Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Keegan Connor Tracy
6.2
Final Destination 2 (2003)
Final Destination 2 (2003) ************************** IMDb.....6.2 Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ....ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့အနည်းငယ်ရိုးအီလာသလိုပါပဲ....... Final Destination လို horror မျိုးကျတော့လည်း တကယ့်ကိုသွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး... မင်း horrorဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယခုလည်း New Line Cinema ကFinal Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည်ခံစားချင်သူများအတွက် ...
movie
Final Destination 2 (2003)
4K HEVC
Double Jeopardy (1999)
IMDB rating - 6.5%သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို နှစ်သက်တဲ့ CM ပရိတ်သတ်ကြီးအနေနဲ့ ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Double Jeopardy ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးပါရစေ။ ကြည့်ရှုသူအားလုံးကို ဇာတ်လမ်းအစပိုင်းကနေ အဆုံးထိ ဆွဲဆောင်သွားနိုင်မှာလို့ ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းဟာ လစ်ဘီ ပါစန် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို ဗဟိုပြုပြီး တည်ဆောက်ထားပါတယ်။လစ်ဘီ့မှာ သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားပါတယ်၊ ဒါပေမယ့် တစ်နေ့မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူကို သတ်တဲ့မှုနဲ့ မတရားစွပ်စွဲခံရပြီး ထောင်ကျသွားခဲ့ရပါတယ်။ ထောင်ကျနေစဉ်မှာပဲ သူမရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်မယ့် အမှန်တရားတစ်ခုကို သိလိုက်ရပါတယ်။ အဲ့ဒီအမှန်တရားက ဘာလဲဆိုတာကိုသိချင်ရင် ဇာတ်ကားလေးကို ဆုံးတဲ့အထိကြည့်လိုက်ပါ။ Plot Twist တွေလဲပါပြီး အရမ်းကြည့်ကောင်းတဲ့အတွက် အချိန် 1နာရီခွဲကို ကုန်ရကျိုးနပ်စေမှာ အမှန်ပါပဲ....File size…(1.9 GB)/(1.1 GB) Quality….Webrip HEVC 1080p ...
movie
Double Jeopardy (1999)
5.6
40 Days and 40 Nights (2002)
40 Days and 40 Nights (2002) ****************************Romance ၊ Comedy အမျိုးအစားဖြစ်တဲ့ 40 Days and 40 Nights ကတော့ လိင်အသားပေးဟာသအချစ်ကားဖြစ်ပါတယ်။ မတ်ဟာ ရည်းစားဟောင်းနီကိုးလ်နဲ့ ပြတ်သွားပြီးကတည်းက ကောင်မလေးတွေနဲ့ အတူနေတဲ့အခါတိုင်း အထွတ်အထိပ် မရောက်သလို သုက်မလွှတ်နိုင်တဲ့အခြေအနေကို ရင်ဆိုင်နေခဲ့ရတာပါ။ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ တစ်မျိုးစီ စွန့်လွှတ်လေ့ရှိတဲ့ ရက် ၄၀ ဥပုသ်ကာလကို ရောက်ရှိလာချိန်မှာတော့ မတ်က သူ့ပြဿနာကို ဖြေရှင်းနိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရက် ၄၀ လုံးလိင်မှုကိစ္စကို လုံးဝရှောင်ရှားဖို ဆုံးဖြတ်လိုက်ပါတယ်။မတ်ရဲ့ရုံးက လုပ်ဖော်ကိုင်ဖက်တွေဟာ မတ်တကယ်နေနိုင်မှာလားဆိုတာကို ဝက်ဆိုက်ဒ် စာမျက်နှာတစ်ခုဖန်တီးပြီး လောင်းကြေးထပ်ကြရင်း ပတ်ဝန်းကျင်ကလူတွေကပါမြင်တွေ့လာပြီး လောင်းကြေးကလည်း အဆမတန်ကြီးထွားလာခဲ့တာကြောင့် မတ်ကို ဥပုသ်ကျိုးအောင် ကြိုးစားသူတွေလည်း ရှိလာခဲ့ပါတယ်။အစောပိုင်းမှာ မတ်က အမှန်တကယ် ကောင်မလေးတွေကိုရော လိင်မှုကိစ္စအားလုံးကိုပါ ရှောင်ရှားနိုင်ခဲ့ပေမယ့် ဒီရက် ၄၀ အတွင်းမှာမှ သူတကယ်ချစ်မိသွားတဲ့ အဲရစ်ကာဆိုတဲ့ ကောင်မလေးချောချောလေးနဲ့ လာဆုံစည်းတဲ့အခါမှာတော့ ..မတ်တစ်ယောက် ရက် ၄၀ ပြည့်အောင်ဆက်ထိန်းထားနိုင်မှာလား။စိတ်မထိန်းနိုင်ဘဲ ...
movie
40 Days and 40 Nights (2002)
5.5
White Noise (2005)
ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
White Noise (2005)
7.0
Chaos (2005)
Chaos (2005)အညွှန်း******************မင်းသားကြီးJason Statham ပါဝင်တဲ့ အက်ရှင်ကားလေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်...ပြန်ပေးဆွဲမှုတစ်ခုမှာ ပြန်ပေးသမားရော ဓားစာခံပါဆုံးပါးသွားရတာကြောင့် တာဝန်ရှိ ရဲအရာရှိနှစ်ယောက်ဖြစ်တဲ့ ကော်နာစ်နဲ့ ယော့ခ်မှာ ယော့ခ်ကို အလုပ်ထုတ်ပြီး ကော်နာစ်ကို တာဝန်က ဆိုင်းငံ့ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်နာစ်ကို ပြန်တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်စေခဲ့တဲ့အကြောင်းကတော့ အခြားမဟုတ်ပါဘူး။ ဘဏ်ဓားပြမှုတစ်ခုပါပဲ။ အဲဒီအမှုကို ကျူးလွန်တဲ့ ဘဏ်ဓားပြတွေက စုံထောက်ကော်နာစ်ကလွဲရင် ဘယ်သူနဲ့မှ စကားမပြောချင်ဘူးလို့ တောင်းဆိုလာတာကြောင့် ကော်နာစ်တစ်ယောက် အမှုအခင်းတွေကြားကို ပြန်လည်ရောက်ရှိခဲ့ရပါပြီ။ ဒါ့အပြင် စုံထောက်ပေါက်စလေး ရှိန်းဒက်ကာကိုပါ တွဲဘက်အသစ်အဖြစ် ရရှိခဲ့ပါသေးတယ်။ စိတ်အချဉ်ပေါက်နေပေမယ့် အလုပ်မှာ သိပ်တော်လွန်းတဲ့ ကော်နာစ်တစ်ယောက် ရှိန်းနဲ့အတူ ဓားပြတွေကို ဖော်ထုတ်ပြီး မိအောင်ဖမ်းနိုင်ပါ့မလားဆိုတာကတော့…. File Size :(1.96GB) (817 MB) and (253 MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:46:00 Genre : Action , Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by ...
movie
Chaos (2005)
5.6
Z 2019
ခင်ဗျားတို့ကျွန်တော်တို့မှာရော ငယ်ငယ်တုန်းကစိတ်ကူးယဥ်သူငယ်ချင်းတွေရှိခဲ့ကြဖူးသလား မရှိတာပဲကောင်းပါတယ်ဗျာ အခုဒီကားလေးထဲက ကောင်လေးမှာတော့စိတ်ကူးယဥ်သူငယ်ချင်းလေးရှိနေတယ် ဂျော့ဆိုတဲ့ရှစ်နှစ်အရွယ်ကောင်လေးဟာ သူ့စိတ်ကူးယဥ်သူငယ်ချင်းနဲ့သာဆော့နေတတ်တယ် သူ့မိဘတွေကသာမန်ကလေးတစ်ယောက်ဆော့နေသလိုထင်ပြီးသတိမထားခဲ့ကြဘူး တစ်နေ့ဂျော့ ကကျောင်းမှာကလေးတွေကိုပြဿနာရှာလာတာကနေ သူ့စိတ်ကူးယဥ်သူငယ်ချင်းအကြောင်းကိုသတိထားလာမိတယ် သူ့စိတ်ကူးယဥ်သူငယ်ချင်းကလဲတစ်ခြားသူမဟုတ်ပဲ သူ့အမေရဲ့ ငယ်ဘဝကစိတ်ကူးယဥ်သူငယ်ချင်းဖြစ်နေပြန်တယ် သူတို့ရဲ့စိတ်ကူးယဥ်သူငယ်ချင်းဇက်ကို ဘယ်လိုတိုက်ထုတ်မလဲ ဘာတွေဆက်ဖြစ်မလဲကတော့ ဇာတ်ကားလေးထဲမှာကြည့်ရှုပေးပါဦး File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 23min Genre : Horror, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by T Lone Encoded by Littleneo
movie
Z 2019
Z (2019)
ကယ်ဗင်နဲ့ဘတ်သ်တို့ရဲ့တစ်ဦးတည်းသောသားလေး ဂျော့ရှ်ဟာထူးထူးဆန်းဆန်းပဲ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရသွားခဲ့တယ်။အဲဒီသူငယ်ချင်းရဲ့နာမည်ကတော့ Z (ဇီ) လို့ခေါ်တယ်။တစ်ရက် ဘတ်သ်ဆီကို ကျောင်းကနေ ဖုန်းဆက်ပြီးတိုင်တဲ့အခါမှသာဘတ်သ်က သူ့သားလေးရဲ့အဖြစ်တွေကို သိရတော့တယ်။ကလေးက ကျောင်းမှာ အရမ်းဆိုးသွမ်းနေပြီးဘယ်လိုမှထိန်းမရဖြစ်နေတာကြောင့် ရက်အကန့်အသတ်မရှိကျောင်းနားခံလိုက်ရတော့တယ်။ဒါပေမဲ့ ကောင်လေးကတော့ ဒါတွေက ဇီကြောင့်ဖြစ်တာလို့ ပြောနေလေရဲ့။ဇီက တကယ်ပဲစိတ်ကူးယဉ်သူငယ်ချင်းသက်သက်လားသဘာဝနာနာဘာဝတစ်ကောင်လားဆိုတာ ဘယ်သူမှမသိကြပါဘူး။ထူးထူးဆန်းဆန်းပဲ ကောင်လေးရဲ့အမေ ဘတ်သ်မှာလည်းငယ်ငယ်က ဇီဆိုတဲ့စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက် ရှိဖူးမှန်း သိလိုက်ရတော့တယ်။ဒီဇာတ်ကားက Horror Drama အမျိုးအစားပါ။အရမ်းကြီးကြောက်ဖို့မကောင်းပေမဲ့ ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။Horror ကြိုက်တဲ့သူတွေ လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။ File Size : ( 779 MB , 286 MB) Quality : WEBRip 720p Running Time ...
movie
Z (2019)
7.0
Descendants 3 (2019)
High School Musical လို သီချင်းတွေဝေဝေဆာဆာနဲ့ဇာတ်ကားမျိုးကိုနှစ်သက်ရင် ဒီဇာတ်ကားကိုနှစ်သက်မယ်ဆိုတာ အာမခံပါရစေ ဇာတ်လမ်းလေးကတော့ ဒီကားလေးရဲ့ prequels ၂ကားကိုကြည့်ဖူးရင်သိကြမှာပါ မယ်က ဗီလိန်မယ်လီဖီးဆန့်ရဲ့သမီးတော်ပါ ဘန်ကတော့ beauty ဘဲလ် and the beast ရဲ့သားတော်ပါ သူတို့နှစ်ယောက်က မတူညီတဲ့နေရာနှစ်ခုက ပေါက်ဖွားလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့်တွေ့ဆုံချစ်ကြိုက်ပြီး အခုဇာတ်ကားမှာဆိုရင် လက်ထပ်မင်္ဂလာပွဲတောင်ကျင်းပတော့မှာဖြစ်ပါတယ် အဲ့ဒါကိုမကျေနပ်နိုင်သူကတော့ Sleeping Beauty အော်ရိုရာရဲ့သမီးတော်ပါပဲ ပင်ကိုတော်ဝင်သွေးပါသူဖြစ်ပေမယ့် မနာလိုမုန်းတီးစိတ်တွေဖုံးလွှမ်းပြီး ဗီလိန်တစ်ယောက်ဖြစ်သွားတဲ့အခါမှာတော့... မယ်တို့သူငယ်ချင်းတွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဘာသာပြန်ပြီး အညွှန်းရေးပေးထားသူကတော့ May Myat Thu ဖြစ်ပါတယ်
movie
Descendants 3 (2019)
2019
6.4
Descendants (2015)
Disney Channel ကထုတ်လုပ်လိုက်တဲ့ IMDB 6.4 ထိရရှိထားတဲ့ Adventure,Comedy,Family,Fantasy ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။Disney ၏ လူသိများကျော်ကြားသော ဗီလိန်များဖြစ်ကြသည့် မယ်လီဖီဆမ့် ၊ စနိုးဝှိုက်မင်းသမီးအားပန်းသီးအဆိပ်ကျွေးသူ အီဗယ်ဘုရင်မ ၊ အာလာဒင်နှင့်မီးခွက်စောင့်ထဲမှ ဗီလိန် ဂျာဖာနှင့် 101 Dalmatiansခွေးလိမ္မာကားထဲမှဗီလိန် ခရူလာဒီဗယ် တို့၏ သားတော်သမီးတော်များဖြစ်ကြသည့်မော်လ် ၊ အီဗီ ၊ ဂျေ နှင့် ကာရ်လော့စ် တို့သည်သူတို့မိဘများ အချုပ်ချထားသည့် ကျွန်းပေါ်မှ တိုင်းပြည်သို့ကင်းလွတ်ခွင့်ဖြင့်ရောက်သွားကြရာ မိဘများကသူတို့ရဲ့အငြိုးအတေးအားကလဲ့စားချေရန်အတွက် သူတို့သားသမီးများကို အားကိုးကြပါတယ်။တိုင်းပြည်မှာရှိတဲ့ ဒဏ္ဏာရီနတ်သမီးရဲ့ မှော်တုတ်ကို ခိုးပြီးမိဘတွေရဲ့ အကျယ်ချုပ်ကို လွတ်အောင်လုပ်ပေးရမယ်လို့ မိဘများကအတင်းအကြပ် လွှတ်လိုက်ကြတဲ့အခါ လူငယ်သဘာဝမိဘကိုကြောက်စိတ်ဖြင့် မလွန်ဆန်နိုင်ကြဘူး။...
movie
Descendants (2015)
2015