Channel Myanmar

Katsuya Maiguma

Sakura Guardian in the North (2018) 6.8
Sakura Guardian in the North (2018) Sakura Guardian in the North (2018) ***********************************ဒီဇာတ်လမ်းလေးကတော့ ၁၉၄၅ခုနှစ် ဆိုဗီယက်-ဂျပန်စစ်ပွဲကို ဇာတ်အိမ်တည်ကာ ရိုက်ကူးထားတာဖြစ်ပါတယ်။အဲဇုရယ်တဲဆွတ်လို့ခေါ်တဲ့ မိန်းမတစ်ယောက်ဟာ အဲဆိုတိုရုလို့ခေါ်တဲ့ နေရာမှာ ခင်ပွန်းဖြစ်သူရယ် သားနှစ်ယောက်ရယ်နဲ့အတူ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေခဲ့ပါတယ်။တစ်နေ့မှာတော့ ဆိုဗီယက်ပြည်ထောင်စုရဲ့ စစ်ကြေညာမှုကြောင့် ရုရှားနယ်စပ်မြို့လေးဖြစ်တဲ့ အဲဆိုတိုရုဟာ စစ်ပွဲဒဏ်ကို ခံလိုက်ရပါတယ် ..တဲဆွတ်လည်း ခင်ပွန်းသည်စစ်တိုက်ထွက်တော့ သားနှစ်ယောက်လက်ဆွဲကာ စစ်ရှောင်ဖို့ ဟော့ကိုင်းဒိုးကို ထွက်ပြေးရင်း ရုန်းကန်ရပါတော့တယ်။စားစရာမရှိ၊ နေစရာမရှိဘဝနဲ့ ရုန်းကန်ရင်း နောက်ဆုံးတော့ အာဘာရှီရိမှာ အခြေချနေထိုင်ဖြစ်ခဲ့ပါတယ်။၂၆ နှစ်ကြာပြီးတဲ့နောက် ဒုတိယသားဖြစ်သူက USမှာကြိုးစားရင်း အောင်မြင်တော့ ပြည်တော်ပြန်လာခဲ့ပါတယ်။အဲဒီအချိန်မှ မိခင်အကြောင်းကိုကြားသိပြီး မိခင်နဲ့ပြန်လည်တွေ့ဆုံရင်း အတိတ်ကိုပြန်တမ်းတကာသားအမိသံယောဇဉ်နဲ့ မိဘမေတ္တာကို လေးလေးနက်နက် ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်မို့လို့ ရှုစားကြည့်လိုက်ပါဦးနော် .. (အညွှန်းကို Nisarh မှ ရေးသားထားပါတယ်) File size…1.83GB / 809MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated ...
movie

Sakura Guardian in the North (2018)

Believers (2022) 6.3
Believers (2022) (18+) Believers (2022)မေးခွန်းပေါင်းများစွာနဲ့ ကြည့်ရှုရမယ့် ဂျပန်ရုပ်ရှင် Believers (2022) ကို CM မှာ ကြည့်လို့ရပါပြီနော်။ 18+ ဇာတ်ဝင်ခန်းတွေလည်း ပါတာမို့ လူကြီးမိဘတွေနဲ့အတူ မကြည့်ကြဖို့တော့ သတိပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဘာသာရေးအဖွဲ့အစည်းတစ်ခုရဲ့ညွှန်ကြားချက်ကြောင့် လူ ၃ ယောက်ဟာ ကျွန်းငယ်လေးတစ်ခုပေါ်မှာ သုံးယောက်တည်း နေခဲ့ကြရပါတယ်။ ဒီအစီအစဉ်ကိုတော့ "သီးခြားကျွန်း အစီအစဉ်" လို့ ခေါ်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ယိုယွင်းနေတဲ့ သာမန်လူ့အဖွဲ့အစည်းကနေ ထွက်လာပြီး ဒီကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သန့်စင်ကြဖို့ပါ။ ဒါပေမဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါဝင်နေတဲ့ ဒီအဖွဲ့ဟာ တဖြည်းဖြည်းနဲ့ သာမန်လူသားတွေရဲ့လိင်စိတ်ဆန္ဒတွေကို တပ်မက်လာကြတဲ့ အခါမှာတော့ သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ သန့်စင်မှုကို အပြီးထိ လုပ်ဆောင်သွားနိုင်ပါ့မလား။ ဒါမှမဟုတ် ဖြစ်ပေါ်လာတဲ့ တပ်မက်စိတ်တွေကြောင့် သူတို့ရဲ့ရည်ရွယ်ချက် ပျက်စီးသွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Win ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 1.6GB | ...
movie

Believers (2022)

2022
(18+) Be My Master (2018) 6.0
(18+) Be My Master (2018) Bdsm-Bondage, dominate,slave,master..ဒါကို မြန်မာနိုင်ငံမှာဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုကြလဲတော့ မသိဘူး တချို့နိုင်ငံတွေမှာတော့ လိင်စိတ်ပေါင်းများစွာထဲက တစ်ခုလို့ပဲသတ်မှတ်ထားပါတယ်Bdsm စိတ်ရှိနေတာဟာ လိင်စိတ်စံလွဲနေတာမဟုတ်ပဲ လိင်စိတ်ဆန္ဒပြည့်ဝဖို့အတွက် နည်းလမ်းပေါင်းများစွာရှိတဲ့အထဲက နည်းလမ်းတစ်ခုမျှသာဖြစ်ပါတယ်ပေါ့ ထို့အပြင် လိင်စိတ်ဆိုတာဟာ ထုတ်ဖော်ပြရမှာသာ ရှက်ရွံ့တတ်ကြပေမယ့် လူတစ်ယောက်ကို ထိပ်ဆုံးရောက်တဲ့ထိ တွန်းပို့ပေးနိုင်တဲ့ အောင်မြင်ရေးစိတ်လို့လဲ စိတ်ပညာရှင်များက လေ့လာဖော်ထုတ်ထားကြပါသေးတယ်Force လိုပဲပေါ့ light side ကပဲ စွမ်းအားရှိတာမဟုတ်ပါဘူး Dark side ရဲ့စွမ်းအားက ပိုကြီးမားပါတယ် အဲ့တော့ လူတွေရဲ့ dark side တွေ အဲ့အမှောင်ခြမ်းတွေနဲ့ ဆက်နွယ်နေတဲ့ လူနေမှုဘဝ လူမှုရေး စီးပွားရေး အိမ်ထောင်ရေး အကုန်လုံးပေါ့ ဘာတွေဘယ်လိုဆက်စပ်နေတယ်ဆိုတာ ဒီဇာတ်လမ်းလေးထဲမှာ တစ်ထောင့်တစ်နေရာကဖော်ပြထားပါတယ်အကုန်လုံးအမှန်မဟုတ်ဘူးဆိုပေမဲ့ လူတွေရဲ့စိတ်သဘောသဘာဝဟာ ဒီလိုဒီလိုတော့ ရှိတတ်ပါတယ်ဆိုတာ သင်ခန်းစာယူလို့ရပါတယ်.... ဘာတုန်းဟ စာတွေကလဲအရှည်ကြီး sex education ကားကြီးလားဆိုတော့ အဲ့လိုလဲမဟုတ်ပါဘူး review သာကြီးကြီးကျယ်ကျယ်တွေရေးနေတာ ဇာတ်ကားကတော့ ညိုကီတို့အကြိုက် ပျိုမဒီအချောလေးတွေရဲ့ စိတ်အမှောင်ခြမ်းကို ဝတ်လစ်စလစ်အလှတွေနဲ့ မှုန်ခြယ်ပြမှာမို့ လက်လွတ်မခံဖို့တော့ အကြံပေးပါရစေ File size…1.5GB / 630MB Quality…1080p BluRay & 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by ...
movie

(18+) Be My Master (2018)

2018
Last of the Wolves (2021) 6.1
Last of the Wolves (2021) ခပ်မိုက်မိုက် အက်ရှင်ကားကောင်းတွေကိုမှ တောင့်တနေပါတယ်ဆိုတဲ့ CM ပရိတ်သတ်တွေအတွက် အကြမ်းစားနဲ့ အလန်းကြီးလန်းမဲ့ ဂျပန်ယာခူဇာ ကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်ဒီဇာတ်ကားလေးဟာ ရုပ်ရှင် နှစ်ကားထွက်ထားတာဖြစ်ပြီး ပထမတွဲမှာတော့ ဟီအိုခါနဲ့အိချီနိုစဲတို့ အတူ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်း ကြားက ရန်ပွဲတွေကို ငြိမ်းချမ်းအောင်လုပ်ပေးခဲ့ပါတယ်အခု ဒုတိယတွဲမှာတော့ ဟီအိုခါတစ်ယောက် ငြိမ်းချမ်းရေးကို မလိုလားတဲ့ ဂိုဏ်းအကြွင်းအကျန်တွေလက်ထဲကနေ ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့...ခုရဲဟာရမြို့ရဲ့ အိုဒါနီ ဂိုဏ်းနဲ့ ဟီရိုရှီးမားမြို့ရဲ့ ဂျင်စေးခိုင်ဆိုတဲ့ ယာခူဇာဂိုဏ်းကြီးနှစ်ဂိုဏ်းကြားက ပဋိပခတွေကို ဂျင်စေးခိုင်ရဲ့ ခေါင်းဆောင်ရှိုဟေး သေဆုံးပြီးတဲ့နောက်ပိုင်းမှာ နှစ်ဖက်လုံးက အာဃာတတရားတွေ အငြှိုးအတေးတွေကို ဖယ်ရှားပြီး ယာယီစစ်ပြေငြိမ်းမှုရယူခဲ့ကြပါတယ်စစ်ပြေငြိမ်းမှုရယူပြီး နှစ်ဖက်လုံး ကိုယ့်စီးပွားရေးကိုသာအဓိက အားထားပြီးလုပ်နေချိန်မှာ ဟီအိုခါဆိုတဲ့ စုံထောက်က အဖွဲ့နှစ်ဖွဲ့ကြားမှာ ငြိမ်းချမ်းအောင် ဖျန်ဖြေရေး အကျိုးဆောင်လုပ်ပေးနေခဲ့ပါတယ်ဒီလိုနဲ့ သုံးနှစ်ကြာမြင့်ပြီးချိန်မှာတော့ သေသွားတဲ့ ဂျင်စေးခေါင်းဆောင် ရဲ့ ညာလက်ရုံး အူအဲဘာယရှီဟာ ထောင်ထဲမှ လွတ်မြောက်လာခဲ့ပါတယ်သူဟာ အရင်ကတည်းက သူ့ခေါင်းဆောင်အပေါ်သစ္စာရှိပြီး ...
movie

Last of the Wolves (2021)

Love and Other Cults(2017) 5.9
Love and Other Cults(2017) Love and other cults (2017)ဒီတစ်ခေါက်တော့ Channel Myanmar ပရိသတ်ကြီးအတွက်ဇာတ်လမ်းကောင်းလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Love and other cults (2017)ကားလေးပါ။ဇာတ်လမ်းလေးရဲ့ အကျဉ်းကတော့ ...ဘာသာရေးအစွန်းရောက်လွန်းတဲ့ မိခင်ဖြစ်သူကြောင့် ဘာသာရေးမိတ်ဆွေအသိုင်းအဝိုင်းထဲမှာ လိင်ကျေးကျွန်အဖြစ် ရနှစ်ခန့်နေခဲ့ရတဲ့ ကလေးမလေး Ai...ဒီလိုနေရာကနေ လွတ်မြောက်လာခဲ့ပြီး သာမန်လူတစ်ယောက်လို လူ့အသိုင်းအဝိုင်းထဲကိုဝင်ရောက်လာခဲ့ပေမယ့် လူ့အသိုင်းအဝိုင်းနဲ့ မဝင်ဆံ့တော့တာတော့အမှန်ပါ။ထိုအချိန်မှာ သူမကိုနားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူမလိုပဲ လူ့အသိုင်းအဝိုင်းမှာ ဝင်မဆံ့တဲ့ Ryotaနဲ့ ဆုံတွေ့လာတဲ့အခါ...ဒီလိုပျက်စီးယိုယွင်းနေတဲ့ အရေခြုံလောကကြီးကနေ သူတို့နှစ်ယောက်ရုန်းထွက်နိုင်ပါ့မလား?ဘယ်လိုမှရုန်းထွက်နိုင်စရာမရှိတဲ့ ဘာသာရေးအသိုင်းအဝိုင်းတစ်ခုမှာသူတို့ဘယ်လိုဆက်ရှင်သန်မလဲ?စတဲ့ မေးခွန်းပေါင်းများစွာနဲ့ အဆုံးထိဆွဲခေါ်သွားနိုင်တဲ့ကားလေးတစ်ကားပါ။Imdb Rating 5.9ရရှိထားတဲ့ ဒီဇာတ်လမ်းလေးနာမည်ကတော့ Love and other cults(2017)ပါ။
movie

Love and Other Cults(2017)

2017