတ်ကြီးအတွက် နွေးထွေးပြီးချစ်ဖို့ကောင်းတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ မူရင်းမန်းဂစာအုပ်ကို Live Action စီးရီးအနေနဲ့ ၁၂ ပိုင်း ပြန်လည်ရိုက်ကူးထားတာရှိပြီး အခုကတော့ တစ်ကားတည်းအပြီးအနေနဲ့ ထပ်ထွက်လာတာပါ။ဇာတ်လမ်းကတော့ လူတစ်ယောက်ရဲ့အသားကို ထိလိုက်တာနဲ့ စိတ်ကိုဖတ်နိုင်တဲ့ ထူးထူးဆန်းဆန်းအစွမ်းကို ပိုင်ဆိုင်ထားတဲ့ ခုရိုရှိဆိုတဲ့ကောင်လေးဟာ သူ့ကိုခွက်ရှ်နေတဲ့ ကိုလူချောလေးရဲ့ စိတ်ကိုဖတ်နိုင်ခဲ့ပြီး တွဲဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ မတော်တဆမှုဖြစ်ပြီး အစွမ်းပျောက်ကွယ်သွားတဲ့အခါမှာတော့...တွေ့နေကျ BL ဇာတ်အများစုထဲကလို ကျောင်းသားလေးတွေမဟုတ်ဘဲ လုပ်ငန်းခွင်အတွင်းက လူလတ်ပိုင်းအရွယ် ရင့်ကျက်တဲ့ကောင်လေးနှစ်ယောက်အကြောင်းဖြစ်တာကြောင့် တစ်ချိန်လုံးရိုနေမှာတော့ မဟုတ်ပါဘူး။ အချင်းချင်းရဲ့ဘဝတိုးတက်ရာတိုးတက်ကြောင်းကို အပြန်အလှန် အားပေးကူညီမယ်။ အခက်အခဲတွေကို အတူကျော်ဖြတ်ကြမယ်။အေးအတူ ပူအမျှခံစားပေးမယ် ။(စိတ်ဖတ်နိုင်တယ်ဆိုတာကလွဲလို့)ကြည့်နေရင်းနဲ့ အပြင်က BL အတွဲဆိုရင်လည်း ဒီလိုပဲဖြစ်မှာလို့ တွေးမိတဲ့အထိ အိုဗာတွေသိပ်မပါဘဲ ရိုးရိုးရှင်းရှင်းလေး လက်တွေ့ဆန်အောင် ရိုက်ပြထားတာကို သဘောကျမိတာမို့ ကြည့်ရှုအားပေးကြပါဦးလို့အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Comedy, Fantasy , ...
movie
Cherry Magic! THE MOVIE (2022)
2022
7.1
Your Eyes Tell (2020)
Your Eyes Tell (2020)မိုးအေးနေတဲ့ဒီလိုအချိန်တွေမှာ ကြည့်လို့ကောင်းမဲ့ Melo Drama ဇာတ်ကားတစ်ခုပါ။ Ryusei Yokohama နဲ့ Yuriko Yoshitakaတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး Kpop group ဖြစ်တဲ့ BTS အဖွဲ့ရဲ့ "Your Eyes Tell" သီချင်းကို Theme Song အဖြစ်အသုံးပြုထားပါတယ်။အန်တိုနီယို ရေးက လက်ဝှေ့သမားဖြစ်ခဲ့ဖူးပေမဲ့ အတိတ်ကလုပ်ရပ်အမှားကြောင့် အတိတ်ကိုပြန်မပြောချင်တဲ့အထိ သူ့ကိုယ်သူ စိတ်နာနေတဲ့သူပါ။ "အကရီ"ကတော့ သူ့မိဘတွေနဲ့ခရီးသွားရင်း ကားမတော်တဆဖြစ်ပြီး အမြင်အာရုံဆုံးရှုံးခဲ့ရသူပါ။ထောင်ကထွက်လာပြီးတဲ့နောက် ရေးက လက်ဝှေ့ဆရာတွေဆီပြန်မသွားဘဲ ဇာတ်မြှုပ်ရင်း ကားပါကင်စောင့်တဲ့အလုပ်ကိုဝင်လုပ်ပါတယ်။အကရီက ရေးကို ကားပါကင်စောင့်တဲ့ဦးလေးလို့အထင်မှားပြီး ရေးနဲ့စကားပြောမိရာကနေ သူတို့နှစ်ဦးစပြီးဆုံကြပါတယ်။ဘဝကိုအရှုံးပေးထားတဲ့ ရေး က အမြင်ဆုံးရှုံးထားပေမဲ့ ဘဝမှာ ပျော်ပျော်နေနိုင်အောင်ကြိုးစားနေတဲ့ အကရီကိုကြည့်ပြီး ပြောင်းလဲလာပါတယ်။တစ်ဖက်မှာလည်း သူ့ရဲ့အတိတ်ဟောင်းတွေနဲ့အတူ အကရီရဲ့မျက်စိကွယ်ရတဲ့အကြောင်းအရင်းက ဆက်စပ်နေတဲ့အခါ...ရေးနဲ့အကရီတို့နှစ်ယောက် ဘာတွေဆက်ပြီးကြုံတွေ့ကြရမလဲ...ဒဏ်ရာတွေကို ဘယ်လိုကုစားဖေးမပေးကြမှာလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်ပြီးကြည့်ရှုပေးပါဦး။( အညွှန်းရေးသားထားသူကတော့ Ingyin San ...
movie
Your Eyes Tell (2020)