Channel Myanmar

Kayla Fields

Morgan: Killer Doll (2025) 4.7
Morgan: Killer Doll (2025)  Morgan: Killer Doll (2025)ကြမ်းကြမ်းရမ်းရမ်းလူသတ်ကားတွေမှ ကြိုက်တယ်ဆိုသူတွေအတွက် လုံးဝအမိုက်စား လူသတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒါစီဆိုတဲ့ ကောင်မလေးတစ်ယောက်က သူ့ရဲ့ ငယ်သူငယ်ချင်း အက်စရစ်အပေါ်မှာ ချစ်မိသွားခဲ့တယ်။မွေးနေ့လက်ဆောင်အဖြစ် သူနဲ့တစ်ပုံစံတည်းတူတဲ့အရုပ်တစ်ရုပ်ကို ပေးခဲ့ပြီးတော့ သူ့အချစ်တွေကို ဖွင့်ပြောခဲ့ပါတယ်။သူ့အချစ်ကို လက်မခံခဲ့လို့ ဒါစီက သူ့ကိုယ်သူမီးရှို့ သတ်သေခဲ့တယ်။ဒါစီ သေရတာ သူ့ကြောင့်လို့ မှတ်ယူနေတဲ့ အက်စရစ်က ဒါစီပေးခဲ့တဲ့အရုပ်လေးကို သူ့အခန်းထဲမှာ သိမ်းထားခဲ့တယ်။တစ်ရက်မှာ ဒီအရုပ်ကြီးက အက်စရစ်တို့အိမ်က အိမ်ဖော်အန်တီကြီးကို သတ်ပစ်လိုက်တဲ့အခါမှာ ဒီအရုပ်ကြီးက လူတွေထင်နေကြသလို သာမန်ရိုးရိုးအရုပ်တစ်ခု ဟုတ်ပါ့မလား..?ဒီလူသတ်အရုပ်ကြီးရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေကို စုံစမ်းရင်း ဘယ်သူတွေက အသက်ရှင်ကျန်ရစ်ပြီး လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.2 GB) / (680 MB) Quality…. WEB-DL 1080p HEVC / ...
movie

Morgan: Killer Doll (2025)

2025
The Twisters (2024) 2.3
The Twisters (2024)  The Twisters (2024) ဂျိမ်းစ်ဂါးလန်းနဲ့ အယ်ရစ်ကာဂါးလန်းတို့မောင်နှမဟာ မုန်တိုင်းလိုက်သူတွေဖြစ်ခဲ့ပြီးအဲ့ဒီလိုခရီးစဉ်တစ်ခုမှာဖြစ်ရပ်ဆိုးတစ်ခုကြုံခဲ့တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေနေကြတဲ့အချိန်ပါ။ဂျိမ်းစ်ကတော့ TINA ဆိုတဲ့ AI မော်ဒယ်တစ်ခုကိုဖန်တီးခဲ့ပြီးအဲ့ဒီ AI နဲ့ လေဆင်နှာမောင်းတွေရဲ့ဖြစ်ပေါ်လာနိုင်ချေလားရာလမ်းကြောင်းအစရှိတာတွေကိုတွက်ချက်ခန့်မှန်းနေခဲ့ပါတယ်။အဲ့ဒီ AI ဟာ အယ်ရစ်ကာရဲ့အာရုံခံကိရိယာတွေနဲ့ပေါင်းစပ်လိုက်ပါမှအကောင်းဆုံးရလဒ်တွေထွက်ပေါ်လာနိုင်မှာဖြစ်တဲ့အတွက်ဒါဇင်နဲ့ချီတဲ့လေဆင်နှာမောင်းကြီးတွေတစ်ပြိုင်တည်းဖြစ်ပေါ်လာနိုင်ပြီးအဲ့ဒီပေါင်းစည်းဖြစ်ပေါ်မှုဟာ အမေရိကန်ရဲ့အနောက်အလယ်ပိုင်းဒေသတစ်ခုလုံးကိုပျက်စီးစေနိုင်တဲ့အထိ အဖျက်စွမ်းအားကြီးနေနိုင်တာကိုသိလိုက်ရချိန်မှာတော့သူတို့မောင်နှမနှစ်ယောက်ဟာ မတူညီတာတွေကိုခေတ္တဘေးချိတ်ပြီးအတူတူအလုပ်လုပ်နိုင်ဖို့ကြိုးစားကြရပါတော့တယ်။ File size…(1.6 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:26:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

The Twisters (2024)

2024
Top Gunner: America vs. Russia (2023)
Top Gunner: America vs. Russia (2023)  မင်းသားကြီး Tom Cruiseရဲ့ Top Gun Maverickလိုမျိုး အက်ရှင်ဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပဲ စစ်ကားဆိုရင် အမြဲတမ်းလိုလို တည်လေ့ရှိတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြားက အရှုပ်အရှင်းကိစ္စလေးတွေမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်ရေးကို အဓိကထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ရုရှားသမ္မတ ဗဆီးလီယက်ဟာ အမေရိကန် ဝါရှင်တန်မြို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတက် လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားမှာရှိနေတဲ့ CIAအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဗရောနီကာ့ဆီကို မိတ်ဆွေတစ်ဦးထံကနေ အရေးကြီးပြောစရာရှိတယ်ဆိုပြီး ခေါ်တွေ့ရာက ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားသမ္မတကို အမေရိကန်ခရီးစဉ် အမေရိကန်တို့ရဲ့မြေမှာ လုပ်ကြံပြီး အမေရိကန်အစိုးရကို အပြစ်လွှဲချပြီး သမ္မတလုပ်အာဏာသိမ်းမဲ့ အစီအစဉ်ဖြစ်ပါတယ်။ရုရှားသမ္မတကလည်း ရောက်လာပြီမို့ သူတို့သိထားတဲ့ အစီအစဉ်ကို ကြိုတင်ပြောပြ ကာကွယ်ဖို့ အတော်လေးခက်ခဲနေတဲ့ အနေအထားမှာလည်းရှိနေပါတယ်။ အစပိုင်းလေးပဲ ပြောပြထားတာဖြစ်ပြီး နောက်မှာ ဇာတ်ကြောင်းတွေအများကြီးရှိသေးတာမို့ စစ်ပွဲတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်တတ်တဲ့သူတွေ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File ...
movie

Top Gunner: America vs. Russia (2023)

The Exorcists (2023)
The Exorcists (2023)   ဇာတ်လမ်းအစမှာ ဖာသာ ရိုင်လန်ဆီကို လူတစ်ယောက်ရောက်လာတယ်။ရွံ့ကျိုးတဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ကို ဖာသာ ရောလ်ကိုတက်စ်ဖြစ်ကြောင်းနှုတ်ဆက်လိုက်ပြီးပရောဂကုပေးဖို့အကူအညီတစ်ခုတောင်းလိုက်တယ်။သူနဲ့အတူ အပနှင်ခဲ့တဲ့သူ ဂျွန်မာဖီဟာသေဆုံးသွားပြီဖြစ်တဲ့အတွက် မသေခင်မှာဖာသာရိုင်လန်ကိုသွားရှာပါလို့မှာခဲ့တဲ့အတွက် လာရောက်ခြင်းဖြစ်ကြောင်းရှင်းပြလိုက်တယ်။ဆရာလည်းဖြစ် မိတ်ဆွေလည်းဖြစ်တဲ့ ဂျွန်မာဖီရဲ့ တောင်းဆိုချက်ကြောင့် လက်ခံလိုက်တယ်။တစ်ဖက်မှာ စစ္စတာ ကယ်ရိုလိုင်းဟာ စိတ်ရောဂါကုဆရာဝန်ဒေါက်တာ ဘတ်ခ်တက်ကိုအကူအညီတောင်းနေတယ်။လက်ရှိဖြစ်နေတဲ့ မကောင်းဆိုးဝါးဝင်ပူးခံထားရတဲ့ ကလေးဟာ ဒေါက်တာဘတ်ခ်တက်ကိုမဖြစ်မနေခေါ်လာခိုင်းတာဖြစ်ကြောင်းရှင်းပြတယ်။ အစပိုင်းမှာ မယုံကြည်ပေမယ့်နောက်ဆုံးမှာ စစ္စတာကယ်ရိုလိုင်းထုတ်ပေးလိုက်တဲ့ဖိုင်ကို ကြည့်ပြီးတော့ လက်ခံလိုက်တယ်။ဒါတင်အားမရသေးဘဲ စစ္စတာကယ်ရိုလိုင်းဟာ နောက်ထပ် အမျိုးသမီး အပနှင် သူဘတ်တစ်ဘုန်းတော်ကြီးကို အကူအညီထပ်တောင်းရပြန်တယ်။ ဒီလို အင်အားကြီးအတွေ့အကြုံရင့်သန်သူတွေကိုအကူအညီတောင်းပြီးနောက်မှာ ကလေးပေါ်မှာဝင်ပူးနေတဲ့မကောင်းဆိုးဝါးကို စတင်ချွတ်ပါတော့တယ်။ File size…905MB / 435MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

The Exorcists (2023)