Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Katheryn Winnick
4.6
A Glimpse Inside the Mind of Charles Swan III (2012)
A Glimpse Inside the Mind of Charles Swan III (2012)IMDb Rating (4.6) / Rotten Tomatoes (16%) ယခုရုပ်ရှင်ကို The Godfather trilogy နဲ့ Apocalypse Now ရုပ်ရှင်တို့နဲ့ အရမ်း နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဒါရိုက်တာ Francis Ford Coppola ရဲ့သား Roman Coppola က ရိုက်ကူးထားတာဖြစ်ပါတယ်။ရုပ်ရှင်အမျိုးအစားကတော့ Comedy/Drama ဖြစ်ပြီး နာမည်ကြီး ဟာသ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Charlie Sheen နဲ့ Bill Murray တို့က အဓိက နေရာကနေ ပါဝင်ထားကြပါတယ်။ ဇာတ်လမ်း သဘောကတော့ graphic designer ဖြစ်တဲ့ Charles Swan III ဟာ စိတ်ကူး အရမ်းယဉ်တတ်ပါတယ်။ဒီလိုမျိုးတွေကြောင့် ရည်းစားဖြစ်သူ ...
movie
A Glimpse Inside the Mind of Charles Swan III (2012)
2012
6.7
Love & Other Drugs (2010) Love and Other Drugs
Love & Other Drugs (2010)IMDb Rating (6.7)ဒီရုပ်ရှင်လေးက အချစ်ဆိုတာ ဘာလဲဆိုတာကို သေချာ လှစ်ဟပြထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားပါ ချစ်ခြင်းမေတ္တာဆိုတာ လူတစ်ယောက်မှာ ဘယ်လိုအမှားတွေ အပြစ်တွေရှိနေပါစေ အဲဒါတွေကို မျက်ကွယ်ပြုနိုင်ပြီး အဲဒီလူအပေါ်ကို ကြင်နာခြင်းတွေ ဂရုစိုက်ခြင်းတွေ ပုံအောပေးနိုင်တာမျိုးပေါ့ဂျေမီဆိုတဲ့ စော်ကြည်ဘဲကတော့ ချစ်ခြင်းမေတ္တာကို သူရှာတွေ့မယ်မထင်တဲ့ နေရာမှာ ရှာတွေ့ခဲ့ပါတယ် မင်းသမီးဖြစ်သူ မက်ဂီကတော့ ပါကင်ဆန် ရောဂါ ခံစားနေရသူပေါ့ ရောဂါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းပြီး ဆက်ဆံရေးတွေကို စိတ်မဝင်စားတဲ့အချိန်မှာ ဂျေမီနဲ့တွေ့ဆုံခဲ့ပါတယ်ဂျေမီနဲ့ မက်ဂီတို့ကြားက ချစ်ခြငါးမေတ္တာပေါက်ဖွားလာပုံကို တစိမ့်စိမ့်ကြည့်ရတာ အရသာရှိလှပါတယ် ဇာတ်ကောင်တွေက အရမ်းသရုပ်ပေါ်ပြီး ဇာတ်ရှိန်အနိမ့်အမြင့်အတက်အကျတွေနဲ့ ကြည့်လို့ကောင်းလှတဲ့ရုပ်ရှင်လေးပါဂျေမီနေရာမှာတော့ မင်းသား Jake Gyllenhaal က အပိုအလိုမရှိကွက်တိ သရုပ်ဆောင်ထားပြီး မက်ဂီနေရာမှာတော့ ဘယ်ဇာတ်ကောင်နေရာပဲဖြစ်ဖြစ် အရမ်းတော်လှတဲ့ မင်းသမီး Anne Hathaway က သရုပ်ဆောင်ထားပါတယ် ဒီရုပ်ရှင်လေးက nominee ငါးဆုနဲ့ Satellite Award ကချီးမြှင့်တဲ့ အကောင်းဆုံး ...
movie
Love & Other Drugs (2010) Love and Other Drugs
4K HEVC
6.2
Two Weeks Notice (2002)
" လမ်းခွဲဖို့ နှစ်ပတ် အလို " ----------------------------ဒီရုပ်ရှင်ကားကို ဆန်ဒရာဘူးလော့ခ်ကပရိုဂျူဆာ လုပ်ထားပြီး သူကိုယ်တိုင် မင်းသမီး အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ မျက်လုံးလှပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသား ဟုဟ်ဂရန့် ပါ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်လဲ ဧည့်သည်သရုပ်ဆောင်ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့... ပြည်သူ့အကျိုးပြု ရှေ့နေမိသားစုက ပေါက်ဖွားလာတဲ့ ဉာဏ်ရည်မြင့် ထက်မြတ်တဲ့ အူကြောင်ကြောင်နိုင်တဲ့ရှေ့နေမလေး လူစီ အကြောင်း ဖြစ်ရင် ဖြစ်လိမ့်မယ်.... ဘာလို့ဆိုရင် ဒီရုပ်ရှင်က သူ့ အတွက် သူ့နေရာကနေ ဝင်ကြည့်လို့ရမယ့်ပုံစံ မျိုး ဖြစ်နေတာပါ လူစီက ဆင်းရဲတဲ့ ပြည်သူတွေ ဘက်ကနေရပ်တည်ပြီး ခရိုနီတွေရဲ့ ချဉ်ဖတ် ဖြစ်နေသူဆိုလဲ မမှားပါဘူး...တစ်ရက်မှာတော့ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အသင်းတိုက်တစ်ခုကို ဝိန့်ဒ်မိသားစုပိုင်လုပ်ငန်းက ကန်ထရိုက်ယူပြီး ဖြိုဖျက်ကာ ခေတ်မှီအဆောက်အဦးတစ်ခုဆောက်ဖို့ အကြောင်းဖန်လာပါတယ်... ဒီ အသင်းတိုက်ဟာ လူစီ နဲ့ သူ့မိဘ နှစ်ပါးရဲ့အမှတ်တရတွေအပြင် ပြည်သူလူထု လိုအပ်နေတဲ့ ရှေးဟောင်း အမွေအနှစ်မို့ မပျက်စီးရအောင် ဝိန့်ဒ်လုပ်ငန်းစုရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဝိန့်ဒ်ဂျော်ဂျီဆီ ရောက်သွားတဲ့အခါမှာတော့ ဂျော်ဂျီကလဲ အကြံပေး ရှေ့နေတစ်ဦး ...
movie
Two Weeks Notice (2002)
2002
6.8
50 First Dates (2004)
50 First Dates (2004)IMDb Rating (6.8)- " မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် "- " ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်"Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် ...
movie
50 First Dates (2004)
2004
Hellraiser: Hellworld (2005)
Hellraiser: Hellworld (2005)ဒီဇာတ်ကားမှာတော့ Hellraiser တွေ နာမည်ကြီးကုန်ကြပါပြီ။ဆီနိုဘိုက်တွေအကြောင်း ကြားဖူးထားတဲ့ လူတစ်ယောက်က လက်ကမြင်းပြီး Hellworld ဆိုတဲ့ ဂိမ်းကိုထွင်လိုက်ပါတယ်။ သေတ္တာကိုဖွင့်တယ် ဆီနိုဘိုက်တွေ ရောက်လာတယ် အဲဒါတွေပါတဲ့ဂိမ်းပေါ့။အဲဒီတော့ Hellworld ကို ကစားတဲ့ Hardcore Gamer တွေရှိလာရော။ အဲဒီထဲက အဒမ်ဆိုတဲ့တစ်ယောက်ကတော့ ဂိမ်းကို အရူးအမူးဖြစ်ပြီး ကိုယ့်ဘာသာသတ်သေတဲ့ထိဖြစ်လာပါတော့တယ်။သူနဲ့အတူတွဲနေတဲ့ သူငယ်ချင်းအုပ်စုကလည်း Hellworld ကစားတာကြိုက်တဲ့သူတွေ၊ Hellworld Geek တွေပါ ပါပါတယ်။ သူသေသွားပြီး နောက်နှစ်နှစ်ကြာတော့ သူ့သူငယ်ချင်းအုပ်စုကို Hellworld ဂိမ်းကစားသူတွေ စုကြတဲ့ ပါတီကို ဖိတ်ခံရတယ်။ သူတို့အုပ်စု ပါတီကျင်းပတဲ့ လဗိုင်ယာသန်အိမ်တော်ကို ရောက်တဲ့အချိန်မှာ ဇာတ်လမ်းက စတော့တာပါပဲ။မင်းသမီးကတော့ Vikings Series ထဲက မင်းသမီးချော Katheryn Winnick ဖြစ်ပြီးတော့ စူပါမန်းကြီး Henry Cavill လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie
Hellraiser: Hellworld (2005)
2005
Stand Up Guys (2012)
ကဲ ဒီတစ်ခါတော့ သရုပ်ဆောင်လည်းဖြစ် စာရေးဆရာလည်းဖြစ် ဒါရိုက်တာလည်းဖြစ်နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Short Circuit 1,2 ရဲ့ပဲ့ကိုင်ရှင်ကြီး ဒါရိုက်တာ Fisher Stevens ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ အဓိက သရုပ်ဆောင်တွေအကုန်လုံးကလည်း နာမည်ကြီး Academy ရမင်းသားကြီးတွေဖြစ်တဲ့ Alfredo James Pacino, Christopher Walken နဲ့ Alan Arkin တို့လိုဝါရင့်မင်းသားကြီးတွေက Main Role အနေနဲ့သရုပ်ဆောင်ထားပြီတော့ မင်းသမီးတွေကလည်း နာမည်ကြီးတွေပဲနော်ဇာတ်လမ်းကတော့ မင်းသားကြီးသုံးယောက်က မိုက်ဖော်မိုက်ဖက် သူငယ်ချင်းတွေဖြစ်ပြီ သူ့ခေတ်သူ့ခါမှာတော့ ဂျင်တွေပေါ့တစ်နေ့တော့လုပ်ငန်းသဘောအရ သူငယ်ချင်း အချင်းချင်းပြန်သတ်ဖို့ အကြောင်းဖန်လာပြီး အချိန် ၁၀ နာရီလောက်ပဲကျန်တော့တဲ့အချိန်မှာသူငယ်ချင်းတွေ တက်ညီလက်ညီနဲ့ တစ်မျို့လုံးကိုပတ်ပြီ မွှေ တဲ့အကြောင်းကို ဇာတ်အိမ်လေးတည်ထားတာပါ တစ်ခေတ်တစ်ခါက ဇိုးကြီးတွေ ဒီဘက်ခေတ်မှာ ဘယ်လိုတွေ မီးကုန်ယမ်းကုန်သောင်းကြမ်းမလဲဘယ်လိုတွေ ပတ်ပွေးကြမလဲဆိုတာကိုတော့ ဇာတ်ကားကိုသာမြန်မြန်ကြည့်ကြပါတော့လို့ပဲတိုက်တွန်ချင်ပါတော့တယ်Plot ခိုင်ခိုင်မာမာနဲ့ အစွမ်းကုန်လည်းကြမ်း တစ်လွဲလုပ်တာတွေကို ခွီလည်းခွီရမယ့် ...
movie
Stand Up Guys (2012)
5.7
Killers(2010)
Imdb rating 5.4/10 ,rotten tomatoes rating 10%ဇွန်လ ၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Killers ကတော့ အချစ်ဟာသ အက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Ashton Kutcher နဲ့ Grey anatomy တွင် izzie stevens အနေနဲ့ emmy ဆု ရရှိခဲ့တဲ့ Katherine Heiglက အဓိက ပါဝင်သရုပ်ဆောင် ထားပြီးတော့ emmyဆု ပိုင်ရှင် Tom Selleck နဲ့ Catherine O’Hara တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ ခရီးသွားနေတဲ့ ဂျန်ဟာ သူမရဲ့ စိတ်ကူးတွေထဲက ယောက်ျားဖြစ်တဲ့ စပန်ဆာ နဲ့ ပြင်သစ်နိုင်ငံ နိစ့် မြို့ကို သွားရင်းတွေ့ဆုံ ခဲ့ကြပြီး အလျင်အမြန်ပဲ လက်ထပ်ခဲ့ကြတယ်။တစ်နေ့မှာတော့ ...
movie
Killers(2010)
6.0
The Dark Tower (2017)
ဒီဇတ်လမ်းဟာ စာရေးဆရာ Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါဇတ်လမ်း အစကို ကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီးသင့်အတွက် ကြည့်ရတာ နောင်တ မရနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်ညွှန်းပါရစေ...Movie Review==========ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူးဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခုတည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်...ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့်အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကိုဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန်တိုက်ခိုက်လျက် ရှိပါတယ်...တစ်နေ့မှာတော့ ကမ္ဘာတစ်ခုပေါ်မှာ စိတ်စွမ်းအင်အမြင့်ဆုံး ကလေးတစ်ယောက်ဖြစ်တဲ့ ဂျိတ်ချန်ဘာ ကိုအရေခွံခြုံတွေ ရှာတွေ့သွားပြီး ဖမ်းဆီးရန် ရောက်လာစဉ်မှာပဲ ကြိုတင်အကြားအမြင်ရထားတဲ့ဂျိတ်ဟာ ကမ္ဘာအလယ်ဗဟို ထောက်တိုင် ကို ကာကွယ်သူ သေနတ်သမားကို ရှာဖို့ ထွက်ပြေးခဲ့ပါတယ်..ထို အချိန်မှာပဲ ...
movie
The Dark Tower (2017)
2017
4K HEVC
4.9
Flag Day (2021)
Flag Day (2021)============အဖေကိုချစ်တဲ့သမီး နဲ့ သမီးကိုချစ်တဲ့အဖေ ဘယ်သူ့မေတ္တာတရားပိုပြီးကြီးမားနိုင်မှာလဲ ??? ဘာပဲဖြစ်ဖြစ် ၅၂၈ မေတ္တာတရားကတော့ ၁၅၀၀ ချစ်ခြင်းမေတ္တာထက် အများကြီးပိုအေးချမ်းတာတော့ ဘယ်သူမှမငြင်းနိုင်တဲ့အမှန် တရားပဲလေ.... Flag Day ရုပ်ရှင်လေးက စာရေးဆရာမ ဂျန်နီဖာရေးထားတဲ့ “The True Story of my Father” စာအုပ်ကိုပြန် လည်ရိုက်ကူးထားတာမို့ သမီးကဖခင်အပေါ်ထားတဲ့ မေတ္တာတရားတွေအများကြီးတွေ့ရမယ့် ထူးခြားတဲ့ကားလေး တစ်ကားပဲ ဖြစ်ပါတယ်။ တကယ်တော့ ဖခင်ဖြစ်ရတာခက်ခဲပါတယ်။ ချစ်သမီးလေး လေးစားရတဲ့ဖခင်ဖြစ်ဖို့ ပိုပြီး ခက်ခဲပါတယ်။ ဂျွန်လည်း ကြိုးစားနေတဲ့ကြားက လူထဲကလူဖြစ်တဲ့အတွက် အမှားနဲ့ဘယ်ကင်းနိုင်ပါ့မလဲလေ။ ပိုပြီး အဆင်ပြေအောင် သမီးလေးကို သူ့အမေနဲ့ထားခဲ့ရာက ဇာတ်လမ်းကစတော့တာပါပဲ။ နှစ်အတော်ကြာအောင် အဆင်မပြေမှုတွေကိုထွေးပိုက်ရင်း နောက်ဆုံးတော့ အဖေချစ်သမီးဖြစ်တဲ့ ဂျန်နီဖာတစ်ယောက် ဂျွန့်ဆီကို ပြန် ရောက်လာခဲ့ပါတယ်။ ကံကြမ္မာရဲ့အချိုးအကွေ့တွေ ၊ ထိုးနှက်မှုတွေကြားမှာ သားအဖနှစ်ယောက်ပေါင်းပြီး ဘဝ အသစ်စတင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ရအောင်ဗျာ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, Jo Jo Va ...
movie
Flag Day (2021)
2021
6.0
The Marksman(2021)
The Marksman(2021)အညွှန်း**************************((1080P ရပြီဗျို့)မက္ကဆီကို နယ်စပ်မှာ အထီးကျန်နေတဲ့ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးတစ်ယောက်ရှိတယ်...ဝီစကီလေးမော့လိုက် ကားလေးမောင်းလိုက်နဲ့ပေါ့... တစ်နေ့မှာ မက္ကဆီကိုထဲက ခိုးဝင်လာတဲ့ သားအမိနှစ်ယောက် ရောက်လာတယ်.... သူတို့သားအမိကို မက္ကဆီရဲ့ ကြမ်းပေ့ဆိုတဲ့ လူဆိုးဂိုဏ်းက သတ်ဖို့လိုက်လာတယ်။ ဒီသားအမိဟာ ကံကောင်းထောက်မစွာ မရိန်းလက်ဖြောင့်တပ်သားဟောင်းကြီးနဲ့ဆုံဖြစ်ခဲ့တယ်....မက္ကဆီဂိုဏ်းက ဒီသားအမိကို မဖြစ်မနေသတ်ဖို့ ကိစ္စကြီးတစ်ခုရှိလာတဲ့အခါမှာတော့.......မင်းသားကြီး Liam Neeson ရဲ့ သဲထိတ်ရင်ဖို အက်ရှင်ခန်းတွေကို ခံစားကြည့်ကြပါဉီး..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneoပဲဖြစ်ပါတယ်..... File Size :1GB Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie
The Marksman(2021)
HEVC 1080p 5.1
5.5
Wander 2020
အာသာ ဟာ အတိတ်က အဖြစ်ဆိုးကြောင့် စိတ်ဒဏ်ရာရထားတဲ့ လှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီသမား တစ်ဖြစ်လဲ အလွတ်စုံထောက်ပါ။ ဝန်ဒါလို့ခေါ်တဲ့ မြို့လေးမှာ ဖြစ်သွားတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းပေးဖို့ ငှားရမ်းခံရပြီးနောက်မှာ လိမ်ညာမှုတွေကို ဆက်တိုက်တွေ့လာရပြီး ဒီအမှုက သူ့ရဲ့ သမီးကို သတ်လိုက်တဲ့လူနဲ့ ဆက်စပ်မှုရှိနေတယ်လို့ သံသယဝင်လာပါတယ်။ ဒီလိုနဲ့ အမှန်တရားနဲ့ စိတ်ကူးယဥ်မှုကြားမှာ စိတ်မနှံ့ချင်သလိုဖြစ်နေတဲ့ အာသာတစ်ယောက် အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်ပါ့မလား? လျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ သူထင်နေတဲ့အမှုဟာ အမှန်လား ထင်ယောင်ထင်မှား ဖြစ်တာလား? Wander 2020 ဟာ ထိတ်လန့်သည်းဖို ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : ThrillerTranslator – Htet Wai Lwin
movie
Wander 2020
6.3
Polar (2019)
Polar (2019)____IMDb - 6.3/10 Comic Series တစ်ခုကိုအခြေခံရိုက်ကူးထားတာမို့ ကြည့်ရတာ အမြင်ဆန်းနေစေမယ့် အက်ရှင်ဇာတ်ကြမ်းကားဖြစ်ပါတယ် ၁၈+ခန်းတစ်ချို့နဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ သွေးသံတရဲရဲ Gore တွေပါဝင်တာမို့ မိသားစုနဲ့မကြည့်ရှုသင့်ကြောင်းကိုတော့ စကားခံထားပါရစေ ဇာတ်လမ်းအကျဉ်းကတော့ ရရှားကြေးစားလူသတ်သမားအငှားဝန်ဆောင်မှုလုပ်ငန်းတစ်ခုမှာ အသက် ၅၀ ပြည့်ရင် ဘယ်လောက်လက်စွမ်းထက်နေပါစေ ပင်စင်ယူကိုယူရတဲ့စည်းမျဉ်းတစ်ခုရှိပါတယ် ဘလက်ကိုင်ဇာလို့နာမည်ကြီးတဲ့ ဒန်ကန်ဗစ်ဇလာက မကြာခင် အသက် ၅ဝပြည့်တော့မယ့် ထိပ်ထိပ်ကြဲ ကြေးစားတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့လိုသက်တူရွယ်တူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရနေတာ ကြားလိုက်ရတဲ့အခါ... သက်ကြီးဝါကြီးကြေးစားတွေကို လိုက်သတ်နေတာဘယ်သူဖြစ်မလဲဆိုတာကို ဖော်ထုတ်ရပါတော့တယ်... ဒန်ကန်ဗစ်ဇလာအဖြစ် Mads Mikkelsen နဲ့အတူ High school musical ထဲကမင်းသမီး Vanessa Hudgens တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေမြတ်သူ ပါ) File Size : (900 MB) Quality : HDRip 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime Subtitle : Myanmar Subtitle ...
movie
Polar (2019)
2019