Channel Myanmar
Kathy Yuen
When Sun Meets Moon ( 2018 ) 6.1
When Sun Meets Moon ( 2018 ) ဒီကားလေးဟာ Imdb 6.1ရထားတဲ့အချိန်ရိုမန့်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်.. 1992ခုနစ်မှာဟောင်ကောင်မှာမုန်တိုင်းတစ်ခုဖြစ်ပြီးမီးတွေပျက်သွားခဲ့ပါတယ်. ဒီလိုမီးပျက်တဲ့အချိန်ခဏလေးမှာ ကြယ်တာရာကြည့်ရှုရတာကြိုက်တဲ့ ရွှင့်ရိနဲ့ကျေယွဲ့တို့ဟာ အမှတ်မထင်စုံစည်းခဲ့ကြပါတယ်...သူတို့တွေဟာ စိတ်တူကိုယ်တူတွေမို့အချင်းချင်းသံယောဇဉ်တွေတိုးလာခဲ့ပါတယ်..ရွှင့်ရိဟာနောက်နှစ်မှာနိုင်ငံခြားကိုပြောင်းရွှေ့နေထိုင်မှာဖြစ်လို့ သူတို့နှစ်ဦးဟာနေမင်းနဲ့လမင်းလိုပဲအချိန်တွေကွာခြားပြီးခွဲခွာနေရတော့မှာပါ... သူတို့တွေဝေးကွာခြင်းတွေကိုအံတုပြီး ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား အရမ်းကိုရိုမန့်ဖြစ်တဲ့ဇာတ်ကားလေးဖြစ်လို့ အချစ်ကားကောင်း ကြိုက်တတ်တဲ့သူတွေအတွက်တော့ အရမ်းကိုကြည်နူးရမှာပါ.... Filesize : 1.32 GB / 684 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Romance Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Phyo Zaw Encoded by LK  
movie
When Sun Meets Moon ( 2018 )
2018
Prison Flowers ( 2023 ) 5.9
Prison Flowers ( 2023 ) ဇာတ်ကားတစ်ကားလုံးမှာ အမျိုးသမီးတွေပဲပါတဲ့ ရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဟောင်ကောင်ရုပ်ရှင်ကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ဒီဟောင်ကောင်ရုပ်ရှင်လေးက ကြည့်ရှုသူတိုင်းကို ခံစားချက်တစ်ခုခုတော့ ပေးခဲ့မယ်ဆိုတာ သေချာပါတယ်။1995 ခုနှစ်က ဟောင်ကောင်ရဲ့အမျိုးသမီးထောင်ထဲမှာ ဖြစ်ပါတယ်။ စီးပွားရေးသမားတစ်ယောက်ဖြစ်တဲ့ အစ်မတင်ဟာ ဥပဒေကို နားမလည်ပဲ စာချုပ်မှားချုပ်မိတဲ့အတွက် ထောင်ကျခဲ့ပါတယ်။ ထောင်ထဲဝင်ဝင်ချင်း ထောင်ထဲကစီနီယာဖြစ်သူ ယောက်မပေါ်နဲ့ အတိုက်အခံဖြစ်ခဲ့ပါတယ်။ ထောင်ထဲကစည်းကမ်းတွေကို သဘောမကျတဲ့အတွက် လူအများက သူမကို ပယ်ထားခြင်းခံခဲ့ရပါတယ်။ခိုင်လိက သူမကို ထောင်ပတ်ဝန်းကျင်နဲ့ အသားကျအောင် ကူညီပေးခဲ့ပါတယ်။ အဲ့ကတစ်ဆင့် သဘောကောင်းပြီး ထောင်ထဲက ညီအစ်မတွေကို စောင့်ရှောက်ပေးတဲ့ အမေပေါ်နဲ့ ရင်းနှီးသွားခဲ့ပါတယ်။ ထောင်ထဲမှာ ဂွမ်းထုပ်မလောက်ငမှုကို ဖြေရှင်းဖို့အတွက် အစ်မတင်ဟာ စီးပွားရေးဦးနှောက်ကို အသုံးချပြီး အမေပေါ်နဲ့ပူးပေါင်းပြီးတော့ ထောင်ထဲကညီအစ်မများအတွက် အခက်အခဲတွေ ကူညီဖြေရှင်းပေးပြီး အမျိုးသမီးထောင်ကို ငြိမ်းချမ်းအောင် ကြိုးစားခဲ့ကြပါတယ်။အစ်မတင်လည်း လူအများရဲ့ချစ်ခင်လေးစားခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမဲ့ မထင်ထားပဲ အမျိုးသမီးထောင်က လူဆိုးကြီးထန်းကျူးဟွမ်က ထောင်ထဲပြန်ဝင်လာပြီး ထောင်တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးခဲ့ပါတယ်။အစ်မတင်တစ်ယောက် ထောင်တည်ငြိမ်မှုရအောင် ဘယ်လိုကြိုးစားခဲ့သလဲ ...... ထန်းကျူးဟွမ်ကရော ဘယ်လိုရက်စက်ယုတ်မာသလဲ...... အစ်မတင်တို့အဖွဲ့ ထန်းကျူးဟွမ်ကို ဘယ်လိုအနိုင်ယူမလဲဆိုတာကို ရုပ်ရှင်လေးကိုပဲ ကြည့်ရှုခံစားလိုက်ပါနော်။ Quality : WEB-DL 1080p , ...
movie
Prison Flowers ( 2023 )
Love Is Blind, Hate Too ( 2022 ) 6
Love Is Blind, Hate Too ( 2022 ) စာရေးဆရာမ အားပေါင် ဆိုသူနဲ့ ဆရာဝန်ယန်ယောက်ဟွာတို့ဟာ သူများတွေအားကျရတဲ့အထိ အရမ်းကိုမှ ချစ်ခင်ကြင်နာကြတဲ့ လင်မယားတွေပါ ။ အားပေါင်တစ်ယောက် ကားမတော်တဆမှုနဲ့ကြုံတွေ့ပြီး မျက်စိနှစ်လုံး အမြင်ကွယ်ခဲ့ပြီးတဲ့နောက်မှာ ဆရာဝန်ယန်ဟာ သူ့ဇနီးအပေါ်ကို အရင်ကထက် ဆထက်တစ်ပိုး တိုးလို့ချစ်ခဲ့ပါတယ် ။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ ဆရာဝန်ယန်ဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့ပြီး ဇနီးဖြစ်သူ အားပေါင်ကို အိမ်မှာတစ်ယောက်ထဲ ထားခဲ့ရပါတော့တယ် ။ ဒီလိုမျိုး ဆရာဝန်ယန် ခဏတာ အိမ်ကနေ ထွက်သွားခဲ့တဲ့အခိုက်အတန့်က သူ့ရဲ့ ဘဝကိုတစ်ဆစ်ချိုးပြောင်းလဲသွားခဲ့တယ်ဆိုရင်လဲမမှားပါဘူး ။သူခရီးထွက်နေစဥ်အတွင်းမှာ ကျန့်ဝမ်တီ လို့ခေါ်တဲ့ အမျိူးသားတစ်ဦး အိမ်ရောက်လာခဲ့ပြီး မျက်မမြင်အားပေါင်ကို စတင်အနိုင်ကျင့်ခဲ့ပါတော့တယ် ။ ယောကျာ်းဖြစ်သူသူ ခရီးထွက်သွားနေတဲ့အတွက်ကြောင့် ကူရာမဲ့ဖြစ်နေတဲ့ အမျိုးသမီး မျက်မမြင်တစ်ယောက် ကြောက်မက်ဖွယ် အကြုံဆိုးနဲ့ ယောကျာ်းတစ်ယောက်ကို ရင်ဆိုင်ခဲ့တဲ့ အချိန်မှာ -❏ ဘယ်လိုတွေ ရင်ဆိုင်ဖြေရှင်းသွားမှာလဲ ? ❏ ကျန့်ဝမ်တီလို့ခေါ်တဲ့ အမျိုးသားကရော ဘယ်လိုအညှိုးအတေးတွေ ရှိခဲ့လို့ ဒီလိုမျိုးကြောက်မက်ဖွယ်ကောင်းတဲ့ အကြံအစည်ကို ကြံစည်ရတာလဲ ?❏ ဒီလိုမျိုးလျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ဆက်ဆံရေးတွေကြားမှာ တကယ့်အဖြစ်မှန်က ဘာလဲဆိုတာ သိရဖို့ ဒီကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ...
movie
Love Is Blind, Hate Too ( 2022 )
Cyber Heist ( 2023 ) 6.3
Cyber Heist ( 2023 ) ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ...
movie
Cyber Heist ( 2023 )
I Love You, You’re Perfect, Now Change! ( 2019 ) 4.6
movie
I Love You, You’re Perfect, Now Change! ( 2019 )
2019
Integrity ( 2019 ) 5.3
Integrity ( 2019 ) ဟောင်ကောင် ICAC ရဲ့ ငွေမည်းလိုက်ပြီး လာဘ်စားမှုတွေ ဖော်ထုတ်တဲ့ဇာတ်ကားကောင်းလေး မိတ်ဆက်ပေးလိုက်တယ်။စာရင်းကိုင်နဲ့ သူဌေးပူးပေါင်းပြီး စတော့ငွေတွေကို ကျားကစားသလိုအကွက်ရွေ့သွားတဲ့အမှုကို အခြေခံထားတဲ့ ဇာတ်လမ်းလေးနော်။ရင်းနှီးမြှုပ်နှံသူတွေခေါ်ပြီး စတော့ဈေးကွက်မှာ ဈေးအပြောင်းအလဲများတဲ့လီတကုန်သွယ်ရေးလုပ်ငန်း... ဒီဈေးပြောင်းလဲနေတာက သဘောရိုးဟုတ်ရဲ့လားနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူရှိလား ရှိတယ်ဆိုရင်ရော ဘယ်သူဖြစ်မလဲဒီအမှုကို ICAC က လိုက်ဖို့အတွက် တိုင်ခဲ့တဲ့ စာရင်းကိုင်ရဲ့သရုပ်မှန်ကရော ဘာလဲ သူကရော ဘာလို့ တရားစီရင်မယ့်နေ့မှထွက်ပြေးရတာလဲ တွေးစရာတွေအများကြီးပြည့်နက်နေတဲ့ ဇာတ်ကားပါမင်းသားတွေ ရုပ်ဆိုးတယ်ဆိုပြီး ကျော်မသွားနဲ့. မင်းသားတွေရုပ်ဆိုး ရုပ်ချောတောင် မသိလိုက်ရအောင်ကို ဇာတ်လမ်းအချိုးအကွေ့တွေအချိတ်အဆက်တွေ များလွန်းလို့ မနည်းလိုက်နေရမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်ကားကောင်းကိုမှ ကြည့်ချင်တယ်ဆိုတဲ့ သူတွေ လက်မလွှတ်သင့်ပါဘူး This Movie Brought To You By Channel MyanmarTranslated & Review By Chu ChuEncoder : LK
movie
Integrity ( 2019 )
2019