Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Kei Tanaka
6.8
The Hotel of my Dream (2024)
The Hotel of my Dream (2024) ****************************နာခါဂျီမာဆိုတဲ့ စာရေးဆရာမ ပေါက်စလေးဟာ ပူအာရု ကုမ္ပဏီကနေ စာရေးဆရာလူသစ်ဆုကို ရရှိခဲ့ပါတယ်။ သို့ပေမဲ့လည်း နာမည်ကြီးစာရေးဆရာကြီး ဟီဂါရှီဂျူဂျိုရေးလိုက်တဲ့ "ဒီဇာတ်လမ်းကို ဘာလို့ ဆုပေးတာလဲ တွေးလို့မရဘူး" ဆိုတဲ့ မှတ်ချက်တစ်ခုနဲ့တင် အနာဂတ်ပျောက်ဆုံးခဲ့ရပါတယ်။ဒီလိုနဲ့ ၂နှစ်သာ အချိန်ကုန်သွားခဲ့တယ် နာခါဂျီမာတစ်ယောက် စာအုပ်မထုတ်ဝေနိုင်ခဲ့သေးဘဲ ဘဝမှာ လမ်းတွေပျောက်ဆုံးခဲ့ရပါတယ်။စာပေနယ်ပယ်ဘက်မှာ စာရေးဆရာတွေ အရမ်းကို သဘောကျတဲ့ ဟိုတယ်တစ်ခုလည်းရှိနေပြန်ပါတယ်။ဒီဟိုတယ်ကတော့ တောင်ကုန်းထိပ်ပိုင်းမှာရှိနေတာဖြစ်ပြီး စာရေးဆရာတွေအတွက် အတွေးသစ် အမြင်သစ်ရစေနိုင်တာကြောင့် ဒီဟိုတယ်ကို စာရေးဆရာတော်တော်များများ သဘောကျကြပါတယ်။ဒီဟိုတယ်မှာပဲ နာခါဂျီမာတစ်ယောက် ဟီဂါရှီဂျူဂျိုနဲ့ ပြန်လည်တွေ့ဆုံခဲ့ပြီး နာခါဂျီမာတစ်ယောက် သူ့အိပ်မက်ပန်းတိုင်ဖြစ်တဲ့ စာအုပ်ထုတ်ဝေနိုင်ဖို့ ဘယ်လိုပုံစံတွေ သုံးပြီး ကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.43GB / 766MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 38 min. Genre ….. Comedy, Drama Subtitle….Myanmar ...
movie
The Hotel of my Dream (2024)
5.6
G-Men (2024)
G-Men (2024)ကျောင်းကို အတန်းတွေ ခွဲလိုက်တာမှာ G အတန်းကို ရောက်လာကြတဲ့သူတွေက ဆိုးသပါ့ဆိုတဲ့သူတွေ အကုန်ရောက်လာတဲ့အတန်းပါ။ဒါပေမယ့် ဒီအတန်းရဲ့ အစဥ်အလာရှိပါတယ်..အဲ့ဒါကတော့ ဒီအတန်းက ကျောင်းသားတွေက လျှို့ဝှက်ဖွဲ့စည်းထားတဲ့ အဖွဲ့ရှိပြီး အဲဒီအဖွဲ့က ကျောင်းသူကျောင်းသားတွေကို ပြင်ပအဖွဲ့က လာထိရင် ပြန်ချပါတယ်။ဒီမှာလည်း ဒီလို စိတ်ထားရှိတဲ့သူတွေ စုလာပါတယ်။ ဒီဇာတ်လမ်းက ခပ်မြူးမြူးလေးပါ။ဒါရိုက်တာTôichirô Rutô က စီစဥ်ရိုက်ကူးထားပြီးတော့ IMDb rating 5.6 ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size… (2.2 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….02:00:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa
movie
G-Men (2024)
2024
5.9
Phases of the Moon (2022)
ဒီတစ်ခေါက်ကားလေးကတော့ 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ Phases of the moon ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာဆိုရင် ဟိုတစ်လောကမှထွက်ရှိထားတဲ့ My happy marriage live action က အဆိုတော်သရုပ်ဆောင် Meguro Renလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါကတော့ ဇာတ်လမ်းအကျဉ်းလေးပေါ့နော်။ Tsuyoshi Osanai ဟာ ဇနီးဖြစ်တဲ့ Kozue Osanaiရယ် သူ့ရဲ့သမီးဖြစ်သူ Ruri Osanai ရယ်နဲ့ မိသားစုသုံးယောက် ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာပါ။ ဒါပေမဲ့ ရုတ်တရက် ဇနီးနဲ့သမီးဟာ မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ကြပြီး သူ့ရဲ့ဘဝဟာလည်းပျော်ရွှင်မှုတွေပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ Tsuyoshi ဆီကို Misumi Akihiko ဆိုတဲ့ဓာတ်ပုံဆရာတစ်ယောက်ရောက်ရှိလာခဲ့ပါတယ်။ Tsuyoshi ရဲ့ ဇနီးနဲ့သမီးဖြစ်သူ မတော်တဆဖြစ်ခဲ့တဲ့နေ့မှာ သူနဲ့တစ်ခါမှတွေ့ဆုံသိကျွမ်းဖူးခြင်းမရှိတဲ့ Ruriဟာ သူနဲ့တွေ့ဖို့လာနေရင်းမတော်တဆဖြစ်ခဲ့တယ်ဆိုတာကို Misumi ကပြောပြခဲ့ပါတယ်။ အဲ့ဒီအပြင် သူ့ရဲ့သေဆုံးသွားတဲ့ချစ်သူ Ruri Masaki ရဲ့အကြောင်းကိုပါပြောခဲ့ပြီး Ruri Osanai ဟာ သူ့ရဲ့ချစ်သူဝင်စားတာဖြစ်နိုင်ကြောင်းပြောပြခဲ့ပေမဲ့ Tsuyoshi ကတော့လက်မခံနိုင်ခဲ့ပါဘူး။ နောက်ဆုံးမှာ Tsuyoshi က သူ့သမီးဟာ လူဝင်စားတယ်ဆိုတာကိုယုံကြည်လက်ခံသွားနိုင်မှာလား။ ချစ်ရသူကိုတွေ့ချင်လို့ လူပြန်ဝင်စားခဲ့တဲ့ Ruriကရော ...
movie
Phases of the Moon (2022)
2022
5.8
Whisper of the Heart (2022)
Whisper of the Heart (2022)စတူဒီယိုဂီဘီရဲ့ နာမည်ကျော်အန်နီမဲရုပ်ရှင်တစ်ကားဖြစ်တဲ့ Whisper of the Heartကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ အန်နီမဲလောက်တော့ မလှပပေမဲ့ သူ့နည်းသူ့ဟန်နဲ့သူတော့ လှပ်နေတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရပါတယ်။ အန်နီမဲနဲ့မတူတာကတော့ သူက ကလေးဘဝနဲ့ လူကြီးဘဝကို အပြိုင်ပြထားတာပါပဲ။ ရှေ့ကြောင်းပြန်လိုက် နောက်ကြောင်းပြန်လိုက်နဲ့ ကောင်လေးနဲ့ ကောင်မလေးကြားက သံယောဇဉ်စဖြစ်လာပုံကို ဖော်ပြထားတယ်။ တစ်ုခုရှိတာက အန်နီမဲပရိသတ်တွေအတွက်တော့ ဟုတ်မှာမဟုတ်ပါဘူး။ဒီတိုင်းစကြည့်မယ့်လူတွေအတွက် ညွှန်းရရင်တော့.... စာအုပ်တွေဖတ်ပြီး အသံတွေကြားရတဲ့ ကောင်မလေးရယ် ကောင်လေးရယ်ရှိတယ် သူတို့ကြားနေရတဲ့အသံက သူတို့နှလုံးသားရဲ့အသံတွေပေါ့ ကောင်လေးက တယောဆရာဖြစ်ချင်ပြီး ကောင်မလေးက ပုံပြင်ရေးဆရာမဖြစ်ချင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့အိပ်မက်တွေနောက် အတူတူလိုက်ကြမယ်လို့ ကတိထားခဲ့ကြတယ်။ ကောင်လေးက တစ်ရပ်တစ်ကျေးမှာ သူ့အိပ်မက်နောက်လိုက်ရင်း အောင်မြင်ရင်း ၁၀နှစ်တာကုန်ဆုံးသွားပေမဲ့ ကောင်မလေးကတော့ သူ့အိပ်မက်တွေဖြစ်မလာဘဲ အချိန်တွေပဲ ကုန်ရင်းနေလာခဲ့ရတယ်။ သူ့နှလုံးသားက အသံကိုလည်း သူမကြားနိုင်တော့ဘူး။ ဒီလိုနဲ့ သူဟာဇာတိမြို့ကလေးကို ပြန်ရောက်လာပြီး သူ့နှလုံးသားက တီးတိုးသံလေးကို သူပြန်နားထောင်ဖို့ကြိုးစားရင်း အိပ်မက်တွေနောက်ပဲလိုက်မလား လက်တွေ့ဘဝမှာပဲ ရှင်သန်သွားမလား ။ လှလှပပပြသသွားတဲ့ Coming Of Age ဆန်ဆန်ဂျပန်ဒရာမာကားလေးပါပဲ။ အိပ်မက်နဲ့လူ ...
movie
Whisper of the Heart (2022)
2022
6.2
Haw (2022)
Haw (2022) (အညွှန်း)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ “A Dog’s Purpose” တို့ “Hachi: A Dog's Tale” တို့လို ဝုတို့ရဲ့စွန့်စားခန်းတွေ ဝုနဲ့ဝုမိဘတွေကြားက သံယောဇဉ်ဖွဲ့ဇာတ်လမ်းမျိုးတွေကို အကြိုက်တွေ့သူတို့အတွက် ဂျပန်ဇာတ်လမ်းလေး “Haw” ဖြစ်ပါတယ်။ဘယ်နေရာမှာမဆို ရှက်ကိုးရှက်ကန်းနဲ့တွန့်ဆုတ်နေတတ်တဲ့ကောင်လေးတစ်ယောက် နဲ့ မဟောင်နိုင်တဲ့ခွေးလေး “ဟောင်းဝ်” တို့ရဲ့ချစ်စဖွယ်ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းအစမှာတည်းက တာမီအိုက ကိုယ်နဲ့လက်ထပ်ဖို့ မင်္ဂလာခန်းမမှာတောင် ငှါးထားပြီးတဲ့အခြေအနေမှာပဲ ရည်းစားကနောက်တစ်ယောက်နောက်ပါသွားလို့ စော်ပစ်ကောင်လေးဖြစ်ပြီး ကြေကွဲလူငယ်ဖြစ်နေရှာတာပါ။ ဒီလိုနဲ့ တာမီအို့ရဲ့အသည်းကွဲနေ့ရက်တွေဆီ ဖွေးဖွေးဖြူနေတဲ့အမွှေးတွေနဲ့ စွန့်ပစ်ခံခွေးလေး “ဟောင်းဝ်” ရောက်လာခဲ့တယ်။ “ဟောင်းဝ်” ဆိုပြီးနာမည်တွင်သွားတာကတော့ အရင်သခင်က အသံကြိုးတွေကိုဖြတ်ထားခဲ့တာမို့ ဟောင်တဲ့အခါ ပုံမှန်ခွေးတွေလို “ဝုတ်, ဝေါင်း” လို့အသံမထွက်နိုင်ဘဲ “ဟောင်းဝ်” လို့ပဲအသံထွက်တာမို့ပါ။ ဒီလိုနဲ့ အတိတ်ဆိုးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ကောင် အချင်းချင်းအမှီသဟဲပြုနေကြရင်း တစ်နေ့မှာ တာမီအိုတစ်ယောက် ဟောင်းဝ်ကိုပျောက်သွားခဲ့တယ်။ရောက်ရာအရပ်မှာ လူတိုင်းဆီကို ပျော်ရွှင်မှုတွေယူဆောင်ပေးတဲ့ ခွေးလေး “ဟောင်းဝ်” တစ်ကောင် သခင်နဲ့ဝေးကွာနေတုန်း ဘယ်လိုစွန့်စားခန်းတွေဖွင့်ရဦးမလဲ .. တာမီအို့ဆီပြန်ရောက်လာဦးမလားဆိုတာကို ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie
Haw (2022)
2022
5.5
To Be Killed by a High School Girl (2022)
To be killed by a High School Girl (2022)ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။ ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။ သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။ ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။ ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ သူရွေးထားတဲ့ပစ်မှတ်က Personality တွေ ကွဲနေတဲ့ အထက်တန်းကျောင်းသူလေး။ သူ့ချည်းဆိုရင်တော့ ဒီကောင်မလေးက ...
movie
To Be Killed by a High School Girl (2022)
2022
To Be Killed by a High School Girl (2022)
To be killed by a high school girl (2022)Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။)ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ...
movie
To Be Killed by a High School Girl (2022)
2022
5.7
Stolen Identity ( 2018 )
Zawgyi*******ဇာတ်လမ်းကတော့ဖုန်းကျပျောက်တဲ့ကိစ္စကစပါတယ်....ဖုထျန်ဆိုတဲ့ကောင်လေးတစ်ယောက်ကတစ်နေ့မှာအလုပ်ဆီအလောတကြီးသွားရင်းနဲ့တက္ကစီကားပေါ်မှာမတော်တဆဖုန်းမေ့ကျန်ခဲ့ပါတယ်....နောက်တော့ဖုန်းကောက်ရတဲ့လူကဖုန်းကိုပြန်ပေးခဲ့ပေမဲ့ပြန်မပေးခင်မှာဖုထျန်ရဲ့ချစ်သူတောက်ယဲ့မာမေဆိုတဲ့အနက်ရောင်ဆံပင်ရှည်နဲ့ကောင်မလေးကိုတွေ့ပြီးစွဲလန်းသွားလို့ဖုထျန်ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေအားလုံးကိုကော်ပီကူးယူခဲ့ပါတယ်....အဲ့ချိန်ကစပြီး ထူးဆန်းတဲ့မက်ဆေ့တွေ Linkတွေကဖုထျန်ဖုန်းထဲသာမကမာမေရဲ့ဖုန်းထဲထိပါခဏခဏဝင်လာတတ်ပါတယ်....တစ်ဖက်မှာလည်းတောင်ပေါ်မှာသေဆုံးသူမည်သူမည်ဝါမှန်းမသိတဲ့အမြုပ်ခံထားရတဲ့မိန်းကလေးအလောင်းငါးလောင်းတွေ့ရှိလို့ကွင်းဆက်လူသတ်တရားခံကိုကြိုးစားရှာဖွေရင်းအလောင်းတွေမှာတူညီတဲ့အချက်ကအနက်ရောင်ဆံပင်ရှည်နဲ့မိန်းမဖြစ်ပြီးဆံပင်တွေကလည်းအရိတ်ခံထားရပါတယ်....ဖုန်းကနေတစ်ဆင့် ကိုယ့်အချက်အလက်တွေခိုးယူခံခဲ့ရတဲ့သူတို့နှစ်ယောက်ကဘယ်လိုဖြေရှင်းကြမလဲ ဘာကြောင့်လဲတောင်ပေါ်မှာတွေ့ခဲ့တဲ့အလောင်းတွေကရော ဘယ်သူကသူတို့ကိုသတ်တာလဲ ဘာကြောင့်လဲ....တရားခံကတစ်ယောက်တည်းပဲလားဆိုတာပဟေဠိအမျိုးမျိုးနဲ့ကြည့်ရှုရမှာဖြစ်တာမို့ လက်လွတ်မခံပဲဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော် Unicode*******ဇာတ်လမ်းကတော့ဖုန်းကျပျောက်တဲ့ကိစ္စကစပါတယ်....ဖုထျန်ဆိုတဲ့ကောင်လေးတစ်ယောက်ကတစ်နေ့မှာအလုပ်ဆီအလောတကြီးသွားရင်းနဲ့တက္ကစီကားပေါ်မှာမတော်တဆဖုန်းမေ့ကျန်ခဲ့ပါတယ်....နောက်တော့ဖုန်းကောက်ရတဲ့လူကဖုန်းကိုပြန်ပေးခဲ့ပေမဲ့ပြန်မပေးခင်မှာဖုထျန်ရဲ့ချစ်သူတောက်ယဲ့မာမေဆိုတဲ့အနက်ရောင်ဆံပင်ရှည်နဲ့ကောင်မလေးကိုတွေ့ပြီးစွဲလန်းသွားလို့ဖုထျန်ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေအားလုံးကိုကော်ပီကူးယူခဲ့ပါတယ်....အဲ့ချိန်ကစပြီး ထူးဆန်းတဲ့မက်ဆေ့တွေ Linkတွေကဖုထျန်ဖုန်းထဲသာမကမာမေရဲ့ဖုန်းထဲထိပါခဏခဏဝင်လာတတ်ပါတယ်....တစ်ဖက်မှာလည်းတောင်ပေါ်မှာသေဆုံးသူမည်သူမည်ဝါမှန်းမသိတဲ့အမြုပ်ခံထားရတဲ့မိန်းကလေးအလောင်းငါးလောင်းတွေ့ရှိလို့ကွင်းဆက်လူသတ်တရားခံကိုကြိုးစားရှာဖွေရင်းအလောင်းတွေမှာတူညီတဲ့အချက်ကအနက်ရောင်ဆံပင်ရှည်နဲ့မိန်းမဖြစ်ပြီးဆံပင်တွေကလည်းအရိတ်ခံထားရပါတယ်....ဖုန်းကနေတစ်ဆင့် ကိုယ့်အချက်အလက်တွေခိုးယူခံခဲ့ရတဲ့သူတို့နှစ်ယောက်ကဘယ်လိုဖြေရှင်းကြမလဲ ဘာကြောင့်လဲတောင်ပေါ်မှာတွေ့ခဲ့တဲ့အလောင်းတွေကရော ဘယ်သူကသူတို့ကိုသတ်တာလဲ ဘာကြောင့်လဲ....တရားခံကတစ်ယောက်တည်းပဲလားဆိုတာပဟေဠိအမျိုးမျိုးနဲ့ကြည့်ရှုရမှာဖြစ်တာမို့ လက်လွတ်မခံပဲဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော် Translated & Review By MineEncoded By LK
movie
Stolen Identity ( 2018 )
2018